‘မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်’
‘မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်’
“မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ . . . ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။”—၂ ရာဇဝင်ချုပ် ၂၀:၁၇။
၁။ အကြမ်းဖက်မှုသည် လူတို့ကို မည်သို့ခံစားစေသနည်း၊ သူတို့ကြောက်ရွံ့စရာအကြောင်း အဘယ်ကြောင့်ရှိသနည်း။
အကြမ်းဖက်မှု! ထိုစကားကို ကြားရုံဖြင့် စိတ်ထဲအလိုလိုကြောက်လာပြီး မလုံမခြုံဖြစ်၍ အားငယ်သွားစေသည်။ ယင်းက ကြောက်ရွံ့တုန်လှုပ်၊ ဝမ်းနည်းပြီး ဒေါသထွက်စေ၏။ ၎င်းပြင် ထိုစကားလုံးသည် လူအားလုံး နှစ်ချီ၍ ကြုံကြိုက်လာမည့်ဘေးကို ဖော်ပြသည်ဟု များစွာတို့ကစိုးရိမ်ကြ၏။ နိုင်ငံအချို့သည် ဆယ်စုနှစ်ချီ အကြမ်းဖက်မှု၏ပုံစံအမျိုးမျိုးကို တိုက်ခိုက်နှိမ်နင်းခဲ့သော်လည်း အောင်မြင်မှုအနည်းအကျဉ်းသာရခြင်းကြောင့် ထိုသို့စိုးရိမ်မကင်းဖြစ်လာလေသည်။
၂။ အကြမ်းဖက်မှုပြဿနာကို ယေဟောဝါသက်သေများ မည်သို့တုံ့ပြန်ကြသနည်း၊ အဘယ်မေးခွန်းများ ပေါ်ပေါက်စေသနည်း။
၂ မည်သို့ပင်ဆိုစေ မျှော်လင့်စရာအကြောင်း အမှန်ရှိသည်။ နိုင်ငံနှင့် နယ်မြေပေါင်း ၂၃၄ ခုတွင် တက်တက်ကြွကြွဟောပြောနေကြသော ယေဟောဝါသက်သေများသည် ထူးထူးခြားခြားပင် အကောင်းမြင်သူများဖြစ်ကြ၏။ အကြမ်းဖက်မှု ဘယ်တော့မျှအဆုံးတိုင်မည်မဟုတ်ဟု သူတို့စိုးရိမ်မည့်အစား များမကြာမီပင် အကြမ်းဖက်မှုအဆုံးတိုင်မည်ကို သူတို့ ယုံကြည်စိတ်ချကြ၏။ သူတို့နည်းတူ အပြုသဘောရှိခြင်းက လက်တွေ့ကျပါသလော။ ကမ္ဘာပေါ် ဤဘေးဒဏ်သင့်ခြင်းကို မည်သူဖယ်ရှားပေးနိုင်မည်နည်း၊ မည်သို့ဖြစ်လာနိုင်သနည်း။ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို ကျွန်ုပ်တို့ခံစားခဲ့ရမည်ဖြစ်
ရာ ထိုသို့အပြုသဘောရှိခြင်းအကြောင်းရင်းကို ဆန်းစစ်ကြည့်ရန် သင့်လျော်ပေမည်။၃။ ကြောက်ရွံ့စရာ အဘယ်အကြောင်းများရှိနေသနည်း၊ ကျွန်ုပ်တို့အချိန်နှင့်ပတ်သက်၍ အဘယ်အရာကို တင်ကူးဟောထားသနည်း။
၃ ယနေ့ အကြောင်းအမျိုးမျိုးကြောင့် လူတို့သည် ကြောက်ရွံ့တုန်လှုပ်နေကြ၏။ အသက်အရွယ်ကြီးရင့်လွန်း၍ ကိုယ့်ကိုယ်ကိုမကြည့်ရှုမပြုစုနိုင်တော့သူ၊ ကုမရသောရောဂါကြောင့် အားနည်းလာနေသူနှင့် စားဝတ်နေရေးအတွက် လုံးပန်းနေရသောမိသားစု မြောက်မြားစွာတို့ကို စဉ်းစားကြည့်ပါ။ အမှန်မှာ ဘဝ၏မရေရာမသေချာမှုကိုယ်နှိုက်ကို ထည့်သုံးသပ်ကြည့်ပါ! မတော်တဆမှု သို့မဟုတ် ဘေးဒဏ်ကြောင့် ရုတ်တရက်သေဆုံးရနိုင်ရာ ကျွန်ုပ်တို့မြတ်နိုးသောအရာမှန်သမျှသည် အချိန်မရွေး ပျောက်ဆုံးသွားနိုင်၏။ ဤသို့သောကြောက်ရွံ့တုန်လှုပ်မှုနှင့် စိုးရိမ်ပူပန်မှုများ၊ ပုဂ္ဂိုလ်ရေးစိတ်ဝမ်းကွဲပြားမှုနှင့် စိတ်ပျက်စရာအကြောင်းများကြောင့် ကျွန်ုပ်တို့၏အချိန်သည် တမန်တော်ပေါလုဖော်ပြခဲ့သည့် ဤအခြေအနေအတိုင်း ဖြစ်နေသည်– “နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟု သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ်ကိုချစ်သောသူ၊ . . . ပကတိစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးထားသောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ” ဖြစ်ကြမည်။—၂ တိမောသေ ၃:၁-၃၊ သမ္မာ။
၄။ ၂ တိမောသေ ၃:၁-၃ တွင် ဖော်ပြထားသည့် ရင်မောဖွယ်အခြေအနေတွင် အဘယ်အပြုသဘောရှုထောင့်ရှိသနည်း။
၄ ဤကျမ်းချက်သည် ရင်မောဖွယ်အခြေအနေကို ဖော်ပြထားသော်လည်း မျှော်လင့်ချက်ရှိ၏။ ခဲယဉ်းကျပ်တည်းသော ထိုအချိန်ကာလများသည် စာတန့်လက်ရှိ ဆိုးသွမ်းသောစနစ်၏ “နောက်ဆုံးသောနေ့ရက်များ၌” တည်ရှိမည်ဖြစ်ကြောင်း သတိပြုပါ။ ယင်းက ကယ်လွှတ်ခံရချိန်နီးကြောင်းနှင့် မိမိ၏နောက်လိုက်များကို တောင်းလျှောက်ရန် ယေရှု သင်ကြားပေးခဲ့သည့် စုံလင်သောဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုသည် များမကြာမီ ဆိုးညစ်သောကမ္ဘာကို အစားထိုးတော့မည်ဖြစ်ကြောင်း ဆိုလိုသည်။ (မဿဲ ၆:၉၊ ၁၀) အဆိုပါနိုင်ငံသည် “ပျက်စီးခြင်းသို့မရောက်နိုင်သော” ဘုရားသခင်၏ကောင်းကင်အစိုးရဖြစ်ပြီး “[လူသား] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်” ဟုပရောဖက်ဒံယေလက ဖော်ပြထားသည်။—ဒံယေလ ၂:၄၄၊ ၄၅။
အကြမ်းဖက်မှုတစ်ဖက် ခရစ်ယာန်ကြားနေမှု
၅။ အကြမ်းဖက်ခြိမ်းခြောက်မှုကို လူမျိုးတို့သည် မကြာမီက မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၅ အကြမ်းဖက်မှုသည် ဆယ်စုနှစ်များစွာချီ၍ လူများစွာတို့၏အသက်ကို ခြွေယူခဲ့လေပြီ။ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က နယူးယောက်နှင့် ဝါရှင်တန် ဒီ.စီ. ၌ တိုက်ခိုက်ခံရပြီးနောက် ဤဘေးအန္တရာယ်ကို ကမ္ဘာချီတိုး၍သတိပြုမိကြလေသည်။ အကြမ်းဖက်မှုသည် ကမ္ဘာချီပျံ့နှံ့နေ၍ အရေးတကြီးကိစ္စဖြစ်လာခြင်းကြောင့် ကမ္ဘာတစ်လွှားရှိလူမျိုးစုများသည် စုပေါင်း၍ ဆန့်ကျင်တိုက်ခိုက်ရန် လျင်မြန်စွာလူစုလာကြ၏။ ဥပမာ၊ ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဆက်သွယ်ရေးမှတ်တမ်းများအရ “ဥရောပ၊ မြောက်အမေရိကနှင့် အာရှအလယ်ပိုင်းရှိနိုင်ငံ ၅၅ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည်” သူတို့၏ကြိုးပမ်းမှုများကို ညှိနှိုင်းရန် “တစ်စိတ်တစ်ဝမ်းတည်းဖြင့် စီမံချက်တစ်ရပ်ကို ခံယူခဲ့ကြသည်။” ယူ. အက်စ်. ထိပ်တန်းအရာရှိတစ်ဦးက ဤလုပ်ဆောင်ချက်ကို ချီးမွမ်းခဲ့၏၊ ၎င်းသည် အကြမ်းဖက်မှုကိုဆန့်ကျင်တွန်းလှန်ဖို့ “အားအင်ထပ်လောင်း” ပေး၏ဟုဆိုသည်။ ရုတ်ခြည်းပင် လူသန်းပေါင်းများစွာသည် သည်နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်းခေါ်ဆိုသည့် “သမိုင်းဝင်တိုက်ပွဲသစ်တစ်ခု” တွင်ပါဝင်နေကြသည်။ သူတို့၏ကြိုးပမ်းမှုများ မည်မျှအောင်မြင်မည်ကို စောင့်ကြည့်ရမည်။ အကြမ်းဖက်မှုကို ဤသို့ဆန့်ကျင်တိုက်ခိုက်သည့် စစ်ပွဲ၏ဂယက်ရိုက်မှုများကြောင့် လူများစွာတို့သည် ကြောက်ရွံ့စိုးရိမ်ပူပန်နေကြ၏၊ သို့သော် ယေဟောဝါအား ယုံကြည်ကိုးစားသူတို့မူ ထိုသို့မစိုးရိမ်ကြချေ။
၆။ (က) လူအချို့သည် ယေဟောဝါသက်သေများ၏ ခရစ်ယာန်ကြားနေမှုကို အဘယ်ကြောင့် တစ်ခါတစ်ရံ လက်မခံနိုင်ကြသနည်း။ (ခ) နိုင်ငံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ယေရှုသည် မိမိ၏နောက်လိုက်များအတွက် အဘယ်စံနမူနာချမှတ်ခဲ့သနည်း။
၆ ယေဟောဝါသက်သေများသည် နိုင်ငံရေးတွင် ကြားနေကြကြောင်းကို ကောင်းစွာသိရှိကြသည်။ လူအများသည် ငြိမ်းချမ်းသောအချိန်တွင် ထိုအနေအထားကို တလိုတလားလက်ခံနိုင်ကြမည်ယောဟန် ၁၅:၁၉; ၁၇:၁၄-၁၆; ၁၈:၃၆; ယာကုပ် ၄:၄) ထိုသို့ပြုရန် နိုင်ငံရေး သို့မဟုတ် လူမှုရေးကိစ္စရပ်များတွင် သူတို့ကြားနေဖို့လိုသည်။ ယင်းနှင့်ပတ်သက်၍ ယေရှုကိုယ်တော်တိုင် စံနမူနာကောင်းတင်ပြခဲ့သည်။ ကိုယ်တော်၏စုံလင်သောဉာဏ်ပညာနှင့် ထူးခြားသောအရည်အသွေးများကို ထောက်ရှုလျှင် ကိုယ်တော်သည် မိမိခေတ်ရှိ လူ့ကိစ္စရပ်များကို ကောင်းကောင်းပံ့ပိုးကူညီပေးနိုင်ခဲ့သည်။ သို့သော် ကိုယ်တော်သည် နိုင်ငံရေးတွင် လုံးဝမပါဝင်ခဲ့ချေ။ ယေရှုသည် ဓမ္မအမှုစတင်ချိန်တွင် စာတန်က ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကို အုပ်ချုပ်ခွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းကို ကိုယ်တော်ပြတ်ပြတ်သားသားငြင်းပယ်ခဲ့၏။ နောက်ပိုင်းတွင် နိုင်ငံ့ခေါင်းဆောင်အဖြစ် ကိုယ်တော်အားရွေးချယ်တင်မြှောက်ခြင်းကို ကိုယ်တော်ပြတ်သားစွာတိမ်းရှောင်ခဲ့သည်။—မဿဲ ၄:၈-၁၀; ယောဟန် ၆:၁၄၊ ၁၅။
ဖြစ်သော်လည်း အထူးတလည်အရေးကြုံလာသောအခါ ယင်းကို သည်းမခံနိုင်ကြချေ။ စစ်ဖြစ်ချိန်တွင် စိုးရိမ်စိတ်နှင့် တပ်အပ်မပြောနိုင်သောအခြေအနေများကြောင့် မျိုးချစ်စိတ်ပြင်းထန်လာတတ်၏။ ယင်းကြောင့် ရေပန်းစားနေသောနိုင်ငံရေးလှုပ်ရှားမှုများကို အဘယ်ကြောင့်မထောက်ခံရကြောင်း အချို့သူတို့ နားလည်ရခက်ပေမည်။ မည်သို့ပင်ဖြစ်စေ ‘ဤလောကနှင့်မဆက်ဆံရ’ ဟူသော ယေရှု၏ပညတ်ကို မိမိတို့နာခံရမည်ဖြစ်ကြောင်း ခရစ်ယာန်စစ်များသိထားကြ၏။ (၇၊ ၈။ (က) ယေဟောဝါသက်သေတို့သည် နိုင်ငံရေးတွင် ကြားနေကြခြင်းက အဘယ်အရာကို မဆိုလိုသနည်း၊ အဘယ်ကြောင့်နည်း။ (ခ) ရောမ ၁၃:၁၊ ၂ က အစိုးရများကိုဆန့်ကျင်သည့် အကြမ်းဖက်ဆောင်ရွက်မှုများ၌ မပါဝင်ရကြောင်း မည်သို့ဖော်ပြသနည်း။
