နွမ်းပါးမှု ထာဝစဉ်ဖြေရှင်းနည်း ရှာတွေ့ခြင်း
နွမ်းပါးမှု ထာဝစဉ်ဖြေရှင်းနည်း ရှာတွေ့ခြင်း
ကမ္ဘာတစ်ဝန်းမှ နွမ်းပါးမှုသတင်းများကို ကြားနေရသော်လည်း အခြေအနေကောင်းလာတော့မည်ဟု အပြုသဘောဆောင်သူများလည်းရှိသည်။ ဥပမာ၊ မနီလာသတင်းလွှာ ၏ခေါင်းစီးတစ်ခုအရ “အာရှတွင် ၂၅ နှစ်အတွင်း နွမ်းပါးမှု ပပျောက်သွားနိုင်သည်” ဟုအာရှဖွံ့ဖြိုးရေးဘဏ်က ဖော်ပြ၏။ နွမ်းပါးခြင်းမှ လူတို့ကို ဆွဲတင်နည်းတစ်နည်းမှာ စီးပွားရေးတိုးတက်မှုဖြစ်သည်ဟု ထိုဘဏ်က ထောက်ခံပြောဆိုသည်။
၎င်းပြဿနာကို ကြိုးစားဖြေရှင်းရန် အခြားအဖွဲ့အစည်းများနှင့် အစိုးရများက အကြံပြုချက်များနှင့် အစီအစဉ်များကို ထုတ်ပြန်ခဲ့ကြသည်။ ထိုတွင် လူမှုရေးအာမခံလုပ်ငန်းစဉ်များ၊ တိုးတက်ဖွံ့ဖြိုးသည့်ပညာရေး၊ ဖွံ့ဖြိုးပြီးနိုင်ငံများကို ပေးဆပ်ရန်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကြွေးများကို လျှော်ပစ်ရေး၊ လူမွဲရာခိုင်နှုန်းများစွာရှိသည့် နိုင်ငံများသည် သူတို့၏ထုတ်ကုန်များကို ပိုမိုလွယ်ကူစွာ ရောင်းချနိုင်ရန် သွင်းကုန်ကြပ်မတ်ချက်များကို ဖယ်ရှားရေးနှင့် လူမွဲများအတွက် အိမ်လခနည်းသောအိမ်ရာများ ဆောက်လုပ်ပေးရေးတို့ပါဝင်၏။
ယူအဲန်အထွေထွေညီလာခံက ၂၀၁၅ ခုနှစ်တွင် ဖြစ်မြောက်အောင်မြင်ရမည့် ပန်းတိုင်များကို ၂၀၀၀ ပြည့်နှစ်က ချမှတ်ခဲ့သည်။ ၎င်းတို့တွင် တိုင်းနိုင်ငံများအတွင်း အလွန်အမင်းနွမ်းပါးမှုနှင့် ငတ်မွတ်မှုတို့အပြင် ဝင်ငွေလုံးဝမညီမျှမှုတို့ကို ဖယ်ရှားပစ်ခြင်း ပါဝင်၏။ သို့သော် ထိုပန်းတိုင်များသည် မည်မျှပင်ကောင်းမွန်ပါစေ၊ စည်းလုံးမှုမရှိသော ဤကမ္ဘာတွင် ဖြစ်မြောက်အောင်မြင်နိုင်မည်မဟုတ်ဟု လူအများက ယူဆကြသည်။
နွမ်းပါးမှုကို ဖယ်ရှင်းရန် လက်တွေ့ကျနည်းလမ်းများ
ကမ္ဘာချီအတိုင်းအတာနှင့် အမှန်တကယ်တိုးတက်ဖို့ မမျှော်လင့်နိုင်သဖြင့် လူတို့သည် အဘယ်နေရာမှ အကူအညီရရှိနိုင်သနည်း။ အစောပိုင်းတွင်ဖော်ပြထားသည့်အတိုင်း လူတို့ကို ယခုချက်ချင်း
