‘မှန်သောစကားကိုပြောသောနှုတ်ခမ်းသည် အစဉ်အမြဲတည်၏’
‘မှန်သောစကားကိုပြောသောနှုတ်ခမ်းသည် အစဉ်အမြဲတည်၏’
မီးပွားလေးတစ်ခုကြောင့် မီးတောက်လောင်ပြီး တစ်တောလုံးလောင်ကျွမ်းသွားနိုင်သကဲ့သို့ ၎င်းသည် လူတစ်ဦး၏ဘဝတစ်ခုလုံးကို ပျက်စီးသွားစေနိုင်၏။ ယင်းသည် အဆိပ်အပြည့်ရှိနိုင်ပြီး၊ “အသက်ပင်” လည်းဖြစ်နိုင်သည်။ (သု. ၁၅:၄၊ သမ္မာ) ၎င်းသည် သေခြင်းနှင့် အသက်ရှင်ခြင်းကို အစိုးရ၏။ (သု. ၁၈:၂၁) ဤသေးငယ်သောလျှာကလေးသည် အထက်တွင်ဖော်ပြထားသည့်အတိုင်း အစွမ်းသတ္တိရှိပြီး တစ်ကိုယ်လုံးကို ညစ်ညူးစေနိုင်သည်။ (ယာကုပ် ၃:၅-၉) ယင်းကြောင့် လျှာကိုစောင့်ထိန်းခြင်းက ပညာရှိပေသည်။
သမ္မာကျမ်းစာရှိ နယပုံပြင်ကျမ်း အခန်းကြီး ၁၂ ၏ဒုတိယပိုင်းတွင် ရှေးဣသရေလရှင်ဘုရင်ရှောလမုန်က ကျွန်ုပ်တို့၏အပြောအဆိုကိုစောင့်ထိန်းဖို့ တန်ဖိုးရှိဆုံးမစကားများဖော်ပြပေး၏။ လိုရင်းတိုရှင်းဖြစ်သော်လည်း လက်တွေ့ကျအဓိပ္ပာယ်ရှိ စကားပုံများဖြင့် ပညာရှိရှင်ဘုရင်က လူတစ်ဦးပြောသောစကားအားဖြင့် အကျိုးဆက်များရှိလာသကဲ့သို့ ပြောဆိုသူ၏အရည်အချင်းများကိုလည်း များစွာဖော်ပြ၏ဟုဆိုသည်။ ရှောလမုန်၏မှုတ်သွင်းခံအကြံပြုချက်သည် ‘နှုတ်ခမ်းရှေ့၌ ကင်းကိုထား’ လိုသူ မည်သူမဆိုအတွက် အကျိုးများစွာရှိ၏။—ဆာလံ ၁၄၁:၃။
‘စကားလွန်ကျူးသောအားဖြင့် ကျော့မိတတ်’
“စကားလွန်ကျူးသောအားဖြင့် ဆိုးသောသူသည်ကျော့မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဒုက္ခထဲကထွက်မြောက်တတ်၏” ဟုရှောလမုန်ဆိုသည်။ (သု. ၁၂:၁၃၊ သမ္မာ) လိမ်ညာခြင်းသည် ယင်းကိုအသုံးပြုသူအတွက် သေစေနိုင်သောထောင်ချောက်ဖြစ်သည်။ (ဗျာ. ၂၁:၈) လိမ်ညာပြောဆိုခြင်းသည် ပြစ်ဒဏ်မခံရရန်၊ သို့မဟုတ် မနှစ်မြို့ဖွယ်အခြေအနေတစ်ခုမှ လွတ်မြောက်ရန် အလွယ်လမ်းဖြစ်၏ဟုထင်မှတ်ပေမည်။ သို့သော် တစ်ကြိမ်လိမ်ညာပြီးလျှင် ဆက်တိုက်လိမ်ညာသွားရသည်မဟုတ်လော။ ငွေအနည်းငယ်ဖြင့် စ၍လောင်းကစားသူသည် အရှုံးကိုပြန်ကာမိစေရန် လောင်းကြေးများများထပ်ရသည့်နည်းတူ လိမ်ညာသူတစ်ဦးသည် များမကြာမီ အလိမ်အညာသံသရာထဲမှ ရုန်းမထွက်နိုင်သည့်အဖြစ်သို့ ရောက်သွားတတ်သည်။
