ယေဟောဝါ၊ ‘ဘေးရောက်သည်ကာလ၌ ကျွန်ုပ်တို့၏ခိုလှုံရာ’
ယေဟောဝါ၊ ‘ဘေးရောက်သည်ကာလ၌ ကျွန်ုပ်တို့၏ခိုလှုံရာ’
‘ဖြောင့်မတ်သောသူတို့၏ကယ်တင်ခြင်းအမှုကို ယေဟောဝါ စီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။’—ဆာလံ ၃၇:၃၉။
၁၊ ၂။ (က) တပည့်များ၏အကျိုးအတွက် ယေရှု အဘယ်အရာ တောင်းလျှောက်ခဲ့သနည်း။ (ခ) ကမ္ဘာပေါ်ရှိ ကိုယ်တော့်လူတို့နှင့်ပတ်သက်၍ ဘုရားသခင့်အလိုတော်ကား အဘယ်နည်း။
ယေဟောဝါသည် အတိုင်းအဆမဲ့တန်ခိုးရှင် ဖြစ်တော်မူ၏။ ကိုယ်တော်အားတည်ကြည်ကြသည့် ဝတ်ပြုကိုးကွယ်သူများကို ကိုယ်တော်အလိုရှိသည့် မည်သည့်နည်းဖြင့်မဆို ကာကွယ်ရန် တန်ခိုးရှိတော်မူ၏။ ကိုယ်တော်၏လူမျိုးကို ဤလောကမှ ပကတိသီးခြားခွဲထားပြီး လုံခြုံငြိမ်သက်သည့် ဝန်းကျင်တွင် နေရာချပေးထားနိုင်တော်မူ၏။ ဤသို့သော အံ့ဖွယ်ကယ်လွှတ်မှုမျိုးကို ကိုယ်တော်လုပ်ဆောင်ပေးနိုင်တော်မူကြောင်း ယေရှုအသိအမှတ်ပြုခဲ့သည်။ တပည့်များနှင့်ပတ်သက်၍ ကောင်းကင်ခမည်းတော်ထံ ယေရှုဤသို့ဆုတောင်းခဲ့၏– “ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။”—ယောဟန် ၁၇:၁၅။
၂ ကျွန်ုပ်တို့ကို “ဤလောကမှနုတ်ယူ” ရန် ယေဟောဝါ အလိုရှိတော်မမူပါ။ ယင်းအစား ကိုယ်တော်၏အလိုတော်မှာ ဤလောကသားများနှင့် ကျွန်ုပ်တို့ အတူနေထိုင်ပြီး နှစ်သိမ့်မှုပေး၍ မျှော်လင့်ချက်ရှိစေသည့် ကိုယ်တော်၏ သတင်းတရားကို ကြွေးကြော်ရန်ဖြစ်သည်။ (ရောမ ၁၀:၁၃-၁၅) သို့သော် ယေရှု၏ဆုတောင်းချက်တွင် ဖော်ပြသကဲ့သို့ ဤလောကတွင် နေထိုင်ခြင်းဖြင့် ‘မတရားသူ’ ၏ရန်ကို ခံရကြသည်။ နာခံမှုမရှိသူတို့နှင့် နတ်ဆိုးအင်အားစုတို့သည် နာကျင်မှုဝေဒနာများစွာ ဖြစ်ပေါ်စေကြ၏၊ ခရစ်ယာန်များလည်း ကိုယ်စိတ်ဆင်းရဲမှုများနှင့် မကင်းပါ။—၁ ပေတရု ၅:၉။
၃။ ယေဟောဝါ၏ တည်ကြည်သောကိုးကွယ်သူများပင်လျှင် အဘယ်အဖြစ်မှန်ကို ရင်ဆိုင်ရကြသနည်း၊ သို့သော် ဘုရားသခင့်နှုတ်မြွက်တော်မှ အဘယ်နှစ်သိမ့်မှုရသနည်း။
၃ ဤသို့သောစုံစမ်းနှောင့်ယှက်မှုများကြောင့် အခိုက်အတန့် စိတ်ဓာတ်ကျခြင်းသည် သဘာဝပင်ဖြစ်သည်။ (သု. ၂၄:၁၀) သမ္မာကျမ်းစာမှတ်တမ်း၌ စိတ်ဆင်းရဲခဲ့ကြသည့် တည်ကြည်သူများစွာအကြောင်း ပါရှိသည်။ ‘ဖြောင့်မတ်သောသူသည် များစွာသောဆင်းရဲကို ခံရသော်လည်း ထာဝရဘုရားသခင်သည် ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏’ ဟုဆာလံဆရာက ဆိုသည်။ (ဆာလံ ၃၄:၁၉) မှန်ပါသည်၊ “ဖြောင့်မတ်သောသူ” ပင် အခြေအနေဆိုးများ ကြုံရတတ်သည်။ ဆာလံဆရာဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ “နုန့်နဲ့ခြင်း၊ ကြေကွဲခြင်းရှိ” နိုင်ပါသည်။ (ဆာလံ ၃၈:၈) သို့သော် ‘ထာဝရဘုရားသခင်သည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့အနီးတွင် ရှိတော်မူ၏။’—ဆာလံ ၃၄:၁၈; ၉၄:၁၉။