ပင် အကူအညီပေးနိုင်သော လက်တွေ့ကျဉာဏ်ပညာရရှိစေနိုင်သည့် အရာတစ်ခုရှိသည်။ ၎င်းကား အဘယ်နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာပင်ဖြစ်၏။သမ္မာကျမ်းစာသည် သတင်းအချက်အလက်များရရှိနိုင်သည့် အခြားပင်ရင်းများနှင့် မည်သို့ကွာခြားသနည်း။ ယင်းသည် အမြင့်ဆုံးအာဏာပိုင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှဖြစ်၏။ လူတိုင်း၊ နေရာတိုင်းနှင့် အချိန်တိုင်းတွင် လိုက်လျှောက်နိုင်သည့် အဖိုးမဖြတ်နိုင်သော ဉာဏ်ပညာဖြစ်သည့် လက်တွေ့ကျမူများကို သမ္မာကျမ်းစာတွင် ကိုယ်တော် ထည့်သွင်းရေးသားထားသည်။ ဤမူများကို လိုက်လျှောက်ကြမည်ဆိုပါက နွမ်းပါးသူများသည် ယခုပင်လျှင် ကျေနပ်ရောင့်ရဲသည့်ဘဝကို ပျော်မွေ့နိုင်၏။ ပုံနမူနာအချို့ကို ကြည့်ကြစို့။
ငွေအပေါ် အမြင်မှန်ရှိခြင်း။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “[“ဉာဏ်၊” ကဘ] ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ်သည် အဘယ်သို့မြတ်သနည်းဟူမူကား ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။” (ဒေ. ၇:၁၂) အဘယ်အရာကို ဆိုလိုသနည်း။ ငွေသည် အဓိကမဟုတ်ပါ။ ယင်းသည် အတိုင်းအတာတစ်ခုအထိ အမှန်ပင် ကွယ်ကာပေးနိုင်၏။ ကျွန်ုပ်တို့လိုအပ်ရာတချို့ကို ငွေဖြင့် ဝယ်နိုင်သော်လည်း အကန့်အသတ်ရှိသည်။ ငွေဖြင့် မဝယ်နိုင်သည့် သာ၍တန်ဖိုးကြီးရာများရှိသည်။ ဤအချက်ကို အသိအမှတ်ပြုခြင်းသည် ရုပ်ပစ္စည်းများအပေါ် သင့်တင့်မျှတသောအမြင်ရှိစေသဖြင့် ငွေရရှိရေးကို အာရုံစိုက်သူများ၏ စိတ်အလိုမကျမှုများ မရှိစေပါ။ ငွေဖြင့် အသက်ကို မဝယ်နိုင်သော်လည်း ဉာဏ်ပညာရှိရှိလုပ်ဆောင်လျှင် ယခုပင် အသက်ကို ကွယ်ကာပေးနိုင်သည့်အပြင် ထာဝရအသက်ကိုလည်း ရရှိစေနိုင်သည်။
သင်၏ငွေကြေးနှင့်အညီ နေထိုင်ခြင်း။ ကျွန်ုပ်တို့လိုချင်ရာများသည် ကျွန်ုပ်တို့လိုအပ်ရာများ မဟုတ်ချေ။ လိုအပ်ရာများကို ဦးစားပေးသင့်သည်။ တစ်စုံတစ်ခုသည် လိုချင်ရာဖြစ်ပြီး လိုအပ်ရာမဟုတ်သည့်အခါ၌ပင် ယင်းကို လိုအပ်ရာပါဟု အလွယ်တကူ ယူမှတ်သွားစေနိုင်သည်။ ဉာဏ်ပညာရှိသူသည် သူ၏ဝင်ငွေကို လတ်တလောလိုအပ်ရာများဖြစ်သည့် စားဝတ်နေရေးအစရှိသည်တို့အတွက် ပထမဦးစွာ ခန့်ခွဲပေမည်။ ထို့နောက် အပိုပစ္စည်းမဝယ်မီ ကျန်ရှိသောငွေဖြင့် နောက်ထပ်ပစ္စည်းများဝယ်ဖို့ လောက်မလောက် ဆုံးဖြတ်ပေလိမ့်မည်။ ယေရှု၏ပုံဥပမာတစ်ခုတွင် လူတစ်ဦးသည် ‘ငွေလောက်မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်စရိတ်ကို ချင့်တွက်မည်’ ဟုကိုယ်တော်မိန့်ဆိုခဲ့သည်။—လုကာ ၁၄:၂၈။
