“ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်
“ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်
“ယေဟောဝါ၏အမိန့်တော်ကို ငါပြန်ကြားပေအံ့။ ကိုယ်တော်က ‘သင်သည် ငါ့သားဖြစ်၏။ . . . လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးရန်အလို့ငှာ ငါ့ကိုတောင်းလော့’ ဟုမိန့်တော်မူ၏။”—ဆာလံ ၂:၇-၉၊ ကဘ။
၁။ ဘုရားသခင်၏ရည်ရွယ်ချက်နှင့် လူမျိုးတို့၏ရည်ရွယ်ချက်သည် မည်သို့ကွာခြားသနည်း။
ယေဟောဝါ ဘုရားသခင်၌ လူသားတို့နှင့် ကမ္ဘာမြေကြီးအတွက် ရည်ရွယ်ချက်ရှိတော်မူ၏။ လူမျိုးတို့တွင်လည်း ရည်ရွယ်ချက်ရှိသည်။ သို့သော် အလွန်ကွဲပြားခြားနားသည်တကား! ဘုရားသခင်က “မိုးကောင်းကင်သည် မြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက် လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏” ဟုမိန့်တော်မူထားရာ ယင်းသို့ဖြစ်ဖို့အကြောင်းရှိသည်။ ကိုယ်တော်က ဤသို့ဆက်၍ မိန့်တော်မူထားရာ ဘုရားသခင်၏ ရည်ရွယ်ချက်သည် သေချာပေါက် ပြည့်စုံရမည်– ‘မိုးရေနှင့်မိုးပွင့်တို့သည် မိုးကောင်းကင်မှဆင်းသက်၍ နောက်တစ်ဖန်မပြန်၊ မြေသည် မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာစားသောသူအား အစာကိုလည်းကောင်း ပေးမည်အကြောင်း မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကိုသီးစေသကဲ့သို့ ထို့အတူ ငါ၏နှုတ်မြွက်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။’—ဟေရှာယ ၅၅:၉-၁၁။
၂၊ ၃။ ဆာလံအခန်းကြီးနှစ်တွင် အဘယ်အကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသနည်း၊ သို့သော် အဘယ်မေးခွန်းများ ပေါ်ထွက်လာသနည်း။
၂ မေရှိယဘုရင်နှင့်ပတ်သက်သော ဘုရားသခင်၏ရည်ရွယ်ချက် ပြည့်စုံမည်ဖြစ်ကြောင်း ဆာလံအခန်းကြီးနှစ်တွင် ရှင်းလင်းစွာဖော်ပြထား၏။ ယင်းကိုစပ်ဆိုသူ ရှေးဣသရေလဘုရင် ဒါဝိဒ်က လူမျိုးတို့ ရုန်းရင်းခတ်ကြမည့် ထူးခြားသည့်အချိန်အကြောင်းကို ကြိုပြောရန် ဘုရားသခင့်မှုတ်သွင်းခြင်းကိုခံခဲ့ရသည်။ လူမျိုးတို့၏ ရှင်ဘုရင်များသည် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏ဘိသိက်ခံကို ရန်ဘက်ပြုကြမည်ဖြစ်သည်။ သို့သော် ဆာလံဆရာက ဤသို့သီဆိုသေး၏– ‘[“ယေဟောဝါ၏အမိန့်တော်၊” ကဘ] ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားသခင်က “သင်သည် ငါ့သားဖြစ်၏။ . . . ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။”’—၃ “ယေဟောဝါ၏ အမိန့်တော်” သည် လူမျိုးတို့အတွက် အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။ ယင်းအမိန့်တော်သည် လူအများအပေါ် အဘယ်အကျိုးသက်ရောက်မည်နည်း။ ယင်းအကျိုးသက်ရောက်မှုများက ဆာလံအခန်းကြီးနှစ်ကို ဖတ်ရှုကြသော ဘုရားသခင်အား ကြောက်ရွံ့သူအပေါင်းအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
လူမျိုးတို့ ရုန်းရင်းခတ်ပြုကြ
၄။ ဆာလံ ၂:၁၊ ၂ ၏အဓိကအချက်ကို သင်မည်သို့ အကျဉ်းချုံးဖော်ပြမည်နည်း။
