သင်သည် ဆုကျေးဇူးကို အာရုံစူးစိုက်နေသလော
သင်သည် ဆုကျေးဇူးကို အာရုံစူးစိုက်နေသလော
ဤရောဂါသည် မျက်စိထဲတွင် တဖြည်းဖြည်းချင်း ပျံ့နှံ့လာတတ်သည်။ အစပိုင်း၌ ယင်းရောဂါသည် လူတစ်ဦး၏အစွန်းပိုင်း အမြင်အာရုံကို ထိခိုက်စေသည်။ ဆေးဝါးကုသခြင်းမရှိပါက အမြင်အာရုံ၏ဗဟိုအထိ ပျံ့နှံ့သွားနိုင်သည်။ နောက်ဆုံး အမြင်အာရုံတစ်ခုလုံး ဆုံးရှုံးသွားနိုင်၏။ အဘယ်ရောဂါနည်း။ မျက်စိကွယ်စေနိုင်သည့် ရေတိမ်ရောဂါဖြစ်သည်။
ကျွန်ုပ်တို့၏ပကတိမျက်စိသည် တဖြည်းဖြည်းနှင့် မသိမသာပျက်စီးသွားနိုင်သကဲ့သို့ ပို၍တန်ဖိုးရှိသော ကျွန်ုပ်တို့၏ဝိညာဉ်ရေးအမြင်အာရုံလည်း ပျက်စီးသွားနိုင်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏မြင်ကွင်းတွင် ဝိညာဉ်ရေးရာကိစ္စရပ်များ ကြည်လင်ပြတ်သားနေဖို့ အရေးကြီးသည်။
ဆုကျေးဇူးကို အာရုံစူးစိုက်နေခြင်း
ကျွန်ုပ်တို့၏ပကတိမျက်စိဖြင့် ‘မမြင်ရသောအရာများ’ တွင် မိမိ၏သစ္စာရှိပုဂ္ဂိုလ်များအတွက် ယေဟောဝါရှင် ကမ်းလှမ်းထားသည့် ထူးမြတ်လှသော ထာဝရအသက်ဆုကျေးဇူး ပါဝင်သည်။ (၂ ကောရိန္သု ၄:၁၈) အမှန်မှာ ခရစ်ယာန်များ ဘုရားသခင့်အမှုတော်ထမ်းဆောင်ကြရသည့် အဓိကအကြောင်းရင်းမှာ ကိုယ်တော်ကို ချစ်မြတ်နိုးကြ၍ဖြစ်၏။ (မဿဲ ၂၂:၃၇) သို့ဖြစ်စေကာမူ ယေဟောဝါသည် ကျွန်ုပ်တို့အား ဆုကျေးဇူးကို စိတ်ထက်သန်စွာ စောင့်မျှော်စေလိုတော်မူသည်။ ကျွန်ုပ်တို့သည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည့်” ရက်ရောလှသောဖခင်တစ်ဦးအဖြစ် ကိုယ်တော်အား ရှုမြင်စေလို၏။ (ဟေဗြဲ ၁၁:၆) ထို့ကြောင့် ဘုရားသခင်ကို အမှန်တကယ်သိကျွမ်းကာ ချစ်မြတ်နိုးသူများသည် ကိုယ်တော်၏ကတိထားရာ ကောင်းချီးများကို တန်ဖိုးထားလေးမြတ်ကြပြီး ၎င်းတို့ပြည့်စုံမှုကို တောင့်တကြသည်။—ရောမ ၈:၁၉၊ ၂၄၊ ၂၅။
ဤဂျာနယ်နှင့် ယင်း၏တွဲဖက် နိုးလော့!ကို ဖတ်ရှုကြသူများစွာတို့သည် ရောက်လာတော့မည် မြေကြီးပရဒိသုအား ပုံဖော်ထားသည့်မြင်ကွင်းကို နှစ်သက်ကြသည်။ မြေကြီးပရဒိသုသည် အဘယ်အရာနှင့်တူသည်ကို ကျွန်ုပ်တို့ အတိအကျ မသိကြပါ၊ ပုံဖော်ထားသည့်အရာသည် ဟေရှာယ ၁၁:၆-၉ ကဲ့သို့ ကျမ်းစာစကားများတွင် အခြေပြုထားသော ပုံဖော်ချက်များဖြစ်သည်။ သို့ဖြစ်စေကာမူ ခရစ်ယာန်ညီအစ်မတစ်ဦး ဤသို့ပြောခဲ့၏– “ကင်းမျှော်စင်နဲ့ နိုးလော့!