မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထာဝရ အသက်ကို ရွေးချယ်ပါလေ

ထာဝရ အသက်ကို ရွေးချယ်ပါလေ

ထာဝရ အသက်ကို ရွေးချယ်​ပါ​လေ

လူ​တို့​တွင် ရွေး​စ​ရာ ဤမျှ​မများ​ခဲ့​ကြ​ဖူး​ချေ။ ဥပမာ၊ ကျွန်ုပ်​တို့​ဝတ်စရာ၊ စားစရာ၊ အလုပ်လုပ်​ကိုင်​စ​ရာ​နှင့် နေထိုင်​စ​ရာ​နေရာ​တို့ကို မကြာခဏ ရွေးချယ်​ကြ​ရ၏။ ထို့​ပြင် ကမ္ဘာ့​ဒေသ​များစွာ​တွင် ကိုယ့်​အိမ်ထောင်ဖက် ကိုယ်​ရွေး​လေ့​ရှိသည်။ သို့ရာတွင် ရွေးချယ်မှု​အားလုံး​တို့​ထက်သာ​သည့် ရွေးချယ်မှု​တစ်ခု​ကို သမ္မာကျမ်းစာ​တွင် ကမ်း​လှမ်း​ထား​သည်၊ ယင်းကို လူအပေါင်း​ရယူ​နိုင်​သည်။

သမ္မာကျမ်းစာ ဤသို့​ဆို​သည်– “ဖြောင့်မတ်ခြင်း​တရား၌​တည်​နေသော​သူသည် အသက်ရှင်ခြင်း​လမ်း​သို့​လည်းကောင်း၊ ဒုစရိုက်​ကို​လိုက်ရှာ​သော​သူ​မူ​ကား သေခြင်း​လမ်း​သို့​လည်းကောင်း လျှောက်လိုက်​တတ်၏။” (သု. ၁၁:၁၉သမ္မာ) ယေရှု​ခရစ်​က​လည်း “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း” ဟု​မိန့်တော်မူ​ခဲ့​သည်။—ယောဟန် ၁၇:၃

ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် ကျွန်ုပ်​တို့အား ထာဝရ​အသက်​သို့ ပို့ဆောင်​သည့်​လမ်းစဉ်​ကို ရွေးချယ်ခွင့်​ပေး​ထား​သည်​တကား! ထာဝရ​အသက်​ရ​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

“ဖြောင့်မတ်ခြင်း​တရားလမ်း​၌ အသက်​ရှိ၏” ဟု သမ္မာကျမ်းစာ​ဆို​သည်။ (သု. ၁၂:၂၈သမ္မာ) ထာဝရ​အသက်​လမ်းပေါ် သွားလာ​နေသည့် ဖြောင့်မတ်​သူတို့​အလယ်တွင် ကျွန်ုပ်​တို့ ရှိ​နိုင်​ကြသည်။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင့်​အလိုတော်နှင့် ကိုယ်တော့်​မိန့်မှာ​တော်​မူ​ချက်​များ​အတိုင်း အသက်ရှင်နေ​မနေ အသေအချာ​စစ်ဆေးခြင်း​အားဖြင့်​ဖြစ်သည်။ (မဿဲ ၇:၁၃၊ ၁၄) ထို့​ကြောင့် ရွေးချယ်မှု​မှန်ကန်​ပြီး ဘုရားသခင်​၏​ထာဝရ​အသက်ဆု​ကျေးဇူး ရနိုင်​ပါစေ။—ရောမ ၆:၂၃