မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရှင်ရ အကောင်းဆုံးအချိန်

အသက်ရှင်ရ အကောင်းဆုံးအချိန်

အသက်ရှင်​ရ အကောင်းဆုံး​အချိန်

ခက်ခဲ​သော​အခြေအနေ​များ​ကို ရင်ဆိုင်​ရသောအခါ “လွန်​လေ​ပြီး​သော​ခေတ်​ကောင်း” ကို သင်​တမ်းတ​မိ​သလော။ သို့​ဖြစ်​လျှင် ပညာရှိ​ရှောလမုန်​ဘုရင်​၏ ဤ​စကား​များ​ကို​သုံးသပ်ကြည့်​ပါ– “ရှေး​ကာလ​သည် ယခု​ကာလ​ထက် အဘယ်ကြောင့်​သာ၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်။ ထိုသို့​မေး​လျှင် ပညာ​တရား​အတိုင်း​မေး​သည်မဟုတ်။”—ဒေ. ၇:၁၀

ဤသို့ ရှောလမုန် အဘယ်ကြောင့်​အကြံပေး​ခဲ့​သနည်း။ အတိတ်ကို လက်တွေ့ကျကျ​ရှုမြင်ခြင်း​သည် မနှစ်မြို့ဖွယ်​ကောင်းသော လက်ရှိ​အခြေအနေ​များ​ကို ရင်ဆိုင်​ကျော်လွှား​ရာ​၌ အဖိုးတန်​အထောက်အကူ​ဖြစ်​ကြောင်း သူသိ​ရှိသောကြောင့်​ဖြစ်သည်။ အမှန်​မှာ “ခေတ်​ကောင်း” ကို​တမ်းတ​သူများ​သည် ထို​ခေတ်တွင်​လည်း အခက်အခဲ​ပြဿနာ​များ​ပြည့်နှက်​ခဲ့​ကြောင်း၊ ပြီးပြည့်စုံ​လင်​သော​ဘဝ တစ်ခါမျှ​မရှိခဲ့​ကြောင်း မေ့လျော့​နေ​ပေမည်။ အတိတ်​မှ အချို့​သော​အရာများ​သည် သာ၍​ကောင်းမွန်​ခဲ့​ပေမည်၊ သို့သော် မကောင်း​သည့်​အရာများ​လည်း ရှိခဲ့​ပေမည်။ ရှောလမုန်​သတိပြု​စေသည့်​အတိုင်း အတိတ်ကို လက်တွေ့​မကျ​စွာ တ​သသ​တွေးတော​နေခြင်း​သည် ပညာရှိရာ​မ​ရောက်​ပါ၊ အချိန်ကို မည်သူမျှ နောက်​ပြန်​လှည့်၍​မရ​သောကြောင့်​ဖြစ်သည်။

အတိတ်ကို တ​သသ​ဖြစ်နေ​ခြင်း​သည် အန္တရာယ်​ရှိ​နိုင်​သလော။ ယင်းက ကျွန်ုပ်​တို့အား လက်ရှိ​အခြေအနေ​နှင့် လိုက်လျောညီထွေ မနေ​တတ်​စေ​လျှင်၊ ကျွန်ုပ်​တို့​အသက်ရှင်နေ​ရသည့်​အချိန်​နှင့် ပိုင်ဆိုင်​လာနိုင်​သည့် မျှော်လင့်ချက်ကို တန်ဖိုး​မထားတတ်​စေ​လျှင် အန္တရာယ်​ရှိ​နိုင်​သည်။

အမှန်​မှာ၊ ကမ္ဘာ့​ပြဿနာ​များ တိုးများ​လာ​နေ​သော်လည်း ယခု​အချိန်​သည် အသက်ရှင်​ရ အကောင်းဆုံး​အချိန်​ဖြစ်၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့သည် ကမ္ဘာ​မြေကြီး​နှင့်​ပတ်သက်သော ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် ငြိမ်းချမ်း​သော ကိုယ်တော်​၏​နိုင်ငံတော်​အုပ်စိုးမှု​ကောင်းချီး​များ ပြည့်စုံ​လု​နီး​ချိန်​၌ ရှိနေကြ​ခြင်း​ကြောင့်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ကတိပြု​သည်– “ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” (ဗျာ. ၂၁:၄) ထို​အခါ အခြေအနေ​များ အလွန်​ကောင်းမွန်​လာ​မည်​ဖြစ်သော​ကြောင့် မည်သူမျှ “လွန်​လေ​ပြီး​သော​ခေတ်​ကောင်း” ကို​တမ်းတ​စ​ရာ​အကြောင်း​ရှိ​မည်​မဟုတ်ပါ။