ထဲမှာ အနာဂတ်ပရဒိသုရုပ်ပုံတွေကို ကျွန်မ တွေ့ရတဲ့အခါ ဒါတွေကို ခရီးသွားလာရေးဘရိုရှာတစ်စောင်လိုပဲ အသေးစိတ် လိုက်ကြည့်မိတယ်။ အဲ့ဒီမှာ ကျွန်မရှိနေတယ်လို့ မြင်ယောင်ကြည့်တယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ရဲ့ အချိန်တန်တဲ့အခါ အဲ့ဒီမှာ ကျွန်မရှိနေတယ်လို့ တကယ်မျှော်လင့်ထားတဲ့ အတွက်ကြောင့်ပါပဲ။”
တမန်တော်ပေါလုသည်လည်း သူ၏ “အထက်အရပ်မှ ခေါ်တော်မူခြင်း” နှင့်ပတ်သက်၍ အလားတူပင် ခံစားခဲ့၏။ ယင်းကို ရရှိထားပြီးသောအရာအဖြစ် မယူမှတ်ခဲ့ချေ၊ အကြောင်းမှာ သူသည် အဆုံးတိုင်အောင် တည်ကြည်သူဖြစ်ကြောင်း သက်သေထူရဦးမည်။ သို့သော် သူသည် ဆက်လက်ပြီး “ရှေ့၌ရှိသောအရာကို လှမ်းကမ်း” ခဲ့သည်။ (ဖိလိပ္ပိ ၃:၁၃၊ ၁၄) အလားတူ ယေရှုသည်လည်း “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့်” ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အသေခံခြင်းကိုခံရပ်ခဲ့သည်။—ဟေဗြဲ ၁၂:၂။
သင်သည် ကမ္ဘာသစ်သို့ ဝင်ရောက်ခွင့်ရမရကို သံသယဖြစ်ခဲ့ဖူးပါသလော။ ကျွန်ုပ်တို့ရရှိမည့် အသက်ဆုသည် ကျွန်ုပ်တို့၏ အဆုံးတိုင်တည်ကြည်ခြင်းအပေါ် မူတည်နေသောကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချလွန်းခြင်းမရှိလျှင် ကောင်း၏။ (မဿဲ ၂၄:၁၃) သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင့်တောင်းဆိုရာများကို ပြည့်မီရန် အတတ်နိုင်ဆုံးကြိုးစားကြမည်ဆိုလျှင် ဆုကျေးဇူးရရှိမည်ကို ယုံကြည်စိတ်ချစရာ အကြောင်းရှိပါသည်။ ယေဟောဝါသည် “အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိတော်မူသည်” ကို ပြန်သတိရပါ။ (၂ ပေတရု ၃:၉) ကျွန်ုပ်တို့ ယေဟောဝါကို ယုံကြည်ကိုးစားကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ပန်းတိုင်သို့ရောက်နိုင်ရန် ကိုယ်တော် ကူညီပေးပါလိမ့်မည်။ အမှန်အားဖြင့် ကိုယ်တော်၏နှစ်သက်လက်ခံမှုရရှိဖို့ စိတ်ရိုးမှန်ဖြင့် ကြိုးစားနေသူတို့ အသက်ဆုမရစေရန် အကြောင်းပြချက်များ ရှာဖွေခြင်းသည် ကိုယ်တော်၏ ပင်ကိုသဘာဝနှင့် ဆန့်ကျင်နေပါသည်။—ဆာလံ ၁၀၃:၈-၁၁; ၁၃၀:၃၊ ၄; ယေဇကျေလ ၁၈:၃၂။
