မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ခန်းမကို အသိအမှတ်ပြုကြောင်း ဆုတံဆိပ်

ဘုရားသခင့်နိုင်ငံတော်ခန်းမကို အသိအမှတ်ပြုကြောင်း ဆုတံဆိပ်

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို အသိအမှတ်ပြု​ကြောင်း ဆုတံဆိပ်

ဖင်လန်​နိုင်ငံ​မှ ပတ်ဝန်းကျင်​ထိန်းသိမ်းရေး​ဝန်ကြီးဌာန​က ၂၀၀၀ ပြည့်နှစ်​ကို “ဝန်းကျင်​သာယာ​ဖွံ့ ဖြိုး​ရေး​နှစ်” အဖြစ် သတ်မှတ်​ခဲ့​သည်။ “ဝန်းကျင်​သာယာ​ဖွံ့ ဖြိုး​ရေး​နှစ်​၏ အဓိက​ရည်ရွယ်ချက်မှာ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာ ကောင်းစား​ရေး​အတွက် ပတ်ဝန်းကျင်​စိမ်းလန်း​စိုပြေ​မှု​သည် အားလုံး​ကို အကျိုးပြု​ကြောင်း သိရှိ​စေရန်​ဖြစ်သည်” ဟု​စီစဉ်သူ​တစ်ဦး​က ဖော်ပြ​ခဲ့​သည်။

၂၀၀၁၊ ဇန်နဝါရီ ၁၂ ရက်​နေ့တွင် ဖင်လန်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​သို့ ဖင်လန်​ဝန်းကျင်​သာယာ​ဖွံ့ ဖြိုး​ရေး​လုပ်ငန်း​အဖွဲ့အစည်း​မှ စာ​တစ်စောင် ရောက်ရှိ​လာ​သည်။ ထို​စာ​တွင် တစ်​ခ်​ကူ​ရ​စ်​လေ​မြို့ရှိ ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဝန်းကျင်​နှင့် ၎င်း​၏​သန့် ရှင်း​သပ်ရပ်​သော ဥယျာဉ်​ပန်းခြံ​သည် အလွန်​လှပသော​ကြောင့် ဝန်းကျင်​သာယာ​ဖွံ့ ဖြိုး​ရေး​နှစ် ဆုတံဆိပ်​ချီးမြှင့်​ခံရ​ကြောင်း ဖော်ပြ​ခဲ့​သည်။ “ခန်းမ​ခြံဝင်း​၏ အသွင်အပြင်​မှာ နွေ​ရာသီ​နှင့် ဆောင်း​ရာသီ​တွင်​ပင် စိတ်​ကြည်နူး​ဖွယ်​ကောင်း​၍ အလှ​ရ​သ​မြောက်ပြီး အဆင့်မြင့်​လှ​သည်” ဟု ထို​စာ​က ထပ်ဆင့်​ဖော်ပြ​သည်။

ဖင်လန်​နိုင်ငံ၊ တဲ​င်​ပေ​ရေ​မြို့ရှိ ရို​ဇန်​ဒေ​လ်​ဟိုတယ်​တွင် ယေဟောဝါသက်သေ​များ​ကို ဆုတံဆိပ်​ချီးမြှင့်​ပေး​ခဲ့​သည်၊ ထို​အခမ်းအနား​သို့ ပညာရှင်​များနှင့် စီးပွားရေး​သမားများ အ​ယောက် ၄၀၀ တက်ရောက်​ခဲ့​သည်။ ဖင်လန်​ဝန်းကျင်​သာယာ​ဖွံ့ ဖြိုး​ရေး​လုပ်ငန်း​အဖွဲ့အစည်း​က​လည်း သတင်း​တစ်ပုဒ်​ထုတ်ပြန်ခဲ့​ပြီး ဤသို့​ဖော်ပြ​သည်– “နိုင်ငံ​ဒေသ​အသီးသီး​ရှိ ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အားလုံးနီးပါး​ပင် အထူး​ကောင်းမွန်​စွာ ဆောက်လုပ်​ထား​သည်။ ဝန်းကျင်​အပြင်အဆင်​ကြောင့် လမ်းသွားလမ်းလာ​များ စိတ်ဝင်စား​ခဲ့​သည်။ တစ်​ခ်​ကူ​ရ​စ်​လေ​မြို့မှ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဝင်း​သည် အလွန်​သာယာလှပ​သော​ဥယျာဉ်​၏ ပုံ​နမူနာ​တစ်ခု​ပင်​ဖြစ်၏။ အဆောက်အဦ​နှင့်​တကွ ဝင်းခြံ​တစ်ခုလုံး​က အေးဆေး​ငြိမ်သက်မှု​ရှိပြီး အချိုးအစား​ညီညွတ်​သည်။”

ဖင်လန်​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ပေါင်း ၂၃၃ ခု​ရှိပြီး ခန်းမ​အများစု​သည် လှပသော​ဥယျာဉ်​အလယ်တွင်​ရှိ၏။ ဤ​နေရာများ​ကို အမှန်တကယ်​လှပ​စေ​သည်​မှာ စစ်မှန်သော​ဝတ်ပြုရေး​နှင့် သမ္မာကျမ်းစာ​အသိပညာ ပို့ချ​ရေး​ဗဟို​ဖြစ်​ခြင်း​တည်း။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​သည် ခမ်းနား​သည်​ဖြစ်စေ၊ တော်ရုံ​သင့်​ရုံ​ရှိသည်​ဖြစ်စေ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ ခြောက်​သန်း​ကျော်​အတွက် နှစ်သက်ဖွယ်​နေရာတစ်ခု​ဖြစ်သည်။ ထို့​ကြောင့် သူတို့သည် ခန်းမဆောင်​ကို စေတနာ​ပါ​ပါ ကောင်းစွာ​ပြုစု​ထိန်းသိမ်း​လို​ကြ​ခြင်း​ဖြစ်၏။ သင်၏​ရပ်ကွက်သား​အားလုံး​အတွက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ တံခါးများ​ကို ဖွင့်​ထား​ပါ​သည်!