၄၊ ၅။ (က) နယပုံပြင် ၁၈:၁၀ အရ ဘုရားသခင့်ကာကွယ်မှုရရှိရန် အဘယ်အရာပြုလုပ်ရမည်နည်း။ (ခ) ဘုရားသခင့်ထောက်မမှုရရန် ကျွန်ုပ်တို့ပြုလုပ်နိုင်သည့် အရာအချို့ကား အဘယ်နည်း။
၄ ယေရှု၏ဆုတောင်းချက်အတိုင်းပင် ယေဟောဝါသည် ကျွန်ုပ်တို့ကို အမှန်ကြည့်ရှုစောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည် ဆာလံ ၃၇:၃၉) နယပုံပြင်ကျမ်းက ဤသို့ဆိုရာ အလားတူ အသုံးအနှုန်းကို အသုံးပြုထား၏– ‘ယေဟောဝါ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။’ (သု. ၁၈:၁၀) ဤကျမ်းချက်က ယေဟောဝါဖန်ဆင်းထားသောသတ္တဝါများအပေါ် ကိုယ်တော်၏သနားကြင်နာမှုနှင့်စပ်လျဉ်း၍ အခြေခံအမှန်တရားကို ဖော်ပြ၏။ ကျွန်ုပ်တို့သည် အကာအကွယ်ရရန် ရဲတိုက်တစ်ခုအတွင်း ပြေးဝင်သကဲ့သို့ ဘုရားသခင်အား ထက်သန်စွာရှာဖွေသော ဖြောင့်မတ်သူများကို ကိုယ်တော်အထူးကာကွယ်၏။
‘ဘေးရောက်သည်ကာလ၌ ကျွန်ုပ်တို့၏ခိုလှုံရာ’ ဖြစ်တော်မူ၏။ (၅ စိတ်ဆင်းရဲစရာပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင် အကာအကွယ်ရရန် ယေဟောဝါထံ မည်သို့ပြေးသွားနိုင်သနည်း။ ယေဟောဝါ၏ အကူအညီရရန် ကျွန်ုပ်တို့ပြုလုပ်နိုင်သည့် အရေးပါသောအရာသုံးခုကို သုံးသပ်ကြည့်ကြစို့။ ဦးဆုံး၊ ကောင်းကင်ခမည်းတော်ထံ ဆုတောင်းရမည်။ ဒုတိယ၊ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်မှုကို လိုက်နာသင့်သည်။ တတိယ၊ ကျွန်ုပ်တို့၏ စိတ်ဆင်းရဲမှုကို လျော့နည်းစေနိုင်သည့် ခရစ်ယာန်ချင်းတို့နှင့်ပေါင်းသင်းခြင်းဖြင့် ယေဟောဝါ၏အစီအစဉ်ကို လက်အောက်ခံရမည်။
ဆုတောင်းခြင်းတန်ခိုး
၆။ စစ်မှန်သောခရစ်ယာန်များသည် ဆုတောင်းခြင်းကို မည်သို့ရှုမြင်ကြသနည်း။
၆ ကျန်းမာရေးပါရဂူအချို့က ဆုတောင်းခြင်းသည် စိတ်ဓာတ်ကျမှုနှင့် စိတ်ဖိစီးမှုအတွက် ကုထုံးဖြစ်သည်ဟု ဆိုကြသည်။ ဆုတောင်းခြင်းကဲ့သို့ တစ်ခဏ အေးအေးဆေးဆေး စဉ်းစားတောတွေးနေခြင်းသည် စိတ်ဖိစီးမှု လျော့ပါးသွားစေနိုင်သကဲ့သို့ တချို့သော သဘာဝဝန်းကျင် အသံများ သို့မဟုတ် ကျောကုန်းကို တဖြည်းဖြည်း နှိပ်နယ်ပေးခြင်းတို့သည်ပင် ဖိစီးမှုလျော့စေနိုင်၏။ စစ်မှန်သောခရစ်ယာန်များသည် ဆုတောင်းခြင်းကို စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုအဖြစ် အသေးအဖွဲကိစ္စဟု မယူမှတ်ကြပါ။ ဆုတောင်းခြင်းကို ဖန်ဆင်းရှင်နှင့် ရိုသေလေးမြတ်စွာ ဆက်သွယ်ခြင်းအဖြစ် ကျွန်ုပ်တို့ရှုမြင်ကြသည်။ ဆုတောင်းခြင်းတွင် ဘုရားသခင်အား ဆည်းကပ်ကိုးကွယ်မှုနှင့် ယုံကြည်ကိုးစားမှုတို့ ပါဝင်သည်။ မှန်ပါ၏၊ ဝတ်ပြုကိုးကွယ်ခြင်းတွင် ဆုတောင်းခြင်းပါဝင်သည်။
၇။ ယုံကြည်စိတ်ချစွာဆုတောင်းခြင်းဟုဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း၊ ထိုသို့သောဆုတောင်းချက်များသည် စိတ်ဆင်းရဲမှုကို မည်သို့ရင်ဆိုင်ဖြေရှင်းစေနိုင်သနည်း။