မိမိလူမျိုးတော်ကို ယေဟောဝါ မည်သို့သဘောထားကြောင်း သိရှိထားခြင်းက ယုံကြည်ခြင်းနှင့်ထပ်တူ အရေးကြီးသည့်အရည်အသွေးတစ်ခုဖြစ်သော မျှော်လင့်ချက် ရှိစေသည်။ (၁ ကောရိန္သု ၁၃:၁၃) “မျှော်လင့်ချက်” ဟု ဘာသာပြန်ထားသော ဂရိစကားလုံးသည် “ကောင်းသောအရာကို ရရှိမည်ဟု မျှော်မှန်းခြင်း” ဟူသည့်သဘောကို ဖော်ပြပေးသည်။ ထိုမျှော်လင့်ချက်မျိုးဖြင့် တမန်တော်ပေါလုက ဤသို့ရေးသားခဲ့၏– “သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝီရိယကိုထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။” (ဟေဗြဲ ၆:၁၁၊ ၁၂) ကျွန်ုပ်တို့သည် ယေဟောဝါရှင်ကို တည်ကြည်စွာ ဆက်လက်အမှုဆောင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏မျှော်လင့်ချက် အမှန်တကယ်ပြည့်စုံလာမည်ကို စိတ်ချနိုင်ကြောင်း သတိပြုပါ။ လောက၏မျှော်လင့်ချက်များစွာနှင့်မတူဘဲ ယင်းမျှော်လင့်ချက်သည် “ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။” (ရောမ ၅:၅) သို့ဖြစ်လျှင် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို မည်သို့ တောက်ပနေစေပြီး ကြည်လင်ပြတ်သားနေစေနိုင်မည်နည်း။
ကျွန်ုပ်တို့၏ဝိညာဉ်ရေးမြင်ကွင်းကို ပို၍ထက်မြက်စေနိုင်ပုံ
ကျွန်ုပ်တို့၏ပကတိမျက်လုံးသည် တစ်ချိန်တည်းတွင် အရာနှစ်ခုကို အာရုံစိုက်ကြည့်၍မရပါ။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးမျက်လုံးသည်လည်း ထိုနည်းနှင်နှင်ပင်။ လက်ရှိအစီအစဉ်စနစ်ရှိအရာများကို အာရုံစိုက်ထားခြင်းက ဘုရားသခင်ကတိပြုထားသည့် ကမ္ဘာသစ်ကို ကျွန်ုပ်တို့၏စိတ်ထဲမှ အတိုင်းအတာတစ်ခုအထိ အမှန်တကယ် အာရုံလွဲဖယ်စေနိုင်သည်။ အချိန်တန်သော် မှုန်ဝါးဝါးဖြစ်လာပြီး ယင်း၏နှစ်လိုဖွယ်ပုံများ မပီမပြင်ဖြစ်လာကာ မြင်ကွင်းမှ လုံးဝကွယ်ပျောက်သွားနိုင်သည်။ ထိုသို့ဖြစ်မည်ဆိုလျှင် ဝမ်းနည်းစရာပါတကား! (လုကာ ၂၁:၃၄) ကျွန်ုပ်တို့၏ “ကြည်လင်သောမျက်စိ” ကို ဘုရားသခင့်နိုင်ငံတော်နှင့် ထာဝရအသက်ဆုကျေးဇူးပေါ်တွင် အာရုံစူးစိုက်ထားဖို့ အလွန်အရေးကြီးလှသည်!—မဿဲ ၆:၂၂။
မျက်စိသည် အမြဲတမ်းကြည်လင်နေမည်မဟုတ်ပါ။ နေ့စဉ်ရက်ဆက်ကြုံနေရသည့် အခက်အခဲများကို အာရုံစူးစိုက်ဖို့လိုလာမည်၊ အာရုံပျံ့လွင့်ခြင်းများ—သွေးဆောင်မှုများပင်—ကျွန်ုပ်တို့၏အသက်တာတွင် ဝင်ရောက်လာနိုင်၏။ ယင်းအခြေအနေများအောက်တွင် အခြားလိုအပ်သည့် လုပ်ဆောင်မှုများကို လျစ်လျူမရှုဘဲ ဘုရားသခင့်နိုင်ငံတော်နှင့် ကိုယ်တော်ကတိထားရာကမ္ဘာသစ်ကို ကျွန်ုပ်တို့ မည်သို့ အာရုံစူးစိုက်နေနိုင်ကြမည်နည်း။ နည်းလမ်းသုံးခုကို သုံးသပ်ကြည့်ကြစို့။