စကားလွန်ကျူးခြင်းဖြင့် အခြားသူတို့ကို လိမ်ညာသောသူသည် မိမိကိုယ်ကိုလိမ်ညာ၍ နောက်ထပ်ကျော့မိသွားစေနိုင်သည်။ ဥပမာ၊ လိမ်ညာသူတစ်ဦးက မိမိသည် အသိပညာကြွယ်ဝ၍ အလွန်ထက်သည်ဟု အလွယ်တကူအထင်ရှိသော်လည်း အမှန်မှာမဆိုစလောက်သာ သိရှိ၏။ သို့နှင့် သူ၏လိမ်ညာမှုနှင့်အညီ အသက်ရှင်နေထိုင်သွား၏။ သူသည် “သူ၏အပြစ်ကိုတွေ့တော်မမူ၊ ရွံရှာတော်မမူဟု ကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသောအယောင်ကိုဆောင်တတ်၏။” (ဆာလံ ၃၆:၂) လိမ်ညာခြင်းသည် ကျော့ကွင်းတစ်ခုပါတကား! သို့သော် ဖြောင့်မတ်သောသူသည် ဤအကျပ်အတည်းမျိုးကို ကြုံလိမ့်မည်မဟုတ်။ ပူပင်သောကရောက်နေစဉ်ပင် လိမ်ညာပြောဆိုမည်မဟုတ်။
‘ရောင့်ရဲစေသောအသီး’
“အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ” ဟူ၍ တမန်တော်ပေါလုက သတိပေးသည်။ “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။” (ဂလာတိ ) ဤမူသည် ကျွန်ုပ်တို့၏အပြောအဆိုသာမက အပြုအမူတို့နှင့်ပါ သက်ဆိုင်၏။ ရှောလမုန်က ဤသို့ပြောသည်– “လူသည် မိမိနှုတ်ခမ်းအသီးနှင့်ရောင့်ရဲရ၏။ မိမိလက်လုပ်ရာအကျိုးအပြစ်ကိုလည်းခံရ၏။”— ၆:၇သု. ၁၂:၁၄။
“ပညာကိုမြွက်ဆိုတတ်” သောနှုတ်ခမ်းသည် ကျေနပ်ရောင့်ရဲမှုဖြစ်စေသောအသီးကို ဖြစ်ထွန်းစေ၏။ (ဆာလံ ၃၇:၃၀) ဉာဏ်ပညာရှိရန် အသိပညာရှိဖို့လိုသည်၊ မည်သူမျှ အသိပညာအားလုံးပိုင်ဆိုင်သည်မဟုတ်။ လူတိုင်း ကောင်းသောသွန်သင်ချက်ကိုလက်ခံနားထောင်သင့်သည်။ “မိုက်သောသူသည် ကိုယ့်နည်းလမ်းမှန်သည်ဟု ထင်တတ်၏။ ပညာရှိသောသူမူကား အကြံပေးရာကို နားထောင်တတ်၏” ဟုဣသရေလရှင်ဘုရင်ဆိုသည်။—သု. ၁၂:၁၅၊ သမ္မာ။
ယေဟောဝါသည် ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှ ပြုစုသောစာပေစာတမ်းများကိုအသုံးပြု၍ ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် ကျွန်ုပ်တို့ကို ကျိုးကြောင်းညီညွတ်သည့်သွန်သင်ချက်ကို ပေးသည်။ (မဿဲ ၂၄:၄၅၊ သမ; ၂ တိမောသေ ၃:၁၆) အကြံပေးချက်ကောင်းများကိုငြင်းပယ်၍ ကိုယ့်နည်းကိုယ့်ဟန်လုပ်ဆောင်ခြင်းက မိုက်မဲလှသည်တကား! “လူတို့အားပညာအတတ်ကိုသွန်သင်တော်မူသောသူ၊” ယေဟောဝါသည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် ဆုံးမသွန်သင်သောအခါ ကျွန်ုပ်တို့ “နားကြားခြင်းငှာလျင်မြန်ကြ” ရမည်။—ယာကုပ် ၁:၁၉; ဆာလံ ၉၄:၁၀။
ပညာရှိနှင့် မိုက်မဲသူတို့သည် စော်ကားခြင်း သို့မဟုတ် မတရားသဖြင့်ပြစ်တင်ဝေဖန်ခြင်းတို့ကို မည်သို့တုံ့ပြန်တတ်သနည်း။ ရှောလမုန်က ဤသို့ဖြေဆိုသည်– “မိုက်သောသူ၏အမျက်ဒေါသသည် ချက်ချင်းထင်ရှားတတ်၏။ ပညာသတိရှိသောသူမူကား ရှက်စရာအမှုကိုဖုံးတတ်၏။”—သု. ၁၂:၁၆။