၇ ယေဟောဝါသက်သေတို့သည် ကြားနေကြသည့်အတွက် သူတို့သည် အကြမ်းဖက်မှုများကို ထောက်ခံသည်၊ လျစ်လျူရှုထားကြသည်ဟု အထင်မမှားသင့်ချေ။ ထိုသို့သူတို့ပြုလုပ်ကြမည်ဆိုလျှင် သူတို့သည် “မေတ္တာနှင့်ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ၏ ကျေးကျွန်များဖြစ်သည်ဟူသော သူတို့၏အဆိုကို ဆန့်ကျင်ပြီးပြုလုပ်နေရာကျမည်။ (၂ ကောရိန္သု ၁၃:၁၁၊ သမ္မာ) သူတို့သည် အကြမ်းဖက်မှုကို ယေဟောဝါ မည်သို့သဘောထားကြောင်း သိလာခဲ့ကြပြီ။ ဆာလံဆရာက ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏။” (ဆာလံ ၁၁:၅၊ သမ္မာ) တမန်တော်ပေတရုအား ယေရှုမိန့်တော်မူခဲ့သော ဤစကားများကိုလည်း သူတို့သိထားကြသည်– “သင့်ဓားကိုသူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။”—မဿဲ ၂၆:၅၂။
၈ အရေခြုံခရစ်ယာန်များသည် “ဓား” ကို မကြာခဏအသုံးပြုခဲ့ကြောင်း သမိုင်းက အထင်အရှားထောက်ပြသော်လည်း ယေဟောဝါသက်သေများမူ ထိုသို့မဟုတ်ပါ။ ထိုသို့သောဆောင်ရွက်မှုမှန်သမျှကို သူတို့ရှောင်ကြဉ်ကြ၏။ ရောမ ၁၃:၁၊ ၂ တွင်ပါရှိသော ဤပညတ်ကို သူတို့တည်ကြည်စွာလိုက်နာကြသည်– “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာဖြစ်သတည်း။ ထို့ကြောင့်၊ မင်းအာဏာကိုဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကိုဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကိုခံရမည်။”
၉။ ယေဟောဝါသက်သေများသည် အဘယ်နည်းနှစ်နည်းဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်နေကြသနည်း။
၉ သို့သော် အကြမ်းဖက်မှုသည် ဆိုးရွားလွန်းလှသဖြင့် ယင်းကိုဆိုင်ပြိုင်တွန်းလှန်ရေးတွင် ယေဟောဝါသက်သေများ မပါဝင်သင့်ပေလော။ အမှန်ပင် ပါဝင်သင့်ပြီး ပါဝင်နေကြပါသည်။ ဦးဆုံးအနေနှင့်၊ သူတို့ကိုယ်တိုင် အကြမ်းဖက်မှုမှန်သမျှကို ရှောင်ကြဉ်ခြင်းအားဖြင့်ဖြစ်သည်။ ဒုတိယအနေနှင့်၊ သူတို့သည် လူတို့အား ခရစ်ယာန်မူများကို သွန်သင်ပေးကြရာ ၎င်းတို့ကို လူတို့လိုက်လျှောက်ကြမည်ဆိုလျှင် အကြမ်းဖက်မှု လုံးဝရှိတော့မည်မဟုတ်ပေ။ * လွန်ခဲ့သောနှစ်က သက်သေခံတို့သည် ဤခရစ်ယာန်လမ်းစဉ်ကို လူတို့အားသိရှိစေရန် နာရီပေါင်း ၁,၂၀၂,၃၈၁,၃၀၂ နာရီအသုံးပြုခဲ့ကြပြီ။ ဤအချိန်များကို အလဟဿဖြုန်းခြင်းမဟုတ်ပါ၊ အကြောင်းမှာ ထိုလုပ်ငန်းကြောင့် လူပေါင်း ၂၆၅,၄၆၉ ယောက်သည် ယေဟောဝါသက်သေများအဖြစ် နှစ်ခြင်းယူခဲ့ကြရာ ဤသူတို့သည် အကြမ်းဖက်မှုကို လုံးလုံးငြင်းပယ်ကြောင်း လူသိရှင်ကြားတင်ပြခဲ့ကြ၏။
၁၀။ ယနေ့ ကမ္ဘာပေါ်မှ အကြမ်းဖက်မှုကို သုတ်သင်ပယ်ရှားပစ်ရန် အဘယ်အလားအလာရှိသနည်း။
