“စောင့်မျှော်တတ်သော သဘောထား” သင်၌ရှိသလော
“စောင့်မျှော်တတ်သော သဘောထား” သင်၌ရှိသလော
“ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း!”—၂ ပေတရု ၃:၁၂။
၁၊ ၂။ ယေဟောဝါ၏နေ့နှင့်ပတ်သက်၍ “စောင့်မျှော်တတ်သောသဘောထား” ရှိခြင်းကို မည်သို့ပုံဖော်နိုင်သနည်း။
ထမင်းစားဖိတ်ထားသော ဧည့်သည်များကို စောင့်မျှော်နေသည့် မိသားစုတစ်စုကို မြင်ယောင်ကြည့်ပါ။ ချိန်းထားသည့်အချိန် ရောက်တော့မည်ဖြစ်သည်။ ဇနီးဖြစ်သူက ထမင်းဝိုင်းအတွက် အပြီးသတ်ပြင်ဆင်ခြင်းတွင် အလုပ်များနေသည်။ ခင်ပွန်းနှင့် သားသမီးများက အစစအရာရာ အဆင်သင့်ဖြစ်ရန် ကူညီပေးနေကြသည်။ လူတိုင်း စိတ်လှုပ်ရှားနေကြသည်။ မှန်ပါသည်၊ မိသားစုတစ်စုလုံးသည် ဧည့်သည်များ ရောက်လာချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြပြီး အရသာရှိသော အစားအစာစားရန်၊ ပျော်ရွှင်စွာပေါင်းသင်းမှုပြုနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။
၂ ခရစ်ယာန်များအနေနှင့် ထိုထက်ပိုအရေးကြီးသောအရာကို ကျွန်ုပ်တို့စောင့်မျှော်လျက်ရှိကြသည်။ အဘယ်အရာနည်း။ ‘ယေဟောဝါ၏နေ့’ ကို ကျွန်ုပ်တို့အားလုံး စောင့်မျှော်နေကြသည်! ကျွန်ုပ်တို့သည် ထိုနေ့ရက်မရောက်မချင်း ပရောဖက်မိက္ခာကဲ့သို့ “ငါမူကား ထာဝရဘုရားကို မျှော်လင့်မည်။ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို ငါခိုလှုံ [“စောင့်မျှော်တတ်သော သဘောထားရှိ၊” ကဘ] မည်” ဟုဆိုသင့်သည်။ (မိက္ခာ ၇:၇) ယင်းက ငုတ်တုတ်ထိုင်စောင့်နေခြင်းကို ဆိုလိုပါသလော။ မဆိုလိုပါ။ လုပ်ကိုင်စရာများစွာရှိ၏။
၃။ ၂ ပေတရု ၃:၁၁၊ ၁၂ အရ ခရစ်ယာန်များတွင် အဘယ်သဘောထားရှိရမည်နည်း။
၃ စောင့်မျှော်နေကြစဉ် ကျွန်ုပ်တို့၌သဘောထားမှန်ရှိရန် တမန်တော်ပေတရုက ကူညီပေးသည်။ သူဤသို့ပြော၏– “ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း!” (၂ ပေတရု ၃:၁၂) ယင်းသည် အာမေဍိတ်စကားဖြစ်သည်ကို သတိပြုပါ။ ကျွန်ုပ်တို့ကို ပေတရုမေးခွန်းထုတ်နေခြင်းမဟုတ်ပါ။ သူ၏ ဘုရားသခင့်မှုတ်သွင်းခံ ကျမ်းနှစ်စောင်တွင် ခရစ်ယာန်များသည် အဘယ်သို့သောသူများဖြစ်သင့်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း” နှင့်ဆိုင်သောအမှုတို့ကိုပြုရန်လည်း သူသတိပေးခဲ့သည်။ “ဤစနစ်ဆုံးခန်း” နှင့်ပတ်သက်သော နိမိတ်များကို ယေရှုခရစ်ပေးခဲ့သည်မှာ အနှစ် ၃၀ နီးပါးခန့် ကြာခဲ့ပြီဖြစ်သော်လည်း ခရစ်ယာန်များသည် သူတို့၏သတိဝီရိယရှိမှုကို လက်လျှော့လိုက်ဖို့မဟုတ်ပါ။ (မဿဲ ၂၄:၃၊ ကဘ) သူတို့သည် ယေဟောဝါ၏နေ့ရောက်လိမ့်မည်ကို “မျှော်လင့်တောင့်တ” နေကြရမည်ဖြစ်သည်။
၄။ ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တ’ ခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။
၄ ဤတွင် “မျှော်လင့်တောင့်တ” ဟူ၍ဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် စာသားအရ “အရှိန်အဟုန်မြှင့်ခြင်း” ဟုအဓိပ္ပာယ်ရသည်။ ယေဟောဝါ၏နေ့အမြန်ရောက်လာရန် စာသားအတိုင်း ကျွန်ုပ်တို့ “အရှိန်အဟုန်မြှင့်” နိုင်မည်မဟုတ်ပါ။ ထို့ပြင် ခမည်းတော်၏ ရန်သူများကို ယေရှုခရစ်တရားစီရင်မည့် “အချိန်နာရီကို . . . အဘယ်သူမျှ” မသိပါ။ (မဿဲ ၂၄:၃၆; ၂၅:၁၃) ကိုးကားဖော် ပြချက်တစ်ခုက “အရှိန်အဟုန်မြှင့်ခြင်း” ဟူ၍ ဤတွင်အသုံးပြုထားသည့် အသုံးအနှုန်း၏ အခြေခံကြိယာမှာ “ ‘မြန်ဆန်စေသည်’ ဖြစ်သောကြောင့် ‘တစ်စုံတစ်ခုအတွက် ဇွဲထက်သန်၊ တက်ကြွလှုပ်ရှား၊ တစ်စုံတစ်ရာကို စိုးရိမ်မကင်းဖြစ်ခြင်း’ နှင့် အလွန်နီးစပ်သည်” ဟုရှင်းပြထား၏။ ထို့ကြောင့် ပေတရုက ယုံကြည်သူချင်းများအနေနှင့် ယေဟောဝါ၏နေ့ရောက်လာရန် “စိတ်အားထက်သန်စွာ စောင့်မျှော်” နေဖို့ အားပေးခြင်းဖြစ်သည်။ ထိုနေ့ကို သူတို့ အစဉ်စိတ်စွဲလမ်းနေခြင်းဖြင့် ယင်းသို့ပြုလုပ်နိုင်သည်။ (၂ ပေတရု ၃:၁၂၊ ကဘ၊ အောက်ခြေမှတ်ချက်) “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီး” သည် ယခုပို၍နီးကပ်လာပြီဖြစ်သောကြောင့် ထပ်တူသဘောထားမျိုး ကျွန်ုပ်တို့တွင်ရှိသင့်သည်။—ယောလ ၂:၃၁။
“သန့်ရှင်းသောအကျင့်ကိုကျင့်” ၍ စောင့်မျှော်လော့
၅။ ‘ယေဟောဝါ၏နေ့’ ကိုတွေ့မြင်ရန် ကျွန်ုပ်တို့ “စိတ်အားထက်သန်စွာ စောင့်မျှော်” နေကြောင်း မည်သို့တင်ပြနိုင်သနည်း။
၅ ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့တွင် ကယ်တင်ခံရဖို့ “စိတ်အားထက်သန်စွာ စောင့်မျှော်” ကြမည်ဆိုလျှင် “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း” အားဖြင့် တင်ပြလိမ့်မည်။ “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း” ဟူသည့်စကားကြောင့် ကျွန်ုပ်တို့သည် ပေတရု၏ ဤဆုံးမစကားကို သတိရကြပေမည်– “အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်၍ သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား ‘ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့’ ဟုကျမ်းစာလာသတည်း။”—၁ ပေတရု ၁:၁၄-၁၆။
၆။ သန့်ရှင်းမှုရှိရန် အဘယ်အရာပြုလုပ်ရမည်နည်း။
၆ သန့်ရှင်းခြင်းရှိရန် ကျွန်ုပ်တို့သည် ကာယ၊ စိတ္တ၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးတို့တွင် စင်ကြယ်ဖို့ကြိုးစားကြမည်။ ယေဟောဝါ၏နာမတော်ကို ခံယူထားသောသူ တစ်ဦးချင်းစီအနေဖြင့် ကိုယ့်ကိုယ်ကို သန့်ရှင်းမှုရှိခြင်းအားဖြင့် ‘ယေဟောဝါ၏နေ့’ အတွက် ကျွန်ုပ်တို့အသင့်ပြင်ဆင်ထားကြသလော။ ယနေ့ လောက၏ ကိုယ်ကျင့်တရားစံနှုန်းများ ဆုတ်ယုတ်ကျဆင်းလာနေသောကြောင့် ထိုသို့သန့်ရှင်းမှုရှိရန် မလွယ်ကူပါ။ (၁ ကောရိန္သု ၇:၃၁; ၂ တိမောသေ ၃:၁၃) ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားစံနှုန်းနှင့် လောက၏စံနှုန်းများ ပိုမိုကွာဟလာသည်ကို တွေ့မြင်နေရပါသလော။ ထိုသို့မဖြစ်လျှင် စိုးရိမ်စရာအကြောင်းရှိသည်။ ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားစံနှုန်းများသည် လောက၏စံနှုန်းများထက် ပိုမြင့်မားသော်လည်း တိုက်စားခံနေရပါသလော။ ထိုသို့ဆိုလျှင် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် အပြုသဘောပါပါ ပြုပြင်ရန်လိုသည်။
