မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေး၏မြင့်မြတ်မှုကို ထိန်းသိမ်းရာတွင် အကူအညီ

သွေး၏မြင့်မြတ်မှုကို ထိန်းသိမ်းရာတွင် အကူအညီ

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

သွေး​၏​မြင့်မြတ်မှု​ကို ထိန်းသိမ်းရာ​တွင် အကူအညီ

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​၏​ကျေးကျွန်​များသည် သွေး​၏​မြင့်မြတ်မှု​နှင့်​စပ်လျဉ်း၍ ဘုရားသခင်​အပေါ် တည်ကြည်မှု​ပြသ​ခဲ့​ကြသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉) သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်​အတန်းအစား​သည် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ကို ကူညီပေး​ခဲ့​သည်။ (မဿဲ ၂၄:၄၅-၄၇) ဖိလစ်ပိုင်​နိုင်ငံ​တွင် အဘယ်​အကျိုး​ရလဒ်များ​ရရှိခဲ့​ကြောင်း ကြည့်​ကြ​စို့။

ဖိလစ်ပိုင်​ဌာနခွဲ​က ဤသို့​ဖော်ပြ​သည်– “၁၉၉၀ ပြည့်နှစ်​တွင် ဘ​ရွတ်​က​လင်​ဗေသလ​မှ ကိုယ်စားလှယ်​များ ဖိလစ်ပိုင်​ဌာနခွဲ​၌ နှီးနှော​ဖလှယ်​ပွဲ​ကျင်းပ​မည်​ဟု ကျွန်ုပ်​တို့​သတင်းရ​ခဲ့​သည်။ ကိုရီးယား၊ ထိုင်ဝမ်​နှင့် ဟောင်ကောင်​အပါအဝင် အာရှတိုက်​ရှိ ဌာနခွဲ​အချို့​မှ ညီအစ်ကို​များ​ကို ဖိတ်ခေါ်​ခဲ့​သည်။ ယင်း​၏​ရည်ရွယ်ချက်မှာ ဆေးရုံ​အချက်အလက်​ဝန်ဆောင်​လုပ်ငန်း တည်ထောင်​ရန်​နှင့် ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​များ​ကို စီစဉ်​ပေး​ရန်ဖြစ်​သည်။ ဖိလစ်ပိုင်​နိုင်ငံ​တွင် ထို​ကော်မတီ​များ​ကို အစပိုင်း​၌ မြို့ကြီး​လေး​မြို့တွင် ဖွဲ့စည်း​တည်ထောင်​ခဲ့​၏။” သွေး​နှင့်​ပတ်သက်​သည့် ခရစ်ယာန်​ရပ်တည်ချက်​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့​နှင့် တလိုတလား​ပူးပေါင်း​ဆောင်ရွက်​လို​မည့် ဆရာဝန်​များ​ကို ထို​ကော်မတီ​များ​က ကြိုးစား​ရှာဖွေ​ထား​ကြ​ရမည်။ ထို့​ပြင် သွေး​ပြဿနာ ပေါ်ပေါက်​လာသော​အခါ ညီအစ်ကို​များ​ကို သူတို့​ကူညီပေး​ကြ​မည်။