၄ လူမျိုးတို့နှင့် သူတို့၏အုပ်စိုးရှင်တို့၏ လုပ်ဆောင်မှုများကို ရည်ညွှန်းကာ ဆာလံဆရာက ဤသို့အစပြု ရေးစပ်သီဆိုထား၏– “လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီးကြံစည်ကြသနည်း။ လော[က]ရှင်ဘုရင်တို့သည် ထကြ၍ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား[သခင်]နှင့် ခရစ်တော် [“ကိုယ်တော်၏ဘိသိက်ခံသူ၊” ကဘ] ကို ရန်ဘက်ပြုလျက်” သင်းဖွဲ့ကြ၏။—ဆာလံ ၂:၁၊ ၂။ *
၅၊ ၆။ လူစုတို့သည် အဘယ် ‘အချည်းနှီးသောအမှုတို့ကို ကြံစည်’ နေကြသနည်း။
၅ မျက်မှောက်ခေတ်လူစုတို့သည် အဘယ် ‘အချည်းနှီးသောအရာတို့ကို ကြံစည်’ ကြသနည်း။ ဘုရားသခင်၏ဘိသိက်ခံ—မေရှိယ သို့မဟုတ် ခရစ်တော်—ကိုလက်ခံမည့်အစား လူမျိုးတို့သည် မိမိတို့၏အခွင့်အာဏာ တည်မြဲရန် “ကြံစည်” အားထုတ်နေကြသည်။ ဆာလံအခန်းကြီးနှစ်ပါ ထိုစကားများသည် စီ.အီး. ပထမရာစုရှိ ဂျူးများနှင့် ရောမအာဏာပိုင်တို့က ဘုရားသခင်၏ခန့်အပ်ခံဘုရင် ယေရှုခရစ်ကိုသတ်ရန် အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြချိန်တွင်လည်း ပြည့်စုံခဲ့သည်။ သို့သော် ကောင်းကင်ဘုရင်အဖြစ် ယေရှုနန်းတင်ခံရချိန် ၁၉၁၄ ခုနှစ်မှစတင်ကာ အကြီးစားပြည့်စုံခဲ့သည်။ ထိုအချိန်မှစ၍ မြေကြီးပေါ်ရှိ မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကမျှ ဘုရားသခင်၏ နန်းထိုင်ဘုရင်ကို အသိအမှတ် မပြုခဲ့ကြချေ။
၆ ဆာလံဆရာက “လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း” ဟုမေးခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း။ သူတို့၏ရည်ရွယ်ချက်သည် အချည်းနှီးဖြစ်သည်; အကျိုးမရှိ၊ ပျက်စီးမည်ကို ဆိုလိုသည်။ သူတို့သည် ဤကမ္ဘာမြေကြီးအပေါ် ငြိမ်သက်မှု၊ သွေးစည်းညီညွတ်မှု ရှိစေနိုင်မည်မဟုတ်ပါ။ သို့တိုင် သူတို့သည် ဘုရားသခင့် အုပ်ချုပ်မှုကို ဆန့်ကျင်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြသည်။ အမှန်မှာ သူတို့သည် အကြီးမြတ်ဆုံးအရှင်နှင့် ကိုယ်တော်၏ ဘိသိက်ခံတို့တစ်ဖက် အတူတကွ စည်းလုံးစွာစုရုံးပြီး ဆန့်ကျင်ဘက်ပြုနေကြပါသည်။ မိုက်မဲမှုပါတကား!
ယေဟောဝါ၏ အောင်ပွဲခံဘုရင်
၇။ ဆာလံ ၂:၁၊ ၂ ၏သက်ဆိုင်ပုံကို ယေရှု၏ အစောပိုင်း နောက်တော်လိုက်များ၏ ဆုတောင်းချက်က မည်သို့ဖော်ပြသနည်း။
၇ ဆာလံ ၂:၁၊ ၂ ပါစကားများသည် ယေရှုနှင့် ဆက်စပ်၏ဟု ယေရှု၏နောက်တော်လိုက်များက တင်ပြခဲ့ကြသည်။ သူတို့၏ယုံကြည်ခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းခံရချိန်တွင် သူတို့ ဤသို့ဆုတောင်းခဲ့ကြသည်– “အစိုးရတော်မူသောအရှင် [ယေဟောဝါ]၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကလည်း ‘လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။ လော[က]ရှင်ဘုရင်တို့သည် ထကြ၍ မှူးမတ်အရာရှိတို့လည်း ထာဝရဘုရား[သခင်]နှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏’ ဟု ကိုယ်တော်ကျွန် ဒါဝိဒ်၏နှုတ်ဖြင့် [ကြိုဟော] ထားတော်မူသည်နှင့်အညီ ဟေရုဒ် [အန္တိပ] မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် . . . ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ ရန်ဘက်ပြု၍ စည်းဝေးကြပြီ။” (တမန်တော် ၄:၂၄-၂၈; လုကာ ၂၃:၁-၁၂) * မှန်ပါသည်၊ ပထမရာစုတွင် ဘုရားသခင်၏ ဘိသိက်ခံကျွန် ယေရှုကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြသည်။ သို့ရာတွင် ဤဆာလံစကားများသည် ရာစုနှစ်များစွာကြာပြီးနောက် နောက်ထပ်ပြည့်စုံရဦးမည်ဖြစ်သည်။
၈။ ဆာလံ ၂:၃ သည် မျက်မှောက်ခေတ်လူမျိုးတို့နှင့် မည်သို့သက်ဆိုင်သနည်း။
၈ ရှေးဣသရေလနိုင်ငံတွင် ဒါဝိဒ်ကဲ့သို့သော လူသားဘုရင်ရှိခဲ့ချိန်က အယူမှားလူမျိုးများနှင့် ၎င်း၏အုပ်ချုပ်သူများသည် ဘုရားသခင်နှင့် ကိုယ်တော်နန်းတင်ထားသော ဘိသိက်ခံကို အတူတကွ ပူးပေါင်းဆန့်ကျင်ခဲ့ကြသည်။ သို့သော် ကျွန်ုပ်တို့အချိန်တွင်ကော။ မျက်မှောက်ခေတ် လူမျိုးတို့သည် ယေဟောဝါနှင့် မေရှိယတို့၏ တောင်းဆိုချက်များကို မလိုက်နာလိုကြပါ။ ထို့ကြောင့် “သူတို့ချည်နှောင်ခြင်းကို ဖြေကြကုန်အံ့။ ချည်နှောင်သောကြိုးတို့ကို ပယ်ကြကုန်အံ့” ဟုဆိုခဲ့ကြောင်း တင်စားဖော်ပြထားသည်။ (ဆာလံ ၂:၃) ဘုရားသခင်နှင့် ကိုယ်တော်၏ဘိသိက်ခံတို့ ချမှတ်သည့် မည်သည့် ကန့်သတ်ချက်ကိုမဆို အုပ်စိုးရှင်တို့နှင့် လူမျိုးတို့ ဆန့်ကျင်ကြမည်ဖြစ်သည်။ သို့သော် ထိုချည်နှောင်မှု နှောင်ကြိုးတို့ကို ပယ်ရန် ကြိုးစားအားထုတ်မှုမှန်သမျှသည် အချည်းနှီးသာဖြစ်ကြရမည်။
ယေဟောဝါသည် သူတို့ကို ပြက်ရယ်ပြုတော်မူ၏
၉၊ ၁၀။ ယေဟောဝါသည် လူမျိုးတို့ကို အဘယ်ကြောင့် ပြက်ရယ်ပြုတော်မူသနည်း။
၉ ယေဟောဝါသည် လူမျိုးတို့၏အုပ်စိုးရှင်များ သူတို့အာဏာတည်မြဲရန် ကြိုးစားလေသမျှကို လုံးဝအရေးမထားပါ။ ဆာလံအခန်းကြီးနှစ်တွင် ဤသို့ဆက်ဆိုထား၏– “ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍ ထာဝရဘုရား[သခင်]သည် သူတို့ကိုကဲ့ရဲ့ [“ပြက်ရယ်ပြု၊” သတင်းကောင်း] တော်မူ၏။” (ဆာလံ ၂:၄) ဘုရားသခင်သည် ထိုအုပ်စိုးရှင်တို့ကို ဘာမျှမဟုတ်သကဲ့သို့ ယူမှတ်ကာ မိမိရည်ရွယ်ထားသည့်အတိုင်း ဆက်၍ ပြုတော်မူ၏။ သူတို့၏ရောင့်တက်စော်ကားမှုကို ကိုယ်တော် ပြုံးရယ်တော်မူ၏။ သူတို့အကြံအစည်ကို သူတို့ ဝါကြွားကြပါလေစေ။ ယေဟောဝါအဖို့မူ သူတို့သည် ရယ်မောစရာသာဖြစ်သည်။ သူတို့၏ အချည်းနှီးသက်သက် ဆန့်ကျင်မှုများကို ကိုယ်တော် ပြုံးရယ်တော်မူ၏။
၁၀ အခြားဆာလံကျမ်းများတွင်လည်း ဒါဝိဒ်သည် ရန်သူလူမျိုးများကို ရည်ညွှန်းကာ ဤသို့သီဆိုထား၏– ‘ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသခင်၊ ပြင်ပလူအပေါင်းတို့ကိုဆုံးမခြင်းငှာ နိုးတော်မူပါ။ မကောင်းမှု၌ ကျင်လည်သောသူ တစ်စုံတစ်ယောက်ကိုမျှ သနားတော်မမူပါနှင့်။ သူတို့သည် ညဦးယံ၌ ပြန်လာ၍ ခွေးဘာသာအတိုင်းမြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ ထိုသူတို့သည် စော်ကားသောစကားကိုဆာလံ ၅၉:၅-၈) ယေဟောဝါအား ဆန့်ကျင်၍ မိုက်မဲစွာပြုမူသော လူမျိုးတို့၏ ဝါကြွားမှု၊ ရုန်းရင်းခတ်မှုတို့ကို ကိုယ်တော် ပြုံးရယ်တော်မူ၏။