၇၊ ၈။ (က) “သန့်ရှင်းသောအကျင့်” ကျင့်ခြင်း၏ အရေးကြီးမှုကို ကျွန်ုပ်တို့ မည်သို့မျက်ခြည်ပြတ်သွားနိုင်သနည်း။ (ခ) အဘယ်သို့ပြုပြင်ဖို့ လိုကောင်းလိုမည်နည်း။
၇ အင်တာနက်ပေါ်တွင် အပြာရုပ်ပုံများ ပေါ်လာ၍ ၎င်းတို့ကို ဆိတ်ကွယ်ရာတွင် ကြည့်ရှုနိုင်ခြင်းကြောင့် တစ်ချိန်က ထိုအကျင့်ယိုယွင်းသည့်အရာများနှင့် ထိတွေ့မှုမရှိခဲ့ဖူးသူအချို့သည် ယခု “လိင်ဆိုင်ရာအခွင့်အရေးများ အကန့်အသတ်မဲ့” ရရှိနေကြပြီဟု ဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးကဆိုသည်။ ထိုသို့သော ညစ်ညမ်းသည့်အင်တာနက်ဆိုက်များကို ကျွန်ုပ်တို့ရှာဖွေကြမည်ဆိုလျှင် “မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ဟူသောကျမ်းစာပညတ်ကို အမှန်လျစ်လျူရှုခြင်းဖြစ်သည်။ (ဟေရှာယ ၅၂:၁၁) သို့ပြုလျှင် ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ကို အမှန်မျှော်လင့်တောင့်တ’ သူများဖြစ်ကြပါမည်လော။ သို့မဟုတ်၊ ကျွန်ုပ်တို့သည် မသန့်ရှင်းသည့်အရာများနှင့် စိတ်ကိုညစ်ညမ်းနေစေသည့်တိုင် ပြန်လည်သန့်စင်ရန် အချိန်ရှိသေးသည်ဟု ဆင်ခြင်ခြင်းဖြင့် ကျွန်ုပ်တို့စိတ်ထဲတွင် ထိုနေ့ရက်ကို ရွှေ့ဆိုင်းနေသလော။ ဤသို့သောအမှုများကိုပြုလုပ်မိခဲ့ပြီဆိုလျှင် “[အချည်းနှီး]ကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ” ဟူ၍ ယေဟောဝါထံ တိုးလျှိုးအသနားခံဖို့ အရေးတကြီးလိုအပ်နေသည်!—ဆာလံ ၁၁၉:၃၇။
၈ ယေဟောဝါသက်သေ လူကြီးလူငယ် အများစုသည် ဘုရားသခင်၏ မြင့်မားသောကိုယ်ကျင့်တရားစံနှုန်းများကို စွဲမြဲစွာဆုပ်ကိုင်ထားကြပြီး ဤလောက၏အကျင့်ပျက်ပြားစေသော သွေးဆောင်မှုများကို ရှောင်ကြဉ်နေကြသည်။ ကျွန်ုပ်တို့ခေတ်ကာလ၏ အရေးတကြီးဖြစ်မှုနှင့် “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား၏နေ့ရက်သည် ရောက်လာလိမ့်မည်” ဟူသော ပေတရု၏သတိပေးချက်ကို သိရှိထားကြသောကြောင့် ဤသူတို့သည် “သန့်ရှင်းသောအကျင့်” ကိုဆက်ကျင့်ကြံပြုမူနေကြသည်။ (၂ ပေတရု ၃:၁၀) ‘ယေဟောဝါ၏နေ့ ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တ’ နေသူများဖြစ်ကြောင်း သူတို့၏အပြုအမူက သက်သေထူသည်။ *
‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ ဖြင့် စောင့်မျှော်လော့
၉။ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းက ကျွန်ုပ်တို့ကို အဘယ်အရာပြုလုပ်ဖို့ လှုံ့ဆော်ပေးသင့်သနည်း။
၉ ယေဟောဝါ၏နေ့ကို မျှော်လင့်တောင့်တရာတွင် ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ သည်လည်း အရေးပါသည်။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ တွင် ဘုရားသခင်နှစ်သက်ရာကိုလုပ်ဆောင်စေသည့် ကိုယ်တော်အား ရိုသေလေးမြတ်ခြင်းပါဝင်သည်။ ဘုရားသခင်ဝတ်၌မွေ့လျော်ကြောင်း ထင်ရှားစေသည့်အကျင့်များကို ပြုမူစေသည်ကား ယေဟောဝါအား သစ္စာရှိရှိစွဲကပ်နေခြင်းဖြစ်သည်။ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ကိုယ်တော်အလိုရှိတော်မူ၏။ (၁ တိမောသေ ၂:၄) ဘုရားသခင်သည် “အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ” ၏။ (၂ ပေတရု ၃:၉) ထို့ကြောင့် ကျွန်ုပ်တို့၏ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းက လူများကို ယေဟောဝါအားသိကျွမ်းလာစေရန်နှင့် ကိုယ်တော်ကိုတုပရန် လူများအားကူညီပေးဖို့ ကျွန်ုပ်တို့၏အားထုတ်မှုကို အရှိန်မြှင့်ရန် လှုံ့ဆော်ပေးသင့်သည် မဟုတ်လော။—ဧဖက် ၅:၁။