၁၀ ထို့ပြင် ဤလောကမှ ဆိုးသွမ်းမှုကို ယေဟောဝါသက်သေတို့ကိုယ်တိုင် ဘယ်တော့မျှဖယ်ရှားပစ်နိုင်မည်မဟုတ်ကြောင်း အသိအမှတ်ပြုကြသည်။ ထို့ကြောင့် ဆိုးသွမ်းမှုကိုဖယ်ရှားနိုင်သောအရှင် ယေဟောဝါဘုရားသခင်အား သူတို့အကြွင်းမဲ့ယုံကြည်ကိုးစားကြ၏။ (ဆာလံ ၈၃:၁၈) လူတို့သည် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်ကြသော်လည်း အကြမ်းဖက်မှုကို အဆုံးတိုင်စေနိုင်မည်မဟုတ်ပါ။ မှုတ်သွင်းခံကျမ်းရေးသူက “နောက်ဆုံးသောနေ့ရက်များ” ဖြစ်သည့် ကျွန်ုပ်တို့အချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို ဤသို့ကြိုတင်သတိပေးထားသည်– “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။” (၂ တိမောသေ ၃:၁၊ ၁၃) ဤရှုထောင့်မှ ကြည့်မြင်သုံးသပ်လျှင် ဆိုးညစ်မှုကို အောင်နိုင်ရန် အလားအလာမရှိချေ။ အခြားတစ်ဖက်တွင်မူ အကြမ်းဖက်မှုကို လုံးဝ ထာဝစဉ်ပပျောက်သွားစေမည့် ယေဟောဝါအား ယုံကြည်စိတ်ချနိုင်၏။—ဆာလံ ၃၇:၁၊ ၂၊ ၉-၁၁; သု. ၂၄:၁၉၊ ၂၀; ဟေရှာယ ၆၀:၁၈။
တိုက်ခိုက်မှုကျရောက်ဆဲရှိငြား ကြောက်ရွံ့မှုကင်းခြင်း
၁၁။ အကြမ်းဖက်မှုကိုဖယ်ရှားရန် အဘယ်အရာများကို ယေဟောဝါပြုနှင့်ပြီနည်း။
၁၁ ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် အကြမ်းဖက်မှုကို ရွံမုန်းတော်မူသောကြောင့် ၎င်း၏ရင်းမြစ် စာတန်ကို ဖျက်ဆီးပစ်ရန် အဘယ်ကြောင့်စီစဉ်ထားကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ပါသည်။ အမှန်မှာ ကောင်ကင်တမန်မင်းမိက္ခေလ၊ ဘုရားသခင်၏နန်းတက်စဘုရင်သစ် ယေရှုခရစ်၏လက်ချက်ဖြင့် စာတန်ကို ကိုယ်တော်အရှက်ခွဲ၍ရှုံးနိမ့်စေနှင့်ပြီ။ သမ္မာကျမ်းစာက ဤသို့ဖော်ပြထားသည်– “ကောင်းကင်၌စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ကောင်းကင်တမန်တို့သည် နဂါးကိုစစ်တိုက်ကြ၏။ နဂါးနှင့်သူ၏တမန်တို့သည် စစ်တိုက်၍မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။ ထိုအခါ ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ . . . စာတန်အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကိုလည်းကောင်း၊ သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ချလိုက်ကြ၏။”—ဗျာ. ၁၂:၇-၉။
၁၂၊ ၁၃။ (က) ၁၉၁၄ ခုနှစ်၏ထူးခြားချက်က အဘယ်နည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံသူတို့နှင့်ပတ်သက်၍ ယေဇကျေလ၏ပရောဖက်ပြုချက်က အဘယ်အရာကို တင်ကူးပြောထားသနည်း။
၁၂ သမ္မာကျမ်းစာသက္ကရာဇ်ဖြစ်စဉ်နှင့် ကမ္ဘာဖြစ်ရပ်များက ၁၉၁၄ ခုနှစ်၌ ကောင်းကင်တွင်စစ်ဖြစ်ခဲ့ကြောင်း ထောက်ပြသည်။ ထိုအချိန်ကတည်းက ကမ္ဘာ့အခြေအနေသည် ဆိုးသည်ထက်ဆိုးလာ၏။ ဗျာ. ၁၂:၁၂ က ထိုသို့အဘယ်ကြောင့်ဖြစ်ရကြောင်း ဤသို့ရှင်းပြသည်– “ထိုကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ [စာတန်] သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍၊ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီဟုဆိုကြသည်ကို ငါကြား၏။”