ပြော၍ သူတို့နှုတ်ခမ်းတွင် ဓားပါလျက် အဘယ်သူကြားလိမ့်မည်နည်းဟု ဆိုတတ်ကြပါ၏။ သို့ရာတွင် အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကိုပြုံးရယ်၍ ပြင်ပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။’ (၁၁။ လူမျိုးတို့သည် ဘုရားသခင့်ရည်ရွယ်ချက်ကို တားဆီးရန် ကြိုးစားကြသောအခါ မည်သို့ဖြစ်ပျက်သနည်း။
၁၁ ဘုရားသခင်သည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်သောကြောင့် ဆာလံ ၂ ပါစကားများသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်။ ကိုယ်တော်သည် အလိုတော်ကို အမြဲပြီးမြောက်အောင်မြင်စေပြီး တည်ကြည်သော ကျေးကျွန်များကို ဘယ်တော့မျှစွန့်ပစ်တော်မမူကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၉၄:၁၄) ထို့ကြောင့် ယေဟောဝါ၏ ရည်ရွယ်ချက်ကို တားဆီးရန် လူမျိုးတို့ ကြိုးစားကြသောအခါ မည်သို့ဖြစ်ပျက်သနည်း။ ဆာလံအခန်းကြီးနှစ်အရ ဘုရားသခင်သည် ကြောက်မက်ဖွယ် မိုးချုန်းသံပမာ “အမျက်တော်ထွက်၍ သူတို့ကို မိန့်တော်မူမည်” ဖြစ်သည်။ ထို့ပြင် အကြီးအကျယ်လျှပ်စီးလက်လိုက်သကဲ့သို့ “ပြင်းစွာသောအမျက်တော်နှင့် သူတို့ကို ပူပန်စေတော်မူမည်” ဖြစ်သည်။—ဆာလံ ၂:၅။
ဘုရားသခင်၏ဘုရင်ကို နန်းတင်
၁၂။ ဆာလံ ၂:၆ ကအဘယ်နန်းတင်မှုနှင့် သက်ဆိုင်သနည်း။
၁၂ ဆာလံဆရာမှတစ်ဆင့် ယေဟောဝါ ထပ်၍မိန့်တော်မူသောစကားက လူမျိုးတို့ကို အမှန် စိတ်အနှောင့်အယှက်ဖြစ်စေမည်။ ဘုရားသခင် ဤသို့ကြေညာ၏– “ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသောဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင် ဘိသိက်ပေးပြီ။” (ဆာလံ ၂:၆) ဇိအုန်တောင်သည် ဒါဝိဒ်ကို ဣသရေလတစ်မျိုးလုံး၏ ဘုရင်အဖြစ် တင်မြှောက်ခဲ့သော ယေရုရှလင်မြို့တွင် တည်ရှိသည်။ သို့သော် မေရှိယဘုရင်သည် ထိုမြို့တွင်ရှိသောပလ္လင် သို့မဟုတ် မြေကြီးပေါ်ရှိ အခြားတစ်နေရာတွင် နန်းထိုင်မည်မဟုတ်ပါ။ အမှန်မှာ၊ ယေဟောဝါသည် ယေရှုခရစ်ကို ရွေးချယ်ထားတော်မူသော မေရှိယဘုရင်အဖြစ် ကောင်းကင်ဇိအုန်တောင်တွင် နန်းတင်ခဲ့ပြီးဖြစ်သည်။—ဗျာ. ၁၄:၁။
၁၃။ ယေဟောဝါသည် သားတော်နှင့် အဘယ်ပဋိညာဉ်ဖွဲ့ခဲ့သနည်း။
၁၃ ယခု မေရှိယဘုရင်မိန့်မြွက်သည်ကား ‘[ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ကို သားတော်နှင့် ဖွဲ့ခဲ့သော] ယေဟောဝါ၏ အမိန့်တော်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားသခင် [ယေဟောဝါ] က “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါဖြစ်ဖွားစေပြီ” . . . ဟုငါ့အားမိန့်တော်မူပြီ။’ (ဆာလံ ၂:၇-၉) ခရစ်တော်သည် မိမိ၏တမန်တော်များအား “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည် ငါ၌ မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည်နှင့်အညီ . . . ငါသည် သင်တို့အားပေးမည်” ဟုမိန့်တော်မူစဉ် ဘုရားသခင့်နိုင်ငံတော် ပဋိညာဉ်အကြောင်း ရည်ညွှန်းတော်မူခဲ့၏။—လုကာ ၂၂:၂၈-၃၀။