၇ ကျွန်ုပ်တို့ဆုတောင်းကြရာတွင် ယေဟောဝါအား ယုံကြည်ကိုးစားသည့်သဘောရှိရမည်။ တမန်တော်ယောဟန် ဤသို့ရေးသားခဲ့၏– “ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် ဘုရားသခင်သည် နားထောင်တော်မူ၏။” (၁ ယောဟန် ၅:၁၄) အမြင့်မြတ်ဆုံးအရှင်၊ တစ်ဆူတည်းသောစစ်မှန်သည့်အရှင်၊ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင် ယေဟောဝါသည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်သူများ၏ စိတ်ထက်သန်စွာတောင်းဆိုသည့် ဆုတောင်းချက်များကို အထူးနားညောင်းတော်မူ၏။ ယင်းက လူ့အရေးကိစ္စများတွင် ဘုရားသခင် ကြားဝင်ခြင်းဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို နားထောင်သည့်အခါတိုင်း ထိုသို့ပြုတော်မူ၏။ ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုများ၊ ပြဿနာများကိုတင်ပြသည့်အခါ မေတ္တာရှင်ဘုရားသခင်သည် နားထောင်တော်မူကြောင်း သိရှိရခြင်းသည် နှစ်သိမ့်မှုပေး၏။—ဖိလိပ္ပိ ၄:၆။
၈။ တည်ကြည်သောခရစ်ယာန်များသည် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါထံ ချဉ်းကပ်ရာတွင် မဝံ့မရဲ သို့မဟုတ် မထိုက်တန်ဟူသောခံစားချက်တို့ အဘယ်ကြောင့် မဖြစ်သင့်သနည်း။
၈ တည်ကြည်သောခရစ်ယာန်များသည် ဆုတောင်းခြင်းအားဖြင့် ယေဟောဝါထံ ချဉ်းကပ်ကြသည့်အခါ မဝံ့မရဲ၊ မထိုက်တန်ဟူသောခံစားချက်၊ ဟေရှာယ ၄၉:၁၃; ၂ ကောရိန္သု ၇:၆) အထူးသဖြင့် ကိုယ်စိတ်ဆင်းရဲချိန်တွင် ခိုလှုံရာဖြစ်သည့် ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်ထံ ယုံကြည်စိတ်ချစွာ ချဉ်းကပ်ရန်လိုသည်။
သို့မဟုတ် ယုံကြည်စိတ်ချမှုမရှိခြင်းတို့ မဖြစ်သင့်ပါ။ ကျွန်ုပ်တို့စိတ်ပျက်နေသည့်အခါ၊ သို့မဟုတ် ပြဿနာများ ရင်ဆိုင်နေရသည့်အခါ ဆုတောင်းခြင်းဖြင့် ယေဟောဝါထံချဉ်းကပ်ရန် အမြဲ စဉ်းစားချင်မှစဉ်းစားပေမည်။ ထိုသို့သောအခြေအနေမျိုးများတွင် ယေဟောဝါသည် “ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ” ကြောင်း၊ “နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူ” ကြောင်း သတိရသင့်သည်။ (၉။ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ထံချဉ်းကပ်ရာတွင် ယုံကြည်ခြင်းသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်သနည်း။
၉ ဆုတောင်းခြင်းအခွင့်ထူးမှ အကျိုးအပြည့်အဝခံစားရရန် စစ်မှန်သည့်ယုံကြည်ခြင်းရှိရမည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ယုံကြည်ခြင်းသည် ဘုရားသခင် “ရှိတော်မူသည်” ကိုယုံခြင်းထက်မကပါ။ စစ်မှန်သောယုံကြည်ခြင်းတွင် ဘုရားသခင်၏စွမ်းပကားနှင့် ကိုယ်တော်အားနာခံသည့် ဘဝလမ်းစဉ်လိုက်သူတို့ကို ကိုယ်တော်ဆုချလိုစိတ်ရှိကြောင်း အခိုင်အမာယုံကြည်ခြင်းတို့လည်း ပါဝင်သည်။ ‘ထာဝရဘုရားသခင်သည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။’ (၁ ပေတရု ၃:၁၂) ယေဟောဝါသည် ကျွန်ုပ်တို့ကို မေတ္တာဖြင့် အစဉ်မပြတ်ဂရုစိုက်နေကြောင်း သိရှိထားခြင်းက ကျွန်ုပ်တို့၏ ဆုတောင်းချက်များကို အထူးအဓိပ္ပာယ်ပြည့်ဝစေသည်။