၁၀။ “စည်းစိမ်ဥစ္စာ၏လှည့်စားခြင်း” ကို ကျွန်ုပ်တို့ အဘယ်ကြောင့် သတိနှင့်ကြဉ်ရှောင်သင့်သနည်း။
၁၀ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးရှာကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝအသက်တာတွင် ဘုရားသခင်ရေးရာမွေ့လျော်ခြင်းအကျင့်များဖြင့် ပြည့်ဝနေမည်။ (မဿဲ ၆:၃၃) ဤတွင် ရုပ်ပစ္စည်းအပေါ် မျှတသောအမြင်ရှိခြင်းပါဝင်သည်။ ယေရှု ဤသို့သတိပေးခဲ့၏– “လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” (လုကာ ၁၂:၁၅) ငွေကိုတပ်မက်ခြင်းဖြင့် မျက်ကန်းအဖြစ်သို့ မိမိတို့မရောက်နိုင်ဟု ယူဆနိုင်သော်လည်း “လော[က]အမှု၌စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲ” နိုင်သည်ကို ကျွန်ုပ်တို့ သတိပြုသင့်သည်။ (မဿဲ ၁၃:၂၂) အသက်မွေးဝမ်းကြောင်းရန် လွယ်ကူမည်မဟုတ်ပါ။ ထို့ကြောင့် ကမ္ဘာ့ဒေသအချို့တွင် လူအများက ပိုအဆင်ပြေရန် ကြွယ်ဝချမ်းသာသောနိုင်ငံသို့ ရွှေ့ပြောင်းသွားဖို့၊ မိသားစုနှင့်နှစ်ချီခွဲခွာနေ၍ အလုပ်သွားလုပ်ဖို့လိုသည်ဟု ယူမှတ်ကြ၏။ ဘုရားသခင့်လူမျိုးအချို့ပင် ထိုသို့ဆင်ခြင်ခဲ့ကြသည်။ အခြားနိုင်ငံသို့သွားခြင်းဖြင့် မိသားစုကို ခေတ်မီဇိမ်ခံပစ္စည်းများ သုံးစွဲစေနိုင်မည်။ သို့သော် အိမ်တွင်ကျန်ရစ်ခဲ့သော ချစ်မြတ်နိုးရသူများ၏ ဝိညာဉ်ရေးအခြေအနေ မည်သို့ရှိမည်နည်း။ အိမ်တွင် သင့်လျော်သော ဦးစီးဦးဆောင်မှုမရှိသောကြောင့် ယေဟောဝါ၏နေ့တွင် ကပ်ကျော်ရန် လိုအပ်သော ဝိညာဉ်ရေးအခြေအနေ သူတို့တွင်ရှိပါမည်လော။
၁၁။ တိုင်းတစ်ပါး၌ အလုပ်လုပ်ကိုင်နေသူတစ်ဦးသည် စည်းစိမ်ဥစ္စာထက် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း ပို၍အရေးကြီးကြောင်း မည်သို့တင်ပြခဲ့သနည်း။
၁၁ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်သော ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးသည် ထိုနိုင်ငံရှိယေဟောဝါသက်သေများထံမှ ကျမ်းစာအမှန်တရား သိရှိလာခဲ့သည်။ ဦးစီးမှုနှင့်ပတ်သက်သော ကျမ်းပေးတာဝန်များအကြောင်း သူသိရှိလာရာ သူ၏မိသားစုလည်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများဖြစ်လာရန် ကူညီပေးဖို့လိုကြောင်း အသိအမှတ်ပြုလေသည်။ (၁ ကောရိန္သု ၁၁:၃) ဖိလစ်ပိုင်မှဇနီးသည်က သူ၏လင်ယောက်ျား အသစ်တွေ့ရှိထားသော ယုံကြည်ချက်ကို အပြင်းအထန်ဆန့်ကျင်ပြီး ကျမ်းစာအခြေပြုခံယူချက်များကို မိသားစုအားသင်ပေးရန် အိမ်ပြန်လာမည့်အစား ငွေသာပို့ပေးရန် အလိုရှိခဲ့သည်။ သို့သော် အချိန်ကာလ၏အရေးကြီးမှုနှင့် သူချစ်မြတ်နိုးရသူများအတွက် စိုးရိမ်မကင်းဖြစ်မှုတို့ကြောင့် သူအိမ်ပြန်လာလေသည်။ မိသားစုကို စိတ်ရှည်သည်းခံစွာ မေတ္တာပြဆက်ဆံခဲ့ခြင်းကြောင့် သူအကျိုးခံစားခဲ့ရသည်။ အချိန်တန်လေသော် သူ၏မိသားစုသည် စစ်မှန်သောဝတ်ပြုရေး၌ တစည်းတလုံးဖြစ်လာပြီး ဇနီးဖြစ်သူသည် အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်လေသည်။
