မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ခင်မင်ရင်းနှီးမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးမှုတို့ကို ကျွန်မတွေ့ရှိခဲ့”

“ခင်မင်ရင်းနှီးမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်ပေးမှုတို့ကို ကျွန်မတွေ့ရှိခဲ့”

“ခင်မင်​ရင်းနှီးမှု၊ ချစ်ခြင်း​မေတ္တာနဲ့ ဂရုစိုက်​ပေး​မှု​တို့ကို ကျွန်မ​တွေ့ရှိ​ခဲ့”

“သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယေရှု​မိန့်မြွက်​ခဲ့​သည့်​အတိုင်း မေတ္တာသည် အစောပိုင်း​ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ အမှတ်အသား​ဖြစ်လာ​သည်။ သူတို့ကို​အကဲခတ်​သူများ​က “ကြည့်​စမ်း၊ သူတို့​အချင်းချင်းချစ်​လိုက်​ကြ​တာ၊ တစ်ယောက်​အတွက်​တစ်ယောက် အသက်​ပေးဖို့​တောင်​အသင့်​ပဲ” ဟု​ပြောဆို​ကြ​ကြောင်း ခရစ်တော်​သေ​ပြီး​နောက် အနှစ်​တစ်​ရာ​ကျော်​က စာရေး​ဆရာ တာတူလျန် ကိုးကား​ဖော်ပြ​ခဲ့​သည်။

ဤ​လောကတွင် ယင်း​သို့​သော​မေတ္တာ​မျိုးကို တွေ့​နေရ​ဆဲ​လော။ တွေ့​နေရ​ဆဲ​ပင်။ ဥပမာ၊ ဘရာဇီး​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ​၏​ဌာနခွဲရုံး လက်ခံ​ရရှိခဲ့​သည့် စာ​တစ်စောင်​ကို သုံးသပ်ကြည့်​ပါ။ မာ​ရီ​လီ​ယာ အမည်​ရှိ အမျိုးသမီး​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်–

“အာဂျင်တီးနား​နိုင်ငံ၊ ဘီယာ မာ​စေ​သေ​စ်​မြို့မှာ နေတုန်းက ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​တဲ့ ကျွန်မ​ရဲ့​အမေ​ဟာ ရိုး​ဆစ်​ရောင်ရမ်းနာ​ကြောင့် ခါး​အောက်ပိုင်း​သေသွား​ခဲ့တယ်။ အမေ မ​ကျန်း​မမာ​ဖြစ်နေ​တုန်း ပထမ​ရှစ်လလောက်​မှာ ဘီယာ မာ​စေ​သေ​စ်​က သက်သေခံတွေ​ပဲ အမေ့ကို မေတ္တာပါပါ​နဲ့ ဂရုတစိုက် စောင့်ရှောက်​ကြည့်ရှု​ပေး​ခဲ့​ကြ​တာ။ သူတို့​အောက်ခြေသိမ်း လုပ်ကိုင်​ပေး​ခဲ့​ကြတယ်၊ အမေ့​အတွက် အိမ်​သန့်ရှင်းရေး​တွေ​လုပ်ပေး​ပြီး ချက်ပြုတ်​ပေး​ခဲ့​ကြတယ်။ ဆေးရုံ​တက်​တဲ့​အချိန်​မှာ​တောင် အမေ့​အနားမှာ နေ့​ည​မပြတ် တစ်ယောက်ယောက် အမြဲ​စောင့်​ပေး​တယ်။

“အခု ဘရာဇီး​နိုင်ငံ​ကို အမေနဲ့​ကျွန်မ​တို့ ပြန်ရောက်​လာပြီ၊ အမေ​လည်း နာလန်ထူ​နေဆဲပဲ။ ကျွန်မ​တို့ အခု​နေထိုင်ကြ​တဲ့ ပတ်ဝန်းကျင်​က သက်သေခံတွေဟာ အမေ​နာ​လ​န်​ပြန်ထ​လာနိုင်​ဖို့ အတတ်နိုင်ဆုံး ကူညီပေး​နေကြ​တယ်။”

မာ​ရီ​လီ​ယာ​က “ကျွန်မ​ဟာ သက်သေခံ​တစ်ယောက်​တော့​မဟုတ်ပါဘူး၊ ဒါပေမဲ့ သက်သေခံတွေ​ကြား​မှာ ခင်မင်​ရင်းနှီးမှု၊ ချစ်ခြင်း​မေတ္တာနဲ့ ဂရုစိုက်​ပေး​မှု​တို့ကို ကျွန်မ​တွေ့ရှိ​လိုက်ရ​ပါ​တယ်” ဟု သူ၏​စာ​ကို အဆုံးသတ်​ထား​သည်။

မှန်ပါသည်၊ စစ်မှန်သော​ခရစ်ယာန်​မေတ္တာဖြင့် အချင်းချင်း​ဆက်ဆံ​သူတို့ ရှိနေကြ​ဆဲ​ပင်။ ထိုသို့​ပြုမူ​ကြ​ခြင်း​အားဖြင့် ယေရှု၏​သွန်သင်ချက်​များသည် ကျွန်ုပ်​တို့၏​ဘဝ​အသက်တာအပေါ် ဩဇာ​လွှမ်းမိုး​နိုင်​ကြောင်း သူတို့​သက်သေထူ​ကြသည်။

လည်ပတ်ခြင်း​ကို သင်​ကြိုဆို​မည်​လော

ဆင်းရဲ​ခက်ခဲ​လှ​သည့် ဤ​လော​အတွင်း​၌​ပင် သင်သည် ဘုရားသခင်၊ ကိုယ်တော့်​နိုင်ငံတော်​နှင့် လူသားများ​အဖို့ ကိုယ်တော်​ထား​ရှိသည့် အံ့ဖွယ်​ရည်ရွယ်ချက်​တို့​နှင့်​ဆိုင်သော တိကျ​မှန်ကန်​သည့် သမ္မာကျမ်းစာ​အသိပညာ​မှ ပျော်ရွှင်မှု​ကို ရယူ​ခံစား​နိုင်​ပါ​သည်။ ယခု​ထက်မက ပိုမို​သိ​လိုလျှင်​လည်းကောင်း၊ အခမဲ့​အိမ်တွင်း​ကျမ်းစာ​သင်အံမှု သင်ကြား​လိုလျှင်​လည်းကောင်း ယေဟောဝါသက်သေ​များ၊ ၉၄-ခ၊ အင်း​ယား​လမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့​မဟုတ် စာမျက်နှာ ၂ ပါ​သင့်လျော်ရာ​လိပ်စာ​သို့ စာရေး​ဆက်သွယ်​ပါ။

www.watchtower.org