၁၄။ ယေရှုသည် ဘုရင်အရိုက်အရာခံထိုက်ခြင်းကို အငြင်းပွားစရာမရှိဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။
၁၄ ဆာလံ ၂:၇ တွင်ကြိုပြောထားသည့်အတိုင်း ယေဟောဝါသည် ယေရှုကို မိမိသားတော်အဖြစ် ကိုယ်တော်နှစ်ခြင်းခံချိန်တွင်လည်းကောင်း၊ ဝိညာဉ်အသက်တာသို့ ရှင်ပြန်ထမြောက်စေခြင်းဖြင့်လည်းကောင်း အထင်အရှား အသိအမှတ်ပြု ဖော်ပြခဲ့သည်။ (မာကု ၁:၉-၁၁; ရောမ ၁:၄; ဟေဗြဲ ၁:၅; ၅:၅) မှန်ပါသည်၊ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်ဘုရင်သည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ဖြစ်သည်။ (ယောဟန် ၃:၁၆) ယေရှုသည် ဘုရင်ဒါဝိဒ်မှ ဆင်းသက်လာသောကြောင့် ဘုရင်အရိုက်အရာခံခြင်းနှင့်ပတ်သက်၍ အငြင်းပွားစရာမရှိပါ။ (၂ ဓမ္မရာဇဝင် ၇:၄-၁၇; မဿဲ ၁:၆၊ ၁၆) ဤဆာလံကျမ်းအရ ဘုရားသခင်သည် မိမိ၏သားတော်ကို ဤသို့မိန့်တော်မူ၏– “ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။”—ဆာလံ ၂:၈။
၁၅။ ယေရှုသည် အမွေဥစ္စာအဖြစ် လူအမျိုးမျိုးတို့ကို အဘယ်ကြောင့် တောင်းလျှောက်သနည်း။
ကောလောသဲ ၁:၁၅) ကိုယ်တော်လုပ်ရမည်ကား ဘုရားသခင်ထံ တောင်းလျှောက်ဖို့သာရှိတော့သည်၊ ဘုရားသခင်သည် သူ့အား ‘လူအမျိုးမျိုးတို့ကို အမွေဥစ္စာအဖြစ်၊ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်ရာအဖြစ် ပေးတော်မူမည်။’ ယေရှုသည် ‘လူသားတို့ကို ချစ်ခင်စုံမက်’ တော်မူသောသူဖြစ်ပြီး ကမ္ဘာမြေကြီးနှင့် လူသားအပေါင်းတို့နှင့်ပတ်သက်သော ကောင်းကင်ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်လိုစိတ် ပြင်းပြသောကြောင့် ထိုသို့တောင်းလျှောက်ရခြင်းဖြစ်သည်။—သု. ၈:၃၀၊ ၃၁။
၁၅ ဘုရင်ဖြစ်သော ဘုရားသခင့်သားတော်သည် ယေဟောဝါပြီးလျှင် ဒုတိယအကြီးမြတ်ဆုံး အရှင်ဖြစ်သည်။ ယေဟောဝါအဖို့ ယေရှုသည် စမ်းသပ်ခံပြီး၍ တည်ကြည်သော ယုံကြည်စိတ်ချရသူဖြစ်သည်။ ထို့ပြင် ယေရှုသည် ဘုရားသခင်၏သားဦးအနေနှင့် အမွေဆက်ခံပိုင်ခွင့်ရှိသည်။ မှန်ပါသည်၊ ယေရှုခရစ်သည် “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ . . . သတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။” (လူမျိုးတို့နှင့်ပတ်သက်သော ယေဟောဝါ၏အမိန့်တော်
၁၆၊ ၁၇။ ဆာလံ ၂:၉ အရလူမျိုးတို့သည် အဘယ်အဖြစ်ကို တွေ့ ကြုံကြရမည်နည်း။
၁၆ ဆာလံအခန်းကြီးနှစ်သည် ယေရှုခရစ်တော်၏ မျက်မြင်မရ ရောက်ရှိချိန်၊ ယခုအချိန်တွင် ပြည့်စုံနေခြင်းကြောင့် လူမျိုးတို့သည် အဘယ်အရာ ကြုံတွေ့ကြရမည်နည်း။ ရှင်ဘုရင်သည် ဘုရားသခင်၏ ဤကြေညာချက်ကို မကြာမီ လုပ်ဆောင်တော်မူမည်– “သင်သည် သူတို့ [လူမျိုးတို့] ကို သံလှံတံနှင့်အုပ်စိုး၍ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။”—ဆာလံ ၂:၉။