၁၂။ ဝိညာဉ်ရေးအကျိုးစီးပွားများကို အဘယ်ကြောင့် ဦးစားထားသင့်သနည်း။
၁၂ ကျွန်ုပ်တို့၏အခြေအနေသည် မီးလောင်နေသော အဆောက်အအုံတစ်ခု၌ ရှိနေသူများနှင့်တူသည်။ မီးလောင်၍ ပြိုကျတော့မည့် အဆောက်အအုံထဲမှ ပစ္စည်းဥစ္စာများကိုရရန် အလုပ်ရှုပ်ဗျာများနေမည်ဆိုလျှင် ပညာရှိပါမည်လော။ ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့ကိုယ်တိုင်၊ ကျွန်ုပ်တို့၏မိသားစုနှင့် ထိုအိမ်ထဲရှိ အခြားသူများကိုကယ်ဆယ်ခြင်းသည် ပို၍အရေးကြီးသည်မဟုတ်ပေလော။ ဤအစီအစဉ်စနစ်ဆိုးကြီးသည် အလျင်အမြန် ပြိုကျပျက်စီးတော့မည်ဖြစ်ပြီး လူအပေါင်းအသက်အန္တရာယ် အမှန်ကြုံနေရ၏။ ယင်းကိုအသိအမှတ်ပြုကာ ဝိညာဉ်ရေးအကျိုးစီးပွားကို ဦးစားထားပြီး အသက်ကယ်ဆယ်သော ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် စိတ်ထက်သန်စွာ အာရုံစိုက်ပါဝင်သင့်သည်။—“အညစ်အကြေးနှင့် ကင်းစင်” ဖို့လို
၁၃။ ယေဟောဝါ၏နေ့ရောက်သည့်အခါ ကျွန်ုပ်တို့သည် အဘယ်အခြေအနေမျိုးတွင် ရှိနေလိုသင့်သနည်း။
၁၃ စောင့်မျှော်တတ်သောသဘောထားကို ဆက်ထိန်းသိမ်းရန် အရေးကြီးကြောင်းကို အလေးအနက်ဖော်ပြလို၍ ပေတရု ဤသို့ဆို၏– “ချစ်သူတို့၊ သင်တို့သည် အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ [ဘုရားသခင့်] ရှေ့တော်သို့ ငြိမ်ဝပ်စွာရောက်မည်အကြောင်း ကြိုးစားအားထုတ်ကြလော့။” (၂ ပေတရု ၃:၁၄) သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းတို့ကိုပြုသည့်အပြင် အဆုံးတွင် ယေရှု၏အသွေးတော်မြတ်အားဖြင့် သန့်ရှင်းစင်ကြယ်သူများအဖြစ် ကျွန်ုပ်တို့ကို ယေဟောဝါတွေ့မြင်ရန် အရေးကြီးကြောင်း ပေတရု အလေးအနက်ဖော်ပြခဲ့သည်။ (ဗျာ. ၇:၉၊ ၁၄) ထိုသို့ဖြစ်ရန် ကျွန်ုပ်တို့သည် ယေရှု၏ပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြပြီး ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံထားသော ယေဟောဝါ၏ကျေးကျွန်ဖြစ်ဖို့ လိုအပ်သည်။
၁၄။ “အညစ်အကြေးနှင့်ကင်းစင်” ခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်သနည်း။
၁၄ ကျွန်ုပ်တို့သည် “အညစ်အကြေးနှင့်ကင်းစင်” ကြောင်းတွေ့မြင်ခံရရန် ကြိုးစားအားထုတ်ရမည်ဟု ပေတရုက အားပေးသည်။ ကျွန်ုပ်တို့၏ဝတ်လုံများဖြစ်သော ခရစ်ယာန်အမူအကျင့်နှင့် စရိုက်လက္ခဏာကို လောကအညစ်အကြေးနှင့်ကင်းစင်ပြီး အစွန်းအထင်းမရှိအောင် ကြိုးစားနေပါသလော။ ကျွန်ုပ်တို့၏အဝတ်အစားပေါ်တွင် အစွန်းအထင်းတွေ့သည့်အခါ ထိုအစွန်းကို ချွတ်ရန် ချက်ချင်းကြိုးစားတတ်ကြသည်။ မိမိအနှစ်သက်ဆုံးအဝတ်အစားဆိုလျှင် အစွန်းကိုချွတ်ရန် အထူးဂရုစိုက်သည်။ ကျွန်ုပ်တို့၏စရိုက်လက္ခဏာ၊ သို့မဟုတ် အမူအကျင့်၏ အပြစ်အနာအဆာတစ်ခုခုကြောင့် ကျွန်ုပ်တို့၏ခရစ်ယာန်ဝတ်လုံ ညစ်စွန်းလာပါက ထပ်တူဂရုစိုက်တတ်သလော။