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်လေ့လာပါ။ ကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်းနှင့် ကျမ်းစာအခြေပြုစာအုပ်စာပေများကို လေ့လာခြင်းက ဝိညာဉ်ရေးရာကိစ္စရပ်များအပေါ် အာရုံစူးစိုက်နေစေရန် ကျွန်ုပ်တို့အား ကူညီပေးနိုင်သည်။ ကျွန်ုပ်တို့သည် ကျမ်းစာကို နှစ်နှင့်ချီ၍ လေ့လာခဲ့ပြီးဖြစ်ပေမည်၊ သို့သော် ကျမ်းစာကို လေ့လာမြဲလေ့လာနေရန်လိုသည်၊ ကျွန်ုပ်တို့အသက်ဆက်ရန် ကာယအစာကို စားသုံးမြဲစားသုံးနေရန် လိုအပ်သကဲ့သို့ ဖြစ်သည်။ အတိတ်က ထမင်းနပ်ပေါင်းများစွာ စားသောက်ခဲ့ပြီးသည့်အတွက် ကျွန်ုပ်တို့ မစားတော့ဘဲ မနေကြပါ။ ကျမ်းစာနှင့် မည်မျှပင် ရင်းနှီးကျွမ်းဝင်နေပါစေ လေ့လာမြဲလေ့လာနေရန်လိုပြီး ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို တောက်ပနေစေရန်နှင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် မေတ္တာကို ဆက်၍သန်စွမ်းနေစေရန် ကျမ်းစာမှ ဝိညာဉ်ရေးအာဟာရကို မှန်မှန်ရယူရန်လိုသည်။—ဆာလံ ၁:၁-၃။
ဆာလံ ၇၈:၁၁-၁၇) သူတို့၏ ပြဿနာကား အဘယ်နည်း။
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျေးဇူးတင်လေးမြတ်စွာတွေးတောဆင်ခြင်ပါ။ တွေးတောဆင်ခြင်ခြင်းသည် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်ရသနည်း။ အကြောင်းရင်း နှစ်ခုကြောင့်ဖြစ်၏။ ပထမအကြောင်းရင်းမှာ တွေးတောဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့ဖတ်ရှုခဲ့ရာကို ကျေညက်စေနိုင်ပြီး ကျေးဇူးတင်လေးမြတ်မှုကို တိုးပွားစေသည်။ ဒုတိယအကြောင်းရင်းမှာ တွေးတောဆင်ခြင်ခြင်းသည် ယေဟောဝါ၊ ကိုယ်တော်၏ အံ့ဖွယ်ကောင်းသောလုပ်ရပ်များနှင့် ကျွန်ုပ်တို့၏ရှေ့တွင်ချပေးသော မျှော်လင့်ချက်တို့ကို မေ့လျော့သွားခြင်းမရှိစေရန် ကျွန်ုပ်တို့အား ကာကွယ်ပေးသည်။ ဥပမာအနေနှင့် မောရှေနှင့်အတူ အီဂျစ်ပြည်မှ ထွက်ခွာခဲ့သော ဣသရေလလူမျိုးတို့သည် ယေဟောဝါရှင်၏ စိုးရွံ့ထိတ်လန့်ဖွယ်တန်ခိုးတော်ကို သူတို့၏မျက်စိဖြင့် မြင်တွေ့ခဲ့ကြသည်။ သူတို့အမွေရရှိမည့်နေရာသို့ ခေါ်ဆောင်လာစဉ် ကိုယ်တော်၏ မေတ္တာပါသောကာကွယ်မှုကိုလည်း သူတို့ ခံစားခဲ့ကြ၏။ သို့တိုင် ဣသရေလလူမျိုးတို့သည် ကတိထားရာပြည်သို့ သွားရာလမ်းတွင် တောကန္တာရထဲရောက်၍ မကြာမီမှာပင် ယုံကြည်ခြင်းကင်းမဲ့ကြောင်း ဖော်ပြကြကာ စတင်၍ ပြစ်တင်မြည်တမ်းလာကြသည်။ (လူတို့သည် ယေဟောဝါနှင့် သူတို့ရှေ့တွင် ချပေးတော်မူသည့် အလွန်ကောင်းမွန်သော မျှော်လင့်ချက်တို့မှ အာရုံလွဲကာ သူတို့လတ်တလောအဆင်ပြေရေးနှင့် ကာယရေးစိုးရိမ်စရာများကို အာရုံစိုက်ခဲ့ကြသည်။ အံ့ဖွယ်နိမိတ်လက္ခဏာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ကြလင့်ကစား ဣသရေလလူများစွာမှာ သစ္စာမဲ့သောညည်းညူမြည်တမ်းသူများ ဖြစ်လာခဲ့ကြသည်။ “သူတို့သည် [ယေဟောဝါ၏] အမှုတော်ကို အလျင်အမြန်မေ့လျော့ကြ” သည်ဟု ဆာလံ ၁၀၆:၁၃ တွင်ဖော်ပြထား၏။ ထိုသို့သော ခွင့်မလွှတ်နိုင်ဖွယ် လျစ်လျူရှုမှုက သူတို့၏သားမြေးတို့အား ကတိထားရာပြည်ထဲဝင်ရောက်ခွင့် ဆုံးရှုံးစေခဲ့သည်။
ထို့ကြောင့် သမ္မာကျမ်းစာ သို့မဟုတ် ကျမ်းစာအထောက်အကူပြုစာအုပ်စာပေများကို ဖတ်ရှုရာတွင် သင်ဖတ်ရှုခဲ့ရာကို တွေးတောဆင်ခြင်ရန် အချိန်ယူပါ။ ထိုသို့သော ဆင်ခြင်သုံးသပ်ခြင်းက သင့်ဝိညာဉ်ရေးကျန်းမာရေးနှင့် ကြီးထွားရေးတို့အတွက် အရေးပါ၏။ သာဓကအနေနှင့် ကျွန်ုပ်တို့သည် အထက်တွင် ကိုးကားထားသော ဆာလံ ၁၀၆ ကိုဖတ်သည့်အခါ ယေဟောဝါ၏ ဂုဏ်ရည်တော်များကို တွေးတောဆင်ခြင်ပါ။ ဣသရေလလူမျိုးတို့ကို ကိုယ်တော် မည်မျှစိတ်ရှည်ပြီး ကရုဏာပြခဲ့ကြောင်း လေ့လာမှတ်သားပါ။ သူတို့အား ကတိထားရာပြည်သို့ ရောက်ရှိရန် ကိုယ်တော်ကူညီခဲ့ပုံတို့ကို ကြည့်ပါ။ သူတို့သည် ကိုယ်တော်အား ဆက်လက်ဆန့်ကျင်ပုန်ကန်ခဲ့ကြပုံကို မှတ်သားပါ။ စိတ်နှလုံးခိုင်မာလှသည့် လေးမြတ်မှုမရှိသည့် လူမျိုးတော်အပေါ် ကိုယ်တော် ကရုဏာနှင့်စိတ်ရှည်မှုတို့ပြစဉ် ယေဟောဝါ၏စိတ်ထိခိုက်မှုနှင့် နာကျင်မှုတို့ကို ခံစားကြည့်ပါ။ ထို့ပြင် ဖိနဟပ်၏တည်ကြည်မှု၊ ဖြောင့်မတ်မှုတို့အတွက် ရဲရင့်သည့်ရပ်တည်မှုကို ဖော်ပြထားသည့် အခန်းငယ် ၃၀ နှင့် ၃၁ ကို တွေးတောဆင်ခြင်ခြင်းအားဖြင့် ယေဟောဝါသည် မိမိအား တည်ကြည်သူကို မမေ့ကြောင်းနှင့် ကြွယ်ဝစွာ ဆုကျေးဇူးပေးသနားတော်မူကြောင်း ကျွန်ုပ်တို့ကို စိတ်ချစေသည်။
