မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ ဖတ်ရှု​ရသည်ကို သင် သဘောကျခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ကော်န်ပလူတန်စီယန် ပိုလီဂလော့တ်​ကျမ်း​ဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့် ထူးခြား​သနည်း။

ယင်းသည် ဟေဗြဲ၊ ဂရိ​နှင့် လက်တင်​အပြင် အာရမိတ်​ဘာသာ​စကား တစ်စိတ်​တစ်ပိုင်း​တို့ကို ကော်လံ​များ​ယှဉ်လျက် ပုံနှိပ်​ထားသော၊ ထို​စဉ်​က ရရှိနိုင်​သည့် အကောင်းဆုံး ဘာသာစုံ​ကျမ်း​တစ်စောင်​ဖြစ်သည်။ ပိုလီဂလော့တ်​ကျမ်း​သည် မူရင်း ကျမ်းစာ​ဘာသာ​စကား​များနှင့်​အညီ ကျမ်း​ရင်း​စာသား​ကို ပြန်လည်​မွမ်းမံ​ရာ​၌ အလွန်​ကြီးကျယ်​သော ရှေ့ပြေး​ခြေလှမ်း​တစ်​လှမ်း​ဖြစ်​ခဲ့​သည်။—၄/၁၅၊ စာမျက်နှာ ၂၈-၃၁။

လူသား​တို့သည် ဘုရားသခင်​၏​စိတ်တော်​ကို မည်သို့​ရွှင်လန်း​စေနိုင်​သနည်း။

ယေဟောဝါ​သည် အမှန်တကယ်​အသက်ရှင်​သော ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်သော​ကြောင့် ကိုယ်တော်၌ စဉ်းစား​တွေးခေါ်​နိုင်စွမ်း၊ ပြုမူ​လုပ်ဆောင်​နိုင်စွမ်း​နှင့် ခံစားချက်​များ​ရှိ​တော်​မူ​၏။ ကိုယ်တော်​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​တော်​မူ​ပြီး ရည်ရွယ်တော်မူချက် ပြီးမြောက်​အောင်မြင်​သောအခါ အားရ​ကျေနပ်​တော်​မူ​၏။ (၁ တိမောသေ ၁:၁၁; ဆာလံ ၁၀၄:၃၁) ဘုရားသခင်​၏​စိတ်တော်​ကို ကျွန်ုပ်​တို့ ပို​သိမြင်​လာ​လေ ကိုယ်တော်​အား စိတ်​ရွှင်လန်း​စေရန် အဘယ်အရာ​ပြုလုပ်​ရမည်ကို ကျွန်ုပ်​တို့ ပို​သဘောပေါက်​လာ​လေ​ဖြစ်​မည်။—၅/၁၅၊ စာမျက်နှာ ၄-၇။

ဒါဝိဒ်​သည် သူ၏​ဇနီး​မိ​ခါ​လ​အား တေရပ်​ရုပ်တု​တစ်ခု အဘယ်ကြောင့်​ထား​ခွင့်ပြု​ခဲ့​သနည်း။

ရှောလုမင်း​က ဒါဝိဒ်​ကို​သတ်​ဖို့​ကြံစည်​သောအခါ မိ​ခါ​လ​သည် လူတစ်ဦး​၏​ပုံသဏ္ဌာန်​ရှိ​နိုင်သော ရုပ်တု​တစ်ခု​ကို ခုတင်​ပေါ်​တင်ထား​ပြီး ဒါဝိဒ်​လွတ်မြောက်​ရန် ကူညီ​ပေး​ခဲ့​သည်။ သူ၏​စိတ်နှလုံး​သည် ယေဟောဝါ​ရှေ့ စုံလင်ခြင်း​မရှိသော​ကြောင့် တေရပ်​ရုပ်တု​တစ်ခု ထား​ရှိ​ခြင်း​ဖြစ်​နိုင်​သည်။ ဒါဝိဒ်​သည် ထို​ကိစ္စ​ကို မသိ​ခြင်း​ဖြစ်​နိုင်​သကဲ့သို့ ရှောလုမင်း​၏ သမီးတော်​ဖြစ်သော​ကြောင့် ယင်းကို ခွင့်ပြု​ခဲ့​ခြင်း​လည်း ဖြစ်​နိုင်​သည်။ (၁ ရာဇဝင်ချုပ် ၁၆:၂၅၊ ၂၆)—၆/၁၊ စာမျက်နှာ ၂၉။

သွေး​နှင့်​ပတ်သက်သော ဘုရားသခင့်​မိန့်မှာချက်​က အဘယ်​အခြေခံ​အကြောင်းရင်းကို အာရုံစိုက်​စေ​သနည်း။

ရေလွှမ်းမိုးခြင်း​ပြီး​နောက်၊ မောရှေ​ပညတ်​နှင့် တမန်​တော် ၁၅:၂၈၊ ၂၉ ပါ​မိန့်မှာချက်​အားဖြင့် ဘုရားသခင်​သည် ယေရှု​သွန်းလောင်းခဲ့​သော​အသွေး အကျုံးဝင်​သည့် ပူဇော်ရာ​ယဇ်ကို အာရုံစိုက်​စေ​ခဲ့​သည်။ ထို​အသွေးတော်​အားဖြင့်​သာ ကျွန်ုပ်​တို့သည် အပြစ်လွှတ်​ခံရ​ပြီး ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​နိုင်​ပါ​မည်။ (ကောလောသဲ ၁:၂၀)—၆/၁၅၊ စာမျက်နှာ ၁၄-၁၉။

ယေရှု၏​အံ့ဖွယ်အမှု မည်မျှ​ကို သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သနည်း။

ယေရှု​ပြု​တော်​မူ​ခဲ့​သော အံ့ဖွယ်အမှု ၃၅ ခု​ကို ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​က ဖော်ပြ​သည်။ သို့သော် မှတ်တမ်းတင်​ခြင်း​မခံရ​သော အံ့ဖွယ်အမှု​များ​အပါအဝင် ကိုယ်တော်​၏​အံ့ဖွယ်အမှု အရေအတွက်​အတိအကျ​ကို​ကား ဖော်ပြ​မထား​ချေ။ (မဿဲ ၁၄:၁၄)—၇/၁၅၊ စာမျက်နှာ ၅။