မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထုံးစံတစ်ခုမျှလော၊ လာဘ်ပေးလာဘ်ယူမှုလော

ထုံးစံတစ်ခုမျှလော၊ လာဘ်ပေးလာဘ်ယူမှုလော

ထုံးစံ​တစ်ခု​မျှ​လော၊ လာဘ်​ပေး​လာဘ်​ယူ​မှု​လော

ပိုလန်​နိုင်ငံ​ရှိ ကောလိပ်​အချို့​တွင် ကျောင်းသား​များသည် စာမေးပွဲ​၌ မိမိတို့ အမှတ်​ကောင်း​ရ​ရန် ဆရာ/မများ​အတွက် လက်ဆောင်​များ​ဝယ်​ပေးဖို့ ငွေ​ကောက်​လေ့​ရှိကြ​၏။ ခရစ်ယာန်​လူငယ် ကာ​တာ​ဇိုင်​နာ​သည် အခက်အခဲ​ကြုံတွေ့​ခဲ့​ရသည်မှာ အံ့ဩစရာ​မဟုတ်ပေ။ “ငါ ငွေ​ထည့်​သင့်​သလား၊ မ​ထည့်​သင့်​ဘူးလား” ဟု သူ​ချီတုံချတုံ​ဖြစ်​ခဲ့​သည်။ သူ၏​ရွယ်တူချင်း​တို့​က “ဒါ​လုပ်နေကျ​ပဲ။ မင်း​အရှုံး​မရှိပါဘူး၊ အကျိုးအမြတ်​အများကြီး​ရမှာ၊ ဘာကြောင့် ချီတုံချတုံ​ဖြစ်နေ​ရတာလဲ” ဟု​ဆင်ခြင်​ခဲ့​ကြသည်။

“ပထမ​နှစ်မှာ အဲ့ဒီ​လို​ငွေ​လာ​ကောက်​တော့ ကျွန်မ​ထည့်​မိတယ်” ဟု ကာ​တာ​ဇိုင်​နာ​ဝန်ခံ​သည်။ “နောက်ပိုင်း​မှာ ဒီလိုလုပ်​တာ သမ္မာကျမ်းစာ​တားမြစ်​ထား​တဲ့ လာဘ်​စား​မှု​ကို အားပေးနေ​မှန်း သိလာ​ခဲ့​ရတယ်။” လာဘ်​စား​မှု​ကို ယေဟောဝါ​လုံးဝ​မ​သက်​နှစ်သက်​ကြောင်း ဖော်ပြ​ထား​သည့်​ကျမ်းချက်​များ​ကို သူ​ပြန်​အမှတ်ရ​ခဲ့​သည်။ (တရားဟောရာ ၁၀:၁၇; ၁၆:၁၉; ၂ ရာဇဝင်ချုပ် ၁၉:၇) ကာ​တာ​ဇိုင်​နာ​က “ရွယ်တူချင်း​ဖိအားပေး​မှု​အတိုင်း လိုက်လျော​လုပ်မိ​ဖို့ ဘယ်လောက်​လွယ်တယ်​ဆိုတာ ကျွန်မ​သိတယ်။ အဲ့ဒီ​ကိစ္စ​ကို အသေအချာ​ပြန်​စဉ်းစား​ကြည့်​ပြီး​ကတည်းက ဒီ​ထုံးစံ​မှာ ကျွန်မ​မပါဝင်တော့​ဘူး” ဟု​သူ​ပြောပြ​သည်။ လွန်ခဲ့သော​သုံးနှစ်​တာ​ကာလ​အတွင်းမှာ အခြား​ကျောင်းသား​များ​က ကဲ့ရဲ့​လှောင်ပြောင်​သည့်​ကြား​မှ​ပင် သူ၏​ကျမ်းစာ​အခြေပြု ခံယူ​ချက်​ကြောင့် ဤ “လက်ဆောင်” ကောက်ခံခြင်း​တွင် မိမိ​မပါဝင်​ရခြင်း​အကြောင်းကို အချို့​သူတို့အား သူ​ရှင်းပြ​နိုင်​ခဲ့​၏။

အချို့​က ကာ​တာ​ဇိုင်​နာ​ကို တစ်ကိုယ်ကောင်း​ဆန်​သူ၊ လူမှုရေး​မရှိသူ​ဟု စွပ်စွဲ​ပြောဆို​ကြသည်။ “အချို့​သူတို့နဲ့ ကျွန်မ အခုထိ​ကောင်းကောင်း​အဆင်မပြေ​နိုင်​သေး​ဘူး။ ဒါပေမဲ့​လည်း ကျွန်မ​ရဲ့​ရှုမြင်ပုံကို အသိအမှတ်ပြု​လေးစား​သူတွေ​ရှိတဲ့​အတွက် ကျွန်မ​ဝမ်းသာ​မိ​ပါ​တယ်” ဟု​သူ​ပြောဆို​သည်။ နေ့စဉ်​ဘဝ​အသက်တာတွင် သမ္မာကျမ်းစာ​မူများ​ကို လိုက်လျှောက်​သည့် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် ကာ​တာ​ဇိုင်​နာ​ကို လူသိ​များသည်။