ဘာ​ဂူ​အို​မြို့တွင် ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​တာဝန် ထမ်းဆောင်​ရန် ရာ​မီခ်​ယို​ကို ရွေးချယ်​ခဲ့​သည်။ အချိန်​ကုန်လွန်​လာ​သည်​နှင့်​အမျှ ဆရာဝန်​များသည် ဤ​လုပ်ငန်း​ကို သတိပြုမိ​လာ​ကြ​လေ​သည်။ ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​နှင့် ဆရာဝန်​များ တွေ့ဆုံ​ပြီး သွေးသွင်း​ခြင်း​ကို ငြင်းပယ်​ကြသော သက်သေခံ​လူနာများ​အား မည်သို့​ကုသ​ပေး​ရန် မေးမြန်းခဲ့​သည့်​အချိန်ကို ရာ​မီခ်​ယို​အမှတ်ရမိ​သည်။ ရာ​မီခ်​ယို​က ဤသို့​ပြောပြ​သည်– “ဆရာဝန်​တွေ​က မေးခွန်းတွေ​မေးကြတယ်၊ ဒါပေမဲ့ အဲ့ဒီ​မေးခွန်းတွေ​က ပညာရပ်​ဆိုင်ရာ​မေးခွန်းတွေ​ဖြစ်နေ​တော့ ဘယ်လို​ဖြေ​ရ​မှန်း ကျွန်တော်​မသိ​ဘူး။” ဤ​အခက်အခဲ​ကို ကျော်လွှား​နိုင်​ဖို့ အကူအညီ​ပေး​ပါ​ရန် ယေဟောဝါ​ထံ သူ​ဆုတောင်း​လိုက်​သည်။ ရာ​မီခ်​ယို ဤသို့​ဆက်​ပြောပြ​သည်– “မေးခွန်း​တစ်ခု​ပြီး​တိုင်း တခြား​ဆရာဝန်​တွေ​က လက်ထောင်​ပြီး ထပ်တူ​အခြေအနေ​တွေ​ကို သူတို့​ဘယ်လို​ကိုင်တွယ်​ခဲ့​တဲ့​အကြောင်း ပြောပြ​ကြတယ်။” ရာ​မီခ်​ယို​သည် ဤ​အကူအညီ​အတွက် ဝမ်းသာ​မိ​သည်၊ အထူးသဖြင့် ထို​အမေး​အဖြေ​သည် နှစ်နာရီ​ကြာ​သောကြောင့်​ပင်။

ယခု ထို​နိုင်ငံတစ်ဝန်း​တွင် ၎င်း​ကော်မတီ ၂၁ ခု​ရှိနေပြီး ထို​တွင်​ညီအစ်ကို ၇၇ ဦး​ပါဝင်​ကူညီပေး​နေကြ​သည်။ သက်သေခံ​တစ်ဦး​ဖြစ်သူ ဆရာဝန်​ဒါ​နီ​လို​က ဤသို့​ဆို​၏– “သက်သေခံ​လူနာ​တွေ​ကို သူတို့ရဲ့​အဖွဲ့အစည်း​က ဂရုစိုက်​ထောက်ပံ့​ကူညီပေး​နေတယ်​ဆိုတာ ဆရာဝန်​တွေ သိလာ​ကြပြီ။” သမားတော်​တစ်ဦး​ဆိုလျှင် အစပိုင်း​တွင် သွေးမသွင်း​ဘဲ ညီအစ်ကို​တစ်ဦး​ကို ခွဲစိတ်​ရန် နောက်​ဆံ​တင်း​ခဲ့​သည်။ သို့သော် ထို​ညီအစ်ကို​သည် သွေး​ကိစ္စ​နှင့်​ပတ်သက်​၍ အခိုင်အမာ​ရပ်တည်ခဲ့​၏။ နောက်ဆုံး သွေးမသွင်း​ဘဲ ခွဲစိတ်​ကုသ​လိုက်​ရာ အောင်မြင်​ခဲ့​သည်။ ဆေးရုံ​သတင်း​အချက်အလက်​ဝန်ဆောင်​လုပ်ငန်း​က ဤသို့​အစီရင်ခံ​သည်– “အဲ့ဒီ​ညီအစ်ကို​ရဲ့​ကျန်းမာ​ရေး အလျင်အမြန်​ပြန်ကောင်း​လာတာကို ဆရာဝန်​မြင်ပြီး အံ့ဩ​သွားတယ်။ ဒါနဲ့ သူက ‘ဒီမှာ​ဖြစ်ပျက်​တာ​ကို​ထောက်​ပြီး တကယ်လို့ ခင်ဗျား​တို့​ရဲ့​အဖွဲ့ဝင်​တစ်ဦး​တစ်ယောက် သွေးမသွင်း​ဘဲ ဒီလို​ခွဲစိတ်​ကုသ​ဖို့ လိုအပ်​လာမယ်​ဆိုရင် ကျွန်တော် ခွဲစိတ်​ပေးဖို့ အဆင်သင့်​ပဲ’ လို့​ပြောပါ​တယ်။”