မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့ချာ့ခ်ျသွားရသည့် အကြောင်း

သူတို့ချာ့ခ်ျသွားရသည့် အကြောင်း

သူတို့​ချာ့ခ်ျ​သွား​ရသည့် အကြောင်း

“ယခု​အခါ ကိုရီးယား​သမ္မတနိုင်ငံ​ရှိ ပ​ရက်စ်​ဘီ​တေး​ရီး​ယန်း​ဘာသာဝင်​များသည် အမေရိကန်​နိုင်ငံ​ရှိ​ဘာသာဝင်​များ​ထက် လေးဆ​နီးပါး ပို​များနေ​ပြီ။” န​ယူးစ်ဝိခ်​မဂ္ဂဇင်း​မှ အဆိုပါ​ဖော်ပြချက်​သည် စာရှုသူ​များစွာကို အံ့အားသင့်​စေ​ပေမည်၊ အကြောင်း​မှာ လူအများစုက ကိုရီးယား​နိုင်ငံ​ကို ကွန်ဖြူးရှပ် သို့​မဟုတ် . . . ကြီးစိုး​သော​နိုင်ငံ​တစ်ခု​အဖြစ် ယူမှတ်​ထား​ကြ​၏။ ယနေ့ ထို​နိုင်ငံ​သို့​သွားရောက်​လည်ပတ်သူ​တစ်ဦး​သည် ထွန်းထား​သော အနီရောင်​နီ​ယွန်​မီး . . . များ​ဖြင့် မှတ်သား​ဖော်ပြ​လေ့​ရှိသော “ခရစ်ယာန်” ချာ့ခ်ျ အတော်များများကို တွေ့ရ​ပါ​လိမ့်​မည်။ တနင်္ဂနွေ​နေ့တွင် နှစ်ယောက်​တစ်တွဲ၊ သုံးယောက်​တစ်တွဲ ကျမ်းစာ​အုပ်​များ​ကိုင်​ပြီး ချာ့ခ်ျ​သွား​နေကြ​သည်ကို မြင်တွေ့ရ​စ​မြဲ​ဖြစ်သည်။ ၁၉၉၈ ခုနှစ် စာရင်း​ကောက်ယူ​ချက်​တစ်ခု​အရ ကက်သလစ် သို့​မဟုတ် ပရိုတက်စတင့်​ချာ့ခ်ျ​သို့​သွား​သူ ကိုရီးယား​လူမျိုး ၃၀ ရာခိုင်နှုန်း​နီးပါး​သည် . . . များ​ထက် ပို​၍​များသည်။

ယခု​အချိန်တွင်၊ မည်သည့်​နေရာတွင်​မဆို ချာ့ခ်ျ​မှန်မှန်​သွား​သူ​ဦးရေ ဤမျှ​ရာနှုန်း​များသည်​ကို တွေ့မြင်​ရခြင်း​သည် တစ်မူထူး​ခြား​၏။ ကိုရီးယား​နိုင်ငံ​၌​သာ ဤသို့​ဖြစ်သည်​မဟုတ်ဘဲ အခြားသော​အာရှနိုင်ငံ​များ​အပြင် အာဖရိက​နှင့် လက်တင်အမေရိက​နိုင်ငံ​များ​၌​လည်း ထိုသို့​ဖြစ်ပျက်​နေပါ​သည်။ ဘာသာရေး​ကို လျစ်လျူရှု​မှု​နှင့် စိတ်မဝင်စား​မှု ကမ္ဘာချီ​ပျံ့နှံ့​နေ​ပုံ​ရှိချိန်​တွင် ဘုရားသခင်​ကို ယုံကြည်ပါ​သည်​ဟု​ဆို​သူ အဘယ်ကြောင့်​ဤမျှ​များနေ​ဆဲ​ဖြစ်သနည်း။ သူတို့ ချာ့ခ်ျ​ကို အဘယ်ကြောင့် သွား​ကြ​သနည်း။

