မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ သိကောင်းသိမည်မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်း

ကျွန်ုပ်တို့ သိကောင်းသိမည်မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်ခြင်း

ကျွန်ုပ်​တို့ သိ​ကောင်း​သိမည်​မဟုတ်သည့် ဘုရားသခင်​ကို ယုံကြည်ခြင်း

ဂျာမနီ​နိုင်ငံ​ရှိ လူ​သုံးဦး​တွင် နှစ်ဦး​သည် ဘုရားသခင်​ကို ယုံကြည်​ကြသည်​ဟူ​၏။ သို့​တိုင်၊ လူ​တစ်ထောင်​ကျော်​အား သူတို့​ယုံကြည်​ကြ​သည့် ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​ကို ရုပ်လုံးဖော်​ခိုင်း​သည့်​အခါ အားလုံးနီးပါး​က တစ်ယောက်​တစ်မျိုးစီ​ဖြေ​ကြသည်။ “ဂျာမန်​လူမျိုး​တို့သည် ကွဲပြား​ခြားနား​နေ​သကဲ့သို့ပင် ဘုရားသခင်​နှင့်​ပတ်သက်​၍ အယူအဆ​ကိုယ်စီ​ရှိကြ​၏” ဟု ဖိုး​ကပ်​စ် သတင်း​မဂ္ဂဇင်းက​အစီရင်ခံ​သည်။ ဘုရားသခင်​ကို​ယုံကြည်ခြင်း​သည် ချီးမွမ်းဖွယ်​ကောင်း​သော်လည်း ကိုယ်တော်​သည် မည်သို့သော​အရှင်ဖြစ်​ကြောင်း မသိ​ရှိ​ဘဲ​နှင့် ကိုယ်တော့်​ကို​ယုံကြည်ခြင်းက ဝမ်းနည်းဖွယ်​မကောင်း​ပေ​လော။

ဘုရားသခင့်​ဇာတိတော်​နှင့်​ပတ်သက်​၍ အသေအချာ​မသိကြ​ခြင်း​ကို ဂျာမနီ​တစ်နိုင်ငံ​တည်း​တွင်​သာ တွေ့ရှိ​ရသည်​မဟုတ်၊ ဥရောပ​အနှံ့အပြား​တွင် တွေ့ရှိ​ရ၏။ ဩစတြီးယား၊ ဗြိတိန်​နှင့် နယ်သာလန်​နိုင်ငံ​တို့​တွင် ပြုလုပ်​ခဲ့​သည့် စစ်တမ်း​တစ်ခု​က ဘုရားသခင်​သည် “မြင့်မြတ်​သည့် တန်ခိုးရှင်​တစ်ပါး၊ ဖော်ပြ​၍​မရ​သော လျှို့ဝှက်ချက်​တစ်ခု” ဟု အနှံ့အပြား​သဘောတူ​လက်ခံ​ထား​ကြောင်း ထုတ်​ဖော်ပြ​သည်။ အထူးသဖြင့် လူငယ်များ၊ ကိုယ်တော့်​ကို​ယုံ​သည်​ဟု ဆို​သူတို့​အလယ်​၌​ပင် ကိုယ်တော်​သည် နက်နဲရာ​ဖြစ်၏။

ဘုရားသခင်​အား သင်​သိကျွမ်း​သလော

တစ်ဦး​တစ်ယောက်ကို​သိခြင်း​နှင့် သူ့​အား သိကျွမ်းခြင်း​သည် အကြီးအကျယ်​ကွာခြား​သည်။ တစ်ဦး​တစ်ယောက်—မ​ချဉ်းကပ်​နိုင်သော ရှင်ဘုရင်​တစ်ပါး၊ အားကစား​အကျော်အမော်​တစ်ဦး၊ ရုပ်ရှင်​မင်းသား သို့​မဟုတ် မင်းသမီး​တစ်ဦး—ကို​သိခြင်း​သည် သူ​ရှိကြောင်း အသိအမှတ်​ပြုခြင်း​ဖြစ်၏။ သို့ရာတွင်၊ တစ်ဦး​တစ်ယောက်ကို သိကျွမ်းခြင်း​ဟူသည် ထို​ထက်မက​သိခြင်း​ဖြစ်သည်။ သိကျွမ်း​သည်​ဟု​ဆို​ရာ​တွင် ထို​သူ၏​စရိုက်​လက္ခဏာ၊ အမူအကျင့်၊ ခံစားချက်၊ နှစ်သက်ရာ​နှင့် မနှစ်သက်​ရာ​များ​အပြင် အနာဂတ်​အတွက် စီမံချက်​များ​ကို သိကျွမ်းခြင်း​ပါဝင်​သည်။ တစ်ဦး​တစ်ယောက်ကို သိကျွမ်း​လျှင် ထို​သူနှင့် ရင်းနှီး​ခင်မင်​စွာ​ဆက်ဆံခွင့်​ရှိသည်။

ဘုရားသခင်​အကြောင်း အနည်း​အကျဉ်း​သာ​သိထားခြင်း သို့​မဟုတ် ဘုရားသခင်​ရှိသည်​ဟု​သာ သိခြင်း​မျှ​သည် မလုံလောက်​ကြောင်း ထောင်သောင်း​မ​က​သော​လူ​တို့ ဆင်ခြင်​တွက်ဆ​ခဲ့​ကြပြီ။ ဤ​သူတို့သည် ဘုရားသခင်​အား တရင်းတနှီး​သိကျွမ်း​လာ​ခဲ့​ကြပြီ။ ဤသို့​သိကျွမ်း​လာ​ခြင်း​သည် သူတို့​အတွက် အကျိုးရှိ​ခဲ့​ပါသလော။ ဂျာမနီ​နိုင်ငံ​မြောက်ပိုင်း​တွင်​နေထိုင်သူ၊ ဘုရားသခင်​ရှိသည်​ကို ယခင်​က​လက်ခံခဲ့​သည့် ပေါလ်​အမည်​ရှိ အမျိုးသား​တစ်ဦး​သည် ကိုယ်တော်​အား ပို​၍​သိကျွမ်း​လာရန်​ကြိုးစား​မည်​ဟု စိတ်​ဆုံးဖြတ်​ခဲ့​သည်။ “ဘုရားသခင်​ကို​သိကျွမ်းဖို့ အချိန်နဲ့ ခွန်အား​စိုက်ထုတ်​ခဲ့​ရပေမဲ့ ရရှိတဲ့​အကျိုး​က များ​ပါ​တယ်။ ဖန်ဆင်း​ရှင်​နဲ့ တရင်းတနှီး​ဆက်ဆံ​ရလို့ ကျွန်တော့်​နေ့စဉ်​ဘဝ​အသက်တာ ပို​ကောင်း​လာတယ်” ဟု​ပေါလ်​ရှင်းပြ​၏။

ဘုရားသခင်​အား တရင်းတနှီး​သိကျွမ်း​လာဖို့ အချိန်​နှင့် ခွန်အား​စိုက်ထုတ်​ခြင်း​သည် အကျိုးနပ်​ပါသလော။ ကျေးဇူးပြု​၍ နောက်​ဆောင်းပါး​ကို ဖတ်ရှု​ပါ​လေ။

[စာမျက်နှာ ၃ ပါ အကျဉ်း​ဖော်ပြချက်]

တစ်ဦး​တစ်ယောက်ကို​သိခြင်း​နှင့် သူ့​အား သိကျွမ်းခြင်း​သည် အကြီးအကျယ်​ကွာခြား