၁၀။ ကျွန်ုပ်တို့သည် ယေဟောဝါထံမှ ဝိညာဉ်အစာရရှိလိုလျှင် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် မည်သို့ဖြစ်သင့်သနည်း။
၁၀ နှလုံးအပြည့်ဖြင့် ဆုတောင်းသည့်အခါ ယေဟောဝါ နားညောင်းတော်မူ၏။ ဆာလံဆရာ ဤသို့ရေးသားခဲ့၏– ‘အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ အော်ဟစ်ပါ၏။ အိုထာဝရဘုရားသခင် နားထောင်တော်မူပါ။’ (ဆာလံ ၁၁၉:၁၄၅) ဘာသာတရားများစွာ၏ ဘာသာရေးအခမ်းအနား ဆုတောင်းချက်များနှင့်မတူဘဲ ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် ဝတ်ကျေတမ်းကျေ သို့မဟုတ် စိတ်မပါ့တပါ မဟုတ်ပါ။ “စိတ်နှလုံးအကြွင်းမဲ့” ဖြင့် ယေဟောဝါထံ ကျွန်ုပ်တို့ဆုတောင်းသည့်အခါ ကျွန်ုပ်တို့၏ စကားလုံးများသည် အဓိပ္ပာယ်ပြည့်ဝပြီး ရည်ရွယ်ချက်ရှိသည်။ ထိုသို့စိတ်အားထက်သန်စွာ ဆုတောင်းပြီး ‘ထမ်းရွက်ရသောဝန်ကို ထာဝရဘုရားသခင်၌ချထား’ ခြင်းကြောင့် စိတ်သက်သာမှုရကြသည်။ သမ္မာကျမ်းစာကတိပြုသည့်အတိုင်း ကိုယ်တော်သည် ကျွန်ုပ်တို့ကို “မစတော်မူမည်။”—ဆာလံ ၅၅:၂၂; ၁ ပေတရု ၅:၆၊ ၇။
ဘုရားသခင့်ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ အထောက်အမဖြစ်
၁၁။ ကျွန်ုပ်တို့သည် အကူအညီရရန် “ဆက်၍တောင်း” သည့်အခါ ယေဟောဝါအဖြေပေးသည့် နည်းတစ်နည်းကား အဘယ်နည်း။
၁၁ ယေဟောဝါသည် ဆုတောင်းချက်ကို နားထောင်သောအရှင်ဖြစ်သည်သာမက အဖြေပေးတော်မူသောအရှင်လည်း ဖြစ်၏။ (ဆာလံ ၆၅:၂) ဒါဝိဒ်က “ဘေးရောက်သည်ကာလ ကိုယ်တော်ကိုခေါ်ပါမည်။ ကိုယ်တော်လည်း ထူးတော်မူတတ်ပါ၏” ဟုရေးသားခဲ့သည်။ (ဆာလံ ၈၆:၆၊ ၇) သို့ဖြစ်၍ ယေရှုက “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်” ဖြစ်သောကြောင့် ယေဟောဝါ၏အကူအညီရရန် “ဆက်၍တောင်းကြလော့” ဟုတပည့်များကို အားပေးခဲ့သည်။ (လုကာ ၁၁:၉-၁၃၊ ကဘ) မှန်ပါသည်၊ ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားသည် ကိုယ်တော့်လူမျိုးအတွက် အထောက်အမ၊ သို့မဟုတ် နှစ်သိမ့်ပေးသူအဖြစ် အကျိုးဆောင်သည်။—ယောဟန် ၁၄:၁၆၊ ကဘ။
၁၂။ ကျွန်ုပ်တို့၏ပြဿနာများသည် မခံရပ်နိုင်လောက်အောင်ဖြစ်သည့်အခါ ဘုရားသခင်၏ဝိညာဉ်တော်သည် မည်သို့အကူအညီပေးနိုင်သနည်း။
