မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု

စိတ်ဝင်စားဖွယ်မှတ်တမ်းတစ်ခု

စိတ်ဝင်စားဖွယ်​မှတ်တမ်း​တစ်ခု

နယ်​သစ်​ရှာဖွေသူ ရစ်ချတ် အီး. ဘတ်​သည် ၁၉၂၈ ခုနှစ်​မှ ၁၉၅၆ ခုနှစ်​အထိ အန္တာတိတ်​ဒေသ​သို့ ငါး​ကြိမ်​တိုင် စူးစမ်း​လေ့လာရေး​ခရီးထွက်​ခဲ့​သည်။ နေ့စဉ်​မှတ်တမ်း​ရေး​ပြီး တိကျသော သင်္ဘော​သုံး​မှတ်တမ်း​စာအုပ်​များ ပြုစု​ခြင်း​ဖြင့် သူနှင့် သူ၏​အဖွဲ့သား​များသည် လေ​စီး​ကြောင်းကို သတ်မှတ်​ဆုံးဖြတ်​နိုင်၏၊ မြေပုံများ​ရေးဆွဲ​နိုင်၏၊ အန္တာတိ​က​တိုက်​အကြောင်း သတင်း​အချက်အလက်​များစွာ စုဆောင်း​နိုင်​ခဲ့​ကြ​၏။

ဘတ်​၏​စူးစမ်း​လေ့လာမှု​များ​က မှတ်တမ်း​ရေး​ခြင်း​၏​တန်ဖိုး​ကို သိ​နားလည်စေ​သည်။ ထို​မှတ်တမ်း​မျိုး​တွင် ပင်လယ်ရေ​ကြောင်း သို့​မဟုတ် လေကြောင်း​၏ အသေးစိတ်​အချက်အလက်​များ​ပါဝင်​သည်။ နောက်ပိုင်း​တွင် ဤ​သတင်း​အချက်အလက်​ကို ပြန်​လေ့လာ​သည့်​အခါ ဖြစ်ပျက်​ခဲ့​သမျှ​ကိုလည်း​ကောင်း၊ နောက်နောင်​ပြု​မည့် ခရီးစဉ်​များ​အတွက် အသုံးဝင်​သည့်​အချက်များ​ကိုလည်း​ကောင်း သိရှိ​နိုင်​သည်။

သမ္မာကျမ်းစာ​တွင် နောဧ​ခေတ်​ရေလွှမ်းမိုး​ဘေး​အကြောင်း စိတ်ဝင်စားဖွယ်​မှတ်တမ်းပါ​ရှိသည်။ ထို​ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေးသည် တစ်နှစ်​ကျော်​ကျော် ကြာ​၏။ ရေလွှမ်းမိုး​ဘေး​အတွက် ကြိုတင်​ပြင်ဆင်​ထား​ဖို့ နောဧ၊ သူ၏​ဇနီး၊ သား​သုံးယောက်​နှင့် သူတို့၏​ဇနီး​များသည် ထုထည် ၁,၄၀၀,၀၀၀ ကုဗ​ပေ​ရှိ သင်္ဘော​ကြီး​တစ်စီး​ကို အနှစ် ၅၀၊ ၆၀ ကြာ​တည်ဆောက်​ခဲ့​သည်။ ၎င်း​၏​ရည်ရွယ်ချက်ကား အဘယ်နည်း။ ရေလွှမ်းမိုး​ဘေး​တွင် လူ​နှင့်​တိရစ္ဆာန်​တချို့ မပျက်စီး​စေဖို့​ဖြစ်သည်။—ကမ္ဘာဦး ၇:၁-၃

တစ်နည်း​အားဖြင့်​ဆိုလျှင် ရေလွှမ်းမိုး​ချိန်​မှ​စ၍ နောဧ​နှင့်​သူ၏​မိသားစု သင်္ဘော​ထဲ​မှ​ထွက်ချိန်​အထိ ဖြစ်ပျက်​ခဲ့​သမျှ​ကို ပြုစုရေး​မှတ်ထား​သည့် နောဧ​၏​မှတ်တမ်း​ကို ကမ္ဘာဦးကျမ်း​တွင်​ဖတ်​ရသည်။ ၎င်း​တွင် ယနေ့ ကျွန်ုပ်​တို့အတွက် အထူး​အဓိပ္ပာယ်​ရှိသည့် တစ်စုံတစ်ရာ​သော​အကြောင်း ပါရှိ​သလော။