မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမိုင်းတွင် အရေးအကြီးဆုံးဖြစ်ရပ်

သမိုင်းတွင် အရေးအကြီးဆုံးဖြစ်ရပ်

သမိုင်း​တွင် အရေး​အကြီးဆုံး​ဖြစ်ရပ်

အဆိုပါ​ဖြစ်ရပ်​မှာ ယေရှု​ခရစ်​၏​သေခြင်း​ဖြစ်သည်။ ယင်းသည် အဘယ်ကြောင့် ဤမျှ​အရေးကြီးရ​သနည်း။ အကြောင်းရင်း​များစွာ​ကြောင့်​ဖြစ်သည်။

သေ​သည့်​တိုင်အောင် ယေရှု​တည်ကြည်​ခဲ့​ခြင်း​က လူတစ်ဦး​သည် ဘုရားသခင်​အား သမာဓိ​စောင့်သိ​နိုင်​ကြောင်း သက်သေထူ​သည်။

ခရစ်တော်​၏​သေခြင်းက ကောင်းကင်​တွင် ကိုယ်တော်​နှင့်အတူ အချို့​သူများ တွဲဖက်​အုပ်ချုပ်ခွင့်​ရစေ၏။ လူများစွာ​အား​လည်း မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝရ​အသက်ရှင်ခွင့် လမ်းပွင့်​စေ​သည်။

ယေရှု​မသေဆုံးမီ​ညနေခင်း​တွင် ကိုယ်တော်​သည် မိမိ၏ မေတ္တာပြည့်​ဝ​သော လူသား​ပူဇော်ရာ​ယဇ်​၏ အထိမ်းအမှတ်​အဖြစ် တဆေးမဲ့​မုန့်​နှင့် စပျစ်​ရည်​ကို အသုံးပြု​ခဲ့​သည်။ ထို့နောက် တပည့်​များ​အား ကိုယ်တော်​ဤသို့​မိန့်မှာ​ခဲ့​သည်– “ငါ့ကို အောက်မေ့​ဖို့​ရာ ဤသို့​ပြ​ကြလော့။” (လုကာ ၂၂:၁၉) ဤ​အရေးကြီးသော​ဖြစ်ရပ်​ကို သင်​သတိရအောက်မေ့​မည်​လော။

ယေရှု၏​သေခြင်းကို သတိရအောက်မေ့​ဖို့​ရာ ပွဲတော်​ကျင်းပ​ချိန်​တွင် သူတို့နှင့်​အတူတကွ​ပါဝင်​ကြ​ရန် ယေဟောဝါသက်သေ​များ​က သင့်​အား လှိုက်လှဲ​စွာ ဖိတ်ခေါ်ပါ​သည်။ ဤ​နှစ်​တွင် ၎င်း​အထိမ်းအမှတ်ပွဲ​တော်​ကျင်းပ​မည့်​နေ့စွဲ​မှာ ဗုဒ္ဓဟူး​နေ့၊ ဧပြီ ၁၆ ရက် နေဝင်ပြီး​နောက်​ဖြစ်သည်။ သင့်​အိမ်​နှင့်​အနီးဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် သင်​တက်ရောက်​နိုင်​ပါ​သည်။ အချိန်​နှင့်​နေရာ အတိအကျ​ကို ကျေးဇူးပြု​၍ ဒေသခံ​ယေဟောဝါသက်သေ​များ​ထံ မေးမြန်း​စုံစမ်း​ပါ။