၁၂ စုံစမ်းနှောင့်ယှက်မှုများ ရင်ဆိုင်ရချိန်တွင်ပင် ဘုရားသခင့်ဝိညာဉ်တော်သည် “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ကို ကျွန်ုပ်တို့အား ပေးနိုင်သည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) ဖိစီးမှုအမျိုးမျိုး ကြုံခဲ့ရသူ တမန်တော်ပေါလုက ယုံကြည်စိတ်ချစွာဖြင့် ဤသို့ပြောခဲ့၏– “ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုကို ငါတတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄:၁၃၊ သမ္မာ) အလားတူပင် ယနေ့ ခရစ်ယာန်များသည် အသနားခံဆုတောင်းခဲ့ကြသောကြောင့် ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ခွန်အားအသစ် ပြန်လည်ရရှိကြသည်။ ဘုရားသခင့်ဝိညာဉ်တော်အကူအညီရရှိပြီးနောက် စိတ်ဆင်းရဲစရာပြဿနာများသည် မခံရပ်နိုင်လောက်အောင် မဖြစ်တော့ချေ။ ဘုရားသခင်ပေးသော ယင်းခွန်အားကြောင့် တမန်တော်ကဲ့သို့ ကျွန်ုပ်တို့ ဤသို့ပြောနိုင်ကြသည်– “ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကိုခံရသော်လည်း အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ။ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။”—၂ ကောရိန္သု ၄:၈၊ ၉။
၁၃၊ ၁၄။ (က) ယေဟောဝါသည် သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။ (ခ) ကျမ်းစာမူများ ကျင့်သုံးခြင်းက သင့်ကို မည်သို့ကူညီပေးခဲ့သနည်း။
၁၃ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အကျိုးအတွက် ဘုရားသခင်၏ နှုတ်မြွက်စကားများကို မှုတ်သွင်းရေးသား၊ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပြီ။ ယေဟောဝါသည် သမ္မာကျမ်းစာအားဖြင့် သု. ၃:၁၉-၂၄) သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ ဉာဏ်ရည်ဉာဏ်စွမ်းများကို လေ့ကျင့်ပေးပြီး ဆင်ခြင်နိုင်စွမ်းကို တိုးတက်စေသည်။ (ရောမ ၁၂:၁၊ ကဘ) သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုလေ့လာပြီး လက်တွေ့အသုံးပြုခြင်းအားဖြင့် “ကောင်းကျိုးမကောင်းကျိုးကို ပိုင်းခြား၍သိနိုင်သောဉာဏ်” ရရှိနိုင်သည်။ (ဟေဗြဲ ၅:၁၄) အခက်အခဲများ ရင်ဆိုင်ရသည့်အခါ သမ္မာကျမ်းစာမူများက ပညာရှိဆုံးဖြတ်ချက်များချရန် မည်သို့အထောက်အကူပြုခဲ့ကြောင်း သင်ကိုယ်တိုင်မြင်ခဲ့ရပေမည်။ သမ္မာကျမ်းစာသည် စိတ်ဆင်းရဲစရာပြဿနာများကို လက်တွေ့ဖြေရှင်းနိုင်သည့်နည်းများ ပြပေးနိုင်သည်။—သု. ၁:၁-၄၊ ကဘ။
ဘေးရောက်သည့်ကာလ၌ ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ကြောင်း မည်သို့သက်သေထူခဲ့သနည်း။ တစ်နည်းမှာ လက်တွေ့ကျဉာဏ်ပညာနှင့် တွေးတောဆင်ခြင်နိုင်စွမ်းတို့ကို ပေးခြင်းအားဖြင့်ဖြစ်သည်။ (၁၄ ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ခွန်အားပေးသော အခြားနည်းတစ်နည်းဖြစ်သည့် ကယ်တင်ခြင်းမျှော်လင့်ချက်ကိုလည်း ပေးသည်။ (ရောမ ၁၅:၄) ဆိုးသွမ်းမှုများသည် အစဉ်အမြဲရှိမည်မဟုတ်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ ကျွန်ုပ်တို့ခံစားရသော