မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု

သင့်ကိုအကျိုးပြုသော ပွဲတော်တစ်ခု

သင့်ကို​အကျိုးပြုသော ပွဲတော်​တစ်ခု

မြေကြီးပေါ်​ရှိ​စဉ်​အခါ​က ယေရှု​ခရစ်​သည် ဘုရားသခင်​အား​ဂုဏ်တင်သော ပွဲတော်​တစ်ခု​ကို အစပြု​ကျင်းပ​ခဲ့​သည်။ ဤ​ကား မိမိ၏​နောက်လိုက်​များ ကျင်းပ​ရန် ကိုယ်တော်​တိုက်ရိုက်​မိန့်မှာ​ခဲ့​သည့် တစ်ခု​တည်း​သော ဘာသာရေး​အခမ်းအနား​ဖြစ်သည်။ ယင်းသည် နောက်ဆုံး​ညစာ​စားပွဲ​ဟူ၍ လူသိ​များသော သခင့်​ညစာ​စားပွဲ​ဖြစ်၏။

ထို​အခါသမယ​ကို အစပျိုး​ပေး​သော​ဖြစ်ရပ်​များ​ကို မထင်မရှား လေ့လာ​ကြည့်ရှု​နေ​သူ​တစ်ဦး​အဖြစ် သင့်ကိုယ်ကို မြင်ယောင်​ကြည့်​ပါ။ ယေရှု​နှင့် ကိုယ်တော်​၏​တမန်​တော်​များသည် ဂျူး​ပသခါပွဲ​ကို​ကျင်းပ​ရန် ယေရုရှလင်​မြို့ရှိ အထက်​ခန်းမ​တစ်ခု​သို့ စုရုံး​လာ​ကြသည်။ ကင်​ထားသော​သိုး​သား၊ ခါး​သော​ဟင်းရွက်၊ တဆေး​မပါ​သော​မုန့်​နှင့် အနီရောင်​စပျစ်​ဝိုင်​တို့​ပါဝင်သော ထုံးတမ်း​စဉ်​လာ ပသခါ​စားပွဲ​ကို သူတို့​သုံးဆောင်​ပြီး​လေ​ပြီ။ မတည်​ကြည်​သော တမန်​တော်​ယုဒရှကာရုတ်​ကို ထွက်သွား​စေ​ရာ မကြာမီ သူ၏​သခင်​ကို သစ္စာဖောက်​၍ အပ်နှံ​ပေ​တော့​မည်။ (မဿဲ ၂၆:၁၇-၂၅; ယောဟန် ၁၃:၂၁၊ ၂၆-၃၀) ယေရှုသည် တည်ကြည်သော တမန်​တော် ၁၁ ပါး​နှင့်အတူ ကျန်ရစ်​သည်။ သူတို့​အထဲ​မှ​တစ်ဦး​မှာ မဿဲ​ဖြစ်၏။

မျက်မြင်​သက်သေ မဿဲ​၏​မှတ်တမ်းအရ သခင့်​ညစာ​စားပွဲ​ကို ယေရှု​ဤသို့​အစပြု​ကျင်းပ​လေ​သည်– “ယေရှုသည် [တဆေးမဲ့] မုန့်ကို​ယူ၍ ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး​မှ မုန့်ကို​ဖဲ့၍၊ ‘ဤ​မုန့်​ကား ငါ​၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြလော့’ ဟု မိန့်တော်မူ​လျက်၊ တပည့်​တို့အား ပေး​တော်​မူ​၏။ [စပျစ်​ဝိုင်] ခွက်​ကိုလည်း​ယူ၍ ကျေးဇူးတော်​ကို​ချီးမွမ်း​ပြီး​မှ သူတို့​အားပေး​တော်​မူ​၍၊ ‘သင်တို့​ရှိသမျှသည် သောက်​ကြလော့။ ဤ​ခွက်​ကား ပဋိညာဉ်တရား​သစ်​နှင့်​ဆိုင်၍ လူများ​တို့၏​အပြစ်ကို လွှတ်​စေခြင်း​ငှာ​သွန်း​သော ငါ​၏​သွေး​ဖြစ်၏။’”—မဿဲ ၂၆:၂၆-၂၈

ယေရှုသည် သခင့်​ညစာ​စားပွဲ​ကို အဘယ်ကြောင့် အစပြု​ကျင်းပ​ခဲ့​သနည်း။ ကျင်းပ​နေစဉ် တဆေးမဲ့​မုန့်​နှင့် အနီရောင်​စပျစ်​ဝိုင်ကို ကိုယ်တော်​အဘယ်ကြောင့် အသုံးပြု​ခဲ့​သနည်း။ ၎င်း​အထိမ်းအမှတ်​များ​ကို ခရစ်တော်​၏​နောက်လိုက်​အားလုံး သုံးဆောင်​ရမည်​လော။ ဤ​စားသောက်ပွဲ​ကို အကြိမ်​မည်မျှ ကျင်းပ​ရမည်​နည်း။ ယင်းသည် သင့်အတွက် အမှန်ပင်​အဓိပ္ပာယ်​ရှိသလော။