၁၅။ (က) ဣသရေလလူမျိုးသည် သူတို့၏အဝတ်စွန်းတွင် ပန်းပွားများကို အဘယ်ကြောင့်တပ်ဆင်ခဲ့ကြရသနည်း။ (ခ) ယေဟောဝါ၏ မျက်မှောက်ခေတ် ကျေးကျွန်များသည် ကွာခြားသူများအဖြစ် အဘယ်ကြောင့် ထင်ရှားသနည်း။
၁၅ ဣသရေလလူမျိုးသည် “အဝတ်စွန်းတို့၌ ဆွဲစရာဖို့ ပန်းပွားတို့ကိုလုပ်၍ ပြာသောကြိုးနှင့်ချည်တွဲ” ခဲ့ကြရသည်။ အဘယ်ကြောင့်နည်း။ ယေဟောဝါ၏ ပညတ်တော်များကို သူတို့သတိရပြီး ၎င်းတို့ကိုလိုက်နာရန်နှင့် ဘုရားသခင်အဖို့ “သန့်ရှင်းမည်အကြောင်း ထိုသို့ပြုရ” ခြင်းဖြစ်သည်။ (တောလည်ရာ ၁၅:၃၈-၄၀) ယေဟောဝါ၏ မျက်မှောက်ခေတ် ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ပညတ်တော်များနှင့် မူများကို လိုက်နာစောင့်ထိန်းကြသောကြောင့် ဤလောကနှင့်မတူကြောင်း ထင်ရှားသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် ကိုယ်ကျင့်တရားစင်ကြယ်ရန်ကြိုးစားကြပြီး သွေး၏မြင့်မြတ်မှုကို လေးစားကြကာ ဘုရားသခင်နေရာ အစားထိုးရာမှန်သမျှကို ရှောင်ကြဉ်ကြသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) မိမိတို့ကိုယ်ကို မညစ်ညူးစေဖို့ ထိန်းသိမ်းထားရန် အခိုင်အမာဆုံးဖြတ်ချက်ကြောင့် လူများက ကျွန်ုပ်တို့ကိုလေးစားကြ၏။—ယာကုပ် ၁:၂၇။
ကျွန်ုပ်တို့သည် “အဘယ်အပြစ်မျှမပါ” ဖို့လို
၁၆။ “အဘယ်အပြစ်မျှမပါ” စေရန် ကျွန်ုပ်တို့ကြိုးစားရာတွင် အဘယ်အရာပါဝင်သနည်း။
၁၆ ကျွန်ုပ်တို့သည် “အဘယ်အပြစ်မျှမပါ” သူများဖြစ်ဖို့လိုကြောင်း ပေတရုဖော်ပြသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ အစွန်းအထင်းကို သုတ်ပစ်၊ ဆေးကြောပစ်၍ရလေ့ရှိသော်လည်း အပြစ်အနာဆာကိုကား မဖယ်ရှားနိုင်ပါ။ အပြစ်အနာဆာတစ်ခုက အတွင်းတွင် တစ်ခုခုမှားယွင်းနေကြောင်း ထင်ရှားသည်။ တမန်တော်ပေါလုက ဖိလိပ္ပိမြို့ရှိ ခရစ်ယာန်ချင်းများအား ဤသို့ဆုံးမခဲ့၏– “သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲပြုကြလော့။ ဖိလိပ္ပိ ၂:၁၄-၁၆) ဤဆုံးမစကားကို ကျွန်ုပ်တို့လိုက်နာကြမည်ဆိုလျှင် မြည်တမ်း၊ ငြင်းခုံခြင်းတို့ကို ရှောင်ကြဉ်ပြီး စိတ်ရင်းမှန်ဖြင့် ဘုရားသခင့်အမှုတော်ဆောင်ကြလိမ့်မည်။ ဘုရားသခင့် “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” ကိုဟောပြောကြစဉ် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် အိမ်နီးချင်းကို ချစ်သောမေတ္တာ၏ လှုံ့ဆော်မှုကို ခံရကြမည်။ (မဿဲ ၂၂:၃၅-၄၀; ၂၄:၁၄၊ ကဘ) ထို့ပြင် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို အခြားသူများ သိရှိလာစေရန် ကျွန်ုပ်တို့အချိန်ကုန်ခံ ကြိုးစားကူညီပေးခြင်းကို လူအများ သဘောပေါက်ကြမည်မဟုတ်သော်လည်း သတင်းကောင်းကို ဆက်၍ကြွေးကြော်ကြမည်။
သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားဖြစ်ကြလိမ့်မည်။ . . . ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။” (၁၇။ ခရစ်ယာန်အသင်းတော်တွင် အခွင့်အရေးများကို လှမ်းယူကြသောအခါ ကျွန်ုပ်တို့၏ စိတ်ရင်းခံသဘောထားသည် အဘယ်သို့ဖြစ်သင့်သနည်း။