စော်ကားခံရသောအခါ မိုက်မဲသောသူသည် အမျက် “ချက်ချင်းထင်ရှား” ဖော်ပြတတ်၏။ သို့သော် ပညာသတိရှိသူသည် ချုပ်တည်းနိုင်ရန် ဘုရားသခင့်ဝိညာဉ်တော်အတွက် ဆုတောင်း၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်၏အကြံပြုချက်ကို ဆင်ခြင်သုံးသပ်ရန်နှင့် ယေရှု၏ ဤစကားများကို စေ့စေ့စဉ်းစားရန် သူအချိန်ယူ၏– “သင်၏ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင်၊ ပါးတစ်ဖက်ကိုလှည့်၍ပေးဦးလော့။” (မဿဲ ၅:၃၉) “အဘယ်သူကိုမျှ ရန်တုံ့မမူ” လိုသောကြောင့် လိမ္မာပါးနပ်သောပုဂ္ဂိုလ်သည် မိမိ၏နှုတ်ခမ်းကို မဆင်မခြင်ပြောဆိုမိခြင်းမှ ချုပ်တည်းထားတတ်သည်။ (ရောမ ၁၂:၁၇) ထိုနည်းတူ ကျွန်ုပ်တို့သိက္ခာချခံရသောအခါ ဖုံးအုပ်လိုက်မည်ဆိုလျှင် ခိုက်ရန်ပွားစရာအကြောင်းမရှိချေ။
‘အနာပျောက်စေသော လျှာ’
စကားလွန်ကျူးသောအားဖြင့် တရားခွင်၌ ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်သည်။ ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– “မှန်သောသက်သေသည် ဖြောင့်မတ်ခြင်းဘက်၌လည်းကောင်း၊ မမှန်သောသက်သေသည် မဖြောင့်မတ်ခြင်းဘက်၌လည်းကောင်း ထွက်ဆိုတတ်၏။” (သု. ၁၂:၁၇၊ သမ္မာ) မှန်သောသက်သေ၏သက်သေထွက်ဆိုချက်သည် ယုံကြည်စိတ်ချနိုင်စရာဖြစ်သောကြောင့် သူသည် ဖြောင့်မတ်ခြင်းတရားဘက်၌ထွက်ဆို၏။ သူ၏စကားကြောင့် တရားသဖြင့်ဖြစ်ပျက်လာ၏။ မမှန်သောသက်သေမူကား လှည့်ဖြားလိမ်လည်လွန်း၍ တရားမျှတမှုကို လွဲချော်မှားယွင်းစေ၏။
“သန်လျက်နှင့်ထိုးသကဲ့သို့ မစဉ်းစားဘဲပြောဆိုတတ်သောသူအချို့ရှိ၏။ ပညာရှိတို့၏လျှာမူကား အနာကိုငြိမ်းစေတတ်၏” ဟုရှောလမုန်ကဆက်ပြောသည်။ (သု. ၁၂:၁၈၊ သမ္မာ) စကားလုံးများသည် သန်လျက်ကဲ့သို့ ထိုးဖောက်နိုင်ပြီး ခင်မင်ရင်းနှီးမှုပြတ်စဲစေ၍ ပြဿနာများဖြစ်ပွားစေသည်။ သို့မဟုတ် နှစ်သက်ကြည်နူးဖွယ်၊ သာယာနာပျော်ဖွယ်စကားများမူကား ခင်မင်ရင်းနှီးမှုတိုးပွားစေ၏။ လူတစ်ဖက်သားကို ဆဲရေးတိုင်းထွာခြင်း၊ အော်ဟစ်ခြင်း၊ တစ်ချိန်လုံးပြစ်တင်ဝေဖန်ခြင်းနှင့် သိက္ခာချ၍စော်ကားခြင်းတို့သည် စိတ်ဒဏ်ရာများရစေသည့် ထိုးနှက်ချက်များပင်ဖြစ်သည်။ ထိုသို့ပြုမိခဲ့မည်ဆိုလျှင် အနာပျောက်စေသောစကားလုံးများနှင့် စိတ်ရင်းမှန်ဖြင့်တောင်းပန်ခြင်းသည် အလွန်ကောင်းလိုက်လေခြင်း!