၁၇ ရှေးအချိန်က ဘုရင်များ၏ရာဇလှံတံသည် တော်ဝင်အခွင့်အာဏာ၏ အထိမ်းအမှတ်ဖြစ်သည်။ ရာဇလှံတံအချို့သည် ဤဆာလံတွင် ဖော်ပြထားသည့် ရာဇလှံတံကဲ့သို့ သံဖြင့်ပြုလုပ်ထားကြသည်။ ဤတွင်အသုံးပြုထားသော ဥပစာအသုံးအနှုန်းက ခရစ်တော်ဘုရင်သည် လူမျိုးတို့ကို အလွယ်တကူ ဖျက်ဆီးမည်ဖြစ်ကြောင်း ဖော်ပြသည်။ သံလှံတံတစ်ခုဖြင့် အိုးထိန်းသမား၏ မြေအိုးကို ခပ်ပြင်းပြင်းရိုက်ခွဲလိုက်မည်ဆိုလျှင် ပြန်ဆက်၍မရနိုင်အောင် ကြေမွသွားမည်။
၁၈၊ ၁၉။ ဘုရားသခင်၏အလိုတော်နှင့်တွေ့ရန် ဤလောကဘုရင်တို့သည် အဘယ်အရာပြုလုပ်ရမည်နည်း။
၁၈ ထိုသို့ကြေမွသွားခြင်းကို လူမျိုးတို့၏ အုပ်စိုးရှင်များ တွေ့ကိုတွေ့ရဖို့ဖြစ်သလော။ မဟုတ်ပါ၊ အကြောင်းမှာ ဆာလံဆရာက ဤစကားများဖြင့် သူတို့ကို မေတ္တာရပ်ခံ၏– “သို့ဖြစ်၍ ဘုရင်မင်းတို့ ပညာသတိရှိ [“ထိုးထွင်းသိမြင်မှုတင်ပြ၊” ကဘ] ကြလော့။ မြေကြီးပေါ်ရှိတရားသူကြီးတို့ ဆုံးမခြင်းကိုခံကြလော့။” (ဆာလံ ၂:၁၀) ရှင်ဘုရင်များအား ဂရုပြုကြရန်၊ ထိုးထွင်းသိမြင်မှု တင်ပြကြရန် သတိပေးထားပါသည်။ လူ့အကျိုးအတွက် ဘုရားသခင့်နိုင်ငံတော် လုပ်ဆောင်ပေးမည့်အရာနှင့်နှိုင်းယှဉ်လျှင် သူတို့၏အကြံအစည်များသည် အချည်းနှီးဖြစ်ကြောင်း သူတို့ဆင်ခြင်သုံးသပ်သင့်သည်။
၁၉ ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် ထိုရှင်ဘုရင်တို့သည် သူတို့လမ်းစဉ်ကို ပြောင်းလဲဖို့လိုသည်။ သူတို့သည် “ကြောက်ရွံ့သော စိတ်နှင့် ထာဝရဘုရား[သခင်]၏အမှုတော်ကို ထမ်းရွက်” ကြရမည်ဟု သူတို့ကို သတိပေးထားသည်။ (ဆာလံ ၂:၁၁) ထိုသို့သာ သူတို့လုပ်ဆောင်ကြမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ သူတို့သည် ရုန်းရင်းခတ်၍ မတည်မငြိမ် ဖြစ်နေကြမည့်အစား မေရှိယနိုင်ငံတော် ချမှတ်ပေးမည့် မျှော်လင့်ချက်များကြောင့် ရွှင်လန်းနိုင်ကြပေမည်။ သို့ဖြစ်စေရန် ဤလောကဘုရင်တို့သည် သူတို့အုပ်ချုပ်ပုံတွင် ထင်ရှားသည့် မာနထောင်လွှားမှု၊ ဘဝင်မြင့်မှုတို့ကို ဖယ်ရှားကြရန်လိုသည်။ ထို့ပြင် သူတို့သည် ဖင့်နွှဲမှုမရှိ ပြုပြင်ပြောင်းလဲကြရမည်၊ ယေဟောဝါ၏ ပြိုင်စံရှားသော အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၊ ဘုရားသခင်နှင့် မေရှိယဘုရင်တို့၏ ကြီးမားသောတန်ခိုးတော်တို့ကို ထိုးထွင်းသိမြင်ကြရမည်ဖြစ်သည်။
“သားတော်ကို နမ်းကြလော့”
၂၀၊ ၂၁။ “သားတော်ကိုနမ်း” ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂၀ ယခု ဆာလံ ၂ က လူမျိုးတို့၏ အုပ်စိုးရှင်များကို ကြင်နာစွာမေတ္တာရပ်ခံသည်။ သူတို့သည် အတူတကွစုပေါင်း ဆန့်ကျင်တိုက်လှန်နေကြမည့်အစား ဤသို့ပြုရန်အကြံပေးခံရ၏– “သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် [ယေဟောဝါဘုရားသခင်၏] အမျက်တော်ထွက်၍ သင်တို့သည် လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်။” (ဆာလံ ၂:၁၂က) စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါသည် အမိန့်ထုတ်ပြန်သည့်အခါ ယင်းကို နာခံသင့်သည်။ ဘုရားသခင်သည် သားတော်ကို နန်းတင်ချိန်တွင် လောကရှင်ဘုရင်တို့သည် ‘အချည်းနှီး ကြံစည်ခြင်းအမှုကို’ ရပ်ဆိုင်းလိုက်သင့်သည်။ ဘုရင်မင်းမြတ်ကို သူတို့ချက်ချင်းအသိအမှတ်ပြုပြီး အပြည့်အဝနာခံမှုပြသင့်သည်။