၁၇ “အဘယ်အပြစ်မျှမပါ” သောသူများအဖြစ် မြင်တွေ့ခံလိုသဖြင့် ကျွန်ုပ်တို့လုပ်ဆောင်လေသမျှကို စိတ်ရင်းမှန်ဖြင့်ပြုမပြု ဆန်းစစ်ကြည့်သင့်သည်။ ကြွယ်ဝချမ်းသာရန်၊ သို့မဟုတ် ဩဇာအာဏာရှိရန် အစရှိသော ကိုယ်ကျိုးရှာလုပ်ဆောင်သည့် လောကလမ်းစဉ်ကို ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့ကြပြီ။ ခရစ်ယာန်အသင်းတော်တွင် အခွင့်အရေးများရရှိရန် ကျွန်ုပ်တို့ကြိုးစားနေကြမည်ဆိုလျှင် ကျွန်ုပ်တို့၏စိတ်ရင်း ဖြူစင်ပါလေစေ၊ ယေဟောဝါနှင့် အခြားသူများကို ချစ်သည့်မေတ္တာကြောင့် အစဉ်ဖြစ်ပါလေစေ။ ယေဟောဝါနှင့် ယုံကြည်သူချင်းများ၏ အစေကိုခံလိုသော နှိမ့်ချသည့်သဘောဖြင့် ရွှင်လန်းစွာ “ကြီးကြပ်မှူးအရာကို လှမ်းယူနေသော” ဝိညာဉ်ရေးစိတ်ထားရှိသူ အမျိုးသားများကို တွေ့ရှိရခြင်းသည် လန်းဆန်းမှုဖြစ်စေသည်။ (၁ တိမောသေ ၃:၁၊ ကဘ; ၂ ကောရိန္သု ၁:၂၄) အကြီးအကဲများအဖြစ် အမှုဆောင်ရန် အရည်အချင်းပြည့်မီသူများသည် “ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ . . . မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြ” ၏။ သူတို့သည် “အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူဖြစ်ကြ” ၏။—၁ ပေတရု ၅:၁-၄။
ကျွန်ုပ်တို့ “ငြိမ်ဝပ်” ဖို့လို
၁၈။ ယေဟောဝါသက်သေများ၏ အဘယ်အရည်အချင်းများကြောင့် လူသိများကြသနည်း။
၁၈ နောက်ဆုံးအနေနှင့် ကျွန်ုပ်တို့သည် “ငြိမ်ဝပ်” သူများဖြစ်ရမည်ဟု ပေတရုမှာကြား၏။ ဤတောင်းဆိုချက်နှင့်အညီနေထိုင်ရန် ယေဟောဝါနှင့်လည်းကောင်း၊ ကျွန်ုပ်တို့၏အိမ်နီးချင်းများနှင့်လည်းကောင်း သင့်တင့်ငြိမ်ဝပ်မှုရှိရန်လိုသည်။ ပေတရုက “အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြ” ရန်နှင့် ခရစ်ယာန်ချင်းတို့နှင့် အသင့်အတင့်ရှိနေရန် အရေးကြီးကြောင့် အလေးပေးဖော်ပြသည်။ (၁ ပေတရု ၂:၁၇; ၃:၁၀၊ ၁၁; ၄:၈; ၂ ပေတရု ၁:၅-၇) အမြဲအသင့်အတင့်ရှိရန် အချင်းချင်း ချစ်ကြရမည်။ (ယောဟန် ၁၃:၃၄၊ ၃၅; ဧဖက် ၄:၁၊ ၂) ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့် အသင့်အတင့်ရှိမှုသည် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများကျင်းပချိန်တွင် အထူးထင်ရှားသည်။ ၁၉၉၉ ခုနှစ်က ကော့စ်တာရီကာနိုင်ငံတွင်ကျင်းပခဲ့သော စည်းဝေးကြီးတစ်ခု၌ ဒေသခံသက်သေခံများသည် ရောက်လာကြသော စည်းဝေးကြီးကိုယ်စားလှယ်များကို လေဆိပ်တွင် ကြိုဆိုချိန်၌ သူ၏ဈေးဆိုင်ကို အမှတ်တမဲ့ကွယ်ထားကြသောကြောင့် ဈေးသည်တစ်ဦး စိတ်တိုမိသည်။ သို့သော် ရောက်လာကြသောကိုယ်စားလှယ်များကို ဒေသခံသက်သေခံများ မသိကြသော်လည်း မေတ္တာနှင့် ငြိမ်ဝပ်စွာ လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြခြင်းကို ဒုတိယနေ့တွင် သူသတိပြုမိခဲ့သည်။ ထိုအခါ နောက်ဆုံးနေ့တွင် ထိုဈေးသည်ပါ ဧည့်သည်များကို ကြိုဆိုခဲ့ပြီး ကျမ်းစာသင်အံမှုတောင်းဆိုခဲ့သည်။
၁၉။ ယုံကြည်သူချင်းများနှင့် အသင့်အတင့်ရှိဖို့ကြိုးစားရန် အဘယ်ကြောင့် အရေးကြီးသနည်း။
