မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီရလိုသူများအတွက် နှစ်သိမ့်မှု

အကူအညီရလိုသူများအတွက် နှစ်သိမ့်မှု

အကူအညီ​ရ​လို​သူများ​အတွက် နှစ်သိမ့်မှု

သမ္မာကျမ်းစာ​သည် စိတ်​ကျန်းမာ​ရေး​လက်စွဲ​စာအုပ်​တစ်အုပ် မဟုတ်​ချေ။ သို့သော် ယင်းသည် ကျွန်ုပ်​တို့ကို နှစ်သိမ့်မှု​ပေး​ပြီး အခက်အခဲ​များ​ကြား ဘဝကို တန်ဖိုး​ထား​တတ်​ရန် ကူညီပေး​၏။ ကျမ်းစာ​က ဤသို့​အမှန်အတိုင်း​ဆို​သည်– “လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ [ဆင်းရဲခြင်း] နှင့်​ပြည့်စုံ​ပါ​၏။” (ယောဘ ၁၄:၁) ကျွန်ုပ်​တို့​ခံ​နေရ​သော စုံစမ်း​နှောင့်ယှက်မှု​တချို့​သည် ကျွန်ုပ်​တို့၏​မစုံလင်မှု​ကြောင့်​ဖြစ်သည်။ သို့သော် လူသား​တို့​ခံစား​နေရ​သော ဆင်းရဲ​ဝေဒနာ​များ​အတွက် အဓိက​တရားခံ​ကား မည်သူ​နည်း။

ကျမ်းစာ​က ထို​သူသည် စာတန်​အမည်​ရှိ ဆိုးညစ်​သည့်​ဝိညာဉ်​သား​တစ်ဦး​ဖြစ်၏​ဟု ဖော်ပြ​သည်။ သူသည် “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” နေ၍ ပြဿနာ​ပေါင်း​စုံ​ကို​ဖြစ်ပေါ်​နေ​စေ​သည်။ သို့သော်လည်း သူ၏​အချိန် ကုန်ဆုံး​တော့​မည်​ဟု ကျမ်းစာ​က​ဆို​သည်။ (ဗျာ. ၁၂:၉၊ ၁၂) မကြာမီ ကမ္ဘာ​သူ​ကမ္ဘာ​သား​အပေါင်း ကြုံတွေ့​နေရ​သော အမင်္ဂလာ​အပေါင်း​သည် ဘုရားသခင်​ကြားဝင်​ဆောင်ရွက်မှု​ဖြင့် အဆုံးတိုင်တော့​မည်။ သမ္မာကျမ်းစာ​အရ ဘုရားသခင်​ကတိပြု​ထား​သည့် ဖြောင့်မတ်ခြင်း​တရား​တည်ရာ ကမ္ဘာသစ်​တွင် မျှော်လင့်ချက်​ကင်းမဲ့မှု​နှင့် စိတ်ပျက်​အားလျော့​မှု​တို့ ရှိတော့မည်​မဟုတ်။—၂ ပေတရု ၃:၁၃

လူ​တို့​ခံစား​နေရ​သည့် ဆင်းရဲ​ဝေဒနာသည် တဒင်္ဂ​မျှ​သာ​ဖြစ်​ကြောင်း သိရခြင်းက တကယ်​နှစ်သိမ့်မှု​ပေး​သည်​တကား! ယေရှု​ခရစ်​အစိုးရ​သော ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ အုပ်ချုပ်မှု​အောက်တွင် မတရားမှု​နှင့် ဆင်းရဲ​ဝေဒနာ​များ ရှိတော့မည်​မဟုတ်။ ဘုရားသခင်​ခန့်အပ်​ထားသော​ဘုရင်​နှင့်​စပ်လျဉ်း၍ ကျမ်းစာ​က​ဤသို့​ဆို​၏– ကိုယ်တော်​သည် “ငတ်မွတ်​သော​သူ​အော်ဟစ်​သောအခါ ထို​သူကိုလည်း​ကောင်း၊ ကိုးကွယ်​ရာ​မ​ရှိ၍ ဆင်းရဲသော​သူကိုလည်း​ကောင်း ချမ်းသာပေး​တော်​မူ​လိမ့်​မည်။ ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူကို​သနား​၍ ငတ်မွတ်​သော​သူတို့၏​အသက်ကို ကယ်တင်​တော်​မူ​လိမ့်​မည်။ သူတို့​အသက်ကို လှည့်စားခြင်း​နှင့် ညှဉ်းဆဲခြင်း​၏​လက်​မှ​ရွေးနုတ်​၍ သူတို့​အသွေးကို နှမြော​တော်​မူ​လိမ့်​မည်။”—ဆာလံ ၇၂:၁၂-၁၄

ဤ​ပရောဖက်ပြုချက်​စကား​များ ပြည့်စုံ​မည့်​အချိန်​သည် အလွန်​နီးကပ်​နေ​လေ​ပြီ။ အားရ​ရွှင်လန်းဖွယ်​အခြေအနေ​များ​ရှိ ပရဒိသု​မြေကြီးပေါ်​တွင် ကျွန်ုပ်​တို့​ထာဝစဉ်​အသက်ရှင်​နေထိုင်​နိုင်​ကြ​ပါ​မည်။ (လုကာ ၂၃:၄၃; ယောဟန် ၁၇:၃) နှစ်သိမ့်မှု​ပေး​သည့် ကျမ်း​ဆိုင်ရာ​ဤ​ကတိတော်​များ​ကို သိရှိ​ထားခြင်း​သည် အကူအညီ​ရ​လို​သူများကို မျှော်လင့်ချက်​နှင့် နှစ်သိမ့်မှု​ပေး​သည်။

[Picture Credit Line on page 32]

Depressed girl: Photo ILO/J. Maillard