ကျွန်ုပ်တို့အသက်ရှင်နေကြသည့် ခဲယဉ်းကျပ်တည်းသောဤကာလတွင် လူများစွာသည် “ကျိုးပဲ့သောစိတ်” ရှိ၍ “နှလုံးကြေကွဲ” နေကြခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။ (ဆာလံ ၃၄:၁၈) “စိတ်ငယ်သောသူတို့ကို အားပေး” ၍ “အားနည်းသောသူတို့ကို ထောက်မ” ကြသောအခါ အနာငြိမ်းစေနိုင်စွမ်းရှိစကားကို ကျွန်ုပ်တို့အသုံးပြုနေခြင်းမဟုတ်ပေလော။ (၁ သက်သာလောနိတ် ၅:၁၄) မှန်ပါသည်၊ အန္တရာယ်ရှိသောရွယ်တူချင်းဖိအားပေးမှုကို တွန်းလှန်နေကြရသည့် ဆယ်ကျော်သက်များအား စာနာတတ်သောစကားလုံးများပြောဆိုခြင်းသည် အားပေးမှုဖြစ်စေနိုင်သည်။ အသက်ကြီးသူတို့အား ထောက်ထားစာနာစွာ စကားပြောဆိုခြင်းဖြင့် သူတို့ကိုချစ်ကြောင်း၊ သူတို့အကူအညီလိုကြောင်း ယုံကြည်စိတ်ချစေသည်။ ကြင်နာစွာပြောဆိုသောစကားလုံးများသည် လူနာကို စိတ်လန်းဆန်းစေသည်။ ဆိုဆုံးမမှုကို “သိမ်မွေ့နူးညံ့သောသဘောနှင့်” ပြောဆိုလျှင် လက်ခံရလွယ်ကူစေသည်။ (ဂလာတိ ၆:၁) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို လက်ခံနားထောင်သူတို့အား ပြောဆိုသူ၏လျှာသည် အနာကိုအမှန်တကယ်ငြိမ်းစေသည်တကား!
‘အစဉ်အမြဲတည်သောနှုတ်ခမ်း’
“နှုတ်ခမ်း” ဟူသောစကားလုံးကို “လျှာ” ဖြင့်ခိုင်းနှိုင်း၍ ရှောလမုန်က ဤသို့ဆိုသည်– “သစ္စာနှုတ်ခမ်းသည် အစဉ်အမြဲတည်၏။ မုသာလျှာမူကား ခဏသာတည်၏။” (သု. ၁၂:၁၉) ‘မှန်သောစကားကိုပြောသောနှုတ်ခမ်း’ ဟူသည့်အသုံးအနှုန်းမှာ ဟေဗြဲဘာသာစကားတွင် ဧကဝုစ်ကိန်းဖြစ်၍ မှန်ကန်စွာပြောဆိုခြင်းထက်မက အဓိပ္ပာယ်နက်နဲ၏။ “ထိုအသုံးအနှုန်းသည် ကြာရှည်ခံခြင်း၊ တည်မြဲခြင်း၊ ယုံကြည်စိတ်ချနိုင်ခြင်း အစရှိသောအရည်အသွေးများကိုဆိုလို၏” ဟု ကိုးကားဖော်ပြချက်တစ်ခုက ဆိုသည်။ “ဤအရည်အသွေးပါသော စကားပြောဆိုခြင်းသည် . . . ယုံကြည်စိတ်ချနိုင်သောစကားဖြစ်သဖြင့် ထာဝစဉ်တည်မြဲလိမ့်မည်၊ တစ်ခဏတာ လိမ်လည်လှည့်စားနိုင်သောစကားမူကား စမ်းသပ်မှုခံရသောအခါ အညာပေါ်သွားရာ . . . တည်မည်မဟုတ်။”
ပညာရှိသောဘုရင်က “မကောင်းသောအကြံကို ကြံသောသူတို့၏စိတ်ထဲမှာ လှည့်စားတတ်သောသဘောရှိ၏။ ရန်ပြေစေခြင်းငှာ အကြံပေးသောသူတို့၌ကား ဝမ်းမြောက်စရာအကြောင်းရှိ၏” ဟုဆိုသည်။ ထပ်ဆင့်၍ သူဤသို့ပြောသည်– “တရားသောသု. ၁၂:၂၀၊ ၂၁။
