မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်!”

“မင်းပြောတာမှန်တယ်၊ ဘဝဟာ သာယာလှပတယ်!”

“မင်း​ပြော​တာ​မှန်တယ်၊ ဘဝဟာ သာယာလှပ​တယ်!”

အသင်​သည် ဘဝ၏​အဓိပ္ပာယ်​အမှန်​ကို သိ​လို​ပါသလော။ ယင်း​သို့​သိ​ရန် ပိုလန်​နိုင်ငံ၊ ရှ​တက်​ရှင်​မြို့​နေ ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်သူ ဆယ့်ရှစ်​နှစ်အရွယ် မာ​ဒ​လေး​နာ​သည် အထက်တန်း​ကျောင်းနေ​ဖက် က​က်​တ​ဇီး​နာ​အား ကူညီပေး​ခဲ့​သည်။ က​က်​တ​ဇီး​နာ​သည် မိမိကိုယ်ကို ဘုရားသခင်​မဲ့​ဝါဒီ​တစ်ဦး​အဖြစ် ခံယူ​ထား​သည်၊ သို့သော် မာ​ဒ​လေး​နာ​က သူ့ကို​ကျမ်းစာ​အကြောင်း​ပြောပြ​သောအခါ အမှန်​စိတ်ဝင်စား​၏။

သမ္မာကျမ်းစာ​ထဲ​မှ မာ​ဒ​လေး​နာ​ပြောပြ​သည့်​အကြောင်းကို က​က်​တ​ဇီး​နာ​နှစ်သက်​သော်လည်း အကြွင်းမဲ့​လက်မခံနိုင်​ခဲ့​ပေ။ တစ်နေ့​သောအခါ မိတ်ဆွေစစ်​များ​အကြောင်း မာ​ဒ​လေး​နာ​နှင့် ပြောဆို​ဆွေးနွေး​လေ​သော် က​က်​တ​ဇီး​နာ​က “သူငယ်ချင်း​မှာ​က ကျမ်းစာ​ရှိတယ်; ဘယ်​မူတွေကို လိုက်နာ​ရမယ်၊ မိတ်ဆွေတွေကို ဘယ်မှာ​ရှာယူ​ရမယ်ဆိုတာ​ကို သိထားတယ်။ ဒါပေမဲ့ အခု​လောလောဆယ် အဲဒီ​မူတွေကို လက်မခံနိုင်​သေး​တဲ့​သူတွေ​ကျ​တော့​ကော” ဟု​ပြော​ခဲ့​ဖူး​သည်။

က​က်​တ​ဇီး​နာ​သည် အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့​သို့ ခရီးထွက်​ခဲ့​ချိန်​တွင် အခြေအနေ​ပြောင်းလဲ​သွား​သည်။ ထို​တွင်​ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​သို့ သူ​လည်ပတ်​ခဲ့​ရာ သူ့​အား​ပြသ​ခဲ့​သော​ကြင်နာ​မှု​ကြောင့် စိတ်ထိမိ​ခဲ့​သည်။ သူ့​အတွက် တံခါးဖွင့်​ပေးခြင်း​နှင့် သူ​ပြောဆို​သည့်​စကား​ကို စိတ်ဝင်စားမှု​ပြ​ခြင်း​စ​သည့် အသေးအဖွဲ​အပြု​အမူ​လေး​များ​က သူ့​အတွက် နှစ်သက်​သဘောကျ​စ​ရာ​ဖြစ်​ခဲ့​သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ​လ​တွင် ကျောင်း​ပြန်​ဖွင့်​သောအခါ က​က်​တ​ဇီး​နာ​သည် ကျမ်းစာ​သင်အံမှု လက်ခံရန် စိတ်​ဆုံးဖြတ်​ခဲ့​သည်။ ယခု သူသည်​ကျမ်းစာ​မူများ​ကို တိုး၍​တန်ဖိုး​ထား​လေးမြတ်​လာပြီး သူ၏​နေ့စဉ်​ဘဝတွင် ၎င်းတို့ကို လက်တွေ့​ကျင့်သုံး​နေ​လေ​ပြီ။ မကြာသေးမီ​က မာ​ဒ​လေး​နာ​ကို သူက “ဘဝ​အသစ်​တစ်ခု စ​နေ​သလိုပဲ ဒို့​ခံစား​ရတယ်” ဟု​ရင်ဖွင့်​ခဲ့​သည်။ ထို့​အပြင် ဆယ်​လူ​လာ​ဖုန်း​ဖြင့် သူက “ဒီနေ့ ဒို့​နဲ့​ဖတ်​ခဲ့​တဲ့ ကျမ်းစာ​အကြောင်း​အတွက် ကျေးဇူး​အများကြီး​တင်​တယ်! မင်း​ပြော​တာ​မှန်တယ်၊ ဘဝဟာ သာယာလှပ​တယ်! အဲဒီ​အတွက် ဘယ်သူ့ကို ကျေးဇူး​တင်​ရမယ်ဆိုတာ​သိရတာ တကယ်​ဝမ်းသာစရာ​ပဲ” ဟူသော​သတင်း​တို​ကို ပေး​ပို့​ခဲ့​သည်။