“သမ္မာကျမ်းစာသည် အမှန်တကယ်ပင် အစွမ်းထက်လိုက်လေခြင်း!”
“သမ္မာကျမ်းစာသည် အမှန်တကယ်ပင် အစွမ်းထက်လိုက်လေခြင်း!”
“ဘုရားသခင်၏တရားတော်သည် အသက်ရှင်ပြီး တန်ခိုးနှင့်ပြုပြင်တတ်၏။” (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာသည် အမှန်တကယ် တန်ခိုးပါကြောင်း ယေဟောဝါသက်သေများ၏ ၂၀၀၃ ခုနှစ်ပြက္ခဒိန်က ကမ္ဘာတစ်ဝန်းမှ ဖြစ်ရပ်မှန် ဘဝအတ္ထုပ္ပတ္တိခြောက်ခုဖြင့် သက်သေထူထားသည်။ ယေဟောဝါသက်သေများ၏ ပညာပေးရေးလုပ်ငန်းသည် လူတို့၏ ကိုယ်ကျင့်တရားစံနှုန်းများကို တိုးတက်စေပြီး ပျက်စီးယိုယွင်းနေသည့် ဘဝပုံစံများကို စွန့်လွှတ်စေကာ မိသားစုဘဝကို သာယာလာစေရုံမက ဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေးရှိစေခဲ့ကြောင်းကို အဆိုပါပြက္ခဒိန်က “မတိုင်မီနှင့် ပြီးနောက်” ခေါင်းစဉ်အောက်တွင် ဖော်ပြထားသည်။
၂၀၀၃ ခုနှစ်ပြက္ခဒိန်အတွက် ကျေးဇူးတင်စာများစွာ လက်ခံရရှိခဲ့ပြီ။ ဤစာများမှ ကျေးဇူးတင်စကားအချို့မှာ အောက်ပါအတိုင်းဖြစ်သည်–
“မိမိနည်းတူ မိမိယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ခဲ့ရသော တခြားသူများရှိကြောင်း ဤပြက္ခဒိန်သည် ခရစ်ယာန်စစ်များကို သက်သေထူသည်။ ယခု ရုပ်ပုံများကိုကြည့်ရုံဖြင့် လူတချို့၏ ပြုပြင်ပြောင်းလဲခဲ့ပုံများကို သတိရနိုင်သည်။”—စတီဗင်၊ ယူနိုက်တက်စတိတ်။
“၂၀၀၃ ခုနှစ်ပြက္ခဒိန်သည် ကျွန်တော့်စိတ်နှလုံးကို မည်မျှထိမိခဲ့ကြောင်း သင်တို့အား သိစေလို၍ ဤစာကိုရေးခဲ့ရခြင်းဖြစ်သည်။ ကျွန်တော့်ကို ဤမျှအကျိုးပြုခဲ့ဖူးသောပြက္ခဒိန်မရှိပါ။ သမ္မာကျမ်းစာသည် အလွန်သြဇာရှိကြောင်း လူတို့ကိုစွဲမှတ်သွားစေရန် သက်သေအထောက်အထားအနေဖြင့် ဤဘဝအတ္ထုပ္ပတ္တိများပါပြက္ခဒိန်ကို ကျွန်တော်အမှုဆောင်သည့်အခါ ယူဆောင်သွားပြီးပြမည်။”—မာ့ခ်၊ ဘယ်လ်ဂျီယံ။
