မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိသားစုကို စည်းလုံးစေသည့် စစ်မှန်သောဝတ်ပြုရေး

မိသားစုကို စည်းလုံးစေသည့် စစ်မှန်သောဝတ်ပြုရေး

မိသားစုကို စည်းလုံးစေ​သည့် စစ်မှန်သော​ဝတ်ပြုရေး

အသက် ၁၃ နှစ်အရွယ်​ရှိ မာ​ရီ​အာ​နှင့် သူ၏​ညီမ လူ​စီ​တို့သည် ယေဟောဝါ​အကြောင်း​နှင့် မြေကြီး​ပရဒိသု​မျှော်လင့်ချက်​အကြောင်း​တို့ကို ဆွေမျိုး​တစ်ယောက်​ထံ​မှ ကြားသိ​ခဲ့​ကြ​၏။ သူတို့သည် သိလိုစိတ်​ဖြင့် အဆိုပါ​ဆွေမျိုး​နှင့်အတူ ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ လိုက်သွား​ခဲ့​ကြသည်။ ထို​တွင်​ပေး​သည့် ရှင်းလင်း​သော​သွန်သင်ချက်​ကို မာ​ရီ​အာ​စွဲမှတ်​သွား​သည်။ တစ်ချိန်​လုံး သီချင်း​သာ​သီဆို​နေကြ​သည့် သူတို့​ချာ့ခ်ျ​နှင့် အလွန်​ကွာခြား​လိုက်​လေ​ခြင်း! မကြာမီ သူတို့သည် ယေဟောဝါသက်သေ​တစ်ဦး​နှင့် ကျမ်းစာ​လေ့လာ​လေ​တော့​သည်။

သူတို့၏​အစ်ကိုကြီး ယူ​ဂို​သည် အတွေးအခေါ်​ပညာ​နှင့် ဆင့်ကဲ​အယူအဆ​တို့ကို စိတ်ဝင်စား​သည်။ သူ့ကိုယ်သူ ဘုရားသခင်​မဲ့​ဝါဒီ​တစ်ဦး​ဟု​ဆို​၏။ သို့သော် သူ​စစ်မှုထမ်း​နေစဉ်​အတွင်း အသက်—ဤ​တွင်​မည်သို့​ရောက်ရှိ​ခဲ့​သနည်း။ ဆင့်ကဲဖြစ်စဉ်​အားဖြင့်​လော၊ ဖန်ဆင်း​ခြင်း​အားဖြင့်​လော [လိပ်] * စာအုပ်​ကို ဖတ်ရှု​ခဲ့​ရသည်။ အဘယ်​ဘာသာ​တရား​မျှ​မပေးနိုင်​သည့် မေးခွန်းများ​၏​အဖြေ​များ​ကို သူ​တွေ့ရှိ​သွားခဲ့​၏။ စစ်မှုထမ်း​ပြီး​နောက်​တွင် သမ္မာကျမ်းစာ​ကို​လေ့လာ​ကာ ညီမ​များနှင့်​အတူ အစည်းအဝေး​များ တက်ရောက်ခြင်း​အားဖြင့် သူ​အသစ်​တွေ့ရှိ​ခဲ့​သည့် ဘုရားသခင်​အပေါ်​ယုံကြည်မှုကို စတင်​ခိုင်ခံ့​စေ​ခဲ့​သည်။ အမှန်တရားကို​ဦးဆုံး​ကြားသိ​ပြီး နောက်​နှစ်နှစ်​အကြာ ၁၉၉၂ ခုနှစ်​တွင် မာ​ရီ​အာ​နှင့် လူ​စီ​တို့​နှစ်ခြင်း​ခံ​ခဲ့​ကြသည်၊ သူတို့​အစ်ကို​လည်း နောက်​နှစ်နှစ်​အကြာတွင် နှစ်ခြင်း​ခံ​လိုက်​လေ​သည်။

ထို​အတောအတွင်း ချာ့ခ်ျ​ထုံးတမ်း​စဉ်​လာ​များ​ကို ယုံကြည်​သက်ဝင်​ကြ​သည့် သူတို့၏​မိဘများ​မူ အမှန်တရားကို စိတ်မဝင်စား​ခဲ့​ကြ​ချေ။ သူတို့​သားသမီး​များ အိမ်​သို့​ဖိတ်ခေါ်​လာ​ခဲ့​သည့် သက်သေခံ​လူငယ်များ​၏ ကောင်းသော​အမူအကျင့်​နှင့် ဣန္ဒြေရှိ​သော​ဝတ်စား​ဆင်ယင်​မှု​ကို​မူ သူတို့​နှစ်သက်​သဘောကျ​ကြသော်လည်း ယေဟောဝါသက်သေ​များသည် စိတ်​အနှောင့်အယှက်​ဖြစ်စေ​သူများ​ဟု ယူမှတ်ခဲ့​ကြသည်။ ထို့​ပြင် အစာ​စားချိန်​များ​တွင် သားသမီး​များ​က အစည်းအဝေးများမှ သိရှိလာရာ​များ​ကို ပြောဆို​ကြသောအခါ မိဘများ​၌ သိလိုစိတ်​ဖြစ်ပေါ်​လာ​သည်။