၁၃ ဘုရားသခင်၏ဝိညာဉ်တော်ဖွားဝတ်ပြုသူတို့နှင့် သူတို့၏အပေါင်းပါ “အခြားသိုး” တို့ကို စာတန် အဓိကအမျက်ထွက်ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ (ယောဟန် ၁၀:၁၆; ဗျာ. ၁၂:၁၇) ဘုရားသခင်တည်ထောင်ထားသောနိုင်ငံတော်ကို ထောက်ခံအားပေး၍ ယုံကြည်ကိုးစားသူအားလုံးကို စာတန် အပြင်းအထန်တိုက်ခိုက်သောအခါ ဤဆန့်ကျင်မှုသည် အထွတ်အထိပ်သို့ ရောက်ပေလိမ့်မည်။ ဤမီးကုန်ယမ်းကုန်တိုက်ခိုက်မှုကို ယေဇကျေလ အခန်းကြီး ၃၈ က “မာဂေါဂပြည်သား ဂေါဂမင်း” ၏တိုက်ခိုက်မှုအဖြစ် ဖော်ညွှန်းထားသည်။
၁၄။ ယေဟောဝါသက်သေများသည် အတိတ်က အဘယ်ကာကွယ်မှုများ ရရှိခဲ့ကြသနည်း၊ ထိုသို့ အမြဲဖြစ်သွားမည်လော။
၁၄ ကောင်းကင်မှ စာတန်နှင်ချခံရပြီးနောက် နိုင်ငံရေးအဖွဲ့အချို့၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဘုရားသခင်၏လူမျိုးသည် စာတန်၏တိုက်ခိုက်မှုများမှ တစ်ခါတစ်ရံအကာအကွယ်ရရှိခဲ့ကြောင်း ဗျာ. ၁၂:၁၅၊ ၁၆ က ပုံဆောင်စကားဖြင့် ဖော်ပြထားသည်။ ယင်းနှင့်ခြားနားလျက် စာတန်၏နောက်ဆုံးတိုက်ခိုက်မှုကာလအတွင်း ယေဟောဝါအား ယုံကြည်ကိုးစားသူတို့ကို အဘယ်လူ့အဖွဲ့အစည်းကမျှ လာရောက်ကာကွယ်ပေးမည်မဟုတ်ဟု သမ္မာကျမ်းစာက ပြညွှန်ထားသည်။ ယင်းကြောင့် ခရစ်ယာန်များ ကြောက်ရွံ့တုန်လှုပ်သင့်သလော။ လုံးဝမတုန်လှုပ်သင့်ပါ!
၁၅၊ ၁၆။ (က) ယောရှဖတ်အချိန်၌ မိမိလူမျိုးကို ယေဟောဝါအာမခံသည့်စကားများက ယနေ့ ခရစ်ယာန်များကို မည်သို့အားတက်စေသနည်း။ (ခ) ယောရှဖတ်နှင့် ထိုအချိန်ကလူတို့သည် ယနေ့ ဘုရားသခင့်ကျေးကျွန်များအတွက် အဘယ်ပုံစံချမှတ်ပေးသနည်း။
၁၅ ဘုရားသခင်သည် ဘုရင်ယောရှဖတ်အချိန်က ကိုယ်တော်၏ဇာတိလူမျိုးကို ထောက်ပံ့ကူညီပေးခဲ့သည့်နည်းတူ ယခုလည်း အမှန်၂ ရာဇဝင်ချုပ် ၂၀:၁၅-၁၇၊ သမ္မာ။
ပင်ကူညီပေးပါလိမ့်မည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ နားထောင်ကြလော့။ ထာဝရဘုရားသခင်မိန့်တော်မူသည်ကား ‘ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ဤစစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။ . . . သင်တို့သည် စစ်တိုက်စရာအကြောင်းမရှိ။ ရပ်၍ [“သင့်နေရာယူပါ၊” ကဘ] ငြိမ်ဝပ်စွာမတ်တတ်နေလျက် ထာဝရဘုရားသခင်ကယ်တင်တော်မူခြင်းအမှုကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ သူတို့တစ်ဖက်ချီသွားကြလော့။ ထာဝရဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်’ ဟုမြွက်ဆို၏။’—၁၆ ယုဒပြည်သားတို့သည် စစ်တိုက်ရန်မလိုကြောင်း အာမခံချက်ရခဲ့သည်။ အလားတူ ဘုရားသခင်၏လူမျိုးကို မာဂေါဂပြည်သားဂေါဂ တိုက်ခိုက်သည့်အခါ မိမိတို့ကိုယ်ကိုကာကွယ်ရန် လက်နက်ကိုင်တိုက်ခိုက်ဖို့ လိုမည်မဟုတ်ချေ။ ယင်းအစား သူတို့သည် ‘တည်ကြည်စွာမတ်တတ်ရပ်နေလျက် ယေဟောဝါ၏ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြ’ ရလိမ့်မည်။ ငြိမ်ဝပ်စွာရပ်လျက်နေခြင်းက လုံးဝမလှုပ်ရှားဘဲနေခြင်းကို ရည်ညွှန်းသည်မဟုတ်ပါ၊ ယောရှဖတ်အချိန်၌ ဘုရားသခင့်လူမျိုးသည် လုံးဝ မလှုပ်မရှား မနေသကဲ့သို့ဖြစ်၏။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရားသခင်ရှေ့တော်၌ ပျပ်ဝပ်လျက် ထာဝရဘုရားသခင်ကို ကိုးကွယ်ကြ၏။ . . . [ယောရှဖတ်သည်] လူများနှင့်တိုင်ပင်ပြီးမှ ‘ထာဝရဘုရားသခင်၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့’ ဟု တပ်ရှေ့မှာချီသွားလျက် သန့်ရှင်းခြင်းအသရေကိုချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားသခင်အဖို့ ခန့်ထားတော်မူ၏။’ (၂ ရာဇဝင်ချုပ် ၂၀:၁၈-၂၁) မှန်ပါသည်၊ ရန်သူတိုက်ခိုက်နေစဉ်ပင် လူတို့သည် ယေဟောဝါအား တက်တက်ကြွကြွချီးမွမ်းနေကြသည်။ ဂေါဂသည် ယေဟောဝါသက်သေများကို အပြင်းအထန်တိုက်ခိုက်သောအခါ ထို့အတူ သူတို့ပြုလုပ်ကြလိမ့်မည်။
၁၇၊ ၁၈။ (က) ဂေါဂ၏တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့ ယေဟောဝါသက်သေများ၌ အဘယ်အပြုသဘောထား ရှိကြသနည်း။ (ခ) ခရစ်ယာန်လူငယ်များအား များမကြာသေးမီက အဘယ်သတိပေးချက်ပေးခဲ့သနည်း။
၁၇ ထိုအချိန်အထိနှင့် ဂေါဂစတင်တိုက်ခိုက်ပြီးနောက်ပင် ယေဟောဝါသက်သေတို့သည် ဘုရားသခင့်နိုင်ငံတော်ကို ဆက်ထောက်ခံကြလိမ့်မည်။ ကမ္ဘာတစ်ဝန်းရှိ အသင်းတော်ပေါင်း ၉၄,၆၀၀ ကျော်နှင့် ပူးပေါင်းပြီး သူတို့သည် အစွမ်းခွန်အားနှင့် ကာကွယ်မှုရရှိလျက်နေမည်။ (ဟေရှာယ ၂၆:၂၀) ယေဟောဝါအား ရဲစွမ်းသတ္တိရှိရှိ ချီးမွမ်းခွင့်ရသည့် အချိန်ပါတကား! ဂေါဂတိုက်ခိုက်လုဆဲဆဲရှိသည်ကို သူတို့သိထားပြီး ကြောက်ရွံ့တုန်လှုပ်မနေကြပါ။ ယင်းအစား ချီးမွမ်းခြင်းယဇ်ကို သူတို့အတတ်နိုင်ဆုံးပူဇော်ရန် လှုံ့ဆော်ခံရသည်။—ဆာလံ ၁၄၆:၂။
၁၈ ဤအပြုသဘောထားကို အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှု ဆောင်ရွက်နေသူ ကမ္ဘာတစ်ဝန်းမှ လူငယ်ထောင်ပေါင်းများစွာ တင်ပြနေကြသည်။ ဤသို့သောအသက်တာလမ်းစဉ် ရွေးချယ်ခြင်း၏သာလွန်ကောင်းမြတ်မှုကို အလေးပေးဖော်ပြရန် လူငယ်တို့—သင်တို့အသက်တာကို မည်သို့အသုံးပြုကြမည်နည်း ဝေစာကို ၂၀၀၂ ခုနှစ် ဆာလံ ၁၁၉:၁၄၊ ၂၄၊ ၉၉၊ ၁၁၉၊ ၁၂၉၊ ၁၄၆။
ခရိုင်စည်းဝေးကြီးများတွင် ထုတ်ဝေခဲ့သည်။ လူကြီး၊ လူငယ်မရွေး ခရစ်ယာန်အားလုံးတို့သည် ဤသို့သော အခန့်သင့်သတိပေးချက်များ ရရှိသည့်အတွက် ကျေးဇူးတင်လေးမြတ်ကြသည်။—၁၉၊ ၂၀။ (က) ခရစ်ယာန်များသည် အဘယ်ကြောင့် ကြောက်ရွံ့တုန်လှုပ်ရန်အကြောင်း မရှိသနည်း။ (ခ) နောက်လေ့လာမည့်ဆောင်းပါးက အဘယ်အရာပြုလုပ်ပေးမည်နည်း။