မည်သည့်ဆင်းရဲခြင်းမဆိုသည် ခေတ္တခဏသာဖြစ်သည်။ (၂ ကောရိန္သု ၄:၁၆-၁၈) ‘မုသာနှင့်ကင်းစင်တော်မူသော ဘုရားသခင်သည် ရှေးကာလကတည်းက ကတိထားတော်မူသော ထာဝရအသက် မျှော်လင့်ချက်’ ကျွန်ုပ်တို့၌ ရှိကြသည်။ (တိတု ၁:၁-၃) ကျွန်ုပ်တို့သည် ယေဟောဝါကတိထားတော်မူသော တောက်ပသည့်အနာဂတ်ကို အစဉ်အာရုံပြုပြီး ထိုမျှော်လင့်ချက်၌ ဝမ်းမြောက်ကြမည်ဆိုလျှင် အခက်အခဲကြုံရသောအခါ ခံနိုင်ရည်ရှိနိုင်မည်။—ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၁:၃။
အသင်းတော်—ဘုရားသခင့်မေတ္တာ ဖော်ပြချက်တစ်ရပ်
၁၅။ ခရစ်ယာန်များသည် အချင်းချင်းအတွက် မည်သို့ကောင်းချီးဖြစ်နိုင်သနည်း။
၁၅ စိတ်ဆင်းရဲသည့်အချိန်တွင် ကျွန်ုပ်တို့အတွက် အကူအညီဖြစ်မည့် ယေဟောဝါထံတော်မှ အခြား ပြင်ဆင်ပေးချက်တစ်ခုမှာ ခရစ်ယာန်အသင်းတော်တွင်ရရှိသည့် ပေါင်းသင်းဆက်ဆံမှုဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် [ဆင်းရဲခက်ခဲသည့်] ကာလအဖို့ မွေးဖွားလျက်ရှိ၏။” (သု. ၁၇:၁၇) အသင်းတော်ရှိသူအားလုံးသည် အချင်းချင်းဂုဏ်တင်ပြီး ချစ်ကြရန် သမ္မာကျမ်းစာက အားပေးထား၏။ (ရောမ ၁၂:၁၀) “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ” ဟု တမန်တော်ပေါလု ရေးသားခဲ့သည်။ (၁ ကောရိန္သု ၁၀:၂၄) ယင်းသဘောထားမျိုးက ကျွန်ုပ်တို့ကိုယ်တိုင်၏ စုံစမ်းနှောင့်ယှက်မှုထက် အခြားသူတို့ လိုအပ်သောအကူအညီကို အာရုံစိုက်စေသည်။ အခြားသူတို့အကျိုးအတွက် ကိုယ့်ကိုယ်ကိုပေးဆက်သည့်အခါ သူတို့ကိုကူညီပေးနိုင်ရုံမက ကိုယ်ကိုယ်တိုင် ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှု အတော်အသင့်ခံစားရရာ မိမိကိုယ်တိုင်၏ဝန်ထုပ်များကို ပို၍ခံသာစေသည်။—တမန်တော် ၂၀:၃၅။
၁၆။ ခရစ်ယာန်တစ်ဦးစီသည် အားရှိဖွယ်သြဇာ မည်သို့ဖြစ်နိုင်သနည်း။
၁၆ ဝိညာဉ်ရေးဘက်ရင့်ကျက်သူ အမျိုးသား၊ အမျိုးသမီးများသည် အရေးပါသောနည်းဖြင့် အခြားသူများကို ခွန်အားရှိစေနိုင်သည်။ ထိုသို့ပြုရန် သူတို့သည် မိမိတို့ကိုယ်ကို ချဉ်းကပ်လွယ်သူများ၊ ကူညီပေးဖို့အသင့်ရှိသူများ ဖြစ်စေကြသည်။ (၂ ကောရိန္သု ၆:၁၁-၁၃) လူငယ်များကို ချီးမွမ်းရန်၊ ယုံကြည်သူလူသစ်များကို တည်ဆောက်ပေးရန်၊ စိတ်ဓာတ်ကျသူများကို အားပေးရန် အားလုံးက အချိန်ပေးကြမည်ဆိုလျှင် အသင်းတော်သည် အမှန်ပင်ကောင်းချီးခံစားရသည်။ (ရောမ ၁၅:၇) ညီအစ်ကိုချင်းမေတ္တာသည် တစ်ဦးအပေါ်တစ်ဦး သံသယစိတ်ဝင်ခြင်းကို ရှောင်ရှားစေသည်။ ပုဂ္ဂိုလ်ရေးပြဿနာများသည် ဝိညာဉ်ရေးအားနည်းမှု၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု အလျင်အမြန်ကောက်ချက်မချသင့်ပါ။ ပေါလုက “စိတ်ငယ်သောသူတို့ကို အားပေးကြလော့” ဟု ခရစ်ယာန်များအား သင့်လျော်စွာ အားပေးထား၏။ (၁ သက်သာလောနိတ် ၅:၁၄) တည်ကြည်သောခရစ်ယာန်များပင် စိတ်ဆင်းရဲမှုခံကြရကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။—တမန်တော် ၁၄:၁၅။