သူ၌ အမင်္ဂလာမရောက်ရာ။ မတရားသောသူမူကား အမင်္ဂလာနှင့်ပြည့်ဝရလိမ့်မည်။”—အကျိုးပျက်စေခြင်းငှာ လျှို့ဝှက်ကြံစည်သူတို့သည် နာကျင်မှုနှင့် ဝေဒနာကိုသာ ခံစားတတ်၏။ အခြားတစ်ဖက်တွင်မူ ငြိမ်သက်ခြင်းရှိစေဖို့အကြံပေးသူများသည် မှန်ရာကိုပြုလုပ်ခြင်းမှ ကျေနပ်မှုရရှိကြသည်။ အကျိုးဖြစ်ထွန်းလာသည့်အတွက်လည်း သူတို့ဝမ်းမြောက်ကြရ၏။ ထိုထက်ကား “ထာဝရဘုရားသည် မုသာသုံးသောနှုတ်ခမ်းကို စက်ဆုပ်ရွံရှာတော်မူ၏။ သစ္စာစောင့်သောသူတို့ကိုကား နှစ်သက်တော်မူ” သဖြင့် ဘုရားသခင်၏မျက်နှာသာတော်ကို သူတို့ရထားကြသည်။—သု. ၁၂:၂၂။
‘သိသောအရာကိုပင် ထိမ်ဝှက်သည့်စကား’
စကားကိုဂရုစိုက်ပြောဆိုတတ်သူနှင့် ဂရုမစိုက်ဘဲပြောဆိုတတ်သူတို့၏ နောက်ထပ်ခြားနားချက်တစ်ခုကို ဖော်ပြရာတွင် ဣသရေလရှင်ဘုရင်က ဤသို့ပြောသည်– “ပညာသတိရှိသောသူသည် မိမိသိသောအရာကိုပင် ထိမ်ဝှက်တတ်၏။ မိုက်သောသူမူကား မိမိစိတ်အလိုအလျောက် မိုက်သောသဘောကိုထင်ရှားပြတတ်၏။”—သု. ၁၂:၂၃။
ပညာသတိရှိသူသည် မည်သည့်အချိန်တွင် စကားပြောဆိုရမည်၊ မည်သည့်အချိန်တွင် နှုတ်ဆိတ်နေရမည်ကိုသိရှိ၏။ မိမိသိထားသည့်အရာကို လူသိရှင်ကြားမဖြစ်စေရန် သူထိမ်ဝှက်ထားတတ်၏။ ဤသို့ဆိုသဖြင့် သူသည် မိမိသိသောအရာကို အမြဲထိမ်ဝှက်ထားတတ်သည်ဟု မဆိုလိုချေ။ ယင်းအစား ၎င်းကို အမြော်အမြင်သတိရှိရှိဖော်ထုတ်ပြောဆိုသည်။ မိုက်သောသူမူကား အလျင်အမြန်စကားပြောဆိုတတ်ပြီး သူ၏မိုက်မဲမှုကို အထင်အရှားဖော်ထုတ်ပြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စကားနည်းသူဖြစ်၍ ဝါကြွားခြင်းကို ရှောင်ရှားကြပါစို့။
ရှောလမုန်သည် ခြားနားချက်များကို ဆက်ထုတ်ဖော်ပြပြီး လုံ့လဝီရိယရှိခြင်းနှင့် ပျင်းရိခြင်းကို ထူးခြားစွာဖော်ပြသည်။ သူဤသို့ဆိုသည်– “လုံ့လဝီရိယရှိသောသူသည် အစိုးရလိမ့်မည်။ ပျင်းရိသောသူကား အစေကျွန်ခံရမည်။” (သု. ၁၂:၂၄) ပင်ပင်ပန်းပန်းကြိုးစားလုပ်ဆောင်ခြင်းက တိုးတက်မှုရှိစေ၍ ငွေကြေးအမှီအခိုကင်းစေသည်၊ ပျင်းရိခြင်းက အလုပ်ကြမ်းကိုလုပ်စေ၍ ကျွန်ခံရစေသည်။ ပညာရှင်တစ်ဦးက “အချိန်တန်သော် လူပျင်းသည် လုံ့လဝီရိယရှိသူ၏ကျွန်ဖြစ်လာလိမ့်မည်” ဟုဆိုသည်။
‘ရွှင်လန်းစေသောစကား’
ရှောလမုန်ဘုရင်သည် လူ့သဘောသဘာဝကို ကောင်းစွာလေ့လာထား၍ စကားပြောဆိုခြင်းအကြောင်း ဤသို့ပြန်ပြောဆိုသည်။ “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား ရွှင်လန်းစေတတ်၏။”—သု. ၁၂:၂၅။