၁၉ ကမ္ဘာ့အခြေအနေ မည်သို့ပင်ရှိပါစေ ခရစ်ယာန်များသည် ကြောက်ရွံ့တုန်လှုပ်စရာမလိုပါ။ များမကြာမီ ယေဟောဝါ၏နိုင်ငံတော်သည် အကြမ်းဖက်မှုရှိရှိသမျှကို အပြီးအပြတ် ဖယ်ရှားပစ်မည်ကို သူတို့သိထားကြ၏။ အကြမ်းဖက်မှုအားဖြင့် အသက်ဆုံးရှုံးခဲ့ကြသူများစွာသည် ရှင်ပြန်ထမြောက်ခြင်းကြောင့် အသက်ပြန်ရှင်လာလိမ့်မည်ဟု သူတို့သိရှိထားခြင်းမှ နှစ်သိမ့်မှုရရှိကြသည်။ ရှင်ပြန်ထမြောက်လာခြင်းဖြင့် အချို့သူတို့သည် ယေဟောဝါကို စတင်သိရှိလာကြမည်ဖြစ်သော်လည်း အခြားသူများမှာမူ ကိုယ်တော်ထံ ဆက်ကပ်အပ်နှံထားသော သူတို့၏ဘဝလမ်းစဉ်ကို ဆက်လျှောက်လှမ်းသွားကြလိမ့်မည်။—တမန်တော် ၂၄:၁၅။
၂၀ ခရစ်ယာန်စစ်များအနေဖြင့် ကျွန်ုပ်တို့သည် ခရစ်ယာန်ကြားနေမှုကို ဆက်ထိန်းသိမ်းထားရန်လိုကြောင်း သဘောပေါက်ပြီး ထိုသို့ဆက်ပြုလုပ်သွားဖို့ စိတ်ဆုံးဖြတ်ထားကြပါသည်။ ‘တည်ကြည်စွာမတ်တတ်ရပ်နေလျက် ယေဟောဝါ၏ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှု’ ခွင့်ရမည့်မျှော်လင့်ချက်ကို ကျွန်ုပ်တို့ဆုပ်ကိုင်ထားလိုကြပါသည်။ နောက်ဆောင်းပါးက သမ္မာကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံခြင်းကို ပိုမိုထိုးထွင်းသိမြင်စေသည့် လက်ရှိဖြစ်ရပ်များကို သတိပြုမိစေခြင်းအားဖြင့် ယုံကြည်ခြင်း ပိုခိုင်မြဲလာစေပါလိမ့်မည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ယေဟောဝါသက်သေများဖြစ်လာကြရန် အကြမ်းဖက်ဘဝများကို စွန့်လွှတ်ခဲ့ကြသူတို့၏ ပုံနမူနာများအကြောင်း နိုးလော့! [လိပ်] မတ် ၂၂၊ ၁၉၉၀၊ စာမျက်နှာ ၂၁; ဩဂုတ် ၈၊ ၁၉၉၁၊ စာမျက်နှာ ၁၈; နှင့် ကင်းမျှော်စင် ဇန်နဝါရီ ၁၊ ၁၉၉၆၊ စာမျက်နှာ ၅; ဩဂုတ် ၁၊ ၁၉၉၈၊ စာမျက်နှာ ၅ တို့ကိုရှု။
သင်ရှင်းပြနိုင်သလော
• ယနေ့ လူများစွာသည် အဘယ်ကြောင့် အဆိုးမြင်နေကြသနည်း။
• ယေဟောဝါသက်သေများသည် အနာဂတ်နှင့်ပတ်သက်၍ အဘယ်ကြောင့် အကောင်းမြင်နေကြသနည်း။
• အကြမ်းဖက်မှုအားလုံး၏ရင်းမြစ်နှင့်ပတ်သက်၍ ယေဟောဝါသည် အဘယ်အရာကို ပြုလုပ်နှင့်ခဲ့ပြီနည်း။
• ဂေါဂ၏တိုက်ခိုက်မှုကို ကျွန်ုပ်တို့ အဘယ်ကြောင့် ကြောက်ရွံ့ရန်အကြောင်းမရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
ခရစ်ယာန်ကြားနေမှုအတွက် ဆီလျော်သော စံနမူနာကို ယေရှု ချမှတ်ပေးခဲ့
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
သက်သေခံလူငယ်ထောင်ပေါင်းများစွာသည် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုတွင် ဝမ်းမြောက်စွာ ပါဝင်နေကြ
[Picture Credit Line on page 12]
UN PHOTO 186226/M. Grafman