မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာမကျန်းသူသည် ယုံကြည်ခြင်းဖြင့် ပျောက်ကင်းသွားနိုင်သလော

နာမကျန်းသူသည် ယုံကြည်ခြင်းဖြင့် ပျောက်ကင်းသွားနိုင်သလော

နာမကျန်း​သူသည် ယုံကြည်ခြင်းဖြင့် ပျောက်ကင်း​သွား​နိုင်​သလော

ဖျားနာ​သောအခါ ဝေဒနာ​သက်သာ​ပျောက်ကင်း​ဖို့ ကျွန်ုပ်​တို့​ရှာကြံ​တတ်ကြ​သည်။ ယေရှု​ခရစ်​သည် ဖျားနာ​မှု​အမျိုးမျိုးကို မကြာခဏ​ကုသ​ပေး​ပြီး လူနာများ​စွာ​ကို သက်သာ​စေ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​မှ သင်​သိရှိ​ထား​ပေမည်။ မည်သို့ ပျောက်ကင်း​သွားခဲ့​သနည်း။ “ဘုရားသခင်​၏​မဟာ​တန်ခိုးတော်” အားဖြင့်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (လုကာ ၉:၄၂၊ ၄၃; တမန်​တော် ၁၉:၁၁၊ ၁၂) သို့​ဖြစ်၍ အနာ​ရောဂါ​ပျောက်ကင်း​စေ​သည်​မှာ ဘုရားသခင့်​ထံ​တော်​မှ သန့်ရှင်းသော​ဝိညာဉ်​တော်​ဖြစ်သည်၊ ကာယ​ကံ​ရှင်​၏ ယုံကြည်ခြင်း​တစ်ခု​တည်း​ကြောင့်​မဟုတ်။ (တမန်​တော် ၂၈:၇-၉) ယင်းကြောင့် ယေရှုသည် လူနာများ ရောဂါ​ပျောက်ကင်း​ရန် မိမိကို ယုံကြည်​ကြောင်း​ဖော်ပြ​ပြောဆို​ဖို့ မတောင်းဆို​ခဲ့​ချေ။

‘အံ့ဖွယ်​ကုသမှု​များသည် အတိတ်​တွင်​ကျန်ရစ်​ခဲ့ပြီ​လော၊ သို့​မဟုတ် ယေရှု​ပြုလုပ်​ခဲ့​သော ကုသမှု​မျိုး တစ်ဖန်​ပေါ်လာ​ဦး​မည်​လော။ နာကျင်စေ​သော သို့​မဟုတ် ကု​ရာ​န​တ္တိ​ဆေး​မရှိသော ရောဂါ​ဝေဒနာ​ကို ခံစား​နေရသူ​များ​အတွက် အဘယ်​မျှော်လင့်ချက်​ရှိ​သနည်း’ ဟု​သင်​သိ​လို​ပေမည်။

ဘုရားသခင်​၏​ဖြောင့်မတ်​သော ကမ္ဘာသစ်​တွင် ယေရှု​မြေကြီးပေါ်​ရှိ​စဉ် ပြုလုပ်​ခဲ့​သော အံ့ဖွယ်​ကုသမှု​မျိုးကို ဘုရားသခင့်​တန်ခိုးတော်​က တစ်ဖန်​ဖြစ်ပေါ်​စေ​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​ရှင်းပြသည်။ ဘုရားသခင်​သည် ယုံကြည်ခြင်း​ကုထုံး​ဖြင့် ကုသ​ပေး​သူ​တစ်ယောက်မျှ မလုပ်ဆောင်​နိုင်သော​အရာ—အနာ​ရောဂါ​ဟူ​သမျှ​နှင့် သေခြင်းကို မည်သို့​နှင့် မည်သည့်​အချိန်တွင် ဖယ်ရှားပစ်​မည်​ဖြစ်​ကြောင်း သင့်​အရပ်ဒေသ​ရှိ ယေဟောဝါသက်သေ​များ​က ဝမ်းသာ​အားရ ပြောပြ​ကြ​ပါ​လိမ့်​မည်။ မှန်ပါသည်၊ ဘုရားသခင်​သည် “သေခြင်းကို အစဉ်အမြဲ​ပယ်ဖျက်” ပါ​လိမ့်​မည်။—ဟေရှာယ ၂၅:၈သမ္မာ။