“ဤပြက္ခဒိန်ကို ကျွန်မ အလွန်သဘောကျသည်။ ဤသူတို့ကို ယေဟောဝါ မည်သို့ပြောင်းလဲစေခဲ့ကြောင်းဖတ်ရှုရခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ဖြစ်သည်။ ယင်းကြောင့် ကျွန်မဘဝကိုလည်း ဆက်ပြောင်းလဲဖို့ ကြိုးစားနေပါသည်။ ယခင်ကထက် ယခု ကမ္ဘာချီညီအစ်ကိုများအသင်းတွင် ကျွန်မပါဝင်သည်ဟု ခံစားနေရပါသည်။”—မေရီ၊ ယူနိုက်တက်စတိတ်။
“ယေရှုသည် လူအုပ်၏ဝိညာဉ်ရေးအခြေအနေ ဆိုးဝါးသည်ကိုတွေ့ ၍ အလွန်စိတ်ထိခိုက်လှုပ်ရှားသွားခဲ့သည်။ ခရစ်တော်၏ပုံသက်သေအတိုင်း တုပခံစားကာ ကျွန်မတို့၏ ၂၀၀၃ ခုနှစ်ပြက္ခဒိန်တွင် ဘဝအတ္ထုပ္ပတ္တိများကို ထည့်သွင်းဖော်ပြပေးထားသည့်အတွက် ကျေးဇူးတင်ပါသည်။ ယခင်က ကျွန်မ၏ဘဝတွင် ပြက္ခဒိန်တစ်ခုကြောင့် တစ်ခါမျှ မျက်ရည်မကျခဲ့ဖူးချေ။”—ကစန်ဒရာ၊ ယူနိုက်တက်စတိတ်။
“ကျွန်မအသက် ၁၁ နှစ်အရွယ်တွင် ဆေးလိပ်စသောက်ခဲ့သည်; နောက်ပိုင်းတွင် မူးယစ်ဆေးဝါး သုံးစွဲခဲ့သည်။ ကျွန်မဘဝကို အဆုံးသတ်ပစ်ဖို့ မကြာခဏစဉ်းစားမိသည်။ သို့သော် ယေဟောဝါကို သိကျွမ်းလာသည့်အခါ ထိုအကျင့်များကို စွန့်ပစ်နိုင်ခဲ့သည်။ ဤပြက္ခဒိန်သည် ကျွန်မအတွက် အလွန်အရေးပါသည်။ ကမ္ဘာတစ်ဝန်းမှ ကျွန်မ၏ညီအစ်ကိုညီအစ်မများ၏ ပုံသက်သေများသည် ကျွန်မကို ခွန်အားရှိစေပါသည်။ ကျွန်မတစ်ယောက်တည်းသာ ယုံကြည်ခြင်းအတွက် တိုက်လှန်နေသည်မဟုတ်၊ အရေးအကြီးဆုံးမှာ ယေဟောဝါကိုချစ်ပြီး နှလုံးအပြည့်ဖြင့် ကိုယ်တော့်အမှုတော်ဆောင်ဖို့ဖြစ်ကြောင်း ယခု ကျွန်မသိရှိလာပြီ။”—မာဂရက်၊ ပိုလန်။
“သမ္မာကျမ်းစာသည် အမှန်တကယ်ပင် အစွမ်းထက်လိုက်လေခြင်း! ၂၀၀၃ ခုနှစ်ပြက္ခဒိန်ကို ကျွန်မရသည့်အခါ မျက်ရည်မကျမိစေရန် အလွန်ကြိုးစားခဲ့ရသည်။ ရုပ်ပုံများနှင့်တကွ တွေ့ ကြုံမှုများသည် ယုံကြည်ခြင်းကို အမှန်တကယ်တိုးပွားစေသည်။”—ဒါလဲန်း၊ ယူနိုက်တက်စတိတ်။
“ဤသူအချို့၏ ယခင်ဘဝပုံစံသည် ကျွန်တော်၏ ယခင်ဘဝပုံစံနှင့်တူသည်။ မဖြတ်နိုင်ပုံပေါက်သော အကျင့်ဆိုးများကို ကျွန်တော်စွန့်ပစ်နိုင်ဖို့ ယေဟောဝါ ခွန်အားပေးခဲ့ပြီ။ ဤဘဝဖြစ်ရပ်မှန်များအတွက် ကျေးဇူးများစွာတင်ပါသည်။”—ဝီလျမ်၊ ယူနိုက်တက်စတိတ်။