မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နောင်၌ ပညာရှိစေလော့’

‘နောင်၌ ပညာရှိစေလော့’

‘နောင်​၌ ပညာရှိ​စေ​လော့’

“လူအများစု​သည် မိမိတို့၏​ဘဝ​အစောပိုင်း​ကို ကောင်းစွာ​အသုံး​မချ​ခဲ့​၍ ဇ​ရာ​ပိုင်း​တွင် စိတ်​ဆင်းရဲ​ကြ​ရ၏။” ၁၇ ရာစုနှစ် ပြင်သစ်​စာတမ်း​ပြုစုသူ ယန်း ဒီ လာ ဘ​ရူ​ရဲ​ရီ​က ထိုသို့​ဆို​ခဲ့​သည်။ မှန်ပါသည်၊ မပြတ်​သား​သော လူငယ်​တစ်ဦး​သည် အပြောင်းအလဲ​များ​လွန်း​ရာ အလိုမကျ၊ ဝမ်းနည်း​ကြေကွဲ​ရ​ပေမည်။ အခြား​တစ်ဖက်​တွင်​မူ၊ ခေါင်းမာ​သော လူငယ်​တစ်ဦး​သည် ပညာ​မဲ့​လမ်းစဉ်​ကို တစ်စိုက်မတ်မတ်​လိုက်ခဲ့​ရာ သူ၏​ဇ​ရာ​ပိုင်း​တွင် ဝမ်းနည်း​ကြေကွဲ​ရ​ပေမည်။ မှန်ရာကို​မပြု​သည့်​အပြစ်​ဖြစ်စေ၊ အမှား​ကျူးလွန်​သည့်​အပြစ်​ဖြစ်စေ အတော်ပင် စိတ်​ဆင်းရဲ​စေနိုင်​သည်။

ထိုသို့​သော​အဖြစ်မျိုး​ကို မည်သို့​ရှောင်ရှား​နိုင်​မည်​နည်း။ လူငယ်များ မရေရာ​မသေချာ မဖြစ်စေ​ရန် ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​က ဤသို့​သတိပေး​၏– “‘ငါ​နေ၍​မပျော်​နိုင်’ ဟု​ဆို​ရသော​ကာလ​သည်​မ​နီး၊ ဆိုးသော​ကာလ​မရောက်မီ ယခု​အသက်​ပျိုစဉ်အခါ​ပင် သင့်ကို ဖန်ဆင်း​တော်​မူ​သော အရှင်ကို အောက်မေ့လော့။” (ဒေ. ၁၂:၁) အကယ်၍ သင်သည် လူငယ်​တစ်ဦး​ဖြစ်ပါ​က သင်၏​ပျို​မျစ်​နုနယ်​ချိန်​တွင် ‘သင်၏​ကြီးမြတ်သော​ဖန်ဆင်း​ရှင်’ ကို​သိရှိ​ရန် တိကျ​ပြတ်သား​စွာ ကြိုးစား​ပါ။

သို့ ဖြစ်​လျှင် လူငယ်တို့​၏ မိုက်မဲ​သော​သဘောကို ရှောင်ရှား​ရန် သမ္မာကျမ်းစာ​က လူငယ်များ​ကို မည်သို့​ကူညီပေး​သနည်း။ သမ္မာကျမ်းစာ​က “နောင်​၌ ပညာရှိ​စေခြင်း​ငှာ အကြံပေး​သည်ကို နားထောင်​၍ ဆုံးမ​သွန်သင်ခြင်း​ကို ခံယူ​လော့” ဟု​ဆို​၏။ (သု. ၁၉:၂၀သမ္မာ) ငယ်ရွယ်စဉ် သို့​မဟုတ် မည်သည့်​အရွယ်​၌​မဆို ပေါ့ပေါ့ဆဆ​နေခြင်း သို့​မဟုတ် ကလန်ကဆန်​ပြုခြင်း​ဖြင့် ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​ကို ငြင်းပယ်​ခြင်း​သည် နာကြည်းဖွယ် အကျိုးဆက်များ​ကို ခံစားရ​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​၏။ (သု. ၁၃:၁၈) အခြား​တစ်ဖက်​တွင်​မူ ဘုရားသခင်​ရေးရာ​ညွှန်ကြားချက်​များ​ကို အလေးထား​ဂရုစိုက်​ခြင်း​သည် “အသက်ရှည်​သော​ကာလ နှစ်ပေါင်း​များ​ကိုလည်း​ကောင်း၊ ငြိမ်ဝပ်ခြင်း​ကိုလည်း​ကောင်း တိုးပွား​စေ” ၍ ကျေနပ်​ရောင့်ရဲသော​ဘဝကို ရရှိစေ​ပါ​လိမ့်​မည်။—သု. ၃:၂