ဆာလံ ၃၇:၁၁; ၂ ပေတရု ၃:၁၃) ယုံကြည်သူချင်းတစ်ဦးနှင့် အသင့်အတင့်ရှိဖို့ ခက်ခဲကြောင်း တွေ့ရှိရသည်ဆိုကြပါစို့။ ပရဒိသုတွင် ထိုသူနှင့် ငြိမ်ဝပ်စွာ အတူတကွနေထိုင်ခြင်းကို သင်မြင်ယောင်နိုင်သလော။ ညီအစ်ကိုတစ်ဦးသည် ကျွန်ုပ်တို့နှင့် မသင့်မတင့်ဖြစ်နေလျှင် ‘ထိုသူနှင့် ချက်ချင်းအသင့်အတင့်ရှိ’ ရန် ကြိုးစားသင့်သည်။ (မဿဲ ၅:၂၃၊ ၂၄) ယေဟောဝါနှင့် ကျွန်ုပ်တို့ငြိမ်သက်မှုရှိလိုလျှင် ထိုသို့ပြုလုပ်ဖို့အရေးကြီးသည်။—ဆာလံ ၃၅:၂၇; ၁ ယောဟန် ၄:၂၀။
၁၉ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများနှင့် ကျွန်ုပ်တို့အသင့်အတင့်ရှိရန်ကြိုးစားခြင်းသည် ယေဟောဝါ၏နေ့နှင့် ကိုယ်တော်ကတိပြုထားသော ကမ္ဘာသစ်ကို ကျွန်ုပ်တို့ မည်မျှစိတ်အားထက်သန်စွာ စောင့်မျှော်ခြင်းအပေါ် သက်ရောက်မှုရှိပေမည်။ (၂၀။ “စောင့်မျှော်တတ်သောသဘောထား” ရှိကြောင်း အဘယ်နည်းများဖြင့် တင်ပြသင့်သနည်း။
၂၀ ကျွန်ုပ်တို့သည် ‘ယေဟောဝါ၏နေ့ ရောက်လာမည့်အချိန်ကို မျှော်လင့်တောင့်တလျက် စောင့်မျှော်’ နေသလော။ ယိုယွင်းဖောက်ပြန်သော ဤလောကတွင် ကျွန်ုပ်တို့၏သန့်ရှင်းမှုကို ထိန်းသိမ်းထားခြင်းဖြင့် ဆိုးသွမ်းမှု၏နိဂုံးကို တွေ့မြင်လိုစိတ် ထက်သန်ကြောင်း တင်ပြသည်။ ထို့ပြင် ယေဟောဝါ၏နေ့ရောက်ရှိလာရန်နှင့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် အသက်ရှင်လိုစိတ်ပြင်းပြကြောင်း ဘုရားသခင်ဝတ်၌ မွေ့လျော်သော ကျွန်ုပ်တို့၏အကျင့်များက ထင်ရှားစေသည်။ ငြိမ်သက်ချမ်းမြေ့သော ကမ္ဘာသစ်တွင် ကျွန်ုပ်တို့အသက်ရှင်လိုကြောင်းကို ယခု ဝတ်ပြုသူချင်းများနှင့် အသင့်အတင့်ရှိရန်ကြိုးစားခြင်းက ထင်ရှားပြသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၌ “စောင့်မျှော်တတ်သောသဘောထား” ရှိကြောင်းနှင့် ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တ’ နေကြောင်း တင်ပြကြသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 ပုံဥပမာများအတွက် ကင်းမျှော်စင်၊ ဇန်နဝါရီလ ၁၊ ၂၀၀၀၊ စာမျက်နှာ ၁၆ နှင့် ၁၉၉၇ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၅၁ [လိပ်] ကိုရှု။
သင်မှတ်မိပါသလော
• ‘ယေဟောဝါ၏နေ့ရောက်လိမ့်မည်ဟု မျှော်လင့်တောင့်တ’ ခြင်း ဟူသည် အဘယ်အရာကို ဆိုလိုသနည်း။
• ကျွန်ုပ်တို့၏အမူအကျင့်သည် “စောင့်မျှော်တတ်သောသဘောထား” ကို မည်သို့ဖော်ပြသနည်း။
• ‘ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်း’ သည် အဘယ်ကြောင့် အရေးကြီးသနည်း။
• ကျွန်ုပ်တို့သည် “အညစ်အကြေးနှင့်ကင်းစင်၍ အဘယ်အပြစ်မျှ မပါဘဲ . . . ငြိမ်ဝပ်စွာ” ရှိကြောင်း ယေဟောဝါတွေ့ ရှိရန် အဘယ်အမှုပြုလုပ်ရမည်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
“စောင့်မျှော်တတ်သောသဘောထား” ရှိကြောင်း သန့်ရှင်းသောအကျင့်များတွင်ရောင်ပြန်
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းသည် အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့စောင့်မျှော်စဉ် အခြားသူများနှင့် အသင့်အတင့်ရှိရန် ကြိုးစားကြစို့