မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ပင်လယ်စည်းစိမ်”

“ပင်လယ်စည်းစိမ်”

ယေဟောဝါ​၏​ဖန်ဆင်း​ခြင်း​လက်ရာ ခံ့ညား​ထည်ဝါမှု

“ပင်လယ်​စည်းစိမ်”

နေဝင်​ဆည်း​ဆာ​အချိန်တွင် လေပြည်​လေညင်း​က ပင်လယ်ရေ​မျက်နှာပြင်​ကို​မွှ့ေ​လိုက်​ရာ ကမ်း​စပ်​သို့ ရေလှိုင်း​များ အသာအယာ​ရိုက်ခတ်​လေ​သည်။ စိတ်​ချမ်းမြေ့​စ​ရာ လှိုင်း​ပု​တ်​သံ​သည် အေးအေးဆေးဆေး၊ အနားယူ​ရန် ကမ်းခြေ​သို့ အုပ်စု​လိုက်​လာ​ကြ​သူများ​အတွက် အကြီးအကျယ်​ဆွဲဆောင်မှု​ဖြစ်သည်။ *

ကမ္ဘာ​တစ်ဝန်း​ရှိ မိုင်​ပေါင်း​ထောင်နှင့်ချီ​၍​ရှည်​သော ကမ်းရိုးတန်း​များ​တွင် ထိုသို့​သော​ကမ်းခြေ​များ​ရှိသည်။ သဲပြင်​နှင့် ရေ​ကို​ပိုင်းခြား​ပေး​သော အစဉ်​ပြောင်းလဲ​နေသည့် ဤ​နယ်​သတ်​မျဉ်း​သည် ပင်လယ်​ပိုင်နက်​ကို နယ်နိမိတ်​သတ်မှတ်​ပေး​သည်။ ဖန်ဆင်း​ရှင်​က ထိုသို့​ပုံစံ​ပြု​ထားခြင်း​ဖြစ်၏။ ဘုရားသခင်​ကိုယ်တော်တိုင် “သမုဒ္ဒရာ . . . နယ်နိမိတ်​အဖြစ် သဲပြင်​ကို သတ်မှတ်” ထား​ကြောင်း မိန့်တော်မူ​ခဲ့​၏။ “လှိုင်း​တံပိုး​ခတ်​သော်လည်း မ​နိုင်။ ဟု​န်း​သံ​ပြု​သော်လည်း မ​ကျော်​ရ” ဟု​ထပ်ဆင့်၍ ကိုယ်တော်​မိန့်တော်မူ၏။—ယေရမိ ၅:၂၂သ​မ; ယောဘ ၃၈:၈; ဆာလံ ၃၃:၇

ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​သည် နေ​အဖွဲ့အစည်း​ရှိ အခြား​မည်သည့်​ဂြိုဟ်​နှင့်​မျှ​မတူဘဲ အမှန်ပင် ရေ​ပေါကြွယ်​သော​ဂြိုဟ်​တစ်လုံး​ဖြစ်သည်။ ကမ္ဘာ​မြေကြီး​၏ ၇၀ ရာခိုင်နှုန်း​ကျော်​ကို ရေ​ဖုံးလွှမ်း​ထား​၏။ လူ​တို့​နေထိုင်ဖို့ ကမ္ဘာ​မြေကြီးကို ပြင်ဆင်​သောအခါ ယေဟောဝါ​က “မိုးကောင်းကင်​အောက်​၌​ရှိသော​ရေ တစ်​နေရာ၌​စုဝေး​စေ၊ ကုန်းပေါ်​စေ” ဟု​စီရင်​ပြဋ္ဌာန်း​ခဲ့​သည်။ သို့​နှင့် “အမိန့်တော်​ရှိသည်​အတိုင်း ဖြစ်​လေ​၏။” မှတ်တမ်းက “ကုန်း​ကို မြေ​ဟူသော​အမည်​ဖြင့်​လည်းကောင်း၊ ရေ​စုဝေးရာ​ကို ပင်လယ်​ဟူသော​အမည်​ဖြင့်​လည်းကောင်း ဘုရားသခင်​ခေါ်ဝေါ်​သမုတ်​တော်​မူ​၍ ထို​အမှုအရာ​ကောင်း​သည်ကို ဘုရားသခင်​မြင်တော်မူ​၏” ဟု​ဆက်ဆို​သည်။ (ကမ္ဘာဦး ၁:၉၊ ၁၀သမ္မာ) အဏ္ဏဝါ​ပင်လယ်​တည်ရှိခြင်း​က အဘယ်​အကျိုးပြု​သနည်း။