သို့သော် မိဘ​နှစ်ပါးစလုံး​သည် စုန်းကဝေ​အတတ်ကို​သာ စိတ်ဝင်စား​ခဲ့​ကြ​၏။ ဖခင်​ဖြစ်သူ​မှာ အရက်သမား​ဖြစ်​ရာ မိခင်​ကို​ရိုက်နှက်​တတ်၏။ မိသားစု​ပြိုကွဲ​မည့်​အခြေ​ဆိုက်​နေ​လေ​သည်။ ထို​အချိန်တွင် ဖခင်​ဖြစ်သူ​သည် မူး​ရူး​သောက်​စား​မှု​ကြောင့် ထောင်​နှစ်ပတ်​ကျ​ခဲ့​၏။ အကျဉ်းထောင်​ထဲ​တွင်​ရှိနေစဉ် ကျမ်းစာ​ကို သူ​စတင်​ဖတ်ရှု​ခဲ့​သည်။ ကျမ်းစာ​ကို​ဖတ်ရှု​သည်​နှင့်​အမျှ နောက်ဆုံးသော​နေ့ရက်​များ​၏ နိမိတ်​လက္ခဏာများ​နှင့်​စပ်​လျ​ဉ်း​သည့် ယေရှု၏​စကား​များ​ကို သူ​သတိပြုမိ​သည်။ ယင်းက စိတ်ရှုပ်​ထွေး​သွား​စေ​ရာ မိဘ​နှစ်ဦးစလုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​ရောက်သွား​ကြ​ပြီး အိမ်တွင်း​ကျမ်းစာ​သင်အံမှု​ပြု​ဖို့​လည်း လက်ခံ​လိုက်​ကြသည်။ အမှန်တရားကို​သင်ယူ​သိရှိ​လာ​ကြသောအခါ စုန်းအတတ်​နှင့်​ဆိုင်​သည့်​စာအုပ်​အားလုံး​ကို ဖျက်ဆီး​လိုက်ပြီး ယေဟောဝါ​၏​နာမတော်​ကို​ခေါ်ဆို​ခြင်း​အားဖြင့် နတ်ဆိုး​တိုက်ခိုက်မှု​များ​မှ သက်သာရာ​ရခဲ့​ကြသည်။ သူတို့၏​ဥပဓိရုပ်​များ​ကိုလည်း အတော်အတန် စတင်​ပြုပြင်​ပြောင်းလဲ​လိုက်​ကြသည်။

၁၉၉၉ ခုနှစ် ဘိုလီးဗီးယား​နိုင်ငံ​ရှိ ခရိုင်​စည်းဝေးကြီး​တစ်ခု​တွင် မိဘများ​အား ယူ​ဂို​နှစ်ခြင်း​ပေး​နေသည်​ကို မာ​ရီ​အာ​နှင့် လူ​စီ​တို့​ရှုစား​နေချိန်​တွင် မည်မျှ​စိတ်​လှုပ်ရှား​ခဲ့​မည်​ကို သင်​မြင်ယောင်​ကြည့်​နိုင်​ပါသလော။ ယေဟောဝါ​နှင့်​ကိုယ်တော့်​ကတိတော်​များ​အကြောင်း မာ​ရီ​အာ​နှင့်​လူ​စီ​တို့ ဦးဆုံး​ကြားသိ​လိုက်​ချိန်​မှ​စ၍ ကိုးနှစ်​ကြာ​ခဲ့ပြီ​ဖြစ်၏။ ယခု သူတို့သည် ယူ​ဂို​နှင့်အတူ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အချိန်ပြည့်​ပါဝင်​နေကြ​သည်။ စစ်မှန်သော​ဝတ်ပြုရေး​က သူတို့​မိသားစုကို စည်းလုံးစေ​ခဲ့​သည့်​အတွက် သူတို့​အလွန်​ပင်​ပျော်ရွှင်​နေကြ​သည်!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။