မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျွန်မ လိုအပ်သမျှ ရှာတွေ့ပြီ”

“ကျွန်မ လိုအပ်သမျှ ရှာတွေ့ပြီ”

“ကျွန်မ လိုအပ်သမျှ ရှာတွေ့​ပြီ”

ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့​၏ အစီရင်ခံစာ​တစ်စောင်​အရ ယခု​အခါ ကမ္ဘာ​တစ်ဝန်း​ရှိ လူပေါင်း​သန်း ၁၂၀ ကျော် စိတ်ဓာတ်ကျ​လျက်​ရှိသည်​ဟု ခန့်မှန်း​ရ၏။ နှစ်စဉ် တစ်သန်း​သည် ကိုယ့်​ကိုယ်ကို​သတ်​သေကြ​ပြီး ၁၀ သန်း​နှင့် သန်း ၂၀ ကြား​ရှိသူတို့​မူ မိမိကိုယ်ကို အဆုံးစီရင်​ရန် ကြိုးစား​ကြသည်။ စိတ်ဓာတ်ကျ​သူများ​အတွက် အဘယ်​အကူအညီ​ရှိ​သနည်း။ ဆေးဝါး​ကုသမှု​သည် စိတ်ကျ​ဝေဒနာ​ကို သက်သာ​စေနိုင်​၏၊ စိတ်ပိုင်း​ဆိုင်ရာ ထောက်ပံ့မှု​လည်း အရေးကြီး​၏။ ထို့​ပြင် ပြင်သစ်​နိုင်ငံ​မှ အောက်ပါ​စာ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဤသို့​ခံစား​နေရသူ​အချို့​သည် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော လက်တွေ့ကျ ကျမ်းစာ​အခြေပြု​စာပေ​များ​မှ ထပ်ဆင့်​အကူအညီ ရရှိခဲ့​ကြသည်။

“သိပ်​မကြာသေး​ခင်​က ကျွန်မ အသက်ဆက်ရှင်​ချင်စိတ် မရှိတော့ဘူး။ ဒါနဲ့ သေ​ခွင့်ပြု​ပါ​လို့ ဘုရားသခင်​ဆီ ဆုတောင်း​တယ်။ ကျွန်မ​အတွင်း​ထဲမှာ သေနေ​သလို ခံစား​နေခဲ့​ရတာ။ လမ်းညွှန်မှု​ရှာ​တဲ့​အနေ​နဲ့ ယေဟောဝါ​ထံ ကျွန်မ ထက်ထက်သန်သန် ဆုတောင်း​ခဲ့တယ်။ ၂၀၀၂၊ ယေဟောဝါသက်သေ​များ​၏ နှစ်ချုပ်​စာအုပ် ကို​ဖတ်​ကြည့်​ဖို့ ဆုံးဖြတ်ပြီး သုံးရက်​နဲ့ ဖတ်​ပြီး​သွားတယ်။ အဲ့ဒီ​စာအုပ်​က ကျွန်မ​ကို အားရှိစေတဲ့​ဆေး​တစ်ခွက်​ပဲ၊ ကျွန်မ​ရဲ့​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ခဲ့တယ်။

ကင်းမျှော်စင် နဲ့ နိုးလော့! တွေ​ကို နည်းနည်း​ရှာဖွေ​လေ့လာ​လိုက်​တော့ ကျွန်မ အရမ်း​အံ့သြ​သွားတယ်! ဒီ​မဂ္ဂဇင်း​တွေ​ကို ကျွန်မ​ဖတ်​ခဲ့​တာ ၁၅ နှစ်​ကျော်​ရှိပြီ၊ အဲ့ဒီ​ဆောင်းပါး​တွေ​ဟာ တကယ့်ကို​အားရှိစရာကောင်း​ပြီး စိတ်ဝင်စားစရာ​လည်းကောင်း​မှန်း မသိခဲ့ဘူး။ က​နေ့​ခေတ်​မှာ အင်မတန်​တွေ့ရ​ခဲ​တဲ့ မေတ္တာ​အပြည့်​နဲ့ ရေးသား​ထား​တဲ့​စာပေ​တွေ​ပါ​ပဲ။ ကျွန်မ​လိုအပ်သမျှ ရှာတွေ့ ပြီ။”

သမ္မာကျမ်းစာ​က “ထာဝရ​ဘုရား​သည် နှလုံး​ကြေကွဲ​သူတို့နှင့် နီး​တော်​မူ​၏။ စိတ်​ကြေမွ​သူတို့ကိုလည်း ကယ်တင်​တော်​မူ​၏” ဟု​ဆို​သည်။ (ဆာလံ ၃၄:၁၈သမ္မာ) “နှလုံး​ကြေကွဲ​သူ” သို့​မဟုတ် “စိတ်​ကြေမွ​သူ” အားလုံး​သည် သမ္မာကျမ်းစာ​မှ အားပေးမှု​ရပြီး အနာဂတ်​အတွက် မျှော်လင့်ချက် အမှန်​ရှာတွေ့ နိုင်​ပါ​သည်။ ယေဟောဝါသက်သေ​များသည် နှစ်သိမ့်မှု​ရင်းမြစ်​ဖြစ်သော ဘုရားသခင့်​မှုတ်သွင်းခံ သမ္မာကျမ်းစာ​မှ အကျိုး​ရယူရန် လိုအပ်​နေ​သူများကို ကူညီ​ပေးဖို့ ကျမ်းစာ​အခြေပြု​စာပေ​များ​ကို ထုတ်ဝေ​လျက်​ရှိသည်။