မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လူနှစ်ယောက် တံခါးလာခေါက်”

“လူနှစ်ယောက် တံခါးလာခေါက်”

“လူ​နှစ်ယောက် တံခါး​လာ​ခေါက်”

“သမီးလေး ဆုံးသွား​လို့ ကျွန်မ​တို့ အကြီးအကျယ်​ဝမ်းနည်း​ခဲ့​တာ နှစ်နှစ်လောက်​ရှိပြီ။” ပြင်သစ်​နိုင်ငံ၊ စိန့်​အက်​ယန်​မြို့တွင် ထုတ်ဝေ​သော လာ ပ​ရို​ဂ​ရီ​စ် သတင်းစာ​၌ ထိုသို့​အစပြု​၍ အိတ်ဖွင့်စာ​တစ်စောင်​ကို ရေးသား​ဖော်ပြ​သည်။

“သုံးလ​သမီး မာလီ​ဆာ​ဟာ တကယ်​ကို​ဆိုးရွား​တဲ့ ထ​ရိုင်​ဆို​မီ ၁၈ ရောဂါ​ခံစား​ခဲ့​ရတယ်။ တကယ်​မတရား​ပုံ​ရတဲ့ ဒီလို​အဖြစ်ဆိုး​မျိုး​ကနေ ဘယ်တော့မှ ပြန်ကောင်း​လာနိုင်​မှာ​မဟုတ်ဘူး။ ကျွန်မ​တို့​ဟာ ချာ့ခ်ျ​ဘာသာ​မှာ ကြီးပြင်း​လာကြပေမဲ့ ‘ဘုရားသခင်​တကယ်​ရှိတယ်ဆိုရင် ဒီ​အဖြစ်ဆိုး​မျိုး ဘာဖြစ်​လို့ ဖြစ်စေ​ရတာလဲ’ လို့​တွေးမိ​တာ​ကို ဖျောက်ဖျက်​လို့​မရအောင်​ဖြစ်​ခဲ့တယ်။” ထို​စာ​ကို​ရေးသားခဲ့​သော မိခင်​ခမျာ အလွန်​ဝမ်းနည်း​ကြေကွဲ​နေပြီး အကူအညီ​မဲ့​နေကြောင်း သိသာ​ထင်ရှား​၏။ သူ၏​စာ​ကို ဤသို့​ဆက်​ဖတ်​ရသည်–

“ဒီလို​ဖြစ်ပျက်​ပြီး​တဲ့​နောက် မကြာခင်​မှာ လူ​နှစ်ယောက် တံခါး​လာ​ခေါက်​တယ်။ သူတို့ဟာ ယေဟောဝါသက်သေ​တွေ​ဆိုတာ ကျွန်မ​ချက်ချင်း​ရိပ်မိတယ်။ ယဉ်ယဉ်ကျေးကျေး​နဲ့ သူတို့ကို ပြန်သွား​ခိုင်း​မ​လို့​ပဲ၊ ဒါပေမဲ့ သူတို့​လှမ်းပေး​တဲ့ ဘရိုရှာ​ကို ကျွန်မ​သတိထား​မိ​လိုက်တယ်။ ဆင်းရဲ​ဝေဒနာ​ကို ဘုရားသခင် ဘာကြောင့်​ခွင့်ပြု​ထား​ရသလဲ​တဲ့။ ဒါနဲ့ သူတို့ရဲ့​အကြောင်းပြချက်​တွေ မှားတယ်လို့ သက်သေ​ပြဖို့​ရည်ရွယ်ချက်​နဲ့ သူတို့ကို အိမ်ထဲ​ဝင်ခွင့်​ပြု​လိုက်တယ်။ ဆင်းရဲ​ဝေဒနာ​ခံရ​တဲ့​ကိစ္စ​နဲ့​ပတ်သက်​ရင် ကျွန်မ​တို့​မိသားစုဟာ အဆိုးဆုံး​ပဲ​လို့ ယူဆ​ထား​တာ၊ ‘ကျွန်မ​တို့ကို သမီးလေး​တစ်ယောက် ဘုရားသခင်​ပေး​ပြီး ဘုရားသခင်​ပဲ အဲ့ဒီ​သမီးလေးကို ပြန်​ခေါ်​သွားတာ’ ဆို​တဲ့​စကား​တွေ​ကြား​ရတာ​လည်း အပ်​ကြောင်း​ထပ်​နေပြီ​လို့ ကျွန်မ​တွေးမိ​တယ်။ အဲ့ဒီ​သက်သေခံတွေ တစ်​နာရီ​ကျော်​ကျော်​အထိ နေသွား​ကြတယ်။ စာနာ​ထောက်ထား​မှု​အပြည့်​နဲ့ ကျွန်မ​ရဲ့​စကား​ကို သူတို့​နားထောင်ပေး​ကြတယ်၊ သူတို့​ပြန်​ခါနီး​မှာ နောက်​တစ်ခေါက်​ပြန်လာ​မယ်​ဆိုတာ​ကို ကျွန်မ​သဘောတူ​နိုင်​တဲ့​အထိ စိတ်သက်သာရာ​ရခဲ့တယ်။ အဲ့ဒီ​အဖြစ်အပျက်က နှစ်နှစ်လောက်​ရှိသွား​ပြီ။ ကျွန်မ ယေဟောဝါသက်သေ​တစ်ယောက် မဖြစ်သေး​ပေမဲ့ သူတို့နဲ့ ကျမ်းစာ​လေ့လာ​နေတယ်၊ သူတို့ရဲ့​အစည်းအဝေးတွေကို​လည်း အား​ရင်​အား​သလို ကျွန်မ​တက်တယ်။”