မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကွပ်မျက်ခံခဲ့ရသော ယေဟောဝါသက်သေများကို အမှတ်ရ

ကွပ်မျက်ခံခဲ့ရသော ယေဟောဝါသက်သေများကို အမှတ်ရ

ကွပ်မျက်​ခံ​ခဲ့​ရသော ယေဟောဝါသက်သေ​များ​ကို အမှတ်ရ

ဟန်​ဂေ​ရီ​အနောက်ပိုင်း ကူ​ရ်​မဲ​န်​မြို့တွင် အောက်မေ့​ရာ​မော်ကွန်း​ကျောက်ပြား​တစ်ချပ်​ကို ၂၀၀၂၊ မတ် ၇ ရက်​နေ့၌ ဖွင့်လှစ်​ခဲ့​သည်။ ၎င်း​ကျောက်ပြား​သည် ၁၉၄၅ ခုနှစ်​တွင် နာဇီ​တို့ ကွပ်မျက်​ခဲ့​သော ယေဟောဝါသက်သေ​သုံးဦး​၏​သေခြင်းကို အမှတ်တရ​အထိမ်းအမှတ်​ဖြစ်သည်။

ထို​မော်ကွန်း​ကျောက်ပြား​ကို ဟွတ်န်​ယော့​ဒီ​လမ်းမ​ပေါ်​ရှိ မီး​သတ်​ဌာနချုပ်​တံတိုင်း​ပေါ်​တွင် ချိတ်ဆွဲ​ထား​သည်၊ ဤ​နေရာတွင် ပြည်သူ​အများ​ရှေ့ ကွပ်မျက်​ခဲ့​ကြသည်။ ထို​မော်ကွန်း​ကျောက်ပြား​သည် အမှတ်ရ​စ​ရာ​ဖြစ်​ပြီး ဤသို့​ကမ္ပည်း​ထိုး​ထား​သည်– “၁၉၄၅၊ မတ်​လ​တွင် ဝတ်ပြုရေး​ခံယူ​ချက်​ကြောင့် မတိုက်ခိုက်​လို​သူများ​အဖြစ် ကွပ်မျက်​ခံ​ခဲ့​ရသော ခရစ်ယာန်​များ​ဖြစ်​ကြ​သည့် အန်​တာ​လ် ဟို​နီ​ရှ် (၁၉၁၁-၁၉၄၅)၊ ဘာ​တ်​က​လ​န် ဇာ​ဘို (၁၉၂၁-၁၉၄၅)၊ ယာ​နော့စ် ဇော​န်​ဒေါ (၁၉၂၃-၁၉၄၅)၊ ၂၀၀၂၊ ယေဟောဝါသက်သေ​များ။”

ဒုတိယ​ကမ္ဘာ​စစ်​မပြီး​ဆုံး​မီ နှစ်လ​လောက်​တွင် သူတို့​ကွပ်မျက်​ခံ​ခဲ့​ရ၏။ အဆိုပါ​ခရစ်ယာန်​များ​ကို အဘယ်ကြောင့် ကွပ်မျက်​ခဲ့​ကြ​သနည်း။ ဟန်​ဂေ​ရီ​သတင်းစာ ဗားစ်​နေပါက ဤသို့​ဖော်ပြ​သည်– “ဂျာမနီ​နိုင်ငံ​တွင် ဟစ်တလာ​အာဏာ​ရပြီး​နောက် ဂျူး​များ​သာမက တည်ကြည်သော ယေဟောဝါသက်သေ​များ သူတို့၏​ဝတ်ပြုရေး​ခံယူ​ချက်​ကို မ​ပစ်ပယ်​သောကြောင့် သူတို့ကိုပါ နှိပ်စက်​ညှဉ်းပန်း​ရန်၊ ချွေး​တပ်​စခန်း​သို့​ပို့​ရန်​နှင့် ကွပ်မျက်​ရန် အဓိက​ပစ်မှတ်​ထားခဲ့​ကြသည်။ . . . ၁၉၄၅၊ မတ်​လ​တွင် ဟန်​ဂေ​ရီ​အနောက်ပိုင်း​ဒေသ​၌ ရက်စက်​ကြမ်းတမ်းမှု လွှမ်းမိုး​ခဲ့​၏။ . . . ဤ​ရက်စက်မှု​တွင် ယေဟောဝါသက်သေ​များ​ကို ပြည်နှင်ဒဏ်​ပေး​ပြီး ကွပ်မျက်ခြင်း ပါဝင်​သည်။”