ပင်လယ်​သမုဒ္ဒရာ​ရေ​သည် သက်ရှိ​များ​ကို ထောက်ပံ့​ရန် ထူးခြားသော​နည်း​များစွာ​ဖြင့် ပုံစံ​ပြု​ထား​ခံရ​သည်။ ဥပမာ၊ ရေ​သည် အပူ​ထိန်း​နိုင်စွမ်း​ရှိ၏။ ထို့​ကြောင့် သမုဒ္ဒရာ​တို့သည် အပူ​သိုလှောင်​ကန်ကြီး​အဖြစ် ဆောင်း​ရာသီ​တွင် အအေး​မ​လွန်​စေရန် ထိန်းပေး​သည်။

ရေ​တွင် အသက်ကို​ထောက်ပံ့​ပေး​နိုင်သော​စွမ်းအင် နောက်​တစ်မျိုး​ရှိသည်။ အခြား​မည်သည့်​အရည်​ထက်​မဆို အရာဝတ္ထု​များ​ကို အလွယ်တကူ အရည်ပျော်​စေနိုင်​သည်။ ဓာတု​ဓာတ်ပြု​မှုများ​ကြောင့် အသက်​ဖြစ်​စဉ် တည်ရှိ​နိုင်​သည်​ဖြစ်​ရာ ဓာတ်ပြု​တတ်သော​ဒြပ်​ဝတ္ထု​များ​ကို အရည်ပျော်​စေပြီး ၎င်းတို့၏​မော်လီကျူး​များ​ကို ဓာတ်​ပေါင်း​ဖြစ်စေ​ဖို့ ရေလို​အပ်​သည်။ သက်ရှိ​တစ်ရှူး​များ​၌ တွေ့ ရှိ​ရသော ဓာတု​ဒြပ်​ပေါင်း​များစွာ​တွင် ရေ​ပါရှိ​သည်။ အဏ္ဏဝါ​ပင်လယ်​ဟူသော​စာအုပ်​က ဤသို့​ဆို​၏– “သက်ရှိ​ဟူသ၍၊ ကုန်းမြေ​ပေါ်​ရှိ​အပင်များ​နှင့် တိရစ္ဆာန်​များ​ပင်​လျှင် အဆုံး​၌ သမုဒ္ဒရာ​များ​မှ အရင်း​တည်​လာ​ရမည့် ရေ​ကို လိုအပ်​ကြသည်။”

ကမ္ဘာ့​လေထု​ကို​သန့်စင်​ရာ​၌​လည်း ကမ္ဘာ့​ပင်လယ်​သမုဒ္ဒရာ​များသည် အရေးပါသော​အခန်းကဏ္ဍ​မှ ပါဝင်​သည်။ သမုဒ္ဒရာ​များ​ရှိ မျော​လှေး​ပိုးမွှား​တို့သည် ကာဗွန်​ဒို​င်​အောက်​ဆို​ဒ်​ကို​စုပ်ယူ​ပြီး အောက်ဆီဂျင်ကို ထုတ်လွှတ်​ပေး​သည်။ သုတေသီ​တစ်ဦး​အရ “နှစ်စဉ်​နှစ်​တိုင်း ကမ္ဘာ့​လေထု​ရှိ အရန်​အောက်ဆီဂျင် ၇၀ ရာခိုင်နှုန်း​မှာ ပင်လယ်​ထဲ​ရှိ မျော​လှေး​များ​ထံ​မှ​ဖြစ်သည်။”