၂၁ “သားတော်ကို” အဘယ်ကြောင့် “နမ်း” သင့်သနည်း။ ဤဆာလံကျမ်းကို ရေးစပ်သီကုံးချိန်တွင် တစ်ဦးကိုတစ်ဦးနမ်းခြင်းသည် ခင်မင်ရင်းနှီးမှုတင်ပြခြင်းဖြစ်ပြီး အိမ်သို့ရောက်လာသော ဧည့်သည်များကို ဧည့်ဝတ်ပျူငှာစွာ ကြိုဆိုရန် ယင်းသို့ပြုလေ့ရှိကြသည်။ နမ်းခြင်းသည် တစ်ဦးအပေါ် တည်ကြည်မှုကိုလည်း တင်ပြသည်။ (၁ ဓမ္မရာဇဝင် ၁၀:၁) ဆာလံအခန်းကြီးနှစ်၏ ဤအခန်းငယ်တွင် ဘုရားသခင်သည် မိမိ၏သားတော်ကို ဘိသိက်ခံဘုရင်အဖြစ် နမ်းရန်၊ သို့မဟုတ် ကြိုဆိုကြရန် လူမျိုးတို့ကို အမိန့်ပေးတော်မူ၏။
၂၂။ လူမျိုးတို့၏ အုပ်စိုးရှင်များသည် အဘယ်သတိပေးချက်ကို လိုက်နာသင့်သနည်း။
၂၂ ဘုရားသခင်ရွေးချယ်ထားသော ဘုရင်၏ အခွင့်အာဏာကို အသိအမှတ်မပြုလိုသူများသည် ယေဟောဝါအား မထီမဲ့မြင်ပြု
ကြသည်။ ကိုယ်တော်၏ စကြဝဠာ ပိုင်သအုပ်စိုးမှုနှင့် လူအပေါင်းအတွက် အကောင်းဆုံးအုပ်စိုးရှင်ကို ကိုယ်တော်ရွေးချယ်ရန် အခွင့်အာဏာနှင့် အရည်အချင်းရှိကြောင်းကိုလည်း အသိအမှတ်မပြုကြပါ။ လောကအုပ်စိုးရှင်များသည် မိမိတို့၏အကြံအစည်များ အောင်မြင်ရန် ကြိုးစားနေချိန်တွင် ဘုရားသခင်၏ အမျက်ဒေါသ သူတို့အပေါ်သို့ ရုတ်တရက်ကျရောက်မည်ကို တွေ့ရကြလိမ့်မည်။ ကိုယ်တော်၏ “အမျက်တော်သည် ချက်ချင်းထွက်လိမ့်မည်၊” အမျက်ဒေါသမီးသည် အလျင်အမြန် သက်ရောက်လိမ့်မည်။ လူမျိုးအပေါင်း၏ အုပ်စိုးရှင်များသည် ဤသတိပေးချက်ကို ကျေးဇူးတင်လေးမြတ်စွာလက်ခံပြီး ယင်းနှင့်အညီ ပြုမူကျင့်ကြံသင့်ကြသည်။ ယင်းသို့ပြုခြင်းသည် အသက်ရှင်ခြင်းအကြောင်းဖြစ်၏။၂၃။ တစ်ဦးစီအနေနှင့် အဘယ်အရာပြုလုပ်ရန် အချိန်ရှိသေးသနည်း။
၂၃ အလွန်ထူးခြားသော ဤဆာလံသည် ဤသို့နိဂုံးချုပ်၏– “ကိုယ်တော် [ယေဟောဝါ] ၌ ခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။” (ဆာလံ ၂:၁၂ခ၊ သမ္မာ) လုံခြုံမှုရရှိရန် တစ်ဦးစီအတွက် အချိန်ရှိပါသေးသည်။ လူမျိုးတို့၏အကြံအစည်များကို ထောက်ခံအားပေးခဲ့သူ အုပ်စိုးရှင်တစ်ဦးစီအတွက်ပင် ပြောင်းလဲရန် အချိန်ရှိပါသေးသည်။ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအောက်တွင် လုံခြုံမှုရရှိစေတော်မူသော ယေဟောဝါထံ သူတို့ပြေးဝင်ခိုလှုံနိုင်ကြသည်။ သို့သော် အတိုက်အခံပြုသောလူမျိုးတို့ကို မေရှိယနိုင်ငံတော် မဖျက်ဆီးမီ ယင်းသို့ပြုလုပ်ကြရမည်ဖြစ်သည်။
၂၄။ ခဲယဉ်းဆိုးယုတ်သော ဤလောကတွင်ပင် ပို၍ကျေနပ်မှုရှိသော ဘဝအသက်တာကို မည်သို့ရရှိနိုင်သနည်း။
၂၄ ဆင်းရဲခက်ခဲသည့် ဤလောကတွင်ပင် သမ္မာကျမ်းစာကို ကျွန်ုပ်တို့ လုံ့လစိုက်ထုတ် လေ့လာမည်၊ ယင်း၏အမှာစကားကို လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ပို၍ကျေနပ်မှုရှိသော ဘဝအသက်တာ ရရှိနိုင်ပါသည်။ ကျမ်းစာဆုံးမစကားကို ကျင့်သုံးခြင်းဖြင့် မိသားစုဆက်ဆံရေး ပိုကောင်းလာပြီး လောက၏ စိုးရိမ်ပူပန်မှုများ ကင်းဝေးမည်။ ကျမ်းစာလမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်းဖြင့် ဖန်ဆင်းရှင်စိတ်တော်နှင့်တွေ့ကြောင်း သိခြင်းက အားရကျေနပ်မှုရှိစေသည်။ စကြဝဠာပိုင်သအုပ်စိုးရှင်တစ်ပါးတည်းကသာ ‘ယခုအသက်တာ’ နှင့် ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုကို ငြင်းပယ်ခြင်းဖြင့် မှန်ရာကိုဆန့်ကျင်သူများအား မြေကြီးပေါ်မှ ဖယ်ရှားပြီးနောက်ရရှိမည့် ‘အနာဂတ်အသက်တာ’ အတွက် အာမခံနိုင်သည်။—၁ တိမောသေ ၄:၈၊ ကဘ။
