မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘရာဇီးလ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတို့ ‘ကြားနာနေကြရ’

ဘရာဇီးလ်နိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို သူတို့ ‘ကြားနာနေကြရ’

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ဘရာဇီး​လ်​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို သူတို့ ‘ကြားနာ​နေကြ​ရ’

နား​မကြား​သူတို့ကို ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ကြွေးကြော်​ရန် ဘရာဇီး​လ်​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များစွာ​သည် ဘရာဇီး​လ်​လက်ဟန်ပြ​စကား​ကို ခဲရာခဲဆစ် သင်ယူ​ခဲ့​ကြပြီ။ အောက်ပါ​တွေ့ ကြုံ​မှုများ​က ဖော်ပြ​သည့်​အတိုင်း သူတို့၏​ကြိုးပမ်း​အားထုတ်မှု​များ​မှ အလွန်​ကောင်းမွန်​သည့်​ရလဒ်များ​ရရှိခဲ့​ပြီ။

ဆာ​ပိုလို​ရှိ နားပင်း​နေသော​အမျိုးသမီး​ဖြစ်သူ အီဗာ * နှင့် သူ၏​ကလေး​သုံးယောက်​သည် နားပင်း​သော​အမျိုးသား​တစ်ဦး​နှင့် သွားရောက်​နေထိုင်ပြီး​နောက် လက်ဟန်ပြ​စကား​ကို စတင်​သင်ယူ​ခဲ့​သည်။ ဈေး​ရုံ​ကြီး​တစ်ခု​တွင် သူနှင့် သူ၏​အမျိုးသား​အဖော်​သည် နားပင်း​သူ​ယေဟောဝါသက်သေ​အုပ်စု​တစ်စု​နှင့် ဆုံတွေ့ ခဲ့​ရာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် အစည်းအဝေး​တက်​ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ကြ​ရသည်။ ပျော်ပွဲရွှင်ပွဲ​တစ်ခု​ဖြစ်​မည်​ဟု သူတို့​ယူ​မှတ်၍ ထို​ဖိတ်ခေါ်ချက်​ကို​လက်ခံခဲ့​ကြသည်။

လက်ဟန်ပြ​စကား​ကို အပြည့်အဝ​မတတ်​သေး​သဖြင့် အီဗာ​သည် စည်းဝေး​၌ ပြော​သမျှ​ကို နားမလည်​ခဲ့​ပါ။ ၎င်းနောက် သက်သေခံ​အချို့​က မိမိတို့​အိမ်​သို့ အစာစား​သောက်​ကြ​ရန် သူ့ကို​ဖိတ်ခေါ်​ခဲ့​သည်။ ကမ္ဘာ​သား​ဘဝ ထာဝရ​စံစား​ကြ! ဘရိုရှာ​မှ ရုပ်ပုံများ​ကို​ပြပြီး သူတို့က အနာဂတ်​တွင် မြေကြီး​ပရဒိသု​ဖြစ်လာ​ဖို့ ဘုရားသခင်​ကတိတော်​ရှိကြောင်း ရှင်းပြ​ခဲ့​သည်။ အီဗာ​သည် သူ​ကြားသိ​သမျှ​ကို နှစ်သက်​မြတ်နိုး​သဖြင့် အစည်းအဝေး​များ​ကို မှန်မှန်​စတက်​လေ​၏။

ထို့နောက် မကြာမီ​ပင် ကျမ်းစာ​စံနှုန်း​များနှင့်​အညီ သူ​နေထိုင်​လို​၍ သူ၏​အမျိုးသား​အဖော်​ကို စွန့်ခွာ​ခဲ့​သည်။ မိသားစုက သူ့ကို​ပြင်းပြင်းထန်ထန် အတိုက်အခံပြု​သည့်​ကြား​မှ သူသည် ဝိညာဉ်ရေးတွင် ဆက်​တိုးတက်လာ​ခဲ့​ပြီး ၁၉၉၅ ခုနှစ်​တွင် နှစ်ခြင်း​ယူ​လေ​သည်။ ခြောက်​လ​အကြာတွင် အီဗာ​သည် ရှေ့ဆောင်​တစ်ဦး သို့​မဟုတ် အချိန်ပြည့်​ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​တစ်ဦး​အဖြစ် နာမည်​စာရင်း​သွင်း​ခဲ့​သည်။ ယခု​ဆိုလျှင် သူသည် နား​မကြား​သူ လေးဦး​ကို ဆက်ကပ်​အပ်နှံ​နှစ်ခြင်း​ခံသည့်​အဆင့်​သို့ ရောက်​သည်​အထိ ကူညီပေး​ခဲ့​ပေ​ပြီ။