ဖိလစ်ပိုင်နိုင်ငံမှ ကြင်ဖော်မဲ့ ကလေးသုံးဦးမိခင် ယူဖရိုဆီနာသည် မိမိကို ခင်ပွန်းစွန့်ပစ်သွားခဲ့သည့် နှစ်အနည်းငယ်ကတည်းက အသက်ဆက်ရေးအတွက် ဝင်ငွေရှာရပြီး ခြစ်ခြစ်ခြုတ်ခြုတ် အသုံးပြုခဲ့ရသည်။ ထိုသို့ပြုစဉ် သူသည် ဦးစားပေးအသုံးစရိတ်များကိုသိရှိစေရန် သားသမီးများကို လေ့ကျင့်ပေးခဲ့၏။ ဥပမာ၊ ကလေးများသည် သူတို့လိုချင်ရာတစ်ခုခုကို တွေ့ကြပေမည်။ ထိုအခါ မရဘူးဟုပြောမည့်အစား၊ သူက “ကောင်းပြီ၊ မင်းလိုချင်တယ်ဆိုရင် ဝယ်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်း,ဆုံးဖြတ်ရလိမ့်မယ်။ အမေတို့ဆီမှာရှိတဲ့ငွေနဲ့ တစ်ခုပဲ ဝယ်နိုင်မယ်။ မင်းလိုချင်တာကို ဝယ်ပေးရမလား၊ ဒါမှမဟုတ် ဒီအပတ်စားဖို့ အသားနည်းနည်း၊ ဟင်းသီးဟင်းရွက်နည်းနည်း ဝယ်ရမလား။ အခု၊ မင်းဘာလိုချင်သလဲ ဆုံးဖြတ်ပါ” ဟုပြောကာ ကျိုးကြောင်းဆင်ခြင်ပြလေ့ရှိသည်။ ကလေးများသည် အများအားဖြင့် ဆိုလိုချက်ကို ချက်ချင်းနားလည်ကြပြီး အခြားတစ်စုံတစ်ခုထက် အစားအသောက်လိုချင်သည်ဟု သဘောတူလေ့ရှိ၏။
ရောင့်ရဲတင်းတိမ်ပါ။ သမ္မာကျမ်းစာမူနောက်တစ်ခုက “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက် နေကြကုန်အံ့” ဟုဆိုသည်။ (၁ တိမောသေ ၆:၈) ငွေသည် ပျော်ရွှင်မှုကို မဆောင်ကြဉ်းပေးနိုင်ချေ။ သူကြွယ်များစွာသည် မပျော်နိုင်ကြသော်လည်း အလွန်ပျော်ရွှင်ကြသည့် နွမ်းပါးသူများစွာရှိ၏။ နွမ်းပါးသူများသည် ဘဝလိုအပ်ရာများဖြင့်သာ ကျေနပ်ရောင့်ရဲတတ်ကြသည်။ သာ၍အရေးကြီးသောအရာများကို အာရုံစိုက်တတ်သည့် ‘ရိုးရှင်းသောမျက်စိ’ ရှိကြရန် ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၂၂) ထိုသို့ပြုခြင်းက လူတစ်ဦးစီကို ရောင့်ရဲတင်းတိမ်မှုရှိစေ၏။ နွမ်းပါးသူများစွာသည် ဘုရားသခင်နှင့် ကောင်းသောဆက်ဆံရေးရှိပြီး ပျော်ရွှင်သာယာသော မိသားစုဘဝကို ပိုင်ဆိုင်ထားကြသောကြောင့် အတော်အတန်ကျေနပ်ရောင့်ရဲမှုရှိသည်၊ ၎င်းအခြေအနေကို ငွေဖြင့်မဝယ်နိုင်ပါ။