၂၅။ “ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်သောကြောင့် ကျွန်ုပ်တို့အချိန်ကာလတွင် အဘယ်အရာဖြစ်လာမည်ကို မျှော်လင့်နိုင်သနည်း။
၂၅ “ယေဟောဝါ၏ အမိန့်တော်” ပျက်ကွက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဖြစ်သောကြောင့် ဘုရားသခင်သည် လူသားတို့အတွက် အဘယ်အရာ အကောင်းဆုံးဖြစ်သည်ကို သိရှိတော်မူပြီး ချစ်မြတ်နိုးတော်မူသော သားတော်၏နိုင်ငံတော်အောက်တွင် နာခံမှုရှိသောလူသားတို့ကို ငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှု၊ တည်မြဲသောလုံခြုံမှုတို့ ရရှိစေခြင်းအားဖြင့် ကောင်းချီးပေးရန် ကိုယ်တော်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လိမ့်မည်။ ကျွန်ုပ်တို့၏ အချိန်ကာလနှင့်ပတ်သက်၍ ပရောဖက်ဒံယေလက ဤသို့ရေးသားခဲ့၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် . . . အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) သို့ဖြစ်၍ “သားတော်ကိုနမ်းကြ” ရန်နှင့် ပိုင်သအုပ်စိုးရှင်၊ ယေဟောဝါ၏ အမှုတော်ကိုထမ်းကြရန် အချိန်ကား ယခုပင်ဖြစ်သည်!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 အစပိုင်းတွင် ဘုရင်ဒါဝိဒ်သည် “ဘိသိက်ခံသူ” ဖြစ်ခဲ့ပြီး သူ့ကို အလုံးအရင်းနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသော ဖိလိတ္တိအုပ်စိုးရှင်များသည် ‘လောကရှင်ဘုရင်တို့’ ဖြစ်သည်။
^ အပိုဒ်၊ 7 ဆာလံနှစ်တွင် ဖော်ပြထားသော ဘုရားသခင်၏ဘိသိက်ခံသည် ယေရှုဖြစ်ကြောင်း ခရစ်ယာန်ဂရိကျမ်းမှ အခြားကျမ်းချက်များလည်း ဖော်ပြသည်။ ဆာလံ ၂:၇ ကို တမန်တော် ၁၃:၃၂၊ ၃၃; ဟေဗြဲ ၁:၅; ၅:၅ တို့နှင့် နှိုင်းယှဉ်ကြည့်ရာတွင် အထင်အရှားတွေ့ရသည်။ ဆာလံ ၂:၉ ကို ဗျာ. ၂:၂၇ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ။
သင်မည်သို့ဖြေဆိုမည်နည်း
• လူစုတို့သည် အဘယ် ‘အချည်းနှီးသောအရာကို ကြံစည်ကြ’သနည်း။
• ယေဟောဝါသည် လူမျိုးတို့ကို အဘယ်ကြောင့် ပြက်ရယ်ပြုသနည်း။
• လူမျိုးတို့နှင့်ပတ်သက်သော ဘုရားသခင်၏အမိန့်တော်ကား အဘယ်နည်း။
• “သားတော်ကိုနမ်းကြ” ဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် အောင်ပွဲခံ မေရှိယဘုရင်အကြောင်း သီကုံးစပ်ဆိုခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အုပ်စိုးရှင်များနှင့် ဣသရေလလူတို့သည် ယေရှုခရစ်ကိုဆန့်ကျင်ဘက်ပြုရန် ပူးပေါင်းကြံစည်ခဲ့ကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ခရစ်တော်သည် ကောင်းကင်ဇိအုန်တောင်တွင် ဘုရင်အဖြစ် နန်းတင်ခံခဲ့ရပြီ