သင့်အသက်တာတွင် ကျမ်းစာမူများကို လိုက်လျှောက်ပါ။ ကျွန်ုပ်တို့သည် ကျမ်းစာမူများအတိုင်း လိုက်လျှောက်ကြသည့်အခါ ယေဟောဝါ၏သွန်သင်ချက်များသည် ထိရောက်ကြောင်း ကိုယ်တိုင်တွေ့ရှိလာကြသည်။ နယပုံပြင် ၃:၅၊ ၆ တွင် ဤသို့ဆိုထား၏– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” လူများစွာ၏အကျင့်ယိုယွင်းသော လမ်းစဉ်များကြောင့် စိတ်ပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ကာယပိုင်းအရ တန်ပြန်ဆိုးကျိုးဖြစ်ပေါ်စေပုံကို စဉ်းစားကြည့်ပါ။ တစ်ခဏတာအပျော်အပါးတို့ကို လိုက်စားခြင်းအားဖြင့် သက်ရောက်သည့်ဘေးဆိုးကို နှစ်နှင့်ချီ—တစ်သက်တာလုံးအထိပင်—တွေ့ကြုံခံစားခဲ့ကြသည်။ အလွန်ကွဲပြားသည်မှာ “အလွန်ကျဉ်းမြောင်းသည့်လမ်း” တွင် လျှောက်လှမ်းနေကြသူများသည် စနစ်သစ်၏အသက်တာကို ကြိုတင်မြည်းစမ်းခွင့်ရရှိနေကြရရာ ယင်းက သူတို့အား အသက်လမ်းပေါ် ဆက်လျှောက်လှမ်းရန် အားပေးသည်။—မဿဲ ၇:၁၃၊ ၁၄; ဆာလံ ၃၄:၈။
ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းသည် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ကျမ်းစာနှင့် မညီသောဖြေရှင်းနည်းဒေ. ၈:၁၂) ခရစ်ယာန်တစ်ဦးသည် အချိန်ပိုအလုပ်ဆင်းရသည့်အခါ ရှိမည်ဖြစ်သော်လည်း ဝိညာဉ်ရေးရာများကို အရေးမကြီးသောအရာအဖြစ် မလေးမစား၊ ပလပ်ပစ်လိုက်သည့် ဧသောကဲ့သို့ ဖြစ်လိုမည်မဟုတ်ချေ။—ကမ္ဘာဦး ၂၅:၃၄; ဟေဗြဲ ၁၂:၁၆။
များက ခက်ခဲသည့်အခြေအနေမှ ချက်ချင်းသက်သာစေပုံရပေမည်။ ဥပမာအနေနှင့် ငွေကြေးခက်ခဲသည့် အချိန်ကာလများအတွင်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဒုတိယနေရာတွင် ဖယ်ထားရန် သွေးဆောင်ခံရပေမည်။ သို့ရာတွင် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ပြီး ဝိညာဉ်ရေးအာရုံစိုက်မှုကို ထိန်းသိမ်းထားသူတို့သည် အဆုံးတွင် “ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ... ကောင်းသောအကျိုးကိုခံရကြမည်” ဖြစ်ကြောင်း စိတ်ချနိုင်ကြသည်။ (ခရစ်ယာန်တစ်ဦးအနေနှင့် ကျွန်ုပ်တို့၏တာဝန်ဝတ္တရားများကို ယေရှု ကောင်းစွာရှင်းပြခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့် “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြ” ရမည်။ (မဿဲ ၆:၃၃) ထိုသို့ပြုမည်ဆိုလျှင် ကျွန်ုပ်တို့လိုအပ်သည့် ကာယရေးရာများကို ရရှိစေမည်ဖြစ်ကြောင်း သေချာစေခြင်းအားဖြင့် ယေဟောဝါရှင်သည် ကျွန်ုပ်တို့အား ဖခင်မေတ္တာကို ဖော်ပြတော်မူမည်။ ကိုယ်တော်သည် မိမိတာဝန်ယူကြည့်ရှုပေးမည်ဆိုသော အရာများအားဖြင့် ကျွန်ုပ်တို့ကို ဝန်ပိစေရန် လုံးဝ မလိုလားပါ။ ထိုသို့ အလွန်အမင်းစိုးရိမ်ပူပန်ခြင်းသည် ဝိညာဉ်ရေးရေတိမ်ရောဂါနှင့် တူသည်။ ဂရုမစိုက်ပါက ယင်းသည် တဖြည်းဖြည်းနှင့် ရုပ်ပစ္စည်းစိုးရိမ်မှုများကိုသာ ကျွန်ုပ်တို့မြင်တွေ့ရပြီး နောက်ဆုံးတွင် ဝိညာဉ်ရေးမျက်စိကွယ်သွားစေနိုင်သည်။ ဤအခြေအနေတွင် ကျွန်ုပ်တို့ ဆက်ရှိနေပါက ယေဟောဝါ၏နေ့ကြီးသည် “ပိုက်ကွန်ကဲ့သို့” ကျွန်ုပ်တို့အပေါ် ကျရောက်လာလိမ့်မည်။ ထိုသို့ဖြစ်လျှင် မည်မျှဝမ်းနည်းဖွယ်ပါတကား!—လုကာ ၂၁:၃၄-၃၆။
ယောရှုကဲ့သို့ အာရုံစူးစိုက်နေပါ
ကျွန်ုပ်တို့၏ ဘုန်းကျက်သရေရှိသော ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဆက်လက်၍ ကြည်လင်ပြတ်သားစေကြပါစို့။ လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းနှင့် ကျမ်းစာမူများကို လက်တွေ့ကျင့်သုံးခြင်းတို့ကို စွဲစွဲမြဲမြဲလုပ်ဆောင်ခြင်းအားဖြင့် ယောရှုကဲ့သို့ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ယုံကြည်စိတ်ချနိုင်ကြပါသည်။ ကတိထားရာပြည်သို့ ဣသရေလလူမျိုးတို့ကို ဦးဆောင်ခေါ်ခဲ့သည့်အခါ သူဤသို့ပြောခဲ့သည်– “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာသိကြ၏။”—ယောရှု ၂၃:၁၄။
ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်က သင့်ကို ခွန်အားပေးပါစေ၊ ယင်းသည် သင့်အတွေးအခေါ်များ၊ ခံစားချက်များ၊ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများတွင် ထင်ဟပ်နေသည်နှင့်အမျှ သင့်အား ပျော်ရွှင်စေပါလိမ့်မည်။—သု. ၁၅:၁၅; ရောမ ၁၂:၁၂။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
သင်သည် ကမ္ဘာသစ်ထဲ ဝင်မည်၊ မဝင်မည်ကို သံသယဖြစ်ဖူးပါသလော
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာလေ့လာရာတွင် တွေးတောဆင်ခြင်ခြင်းသည် အရေးကြီးသောကဏ္ဍဖြစ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဆက်၍အာရုံစူးစိုက်နေပါ