စိတ်နှလုံးကို ဝမ်းနည်းမှုဖြင့် လေးလံစေနိုင်သော စိုးရိမ်ကြောင့်ကြမှုများစွာရှိသည်။ ထိုဝန်ထုပ်ကိုပေါ့ပါးသွားစေရန်၊ စိတ်နှလုံးကိုရွှင်လန်းစေရန် နားလည်ပေးတတ်သူတစ်ဦးထံမှ အားပေးစကားလိုအပ်သည်။ သို့သော် ကျွန်ုပ်တို့သည် အကြီးအကျယ်စိုးရိမ်ကြောင့်ကြနေကြောင်းကို ဖွင့်မပြောလျှင် သူတစ်ပါးမည်သို့သိနိုင်မည်နည်း။ မှန်ပါသည်၊ ပူပင်သောကရောက်သောအခါ၊ စိတ်ဓာတ်ကျသောအခါ အကူအညီပေးနိုင်မည့် စာနာတတ်သူတစ်ဦးအား ရင်ဖွင့်ပြောဆိုရန်လိုသည်။ ထိုထက်ကား မိမိ၏ခံစားချက်များကို ရင်ဖွင့်ပြောဆိုလိုက်ရခြင်းက စိတ်နှလုံးပူပန်မှုကို အတော်အတန်သက်သာသွားစေသည်။ သို့ဖြစ်၍ မိမိ၏အိမ်ထောင်ဖက်၊ မိဘ၊ သို့မဟုတ် သနားကြင်နာတတ်၍ ဝိညာဉ်ရေးကောင်းသော မိတ်ဆွေတစ်ဦးအား ရင်ဖွင့်ပြောဆိုခြင်းက ကောင်းပေသည်။
သမ္မာကျမ်းစာတွင်ပါရှိသော အားပေးစကားများထက် သာ၍ကောင်းသောအဘယ်စကားများရှိမည်နည်း။ သို့ဖြစ်၍ ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်ကို ကျေးဇူးတင်လေးမြတ်စွာဖြင့် စဉ်းစားဆင်ခြင်ပြီး ကိုယ်တော်ထံကျွန်ုပ်တို့ချဉ်းကပ်ကြရမည်။ ဤသို့အလေးထား စဉ်းစားဆင်ခြင်ခြင်းက ပူပင်သောကရောက်နေသောနှလုံးကို အမှန်ပင်ရွှင်လန်းစေ၍ ဝမ်းနည်းသောဆာလံ ၁၉:၇၊ ၈။
မျက်လုံးများကို တောက်ပစေမည်။ ဆာလံဆရာက ဤသို့ထောက်ခံပြောဆိုသည်– “ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကိုပြုပြင်တတ်၏။ ထာဝရဘုရား၏သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏။”—အကျိုးရှိစေသောလမ်းစဉ်
ဖြောင့်မတ်သောသူ၏လမ်းစဉ်နှင့် ဆိုးယုတ်သောသူ၏လမ်းစဉ်သည် ခြားနားကြောင်းကို ဣသရေလရှင်ဘုရင်က ဤသို့ဖော်ပြသည်– “ဖြောင့်မတ်သောသူသည် [မကောင်းမှု] ကိုလွှဲရှောင်တတ်၏။ ဆိုးသောသူမူကား မှန်သောလမ်းမှ လွှဲသွားတတ်၏။” (သု. ၁၂:၂၆၊ သမ္မာ) ဖြောင့်မတ်သောသူသည် သူ၏ကိုယ်ပိုင်စားကျက်ဖြစ်သော အပေါင်းအဖော်များကို ပညာရှိစွာရွေးချယ်ပေါင်းသင်း၍ ဘေးပြုမည့်သူများနှင့် အဆက်အသွယ်မပြုပါ။ လူဆိုးမူကား အကြံပြုချက်ကိုငြင်းပယ်၍ ကိုယ့်လမ်းကိုယ်သာလိုက်သွားလို၏။ ထိုအခါ လှည့်စားခံရပြီးလမ်းလွဲတတ်၏။