ကား​လော့​စ်​သည် မွေး​ကတည်းက နား​မကြား​ခဲ့​ပါ။ ကလေး​ဘဝ​မှ​စ၍ သူသည် မူးယစ်​ဆေးစွဲ​ပြီး အကျင့်​ယိုယွင်း​ကာ ခိုးဝှက်​လာ​ခဲ့​သည်။ ပြိုင်ဘက်​လူဆိုးဂိုဏ်း​၏​ခြိမ်းခြောက်​မှု​ကြောင့် သူသည် ဆာ​ပိုလို​မြို့​သို့​ထွက်ပြေး​၍ ဂျို​အာ​နှင့် အတန်ကြာ​နေထိုင်ခဲ့​သည်။ ဂျို​အာ​သည်လည်း ကား​လော့​စ်​ကဲ့သို့ နား​မကြား​သူ​တစ်ဦး​ဖြစ်​ပြီး ထင်ရာစိုင်း​စည်း​မဲ့​ကမ်း​မဲ့ နေထိုင်​သည်။

နှစ်​အနည်းငယ်​အကြာတွင် ကား​လော့​စ်​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို ကြားသိ​လာ​ရာ သူ၏​ဘဝကို ပြုပြင်​ပြောင်းလဲ​၍ တရားဝင်​လက်ထပ်​ဖို့ လှုံ့ဆော်​ခံရ​၏။ ကျမ်းစာ​တောင်းဆိုချက်​များ​ကို ပြည့်မီ​ပြီး​နောက် ကား​လော့​စ်​သည် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ယူ​ခဲ့​သည်။ ဤ​အချိန်​အတောအတွင်း ကား​လော့​စ်​မသိ​လိုက်​သည်​မှာ ဂျို​အာ​သည်လည်း သတင်းကောင်းကို​ကြားသိ​ပြီး သူ၏​ဘဝကို အကြီးအကျယ်​ပြောင်းလဲ​ခဲ့​သည်။ ရုပ်ပုံများ​အသုံးပြုခြင်း​ကို ယေဟောဝါ​မနှစ်သက်​ကြောင်း သိရှိနားလည်​လာ​သည်​နှင့် ဂျို​အာ​သည် သူ​စုဆောင်း​ထားသော “စိန့်” များ​ကို စွန့်ပစ်​ခဲ့​၏။ သူ၏​ယခင်​ဘဝ​ပုံစံ​ကို စွန့်လွှတ်​ပြီး​နောက် ဂျို​အာ​သည်လည်း နှစ်ခြင်း​ယူ​လိုက်​သည်။

ထို့နောက် ကား​လော့​စ်​နှင့် ဂျို​အာ​တို့သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​တွင် မထင်မမှတ် တွေ့ဆုံ​ခဲ့​ကြ​ပြီး တစ်ဦးစီ၏ ပြောင်းလဲမှု​များ​ကို​ကြားသိ​ရ​၍ အလွန်​ဝမ်းမြောက်​ကြ​လေ​သည်! ယခု သူတို့​နှစ်ဦးစလုံး​သည် ရင့်ကျက်သော​အိမ်ထောင်ဦးစီး​များ​ဖြစ်နေ​ကြ​ပြီး ဇွဲရှိ​သော​ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အမှုထမ်းဆောင်​နေကြပါ​သည်။

ယနေ့ ဘရာဇီး​လ်​နိုင်ငံ​တွင် လက်ဟန်ပြ​ဘာသာ​စကား​အသင်းတော်​ပေါင်း ၃၀ နှင့် အုပ်စု ၁၅၄ ခု​၌ ကြေညာသူ ၂,၅၀၀ ကျော်​ရှိရာ သူတို့​အနက် ၁,၅၀၀ ခန့်​မှာ နား​မကြား​သူများ​ဖြစ်​ကြသည်။ ဘရာဇီး​လ်​နိုင်ငံ​တွင် ၂၀၀၁ ခုနှစ်​က နား​မကြား​သူများ​အတွက် “ဘုရားသခင့်​သွန်သင်​သူများ” ခရိုင်​စည်းဝေးကြီး​ကျင်းပ​ခဲ့​ရာ ၃,၀၀၀ ကျော်​တက်ရောက်​ခဲ့​ပြီး ၃၆ ဦး​နှစ်ခြင်း​ယူ​ခဲ့​သည်။ ယေဟောဝါ​၏​ကောင်းချီး​ဖြင့် နား​မကြား​သူများစွာ​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကို လက်ခံ​ကြလိမ့်မည်​ဟု မျှော်လင့်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အမည်များ​ကို​ပြောင်း​ထား​ပါ​သည်။