မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

အချို့​သူတို့က စစ္စလီ​ကျွန်း​တောင်ဘက်​ရှိ မော်​လ်​တာ​ကျွန်း​ပေါ်​မဟုတ်ဘဲ အခြား​ကျွန်း​တစ်ကျွန်း​ပေါ်​တွင် ပေါလု​လိုက်ပါ​သော သင်္ဘော​ပျက်​ခဲ့​သည်​ဟု​ဆို​ကြ​၏။ အဘယ်​နေရာတွင် သင်္ဘော​ပျက်​ခဲ့​ခြင်း​နည်း။

တမန်​တော်​ပေါလု​သည် မော်​လ်​တာ​ကျွန်း​ပေါ်​မဟုတ်ဘဲ ဂရိ​အနောက်ဘက်​ကမ်းရိုးတန်း၊ အိုင်​အို နီး​ယန်း​ပင်လယ်​ရှိ ခေါ်​ဖူး​ကျွန်း​အနီး​မှ စက်​ဖ​လိုး​နီး​ယား (သို့​မဟုတ်၊ ခက်ဖယ်လီနီယား) ကျွန်း​ပေါ် သင်္ဘော​ပျက်​ခဲ့​သည်​ဟု မကြာသေးမီ​က အဆိုပြု​ကြသော​ကြောင့် ဤ​မေးခွန်း​ကို​မေး​ရခြင်း​ဖြစ်သည်။ ပေါလု​သည် ရောမ​တပ်မှူး​ယု​လိ​၏ ထိန်းသိမ်းမှု​အောက်တွင် အခြား​စစ်သား​များ၊ ပေါလု​၏​အပေါင်းပါများ​နှင့်အတူ ကဲသရိ​မြို့မှ​ထွက်ခွာ​ခဲ့​ကြောင်း မှုတ်သွင်းခံ​မှတ်တမ်းက ဖော်ပြ​သည်။ မြေပုံ​တွင် ဖော်ပြ​ထား​သည့်​အတိုင်း ဇိဒုန်​နှင့် မုရ​မြို့​သို့ သူတို့  ရွက်လွှင့်​ခဲ့​ကြ​၏။ အီဂျစ်​ပြည် အလက်ဇန္ဒြီးယား​မြို့မှ ဂျုံ​စပါး​တင်ဆောင်​သော သင်္ဘော​ကြီး​ပေါ်​ပြောင်း​တက်​ကာ အနောက်ဘက်​ရှိ ကနိဒ်​မြို့​သို့ ခရီးဆက်​ခဲ့​ကြသည်။ သူတို့​စီစဉ်​ထား​သည့် လမ်းကြောင်း​အတိုင်း အစ်​ဂျီ​ယန်​ပင်လယ်​ကို​ဖြတ်​ပြီး ဂရိ​နိုင်ငံ​အစွန်အဖျား​မှ ရွက်လွှင့်​၍ ရောမမြို့​သို့ မ​ရောက်​နိုင်​ခဲ့​ကြ​ချေ။ လေပြင်း​တိုက်ခတ်​မှု​က တောင်ဘက်​ရှိ ကရေတေ​ကျွန်း​နှင့် ယင်း​၏ ကမ်းခြေ​များ​ရှိ လေ​ကွယ်ရာ​သို့ ဦးတည်​စေ​ခဲ့​သည်။ ထို​တွင် ဖဲ​ဟေ​ဗင်​ဟူသော ဆိပ်ကမ်း​၌ သင်္ဘော​ကပ်​ခဲ့​ကြသည်။ “ကရေတေ​ကျွန်း​မှ . . . လွှင့်” သောအခါ “ဥ​ရု​က​လု​ဒုန်​အမည်​ရှိသော လေပြင်း​မုန်တိုင်း” သည် သင်္ဘော​ကို “တစ်​ဟု​န်​တည်း ဆောင်​သွား” လေ​၏။ ဂျုံ​စပါး​တင်ဆောင်​သော လေးလံ​သည့်​သင်္ဘော​ကြီး​သည် ဆ​ယ့်​လေး​ည​အထိ “အရပ်​လေးမျက်နှာ​သို့ လူး​လာ​သွား” ခဲ့​သည်။ နောက်ဆုံး​သော် ဂရိ​ကျမ်းစာ​က မေလိတေ​ဟု​ခေါ်​သော ကျွန်း​ပေါ်​တွင် လူ ၂၇၆ ဦး​ပါ​သော သင်္ဘော​ပျက်​ခဲ့​သည်။—တမန်​တော် ၂၇:၁–၂၈:၁