၁၇။ ခရစ်ယာန်ညီအစ်ကိုနှောင်ကြိုးကို ခိုင်မြဲစေရန် အဘယ်အခွင့်အရေးများရှိသနည်း။
၁၇ ခရစ်ယာန်အစည်းအဝေးများသည် အချင်းချင်းနှစ်သိမ့်အားပေးရန် အခွင့်ကောင်းရရှိစေသောနေရာဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) အသင်းတော်စည်းဝေးများ၌သာ ဤသို့အပြန်အလှန်မေတ္တာပြနိုင်သည်မဟုတ်။ ဘုရားသခင့်လူမျိုးသည် အခြားသာမန်အချိန်များတွင်လည်း အကျိုးရှိရှိပေါင်းသင်းနိုင်ခွင့် ရှာကြံကြသည်။ စိတ်ဆင်းရဲစရာအခြေအနေများ ပေါ်ပေါက်လာသည့်အခါလည်း ခိုင်မာသောမိတ်ဆွေနှောင်ကြိုး ရှိနှင့်နေပြီဖြစ်သောကြောင့် အချင်းချင်းအကူအညီပေးရန် အသင့်ရှိကြ၏။ တမန်တော်ပေါလု ဤသို့ရေးခဲ့၏– “ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ အင်္ဂါများတို့သည် အချင်းချင်း . . . သတိပြု . . . [သင့်]၏။ သို့ဖြစ်၍၊ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါတစ်ခုသည် ချီးမြှောက်ခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။”—၁ ကောရိန္သု ၁၂:၂၅၊ ၂၆။
၁၈။ စိတ်ဓာတ်ကျသည့်အခါ အဘယ်သဘောထားမျိုး ရှောင်သင့်သနည်း။
၁၈ သု. ၁၈:၁၊ သမ္မာ) ညီအစ်ကို၊ ညီအစ်မများသည် ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်ကြောင်း ဖော်ပြချက်ဖြစ်သည်။ ထိုမေတ္တာပါပြင်ဆင်ပေးချက်ကို အသိအမှတ်ပြုမည်ဆိုလျှင် စိတ်ဆင်းရဲချိန်တွင် စိတ်သက်သာရာရလိမ့်မည်။
တစ်ခါတစ်ရံ ခရစ်ယာန်ချင်းတို့နှင့်ပေါင်းသင်းလိုစိတ်မရှိသည်အထိ အလွန့်အလွန် စိတ်ဓာတ်ကျနေပေမည်။ ယုံကြည်သူချင်းများပေးနိုင်သည့် နှစ်သိမ့်မှုနှင့် အကူအညီကို လက်မလွတ်စေရန် ဤသို့သောစိတ်ထားမျိုးကို တိုက်ထုတ်သင့်သည်။ သမ္မာကျမ်းစာက ဤသို့သတိပေးထား၏– “သူတစ်ပါးနှင့် မရောနှောသောသူသည် မိမိအလိုဆန္ဒပြည့်စုံစေရန်သာ ရှာဖွေ၍ ပညာလမ်းအတိုင်းမလိုက်ဘဲ မကောင်းကြံစည်ပြုလုပ်တတ်၏။” (အပြုသဘောကို ထိန်းသိမ်းပါ
၁၉၊ ၂၀။ သမ္မာကျမ်းစာက အပျက်သဘောကို မည်သို့ငြင်းပယ်စေနိုင်သနည်း။
၁၉ စိတ်ပျက်အားလျော့၊ ဝမ်းနည်းသည့်အခါ အပျက်သဘော ဝင်လာရန် အလွန်လွယ်ကူသည်။ ဥပမာ၊ ဆင်းရဲခက်ခဲမှု ရင်ဆိုင်ရသည့်အခါ အချို့က အခက်အခဲကြုံရခြင်းသည် ဘုရားသခင့် မျက်နှာသာမရသည့် လက္ခဏာဖြစ်သည်ဟု ကောက်ချက်ချပြီး မိမိတို့၏ ဝိညာဉ်ရေးကို သံသယဝင်လာနိုင်သည်။ သို့သော် ယေဟောဝါသည် “မကောင်းသောအရာ” တို့ဖြင့် မည်သူ့ကိုမျှ သွေးဆောင်တော်မမူကြောင်း သတိရပါ။ (ယာကုပ် ၁:၁၃) “[ဘုရားသခင်သည်] ဆင်းရဲစေလိုသောစိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်” ဟု သမ္မာကျမ်းစာဆို၏။ (မြည်တမ်းစကား ၃:၃၃) ထိုသို့ပြုမည့်အစား မိမိ၏ကျေးကျွန်များ ဆင်းရဲခံရသည့်အခါ ယေဟောဝါ အလွန်ဝမ်းနည်းတော်မူ၏။—ဟေရှာယ ၆၃:၈၊ ၉; ဇာခရိ ၂:၈။
