မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လုပ်ဆောင်နိုင်သမျှမှာ အကောင်းဆုံးပဲ”

“လုပ်ဆောင်နိုင်သမျှမှာ အကောင်းဆုံးပဲ”

“လုပ်ဆောင်​နိုင်​သမျှ​မှာ အကောင်းဆုံး​ပဲ”

အဲ​လက်​စ္စစ်​သည် အသက်​ငါး​နှစ်​သားလေး​ဖြစ်​ပြီး မက္ကစီကို​နိုင်ငံ၊ မွန်​ရီး​လီ​ယား​မြို့တွင် နေထိုင်​သည်၊ သူ၏​မိဘတို့​သည် ကျမ်းစာ​လေ့လာ​နေကြ​ပြီး ယေဟောဝါသက်သေ​တို့၏ အစည်းအဝေး​များ​ကို တက်ရောက်​နေကြ​သည်။ သူ၏​မိသားစု​နှင့်အတူ တိုက်နယ်​စည်းဝေးပွဲ​တစ်ခု တက်ရောက်​စဉ် တစ်အိမ်​မှ​တစ်အိမ် ဟောပြောခြင်း​အကြောင်း သရုပ်ပြ​တစ်ခု​ကို သူ​သတိပြုမိ​သည်။ ထို​အခါ သူသည် ဖခင်​ဘက်​လှည့်​ကာ “အဖေ၊ အဖေ ဘာကြောင့်​သွားပြီး မဟောပြော​တာလဲ” ဟု​မေးခဲ့သည်။ ဖခင်​ဖြစ်သူက “ဟောပြောနိုင်​ဖို့ ကျမ်းစာ​လေ့လာ​နေတုန်းပဲ​လေ” ဟု​ပြန်ဖြေ​သည်။ အဲ​လက်​စ္စစ်​က– “အဖေ လုပ်ဆောင်​နိုင်​သမျှ​မှာ အဲ့​ဒါ​အကောင်းဆုံး​ပဲ” ဟု စိတ်အား​ထက်သန်​စွာ ပြန်​ပြော​ခဲ့​သည်။

ယေဟောဝါ​ကို​သိကျွမ်းခြင်း​ပညာ​နှင့်​အညီ လုပ်ဆောင်ရန်​လို​ကြောင်း ဤ​ကလေးငယ် သဘောပေါက်​သည်။ သူသည် သူ၏​ဝမ်းကွဲ​မောင်နှမ​များနှင့်​တစ်အိမ်​တည်း နေထိုင်​သောကြောင့် ဦးဆုံး ယေဟောဝါ​ထံ​ဆုတောင်း​ပြီး​မှ မိဘများ​သင်ကြား​ပေး​ထား​သည့် ကျွန်ုပ်​တို့၏​ကျမ်းစာ​ပုံပြင်​စာအုပ်​မှ သင်ယူ​သိရှိ​ခဲ့​သမျှ​တို့ကို သူ၏​ဝမ်းကွဲ​များ​အား တစ်ဆင့်​ပြန်​ပြောပြ​သည်။ အဲ​လက်​စ္စစ်​သည် စာ​မဖတ်​တတ်​သေး​သော်လည်း စာအုပ်​ထဲ​မှ ရုပ်ပုံများ​ကို​ကြည့်​ပြီး အကြောင်းအရာ​အားလုံး​ကို ကောင်းကောင်း​သိထား​၏။ ဘုရားသခင်​၏​ရည်ရွယ်ချက်​အကြောင်း မိမိ​သိရှိ​ထား​ရာ​များ​ကို တစ်အိမ်​မှ​တစ်အိမ် သွား​ပြောပြ​လို​ကြောင်း​ပြော​ခဲ့​သည်။

မှန်ပါသည်၊ ကြီးငယ်မဟူ မိမိတို့​ထံ​မှ “သန့်ရှင်းသော​ဘုရားသခင်” ယေဟောဝါ မျှော်လင့်​ထား​သည်​နှင့်​အညီ နေထိုင်​နိုင်​ပြီး လူမျိုးအပေါင်း​ကို ကိုယ်တော့်​အကြောင်း​သက်သေ​ခံရန် အကောင်းတကာ့ အကောင်းဆုံး​အခွင့်အရေး ရရှိ​ထား​ကြသည်။ (ဟေရှာယ ၄၃:၃; မဿဲ ၂၁:၁၆) လူတစ်ဦး​လုပ်ဆောင်​နိုင်​သမျှ​တွင် ယင်းသည် အကောင်းဆုံး​အလုပ်​ဖြစ်သည်​မှာ သေချာ​ပါ​သည်။