မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကပ္ပီတန်၏စားပွဲတွင်

ကပ္ပီတန်၏စားပွဲတွင်

က​ပ္ပီ​တန်​၏​စားပွဲ​တွင်

သင်္ဘော​က​ပ္ပီ​တန်​စားပွဲ​တွင် စိတ်ဝင်စားစရာ​ကောင်း​သူများ၊ စားကောင်း​သောက်​ဖွယ်​များနှင့် နှစ်သက်ဖွယ်​စကားဝိုင်း​တို့​ဖြင့် ပျော်ရွှင်စရာ​ကောင်း​လှ​၏။ သို့သော် ကြယ်ဖြူ​သင်္ဘောလိုင်း​၏ က​ပ္ပီ​တန်​ရောဘတ် ဂျီ. စ​မ​စ် တည်ခင်း​သော စားသောက်ပွဲ​တွင် ဝိညာဉ်​ရေး​ခဲ​ဖွယ်​စား​ဖွယ်​ပွဲ​ကြီး​အကြောင်း ဆွေးနွေး​ဖြစ်​ခဲ့​ကြသည်။—ဟေရှာယ ၂၅:၆

၁၈၉၄ ခုနှစ်​၌ အသက် ၂၄ နှစ်အရွယ် ရောဘတ်​သည် သူ၏​ပထမဦးဆုံး ကမ္ဘာ​ပတ်​ခရီးစဉ်​ကို​စတင်​ရန် ဒန်​ဒီ​ကင်​ကလူ​န် သင်္ဘော​ကို ဦးစီး​ခဲ့​ရသည်။ နောက်ပိုင်း​တွင် သူသည် စက်​ဒ​ရ​စ်ခ်၊ ဆီ​ဗီခ်၊ ရူ​နစ်​ခ် * စ​သော ကြယ်ဖြူ​သင်္ဘော​များ​၏ က​ပ္ပီ​တန်​ဖြစ်​ခဲ့​သည်။ ဤ​သင်္ဘော​များ​ဖြင့် အတ္တလန္တိတ်​သမုဒ္ဒရာ​ကို ဖြတ်၍ နယူးယောက်​မြို့မှ အင်္ဂလန်​နိုင်ငံ၊ လီဗာ​ပူးလ်​မြို့​သို့​သွားစဉ် ရောဘတ်​သည် ချားလ်စ် တေ့ဇ် ရပ်စယ်လ်​ကို က​ပ္ပီ​တန်​၏​စားပွဲ​တွင် ဧည့်ခံ​ကျွေးမွေး​ခွင့်​ရခဲ့​၏။ ရပ်စယ်လ်​နှင့် စကား​ပြောဆို​ရင်း ရောဘတ်​သည် ကျမ်းစာ​သတင်းတရားကို စိတ်ဝင်စား​လာ​၏၊ ပိုမို​သိရှိ​နိုင်​ရန် ရပ်စယ်လ်​ထံ​မှ ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ စာအုပ်​များ​ကို အားရ​ဝမ်းသာ​ရယူခဲ့​သည်။

ရပ်စယ်လ်​သည် စာ​ဖြင့် အဆက်အသွယ်​အမြဲ​ပြု​ခဲ့​ရာ ရောဘတ်​သည် ကျမ်းစာ​သတင်းတရားကို ပိုမို​စိတ်ဝင်စား​လာ​လေ​သည်။ ထို့နောက် ရောဘတ်​သည် သူသိ​ရှိလာ​သော​အသိပညာကို ဇနီး​ဖြစ်သူ​အား ပြောပြ​ခဲ့​သည်။ မကြာမီ​ပင် သူတို့ နှစ်ဦးစလုံး​သည် ထို​စဉ်​က ကျမ်းစာ​ကျောင်းသား​များ​ဟု လူသိ​များ​ခဲ့​သည့် စိတ်အား​ထက်သန်​သော ယေဟောဝါသက်သေ​များ ဖြစ်လာ​ကြ​၏။ နောက်ပိုင်း​တွင် ရောဘတ်​သည် ကျမ်းစာ​ဟောပြောချက်​များ ပေး​ခွင့်​ရရှိခဲ့သည်။ ဥပမာ၊ ဩစတြေးလျ​နိုင်ငံ၊ ဘရစ္စဘိန်း​မြို့တွင် “ဂိလဒ်​၏​သစ်​ဆီမွှေး” အကြောင်း သူ​ဟောပြောခဲ့​ရာ “ကမ္ဘာ​မြေကြီး​၏​ဆင်းရဲမှု​ရှိသမျှ​အတွက်​ဖြေဆေး” သည် သမ္မာကျမ်းစာ​သတင်းတရား​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ အင်္ဂလန်​နိုင်ငံ​တွင် ဆ​လိုက်​ပုံ​များ​ဖြင့် “ဖန်ဆင်း​ခြင်း ဓာတ်​ပုံ​ပြဇာတ်” ကို​ပြသ​၍ ရပ်စယ်လ်​၏​ရှင်းပြချက်​များ​ကို ဓာတ်စက်​ဖြင့် ဖွင့်ပြ​သည့်​အခါ သူ၏​ဇနီး​နှင့် ကလေးငယ်​များ​က​ပါ ကူညီပေး​ခဲ့​ကြသည်။

ရောဘတ်​သည် သူ​ရရှိခဲ့သည် ဘုရားသခင့်​နိုင်ငံတော်​အမှန်တရား အမွေအနှစ်​ကို သူ၏​သားသမီး​များ​အား လက်ဆင့်ကမ်း​ပေး​ခဲ့​၏။ ယနေ့ လူမျိုးဆက်​ငါး​ဆက်​လွန်သွားပြီး​နောက် သူ၏​မိသားစု​မှ ၁၈ ဦး​သည် က​ပ္ပီ​တန်​၏​စားပွဲ​တွင် တည်ခင်း​ခဲ့​ရာ​ကို ကျေးဇူး​တင်​စွာ​ဖြင့် အခြားသူများ​အား သတင်းကောင်း​ဝေမျှခြင်း​တွင် အလုပ်များ​နေကြ​သည်။

ယေဟောဝါသက်သေ​များသည် သူတို့၏​စာပေ​များနှင့် ကျမ်းစာ​ပညာပေး​လုပ်ငန်း​အားဖြင့် က​ပ္ပီ​တန်​စ​မ​စ် စိတ်ဝင်စား​ခဲ့​သည့် ကျမ်းစာ​သတင်းတရားကို ကမ္ဘာ​တစ်ဝန်း​မှ​လူ​တို့ သိရှိ​လာ​စေရန် ကူညီပေး​နေကြ၏။ က​ပ္ပီ​တန်​၏​စားပွဲ​တွင်​ကြား​ခဲ့​သည့် အလွန်​စိတ်ဝင်စားဖွယ်​ရာ​ကား အဘယ်အရာ​ဖြစ်​ကြောင်း အသင်​လည်း သိရှိ​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ၎င်းနှင့်​သွင်ပြင်​လက္ခဏာ​တူ​သင်္ဘော တိုင်​တင်းနစ် ၏​ဝမ်းနည်း​ကြေကွဲဖွယ် ဦးဆုံး​ခရီးစဉ်​တွင် က​ပ္ပီ​တန် အီး. ဂျေ. စ​မ​စ် (အမျိုး​မတော်) က​ဦးစီး​ခဲ့​သည်။

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ရောဘတ် ဂျီ. စ​မ​စ်

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ချားလ်စ် တီ. ရပ်စယ်လ်