ထို့​အပြင် ပင်လယ်​သမုဒ္ဒရာ​တို့သည် အနာ​ရောဂါ​ကုသ​ဖို့ သဘာဝ​ဆေး​ဖက်​ဝင်​ပစ္စည်း​များ ထုတ်​လုပ်ပေး​နိုင်​သည်။ ငါး​အဆီ​ကို ဆေးဝါး​အဖြစ် အသုံးပြု​ခဲ့​သည်​မှာ ရာစုနှစ်များစွာ​ရှိပြီ။ ငါး​ကြီး​ဆီ​ကို လူ​တို့​အသုံးပြု​ခဲ့​သည်​မှာ ကြာ​ပေ​ပြီ။ မကြာသေးမီ​က ပန်း​နာ​ရင်​ကြပ်​ရောဂါ​ကုသ​ရန်၊ ဗိုင်းရပ်စ်​ပိုး​များနှင့် ကင်ဆာ​ရောဂါ​ကို ကာကွယ်​တားဆီး​ရန် ငါး​နှင့် အခြား​ပင်လယ်​သတ္တဝါများ​မှ​ရသော ဓာတု​ပစ္စည်း​များ​ကို အသုံးပြု​ခဲ့​ကြသည်။

သမုဒ္ဒရာ​ထွက်​ပစ္စည်း​များနှင့် ဝန်ဆောင်မှု​များ​၏ အကျိုးကျေးဇူးများ​ကို ခန့်မှန်း​ကြည့်​ဖို့ ကြိုးပမ်း​ခဲ့​ကြပြီ။ အတိအကျ​ကောက်ချက်​မချ​နိုင်​သေး​သော်လည်း ကမ္ဘာချီ​ဂေဟစနစ်​ဝန်ဆောင်မှု​များ​၏ အကျိုးကျေးဇူး သုံးပုံနှစ်ပုံ​ခန့်​ကို သမုဒ္ဒရာ​များ​မှ​ရရှိ​သည်​ဟု သုတေသီ​များ​ခန့်မှန်း​ခဲ့​ကြသည်။ အဏ္ဏဝါ​ပင်လယ်​ကို ဖန်ဆင်း​ခဲ့​သည့်​ရည်ရွယ်ချက်​ရှိကြောင်း၊ သက်ရှိ​များ​လိုအပ်ရာ​ကို ဖြည့်ဆည်း၊ ထောက်ပံ့​ပေး​ဖို့​ဖြစ်​ကြောင်းကို ယင်းက အတည်ပြု​သည်။ ယင်းသည် “ပင်လယ်​စည်းစိမ်” ဟု သမ္မာကျမ်းစာ​ခေါ်ဆို​ရာ​နှင့် အမှန်တကယ်​ကိုက်ညီ​ပါ​သည်!—တရားဟောရာ ၃၃:၁၉

ယေဟောဝါ​သည် ဤ​စည်းစိမ်​ဘဏ္ဍာ​၏ မဟာ​ပုံစံ​ပြု​ရှင်​နှင့် ဖန်ဆင်း​ရှင်​အဖြစ် ဂုဏ်တင်​ခံရ​ပါ​သည်။ အောက်ပါ​စကား​များ​ဖြင့် ကိုယ်တော်​အား ချီးမွမ်း​ရန် နေဟမိ​စေ့ဆော်​ခံ​ခဲ့​ရ၏– ‘ကိုယ်တော်​သာ​လျှင် ယေဟောဝါ​ဖြစ်​တော်​မူ​၏။ အမြင့်ဆုံး​သော​ကောင်းကင် . . . ကိုလည်း​ကောင်း၊ ပင်လယ်​နှင့် ပင်လယ်​၌​ပါ​သမျှ​တို့ကို​လည်းကောင်း ဖန်ဆင်း​တော်​မူ​၏။ အလုံးစုံ​တို့ကို စောင့်မ​တော်​မူ​၏။’—နေဟမိ ၉:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေ​များ​၏ ၂၀၀၄ ပြက္ခဒိန် စက်တင်ဘာ/အောက်တိုဘာ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ရေ၊ လေ​နှင့် လှိုင်း​များ