ယင်းတို့သည် နွမ်းပါးသူများအား မိမိတို့၏အခြေအနေကို ကိုင်တွယ်ဖြေရှင်းတတ်ရန် ကူညီပေးသည့် လက်တွေ့ကျကျမ်းစာမူအချို့သု. ၂၂:၂၉; ၂၃:၂၁; ဖိလိပ္ပိ ၁:၉-၁၁) ဤသို့သော ‘လက်တွေ့ကျဉာဏ်ပညာနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်း’ တို့ကိုကျင့်သုံးခြင်းသည် “သင်၌အသက် . . . ဖြစ်လိမ့်မည်” ဟုသမ္မာကျမ်းစာက အကြံပြုသည်။—သု. ၃:၂၁၊ ၂၂၊ သမ္မာ။
သာဖြစ်သည်။ ထို့ထက်မက များစွာရှိ၏။ ဥပမာ၊ ဥစ္စာအင်ခွင် ကုန်ခန်းသွားစေသည့် ဆေးလိပ်သောက်ခြင်းနှင့် လောင်းကစားခြင်း အစရှိသော အကျင့်ဆိုးများကိုရှောင်ပါ; ဘဝတွင် သာ၍အရေးကြီးရာများ၊ အထူးသဖြင့် ဝိညာဉ်ရေးပန်းတိုင်များကို ခွဲခြားသိမြင်ပါ; အလုပ်အကိုင်ရှားပါးသည့်ဒေသများတွင် အခြားသူများလိုအပ်ရာကို လုပ်ဆောင်ပေးနိုင်မည့် မိမိကျွမ်းကျင်ရာ သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ကမ်းလှမ်းကြည့်ပါ။ (ကျမ်းစာအကြံပြုချက်များသည် နွမ်းပါးမှုနှင့် ရုန်းကန်နေကြရသူများအတွက် အတော်အတန် စိတ်သက်သာရာရရှိစေမည်ဖြစ်သော်လည်း အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်းများ ကျန်ရှိနေသေးသည်။ နွမ်းပါးသူများသည် ထာဝစဉ်ဆင်းရဲနွမ်းပါးနေကြမည်လော။ ချမ်းသာကြွယ်ဝသူနှင့် အလွန်အမင်းနွမ်းပါးသူတို့၏ ကွာဟမှုကို ပြုပြင်ပေးနိုင်ပါဦးမည်လော။ လူအများ မသိရှိကြသည့် ဖြေရှင်းနည်းတစ်ခုကို ဆန်းစစ်ကြည့်ကြစို့။
သမ္မာကျမ်းစာ မျှော်လင့်ချက်ပေး
သမ္မာကျမ်းစာသည် အလွန်ကောင်းသောစာအုပ်တစ်အုပ်ဖြစ်ကြောင်း လူအများ ဝန်ခံကြသည်။ သို့သော် မကြာမီ အကြီးအကျယ်ပြောင်းလဲတော့မည်ကို သမ္မာကျမ်းစာက အတိအကျဖော်ပြထားကြောင်း အများအားဖြင့် မသိရှိကြချေ။
ဘုရားသခင်သည် နွမ်းပါးမှုအပါအဝင် လူ့ပြဿနာများကို ဖြေရှင်းပေးရန် ရည်ရွယ်ထားတော်မူသည်။ လူ့အုပ်ချုပ်မှုများသည် ထိုသို့မပြုနိုင်ကြောင်း၊ သို့မဟုတ် ပြုလိုစိတ်မရှိကြောင်း ထင်ရှားနေရာ ၎င်းတို့ကိုအစားထိုးဖို့ ဘုရားသခင်ရည်ရွယ်တော်မူသည်။ မည်သို့အားဖြင့်နည်း။ သမ္မာကျမ်းစာက ဒံယေလ ၂:၄၅ တွင်ခိုင်မာပြတ်သားစွာ ဤသို့ဖော်ပြ၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”