နှစ်များ​တစ်လျှောက် ဤ​မေလိတေ​သည် အဘယ်​ကျွန်း​ဖြစ်သည်​နှင့်​ပတ်သက်​၍ အမျိုးမျိုး​အဆိုပြု​ခဲ့​ကြပြီ။ အချို့​က ခရိုအေးရှား​ကမ်းခြေ မလှမ်းမကမ်း​မှ အေ​ဒ​ရီ​အက်​ဒစ်​ပင်လယ်​ထဲ​ရှိ ယနေ့ မေး​လ​ရက်​ကျွန်း​ဟု ခေါ်​ကြသော၊ မေလိတေ​အေ​လီ​ရီ​ကာ​ကျွန်း​ဖြစ်သည်ဟု ယူဆကြ​၏။ သို့သော် ထို​ကျွန်း​ဖြစ်​နိုင်​ဖွယ်​မရှိ​ချေ၊ အကြောင်း​မှာ ပေါလု​၏​နောက်​တစ်ဆင့် ဆက်၍​သွား​သည့်​ခရီးလမ်း​ကြောင်း​မှာ သုရကုတ်၊ စစ္စလီ​နှင့် ယင်း​မှ အီတလီ​နိုင်ငံ​၏ အနောက်ဘက်​ကမ်းရိုးတန်း​ဖြစ်​ရာ မြောက်ပိုင်း​ရှိ အဆိုပါ​မေး​လ​ရက်​ကျွန်း​နှင့် မည်သို့​မျှ​ချိတ်ဆက်​ကြည့် ၍​မရ​ပေ။—တမန်​တော် ၂၈:၁၁-၁၃

မေလိတေ​သည် ယခု​မော်​လ်​တာ​ကျွန်း​ဟု လူ​တို့​သိ​ကြသော မေလိတေ အာဖရိကန်​နပ်စ်​ကျွန်း​ကို ရည် ညွှန်း​သည်​ဟု ကျမ်းစာ​ဘာသာပြန်​သူ​အများစုက ကောက်ချက်​ချ​ကြသည်။ ပေါလု​လိုက်ပါ​လာသော​သင်္ဘော နောက်ဆုံး​ဆိုက်ကပ်​ခဲ့​သည့် ဆိပ်ကမ်း​မှာ ကရေတေ​ကျွန်း​မှ ဖဲ​ဟေ​ဗင်​ဆိပ်ကမ်း​ဖြစ်သည်။ ထို့နောက် လေပြင်း​မုန်တိုင်း​ကြောင့် အနောက်ဘက် ကောဒ​ကျွန်း​သို့ လွှင့်​သွားခဲ့သည်။ ထို​လေပြင်း​ကြောင့် သင်္ဘော​သည် ရက်ပေါင်း​များစွာ လွှင့်​ခဲ့​ရသည်။ လေ​ဟု​န်​စီး​သွားသော သင်္ဘော​သည် အနောက်ဘက်​ဝေးဝေး​သို့ လွှင့်​သွားပြီး မော်​လ်​တာ​ကျွန်း​သို့​ရောက်သွား​ခြင်း​သည် အမှန်တကယ်​ယု တ္တိ ရှိ၏။

တိုက်​မြဲ​လေ၊ “မျော​သွား​သည့်​အရပ်နှင့် မျော​သွား​သည့်​နှုန်း” ကို​သုံးသပ်ကြည့်​ရာ​တွင် ကာ​နီ​ဘဲ​နှင့် ဟောက်​စ​န်​တို့​က စိန့်​ပေါလ်​၏​ဘဝ​အသက်တာ​နှင့်​စာ​များ​ဟူသော​စာအုပ်​တွင် ဤသို့​ဖော်ပြ​သည်– “က​လော်​ဒါ​ကျွန်း [သို့​မဟုတ်၊ ကောဒ​ကျွန်း] နှင့် မော်​လ်​တာ​ကျွန်း အကွာအဝေး​သည် မိုင်​ပေါင်း ၄၈၀ မရှိ​ချေ။ တိုက်ဆိုင်မှု​သည် အလွန်​ထူးခြားသော​ကြောင့် ဆ​ယ့်​လေးရက်မြောက်​ည​တွင် သင်္ဘောသား​များ [ချဉ်းကပ်​ခဲ့​သော] ကမ်း​သည် မော်​လ်​တာ​ကျွန်း​မှ​လွဲ​၍ အခြား​ကျွန်း​မဖြစ်​နိုင်​ဟု ထင်မြင်​ယူဆ​စ​ရာ​အကြောင်း မရှိသလောက်​ပင်။ မော်​လ်​တာ​ကျွန်း​ဖြစ်​ဖို့ ဖြစ်​နိုင်​ခြေ​များစွာ​ရှိ၏။”

အခြား​အရပ်ဒေသ​ဖြစ်​မည်​ဟု​အဆိုပြု​ကြသော်လည်း ပူးတွဲ​ပါ​မြေပုံ​၌​တွေ့ ရှိ​ရသော မော်​လ်​တာ​ကျွန်း​ပေါ် သင်္ဘော​ပျက်​ခြင်း​သည် ကျမ်းစာ​မှတ်တမ်း​နှင့် ကိုက်ညီ​ဟန်​ရှိ၏။

[စာမျက်နှာ ၂၀ ပါ မြေပုံ/ ရုပ်ပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ယေရုရှလင်

ကဲသရိ

ဇိဒုန်

မုရ

ကနိဒ်

ကရေတေ

ကောဒ

မော်​လ်​တာ

စစ္စလီ

သုရကုတ်

ရောမ

မေး​လ​ရက်

ဂရိ

စက်​ဖ​လိုး​နီး​ယား