ကိုရီးယား​နိုင်ငံ​တွင် ချာ့ခ်ျ​တက်​သူ ထက်ဝက်ကျော်​မှာ စိတ်​ငြိမ်သက်မှု​ရ​ရန်; သုံးပုံတစ်ပုံ​မှာ သေ​ပြီး​နောက် ထာဝစဉ်​အသက်ရှင်​ရန်​နှင့် ၁၀ ပုံ ၁ ပုံ​မှာ ကျန်းမာ​ရေး၊ စည်းစိမ်ဥစ္စာ​နှင့် အောင်မြင်မှု​တို့​ရ​ရန် မျှော်လင့်​ကြ​ကြောင်း လူထု​ဆန္ဒ​ကောက်ယူ​ဆန်းစစ်ချက်​တစ်ခု​က ဖော်ပြ​သည်။

ကွန်မြူနစ်​အတွေးအမြင်​စနစ်​ကို တဖြည်းဖြည်း​အစားထိုး နေရာယူ​ခဲ့​သော အရင်း​ရှင်​စနစ်​နှင့်​ဆိုင်​သည့် ရည်မှန်းချက်​များ​ကြောင့်​ပေါ်လာ​သော ဝိညာဉ်​ရေး​ဟာကွက်​ကို ဖြည့်စွက်​နိုင်​မည်​မျှော်လင့်ချက်​ဖြင့် တရုတ်​နိုင်ငံသား​များစွာတို့သည် ချာ့ခ်ျ​သို့ စု​ပြုံ​သွား​ကြသည်။ တရုတ်​နိုင်ငံ​တွင် ကျမ်းစာ​စောင်ရေ သန်းပေါင်း​များစွာကို နှစ်စဉ်​ပုံနှိပ်​ထုတ်ဝေ​ရသည်​ဖြစ်​ရာ လူတို့သည် . . . ကျမ်းစာ​ကို ထက်သန်​စွာ ဖတ်ရှု​နေကြ​ပုံ​ရသည်။

ဘရာဇီး​နိုင်ငံ​မှ ကက်သလစ်​များ၊ အထူးသဖြင့် လူငယ်​မျိုးဆက်သစ်​များသည် နောင်​ဘဝတွင် ပျော်ရွှင်မှု​ခံစားရ​မည်​ဟူသော​ကတိ​နှင့် မကျေနပ်​ကြ​ချေ၊ ယခု​ပင် ထို​ကတိ​ကို ပြည့်စုံ​စေ​လို​ကြသည်။ တူ​ဒူ​သတင်း​မဂ္ဂဇင်းက ဤသို့​ဖော်ပြ​သည်– “၁၉၇၀ ပြည့်လွန်​နှစ်များ​တွင် လွတ်မြောက်ရေး​ဘာသာဝါဒ​လှုပ်ရှားမှု​သည် လူတို့၏​စိတ်နှလုံး​ကို ထိမိ​စေ​ခဲ့​သည်​ဆိုလျှင် ယခု​အချိန်တွင်​မူ ကြီးပွား​ချမ်းသာခြင်း​ဘာသာဝါဒ​ဖြစ်၏။” ဗြိတိန်​နိုင်ငံ​မှ ဆန်းစစ်​လေ့လာချက်​တစ်ခု​က သူတို့​တက်ရောက်​သော​ချာ့ခ်ျ​ကို ကြိုက်​နှစ်သက်​ရသည့်​အကြောင်း​တစ်ခု ပြောပြ​ပါ​ဟု ချာ့ခ်ျ​တက်​သူများ​အား မေးမြန်းခဲ့​သည်။ အများစု​၏​အဖြေ​မှာ ပေါင်းသင်း​ဆက်ဆံခြင်း​ဖြစ်၏။

ယင်း​တို့အားလုံး​ဖော်ပြ​သည်​ကား ဘုရားသခင်​ကို​ယုံကြည်​နေဆဲ​ရှိသူ အတော်များများ​ရှိသေး​သော်လည်း အများစုမှာ အနာဂတ်​ကို သို့​မဟုတ် ဘုရားသခင်​ကို​စိတ်ဝင်စား​သည်ထက် လောလောဆယ် မိမိတို့ ရရှိနိုင်​မည့်​အရာ​ကို ပို​၍​စိတ်ဝင်စား​ကြောင်း​ဖြစ်သည်။ ဘုရားသခင်​အား ယုံကြည်​ရသော အကြောင်း​မှန်​ကား အဘယ်အရာ​ဖြစ်​မည်​ဟု သင်​ထင်​သနည်း။ ထို​ကိစ္စ​ကို သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း။ နောက်​ဆောင်းပါး​တွင် အဖြေ​တွေ့ရ​လိမ့်​မည်။