ရေ​နှင့် လေ​ကြောင့် လှိုင်းလုံး​ကြီး​များ​ဖြစ်ပေါ်​လာပြီး အမေရိကန်​ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား​ပြည်နယ်​ရှိ ဤ​ကဲ့သို့​သော ကျောက်​ကမ်းပါးယံ​များ​ကို တ​ဝုန်း​ဝုန်း ရိုက်ခတ်​လေ​သည်။ ရေလှိုင်း​လုံး​ကြီး​များသည် ထိတ်လန့်စရာ​အင်အား​ကို ထင်ရှားပြ​ရာ ပင်လယ်​သမုဒ္ဒရာ​၏ အံ့ဖွယ်​သဏ္ဌာန်​တစ်ခု အစဉ်​ဖြစ်​ခဲ့ပြီ။ ၎င်းတို့သည် ဖန်ဆင်း​ရှင်​၏​တန်ခိုး​ကြီးမားမှု​ကို အံ့ဖွယ်​နည်းဖြင့် သတိပေး​လျက်​ရှိသည်။ ယေဟောဝါ​သည် “သမုဒ္ဒရာ​လှိုင်း​တံပိုး​ကို နင်း” တော်​မူ​သော​အရှင်ဖြစ်​၏။ ကိုယ်တော်​၏ “တန်ခိုးတော်​အားဖြင့် သမုဒ္ဒရာ​ကို​ဆုံးမ​တော်​မူ​၏။ ပညာတော်​အားဖြင့် သူ၏​မာန​ကို​ချိုးဖျက်​တော်​မူ​၏။” (ယောဘ ၉:၈; ၂၆:၁၂) အမှန်​မှာ ‘ရေ​များ​ဟု​န်း​သံ​နှင့်​တကွ သမုဒ္ဒရာ​လှိုင်း​တံပိုး​တို့သည် အားကြီး​သည်ထက် ယေဟောဝါ​သည် မြင့်သော​အရပ်၌ သာ၍​တန်ခိုး​ကြီး​တော်​မူ​၏။’—ဆာလံ ၉၃:၄

သဲ​ပန်း​ပု​လက်ရာများ

အခါ​အား​လျော်​စွာ ပင်လယ်​ကမ်းခြေ​သည် ဤ​တွင်​မြင်တွေ့ရ​သော တောင်​အာဖရိက၊ နမီးဘီးယား​ကမ်းရိုးတန်း​ရှိ သဲ​ခုံ​များ​ကဲ့သို့​သော သဲ​ပန်း​ပု​လက်ရာ​ကြီး​များ​ကို ဖြစ်ပေါ်​စေ​လေ့​ရှိသည်။ သဲပြင်​ကို ပုံစံ​မျိုးစုံ ပုံဖော်​ပေး​ရာ​တွင် လေ​သည် အ​ခရာ​ပင်။ သဲသောင်​ခုံ​အချို့​မှာ သဲ​ခင်​တန်း​လေး​များ​မျှ​သာ ဖြစ်ပုံရ​သော်လည်း အခြား​သဲသောင်​ခုံ​များ​မူ အမြင့်ပေ ၁,၃၀၀ ရှိသည်။ ၎င်း​သဲ​ပမာဏ​ကြီးမား​များပြား​မှု​က “သမုဒ္ဒရာ​သဲလုံး​ကဲ့သို့” ဟူသော ကျမ်းစာ​အသုံးအနှုန်း​ကို နားလည်စေ​၏။ မရေမတွက်​နိုင်သော၊ တိုင်းတာ​ရ​ခက်​သော​အရာ​ကို ရည်ညွှန်း​၍ အသုံးပြု​ထားသော​စကား​ဖြစ်သည်။ (ကမ္ဘာဦး ၂၂:၁၇) လှိုင်း​လေထန်​သော ပင်လယ်​၏ ကျူးကျော်မှု​ကို တားဆီး​ပေး​သော၊ ပညာ​သားပါ​သည့် ဤ​လှိုင်းကာ​သဲတန်း​ကို ပုံစံ​ပြုသော​သခင်၊ ဖန်ဆင်း​ရှင်​ရှေ့မှောက် ကျွန်ုပ်​တို့ အံ့သြ​မိန်းမော​ကြ​ရ​ပေ​သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

နေဝင်​ဆည်း​ဆာ​ကမ်းရိုးတန်း၊ ဘီယာ​ဖ​ရာ​ပင်လယ်ကွေ့၊ ကဲ​န်​မ​ရွန်း