ဘုရားသခင်ကိုယ်တော်တိုင် ခန့်အပ်ထားသောရှင်ဘုရင်သည် အဆိုပါ “နိုင်ငံရှိသမျှ” သို့မဟုတ် အုပ်ချုပ်မှုရှိသမျှကို ဖယ်ရှားပြီးနောက် အရေးယူဆောင်ရွက်လိမ့်မည်။ ထိုရှင်ဘုရင်သည် လူသားတစ်ဦးမဟုတ်ဘဲ လက်ရှိမတရားမှုများကို ဖယ်ရှားရန်လိုအပ်သော ပြောင်းလဲမှုအကြီးအကျယ်တို့ကို ပြုလုပ်ဆောင်ရွက်ပေးနိုင်စွမ်းရှိသည့် ဘုရားသခင်ကဲ့သို့ ကောင်းကင်တန်ခိုးရှင်တစ်ပါးဖြစ်၏။ ထိုသို့ပြုရန် ဘုရားသခင်သည် မိမိ၏သားတော်ကို ရွေးချယ်ခန့်အပ်ထားတော်မူပြီ။ (တမန်တော် ၁၇:၃၁) ဤရှင်ဘုရင် လုပ်ဆောင်မည့်အရာကို ဆာလံ ၇၂:၁၂-၁၄ တွင်ဤသို့ဖော်ပြထားသည်– “ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။” အမှန်တကယ်ကောင်းမြတ်သည့် မျှော်လင့်ချက်ပါတကား! နောက်ဆုံးတွင် စိတ်ချမ်းသာလိုက်မည်ဖြစ်ခြင်း! ဘုရားသခင်ခန့်အပ်ထားတော်မူသော ရှင်ဘုရင်သည် ဆင်းရဲ၍နိမ့်ကျသောသူတို့၏အကျိုးကို ဆောင်ရွက်ပေးလိမ့်မည်။
ဆင်းရဲနွမ်းပါးမှုနှင့် ဆက်နွှယ်နေသော ဤမျှများပြားသည့် ပြဿနာများကို ထိုအချိန်တွင် ဖြေရှင်းပေးပါလိမ့်မည်။ ဆာလံအခန်းကြီး ၇၂၊ အငယ် ၁၆ ကဤသို့ဆို၏– “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။” အစာခေါင်းပါးခြင်း၊ ငွေမရှိခြင်း သို့မဟုတ် စီမံမှု
ညံ့ဖျင်းခြင်းတို့ကြောင့် အစားအသောက်ပြတ်လပ်မှု ရှိတော့မည်မဟုတ်ချေ။အခြားပြဿနာများကိုလည်း ဖြေရှင်းပေးပါလိမ့်မည်။ ဥပမာ၊ ယနေ့ ကမ္ဘာသူကမ္ဘာသားများစွာတွင် ကိုယ်ပိုင်အိုးအိမ်များ မရှိကြချေ။ သို့သော် ဘုရားသခင် ဤသို့ကတိပြု၏– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြလိမ့်မည်။” (ဟေရှာယ ၆၅:၂၁၊ ၂၂) လူတိုင်းတွင် ကိုယ်ပိုင်အိမ်နှင့် ကိုယ်ပိုင်အလုပ် ကိုယ်စီရှိကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်သည် နွမ်းပါးမှု လုံးလုံးပပျောက်သွားရမည်ဟု ကတိပြုတော်မူ၏။ လူချမ်းသာနှင့် လူမွဲတို့စပ်ကြား အကြီးအကျယ်ကွာဟမှု ရှိတော့မည်မဟုတ်၊ လူတို့သည် အသက်ရှင်ရုံမျှ နေရတော့မည်မဟုတ်ချေ။