အပျင်းထူသူနှင့် လုံ့လဝီရိယရှိသူသည် ကွာခြားကြောင်းကို အခြားရှုထောင့်မှ ရှောလမုန်ဘုရင်က ဤသို့ဖော်ပြသည်။ “ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း ဖမ်းရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝီရိယပြုသောသူ၏ဥစ္စာမူကား အဖိုးထိုက်ပေ၏။” (သု. ၁၂:၂၇) အပျင်းထူသူ၊ “ပျင်းရိသောသူ” သည် အမဲလိုက်၍ဖမ်းရသောအကောင်ကို သူ “ကင်၍” မစားချေ။ ထို့ကြောင့် သူအစပြုထားရာကို အဆုံးမသတ်နိုင်ချေ။ သို့သော် လုံ့လဝီရိယရှိခြင်းသည် ကြွယ်ဝချမ်းသာခြင်းနှင့် အတူတူဖြစ်သည်။
ပျင်းရိခြင်းသည် အလွန်အန္တရာယ်ရှိသောကြောင့် တမန်တော်ပေါလုက သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်ချင်းတို့ထံ စာရေး၍ ထိုတွင်ရှိ “မတရားစွာပြုသော” သူအချို့ကို ပြုပြင်တည့်မတ်ပေးခဲ့ရ၏၊ သူတို့သည် အလုပ်မလုပ်ဘဲ သူတို့နှင့်မဆိုင်သောအရာများတွင် ဝင်စွက်နေကြသည်။ ထိုသူတို့သည် အခြားသူတို့အပေါ် ငွေကြေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ကြသည်။ ထို့ကြောင့် ပေါလုက ‘ငြိမ်ဝပ်စွာလုပ်ဆောင်၍၊ ကိုယ်လုပ်စာကိုစားမည်အကြောင်း’ သူတို့ကိုပွင့်ပွင့်လင်းလင်း ဆုံးမတိုက်တွန်းခဲ့သည်။ ဤသို့ပြတ်သားစွာပြောသောဆုံးမစကားကို သူတို့လက်မခံကြပါက သူတို့ကို “ရှောင်ကြ” ဖို့ အသင်းတော်ရှိညီအစ်ကိုများကို ပေါလုသတိပေးခဲ့သည်။—၂ သက်သာလောနိတ် ၃:၆-၁၂။
လုံ့လဝီရိယရှိရန် ရှောလမုန်၏ဆိုဆုံးမစကားကိုသာမက ကျွန်ုပ်တို့လျှာကို တော်မှန်စွာအသုံးပြုရန် အကြံပြုချက်ကိုပါ ကျွန်ုပ်တို့ နှလုံးသွင်းရမည်။ စကားလွန်ကျူးခြင်းကိုရှောင်၍ တရားသောလမ်းကိုလိုက်လျှောက်ကြစဉ် ထိုသေးငယ်သောအင်္ဂါကို အနာပျောက်စေ၍ ဝမ်းမြောက်စေဖို့ အသုံးပြုကြရန် ကြိုးစားကြပါစို့။ “ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ၊ အသက်ချမ်းသာလမ်းဖြစ်၏” ဟုရှောလမုန်က ကျွန်ုပ်တို့ကိုစိတ်ချစေသည်။—သု. ၁၂:၂၈။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
“ပညာရှိသောသူမူကား အကြံပေးရာကို နားထောင်တတ်၏”
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“ပညာရှိတို့၏လျှာမူကား အနာကိုငြိမ်းစေတတ်၏”
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးကို ရင်ဖွင့်ခြင်းက နှစ်သိမ့်မှုရရှိစေ
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျေးဇူးတင်လေးမြတ်စွာ စဉ်းစားဆင်ခြင်ခြင်းက ရွှင်လန်းဝမ်းမြောက်စေ