ထို​မော်ကွန်း​ကျောက်ပြား ဖွင့်လှစ်​ပွဲ​အစီအစဉ်ကို နှစ်​ပိုင်း​ခွဲထား​၏။ ပထမ​တစ်ပိုင်း​ကို ဘာ​တ်​တ​ယဲန် ခါ​ဆယ်​လ် က​ဇာတ်ရုံ​တွင် ကျင်းပ​၍ ထို​တွင် ဘူ​ဒါ​ပက်​စ်​မြို့မှ မီးလောင်​တိုက်​သွင်း​ခြင်း မှတ်တမ်းတင်​ဗဟို​ဌာနမှူး ပါမောက္ခ​ဆာ​ဘိုခ်ျ ဆီ​တား; လူ့​အခွင့်အရေး၊ လူနည်းစု​နှင့်​ဘာသာ​တရားရေး​ရာ ပါလီမန်​ကော်မတီ​အဖွဲ့ဝင် လတ်​စ​လို ဒို​နာ​သ်; ယခု မြို့တော်​သမိုင်း​ပညာရှင်​ဖြစ်နေ​သည့် ၎င်း​ကွပ်မျက်​မှုများ​ကို ကိုယ်တိုင်​တွေ့မြင်​ခဲ့​သူ ကာ​လ်​မဲ​န် ကို​မ်​ယာ​ချီ​တို့ ပါဝင်​မိန့်ကြား​ခဲ့​ကြသည်။ ဒုတိယ​ပိုင်း​အစီအစဉ်မှာ တက်ရောက်​ခဲ့​ကြ​သူ ၅၀၀ ကျော်​တို့ မော်ကွန်း​ကျောက်ပြား​ကို ကူ​ရ်​မဲ​န်​မြို့တော်ဝန် ယို​ဇ​က်ဖ် ဟို​န်ဖီ ဖွင့်လှစ်​ပေး​မည့်​နေရာသို့ မြို့တွင်း​စီ​တန်း​လျှောက်​သွား​ကြ​ခြင်း​ဖြစ်သည်။

ယာ​န် ဇော​န်​ဒေါ​၏ နှုတ်​ခွန်း​ဆက်​စာလွှာ​တွင် သူ၏​ခရစ်ယာန် ညီအစ်ကို၊ ညီအစ်မ​များ ဝမ်း​မနည်း​မ​ကြေကွဲ​ကြ​ရန် အားပေး​တိုက်တွန်း​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​၏– “ဗျာ. ၂:၁၀ မှာ​တွေ့ရ​တဲ့ ‘သေ​သည်​တိုင်အောင် တည်ကြည်​ကြလော့’ ဆို​တဲ့ ယောဟန်​စကား​ကို ကျွန်တော့်​စိတ်ထဲ စွဲ​နေတုန်းပဲ။ . . . ရာဇဝတ်သား​တစ်ယောက်​အနေ​နဲ့​မဟုတ်ဘဲ အမှန်တရား​အတွက် ကျွန်တော်​သေရ​တာ​မို့ ဝမ်းနည်း​မနေကြ​ဖို့ အားလုံး​ကို ပြောပြ​ပေး​ပါ။”

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ဘာ​တ်​က​လ​န် ဇာ​ဘို

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

အန်​တာ​လ် ဟို​နီ​ရှ်

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

ယာ​န် ဇော​န်​ဒေါ