သမ္မာကျမ်းစာမှ ဤကတိတော်များကို ပထမဦးဆုံးအကြိမ် ကြားသိရသူက လက်တွေ့မကျပါဟု ယူမှတ်ပေမည်။ သို့သော် သမ္မာကျမ်းစာကို အသေးစိတ်ဆန်းစစ်ကြည့်သောအခါ အတိတ်က ဘုရားသခင်ကတိထားတော်မူသမျှအားလုံး အမှန်တကယ်ပြည့်စုံခဲ့ကြောင်း သိရှိရသည်။ (ဟေရှာယ ၅၅:၁၁) ထို့ကြောင့် ပြည့်စုံလာမည်ဆိုပါက ဟူ၍ ပြောမည့်အစား၊ အမှန်တကယ်ဆွေးနွေးရမည်ကား ကတိရှိသည့်အတိုင်း ပြည့်စုံလာသောအခါ အကျိုးကျေးဇူးခံစားရဖို့ အဘယ်အရာပြုလုပ်ရမည်နည်းဟုဖြစ်သည်။
ထိုတွင် သင်ရှိမည်လော
၎င်းအစိုးရသည် ဘုရားသခင်၏အစိုးရဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ထိုအုပ်ချုပ်မှုအောက်တွင် ဘုရားသခင်လက်ခံနိုင်မည့် နိုင်ငံသားမျိုးဖြစ်ဖို့လိုသည်။ အရည်အချင်း မည်သို့ပြည့်မီနိုင်ကြောင်းကို ကိုယ်တော်အသိမပေးဘဲမနေပါ။ သမ္မာကျမ်းစာတွင် လမ်းညွှန်ချက်များ ဖော်ပြထားသည်။
ခန့်အပ်ခံရှင်ဘုရင် ဘုရားသခင်၏သားတော်သည် ဖြောင့်မတ်တော်မူ၏။ (ဟေရှာယ ၁၁:၃-၅) သို့ဖြစ်၍ ဤအစိုးရ၏အုပ်ချုပ်မှုအောက်တွင် အသက်ရရှိသူတို့သည်လည်း ဖြောင့်မတ်မည်ဟု မျှော်လင့်နိုင်သည်။ နယပုံပြင် ၂:၂၁၊ ၂၂ ကဤသို့ဆို၏– “ဖြောင့်မတ်သောသူတို့သည် ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကို ခံရကြလိမ့်မည်။”
ဤတောင်းဆိုချက်များကို မည်သို့ပြည့်မီနိုင်ကြောင်း သင်ယူနိုင်သည့်နည်းလမ်းရှိပါသလော။ ရှိပါသည်။ သမ္မာကျမ်းစာကို လေ့လာပြီး ၎င်း၏လမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်းအားဖြင့် အလွန်ကောင်းမွန်သော အဆိုပါအနာဂတ်ကို သင်ပျော်မွေ့နိုင်မည်။ (ယောဟန် ၁၇:၃) အသင်,လေ့လာလိုလျှင် သင့်ကို ယေဟောဝါသက်သေများက ဝမ်းသာအားရကူညီပေးပါလိမ့်မည်။ နွမ်းပါးမှုနှင့် မတရားမှု ဘယ်သောအခါမျှ ရှိတော့မည်မဟုတ်သော အဖွဲ့အစည်းတွင် သင်ပါဝင်နိုင်ရန် ဤအခွင့်အရေးကိုယူဖို့ သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်လိုပါသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ယူဖရိုဆီနာ– “လက်ရှိငွေကို ခြစ်ခြစ်ခြုတ်ခြုတ်အသုံးပြုခြင်းက ကျွန်မ,မိသားစု လိုအပ်ရာများကို ရရှိစေတယ်”
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့်ကောင်းသော ဆက်ဆံရေးရှိခြင်းနှင့် ပျော်ရွှင်သောမိသားစုဘဝ တို့ကို ငွေဖြင့် မဝယ်နိုင်