မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် မျက်နှာသာရရန် လူသားတို့၏ရှာပုံတော်

ဘုရားသခင့် မျက်နှာသာရရန် လူသားတို့၏ရှာပုံတော်

ဘုရားသခင့် မျက်နှာသာ​ရ​ရန် လူသား​တို့၏​ရှာပုံတော်

“ဘုရားသခင်​ကို အယုံအကြည်​မရှိသော၊ ကိုယ်တော်​အား စကြဝဠာ​ထိန်းချုပ်​ရှင်၊ ဖန်ဆင်း​ရှင်​အဖြစ် အယုံအကြည်​မရှိသော လူ့​အဖွဲ့အစည်း​ဟူ၍ မရှိ​ဖူး​ပါ။ ဘာသာရေး​နှင့်​ပတ်သက်မှု​မရှိ​အောင် တမင်တကာ​သီးသန့်​ခွဲခြား​နေသော အသင်းအဖွဲ့​များ​ပင် ထိုသို့​ဖြစ်သည်။” ဘုရားသခင်—ရာဇဝင်​အကျဉ်းချုပ်​စာအုပ်​၌ ဂျွန် ဘိုကာ​က ထိုသို့​ဆို​ထား​သည်။ တစ်နည်း​နည်းဖြင့် ဘုရားသခင်​ကို​ရှာပြီး ကိုယ်တော့်​မျက်နှာသာ​ရ​ရန် ရှာပုံတော်ဖွင့်​ခြင်း​သည် လူ့​အမူအကျင့်​၏ ပင်ကိုစရိုက်​တစ်ခု​ဖြစ်သည်။ ကမ္ဘာ​တစ်ဝန်း​ရှိ လူများစွာ​သည် ဘုရားသခင်​၏​မျက်နှာသာ အမှန်​ရ​လို​ကြသည်။ လူတို့၏​ခံယူ​ချက်​များနှင့်​အညီ ယင်းကို သူတို့​ကြိုးစား​ပြုလုပ်​ပုံ​ကား ကွဲပြား​ခြားနား​ပေ​သည်။

ဘုရားသခင့်​မျက်နှာသာ​ရ​ရန် လူကောင်း​တစ်ယောက်​ဖြစ်​ဖို့​သာ​လို​သည်​ဟု အချို့​က​ယူမှတ်​သည်။ အခြားသူများ​မှာ​မူ ဆင်းရဲသား​တို့အား ပေးကမ်း​စွန့်ကြဲ​ခြင်း​ဖြင့် ဘုရားသခင့်​မျက်နှာသာ​ရနိုင်​သည်​ဟု ယူဆကြ​သည်။ ထို့​အပြင် သန်းနှင့်ချီ​သော​သူတို့က ဘာသာရေး​အခမ်းအနား​များ​ပြုလုပ်​ရန်၊ ထုံးတမ်း​စဉ်​လာ​များ​လိုက်လျှောက်ရန် အရေးကြီး​သည်​ဟု ယူဆကြ​၏။

အခြား​တစ်ဖက်​တွင်​မူ ဘုရားသခင်​ထံ မ​ချဉ်းကပ်​နိုင်၊ ကိုယ်တော်​သည် လူ​တို့​နှင့် ခပ်​တန်း​တန်း​နေ​၏၊ ကိုယ်တော်​သည် အလွန်​အလုပ်များ​သောကြောင့် သာမန်​လူ​တို့ကို ဂရုမစိုက်​နိုင်​ဟု ဆို​သူများ​လည်း​ရှိ၏။ ရှေး​ဂရိ​အတွေးအခေါ်​ပညာရှင် ဧ​ပိ​ကုရု​က ‘ဘုရား[သခင်]များသည် အလွန်​အလှမ်း​ကွာဝေး​သောကြောင့် လူ​တို့ကို​ကောင်းကျိုး၊ ဆိုးကျိုး မပြု​နိုင်’ ဟု​ယုံကြည်​သည်​ဟု​ဆို​ကြ​၏။ သို့သော် ထိုသို့​တွေးခေါ်​သူ​အများ​သည် ဘာသာရေး​ကိုင်းရှိုင်း​သူများ​ဖြစ်​ကြသည်။ အချို့​ဆိုလျှင် သေဆုံး​သွားသော ဘိုးဘေး​များ​၏ မျက်နှာသာ​ရ​ရန် ပူဇော်​ပ​သ​တတ်ကြ​သည်။

သင် မည်သို့​ယူဆ​သနည်း။ ဘုရားသခင့် မျက်နှာသာ​ရ​ရန် ကျွန်ုပ်​တို့၏ ကြိုးစား​အားထုတ်မှု​များ​ကို ကိုယ်တော် အမှန်ပင် ဂရုပြုပါ​သလော။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ပြီး ကိုယ်တော်​၏​မျက်နှာသာ​ရနိုင်သလော။

[Picture Credit Line on page 2]

COVER: Courtesy of ROE/Anglo-Australian Observatory, photograph by David Malin