မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ၏ နှလုံးကို ထိမိသော ဗီဒီယိုခွေ

လူငယ်များ၏ နှလုံးကို ထိမိသော ဗီဒီယိုခွေ

လူငယ်များ​၏ နှလုံးကို ထိမိ​သော ဗီဒီယို​ခွေ

လူငယ်များစွာသည် လူငယ်များ​အမေး—မိတ်ဆွေစစ် မည်သို့​ဖွဲ့​နိုင်​မည်​နည်း * ဗီဒီယို​ခွေ​ကို ကြည့်​ပြီး​နောက် မိမိတို့၏​အပြုအမူကို အလေးအနက်​သုံးသပ်ရန် အားပေး​ခံ​ခဲ့​ကြ​ရသည်။ ထို​ဗီဒီယို​ခွေ​တွင် ခိုင်မာ​သော​ကျမ်းစာ​သွန်သင်ချက်၊ ခရစ်ယာန်​လူငယ်များ​၏ ကိုယ်တွေ့​ဖော်ပြချက်များ​နှင့် သမ္မာကျမ်းစာ​မှတ်တမ်း​မှ ဒိန​အကြောင်းကို အခြေပြု​၍ လှုံ့ဆော်​အားပေး​သော ခေတ်​သစ်​ပြဇာတ်​တို့ ပါရှိ​၏။ (ကမ္ဘာဦးကျမ်း​အခန်းကြီး ၃၄) အဆိုပါ​ဗီဒီယို​ခွေ​နှင့်​ပတ်သက်​၍ အောက်ပါ​ဖော်ပြချက်များ​မှာ မက္ကဆီကို​နိုင်ငံ​မှ​ဖြစ်သည်။

မာ​တာ​က ဤသို့​ပြောပြ​သည်– “ဒီဗီဒီ​ယို​ခွေ​ဟာ ကျွန်မ​ရဲ့​နှလုံးကို တကယ်​ထိမိ​တာ​ပဲ။ အဲ့ဒီ​ခွေ​က ကျွန်မ​အတွက်ပဲ​လို့ အောက်မေ့​ရတယ်။ ကျွန်မ​ဟာ ယေဟောဝါသက်သေ​တစ်ယောက် ဖြစ်တာ​ကို ဆရာ၊ ဆရာမ​တွေ​နဲ့ ကျောင်းနေ​ဖက်​တွေ သိ​ရင် လုံလောက်​ပြီ​လို့ ထင်​ခဲ့​တာ။ သူတို့ကို သက်သေ​မခံ​မိ​ဘူး။ ယေဟောဝါ​ဖော်ပြ​တဲ့ အကြောင်းအရာတွေ​အားလုံး၊ အထူးသဖြင့် ကျွန်မ​တို့ကို အလွန်​ထိမိ​စေ​တဲ့ ဒီဗီဒီ​ယို​ခွေ​အတွက် ကျေးဇူး​တင်​တယ်။”

ဝှန်​ကာ​လော့​စ်​က ဤသို့​ဆို​၏– “ဒီဗီဒီ​ယို​ခွေ​ဟာ ကျွန်တော်​တို့ကို အလေးအနက်​စဉ်းစား​စေတယ်။ လူငယ်​တစ်ယောက်​အနေ​နဲ့ ကျွန်တော်​မှား​မိ​တာ​တွေ​ရှိတယ်၊ ပြဇာတ်​ထဲ​က ဇာတ်ကောင်​တချို့​နဲ့ ကျွန်တော်​တူ​နေတယ်။ လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​က ကျွန်တော်​ဟာ နှစ်​ဘဝ​စံ​ခဲ့တယ်၊ ဒါပေမဲ့ အဲ့ဒီ​ဘဝမျိုး​ဟာ ဆိုးကျိုး​သက်ရောက်​စေနိုင်​တယ်​ဆိုတာ သဘောပေါက်ခဲ့​ပြီ။ ဒီဗီဒီ​ယို​ခွေ​ကို ကြည့်​ပြီး​နောက် ယေဟောဝါ​ကို​သစ္စာ​ရှိဖို့ ကျွန်တော်​သန္နိ​ဋ္ဌာန်​ချ​လိုက်ပြီ။”

ဆူ​လင်​မ်​က ဤသို့​ဝန်ခံ​၏– “ဒီဗီဒီ​ယို​ခွေ​ကို ကျွန်မ​ကြည့်​ပြီး​တာ​နဲ့ အရမ်း​ပဲ​စိတ်​လှုပ်ရှား​မိတယ်။ ဒီ​မတိုင်ခင်​က ကျွန်မ,ကျမ်းစာ​မဖတ်​တာ​ကြာပြီ၊ ယေဟောဝါ​ဆီ​ကိုလည်း ခဏ​ခဏ​ဆု​မ​တောင်း​တော့​ဘူး။ ဗီဒီယို​ခွေ​ထဲ​က လူငယ်တွေရဲ့ ပြောဆိုချက်​တွေ​ကို ကြား​ပြီး​နောက် ကျမ်းစာ​ပြန်ဖတ်​ဖို့၊ ယေဟောဝါ​ကို​ဆုတောင်း​ဖို့ ကျွန်မ​စေ့ဆော်​ခံရ​တယ်။”

ယနေ့ လူငယ်များစွာသည် စိန်ခေါ်ချက်​များစွာ​နှင့် ကြုံတွေ့​နေကြ​ရပြီး သူတို့​ရွေးချယ်​ထားသော အပေါင်းအသင်း​များသည် သူတို့၏​ဘဝ​ပုံစံ​ကို များစွာ​လွှမ်းမိုး​နိုင်​သည်။ (ဆာလံ ၂၆:၄; သု. ၁၃:၂၀) လူငယ်များ​အမေး—မိတ်ဆွေစစ် မည်သို့​ဖွဲ့​နိုင်​မည်​နည်း ဗီဒီယို​ခွေ​သည် ယင်း​ကိစ္စ​နှင့်​စပ်လျဉ်း၍ ဆုံးဖြတ်ချက်​ကောင်း​များ​ချ​နိုင်​ရန် လူငယ်​များစွာကို ထောက်ကူ​ပေး​လျက်​ရှိ၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။