၂၀ ယေဟောဝါသည် “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” ဖြစ်တော်မူ၏။ (၂ ကောရိန္သု ၁:၃) ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဂရုစိုက်တော်မူပြီး အချိန်တန်သည့်အခါ ချီးမြှောက်တော်မူမည်။ (၁ ပေတရု ၅:၆၊ ၇) ဘုရားသခင်၏ ချစ်ခင်မြတ်နိုးမှုကို အမြဲသတိပြုနေခြင်းက အပြုသဘောဆက်ရှိမည်သာမက ရွှင်လန်းမှုပင်ရှိစေမည်။ ယာကုပ် ဤသို့ရေးခဲ့၏– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်[လော့]။” (ယာကုပ် ၁:၂) အဘယ်ကြောင့်နည်း။ သူဤသို့အဖြေပေး၏– “စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ကတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။”—ယာကုပ် ၁:၁၂။
၂၁။ မည်သို့သောအခက်အခဲများကိုပင် ကျွန်ုပ်တို့ကြုံတွေ့ရပါစေ ဘုရားသခင်အပေါ် တည်ကြည်သူများအား ကိုယ်တော် မည်သို့အာမခံထားသနည်း။
၂၁ ယေရှုသတိပေးခဲ့သည့်အတိုင်းပင် ဤလောကတွင် ကျွန်ုပ်တို့ ဆင်းရဲခံရကြမည်။ (ယောဟန် ၁၆:၃၃) သို့သော် “ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း” တို့သည် ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့၏ ချစ်ခြင်းမေတ္တာမှ ကျွန်ုပ်တို့ကို မကွာစေနိုင်ဟု သမ္မာကျမ်းစာက ကတိပြုထားသည်။ (ရောမ ၈:၃၄-၃၆; ၈:၃၈၊ ၃၉) ကျွန်ုပ်တို့ကြုံတွေ့ရသော မည်သည့်စိတ်ဆင်းရဲစရာမဆိုသည် ခေတ္တသာဖြစ်ကြောင်း သိရခြင်းက နှစ်သိမ့်မှုဖြစ်စေသည်! လူအပေါင်းကြုံတွေ့ရသော ဆင်းရဲခက်ခဲခြင်းကင်းရှင်းသွားမည့်အချိန်ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြစဉ် ဤအတောအတွင်း မေတ္တာရှင်ခမည်းတော် ယေဟောဝါသည် ကျွန်ုပ်တို့ကို ကြည့်ရှုစောင့်မတော်မူ၏။ အကာအကွယ်ရရန် ကိုယ်တော့်ကိုအားကိုးမည်ဆိုလျှင် ကိုယ်တော်သည် “ညှဉ်းဆဲခြင်းကိုခံရသောသူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ” မည်။—ဆာလံ ၉:၉။
ကျွန်ုပ်တို့ အဘယ်အရာ သင်ယူခဲ့ရပြီနည်း
• ဤဆိုးသွမ်းသောလောက၌ အသက်ရှင်နေစဉ် အဘယ်အရာကို ခရစ်ယာန်များ မျှော်လင့်သင့်သနည်း။
• စုံစမ်းနှောင့်ယှက်မှုကြုံတွေ့ရသည့်အခါ ကျွန်ုပ်တို့၏ ထက်သန်သောဆုတောင်းချက်များက မည်သို့ ခွန်အားရှိစေနိုင်သနည်း။
• ဘုရားသခင့်ဝိညာဉ်တော်သည် မည်သို့အထောက်အမဖြစ်သနည်း။
• တစ်ဦးကိုတစ်ဦး မည်သို့ကူညီပေးနိုင်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် ခိုင်ခံ့သောရဲတိုက်တစ်ခုထဲ ပြေးဝင်သည့်အလား ယေဟောဝါကို ကိုးစားရမည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဝိညာဉ်ရေးတွင်ရင့်ကျက်သူများသည် အခွင့်အရေးရတိုင်း အခြားသူများကို ချီးမွမ်း၊ အားပေးကြ