မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ထိုက်တန်သူကို ရှာဖွေလော့’

‘ထိုက်တန်သူကို ရှာဖွေလော့’

‘ထိုက်တန်​သူကို ရှာဖွေ​လော့’

ကျွန်ုပ်​တို့၏​ခရစ်နှစ်​ပထမ​ရာစု​တွင် ဒမာသက် [ဒ​မား​စ်​ကပ်​စ်] မြို့​သည် စီးပွားရေး​ဖွံ့ဖြိုး​သော​မြို့​တစ်မြို့​ဖြစ်​ခဲ့​သည်။ သစ်သီးခြံ​များ​ဝိုင်းရံ​လျက်​ရှိရာ အရှေ့ဘက်​အရပ်​များ​မှ ကုလားအုတ်​ယာဉ်​တန်း​များ​အတွက် အို​အေ​စစ်​ပ​မာ​ဖြစ်၏။ ယေရှု​ခရစ်​သေဆုံး​ပြီး​မကြာမီ ဒမာသက်​မြို့တွင် ခရစ်ယာန်​အသင်းတော်​တစ်ခု တည်ရှိ​ခဲ့​သည်။ ထို​အသင်းသားများ​တွင် စီ.အီး. ၃၃ က ယေရုရှလင်​မြို့၌​ကျင်းပ​ခဲ့​သော ပင်တေကုတ္တေပွဲ​အတွင်း ယေရှု၏​နောက်လိုက်​များ​ဖြစ်လာ​ကြ​မည့် ဂျူး​များ​ပါဝင်​သည်။ (တမန်​တော် ၂:၅၊ ၄၁) သတေဖန်​ကို ကျောက်ခဲ​နှင့်​ပေါက်သတ်မှု​ဖြစ်​ပြီး​နောက် နှိပ်စက်​ညှဉ်းပန်းမှု ဖြစ်ပေါ်​လာသော​အခါ ယုဒပြည်​မှ တပည့်​အချို့​သည် ဒမာသက်​မြို့​သို့ တိမ်းရှောင်​ထွက်ပြေး​ခဲ့​ကြ​မည်။—တမန်​တော် ၈:၁

ဖြစ်​နိုင်​သည်​မှာ စီ.အီး. ၃၄ အတွင်း ဒမာသက်​မြို့မှ အာနနိ​အမည်​ရှိသူ ခရစ်ယာန်​တစ်ဦး​သည် ထူးခြားသော​တာဝန်​တစ်ခု​ကို ရရှိခဲ့​၏။ သခင်​အရှင်​က သူ့ကို ဤသို့​ဆို​၏– “သင်သည်​ထ၍ လမ်း​ဖြောင့်​အမည်​ရှိသော​လမ်း​သို့​သွားလော့။ ရှောလု​အမည်​ရှိသော တာရှု​မြို့သား​ကို ယုဒ​၏​အိမ်​၌ ရှာဖွေ​လော့။ အကြောင်း​မူ​ကား၊ ထို​သူသည် ဆုတောင်း​လျက်​နေ​၏။”—တမန်​တော် ၉:၁၁

လမ်း​ဖြောင့်​အမည်​ရှိသော​လမ်း​သည် တစ်မိုင်​ခန့် ရှည်​ပြီး ဒမာသက်​မြို့လယ်​ကောင်​တွင်​ရှိ၏။ ပူးတွဲ​ပါ ၁၉ ရာစု​မှ ထွင်း​ပုံ​ကို​ကြည့်​ပြီး ရှေးခေတ်​မှ အဆိုပါ​လမ်းကို သင်​ပုံဖော်​ကြည့်​နိုင်​သည်။ လမ်း​၏​ဖွဲ့စည်းပုံ​အနေအထား​ကြောင့် အာနနိ​သည် ယုဒ​၏​အိမ်ကို အချိန်​အနည်းငယ်​ကြာ ရှာယူ​ခဲ့​ရ​ပေမည်။ သို့သော် အာနနိ​သည် အိမ်ကို​ရှာတွေ့ခဲ့​ရာ နောက်ဆုံး​တွင် ရှောလုသည် သတင်းကောင်းကို ဇွဲရှိ​ရှိ​ကြေညာ​သော တမန်​တော်​ပေါလု​ဖြစ်လာ​လေ​သည်။—တမန်​တော် ၉:၁၂-၁၉

ယေရှုသည် တပည့်​များ​ကို​စေလွှတ်​ပြီး သတင်းကောင်း​နှင့် ‘ထိုက်တန်​သူများကို ရှာဖွေ’ ရန် မိန့်မှာ​ခဲ့​၏။ (မဿဲ ၁၀:၁၁) အာနနိ​သည် ရှောလု​ကို လိုက်လံ​ရှာဖွေခဲ့​ရ​ပုံ​ရှိသည်။ အာနနိ​ကဲ့သို့​ပင် ယေဟောဝါသက်သေ​များသည် ထိုက်တန်​သူများကို ဝမ်းသာ​အားရ​ရှာဖွေကြ​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို သူတို့​လက်ခံ​ကြသောအခါ အလွန်​ပျော်ရွှင်​ကြ​၏။ ထို​သူတို့ကို​ရှာတွေ့​ခြင်း​သည် ကြိုးပမ်း​ရကျိုးနပ်​စေပါ​သည်။—၁ ကောရိန္သု ၁၅:၅၈

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မျက်မှောက်ခေတ် “လမ်း​ဖြောင့်​အမည်​ရှိသော​လမ်း”

[Picture Credit Line on page 32]

From the book La Tierra Santa, Volume II, 1830