မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ဖတ်ရှုရာကို မြင်ယောင်ကြည့်နိုင်သလော

သင်ဖတ်ရှုရာကို မြင်ယောင်ကြည့်နိုင်သလော

သင်​ဖတ်ရှု​ရာ​ကို မြင်ယောင်​ကြည့်​နိုင်​သလော

အဖြစ်အပျက်​များ​ကို သင်​မြင်ယောင်​ကြည့်​ရန် သင်​ဖတ်ရှု​နေသော​အကြောင်းအရာ​၏ နေရာ​ဒေသ​များ​ကို အကျွမ်းတဝင်​ရှိလျှင်​ကောင်း​သည်။ ဥပမာ၊ တမန်တော်ဝတ္ထု​ကျမ်း​တွင် ဖော်ပြ​ထား​သည့် တမန်​တော်​ပေါလု​၏ ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​များ​ကို သုံးသပ်ကြည့်​ပါ။ ခရစ်တော်​၏​နောက်လိုက်​များ​ကို ခရစ်ယာန်​များ​ဟု ဦးဆုံး​ခေါ်​ခဲ့​သည့် အန္တိအုတ်မြို့​မှ ပေါလု​သည် သူ၏​ပထမ​ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​ကို စ​ထွက်​ခဲ့​၏။ ထို​မြို့မှ​တစ်ဆင့် ရှာ​လ​မိ၊ ပိသိဒိ​ပြည်​ရှိ အန္တိအုတ်၊ ဣကောနိ၊ လုတ္တရ​နှင့် ဒေရဗေ​အစ​ရှိသော မြို့များ​သို့ ခရီးဆက်​ခဲ့​၏။ အဆိုပါ​မြို့များ​သည် အဘယ်​နေရာတွင်​ရှိကြောင်း သင်​မြင်ယောင်​ကြည့်​နိုင်​သလော။

မြေပုံ​မ​ရှိလျှင် မြင်ယောင်​ကြည့်​နိုင်​မည်​မဟုတ်ပေ။ စာမျက်နှာ ၃၆ မျက်နှာ​ရှိ “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” ဘရိုရှာ​အသစ်​တွင် ထို​မြေပုံ​ပါရှိ​၏။ ယူ.အက်စ်.အေ.၊ မွန်​တာ​နာ​ပြည်နယ်​မှ စာရှုသူ​တစ်ဦး​က ကျေးဇူး​တင်​စွာ ဤသို့​ဆို​၏– “ပေါလု​ရဲ့​ခရီးစဉ်​တွေ​ကို အခု သိမြင်​နိုင်ပြီ၊ သူ​ခရီး​သွားခဲ့​ပုံ၊ သူနဲ့ တခြား​အစောပိုင်း​ခရစ်ယာန်​တွေ သတင်းကောင်း​ဟောပြောခဲ့​ပုံ​ကို​ပါ မြင်ယောင်​ကြည့်​နိုင်တယ်။ ဒီလောက်​သပ်ရပ်​လှပပြီး အထောက်အကူ​ပြု​တဲ့​စာအုပ်​အတွက် ကျေးဇူး​တင်​ပါ​တယ်။”

ပေါလု​ခရီးစဉ်​များ​၏​မြေပုံ​သည် ဤ​ဘရိုရှာ​တွင်​ပါရှိ​သော မြေပုံများ​စွာ​အနက် တစ်ခု​သာ​ဖြစ်၏၊ ၎င်း​တို့​ဖြင့် သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည့်​အကြောင်း​များ​ကို စာရှုသူ မြင်ယောင်​ကြည့်​နိုင်​ပါ​သည်။ □ပူးတွဲ​ပါ​ကူပွန်​ကို ဖြည့်စွက်​ကာ ဖော်ပြ​ထား​သည့်​လိပ်စာ သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏​စာမျက်နှာ ၂ တွင်​ပါ​သော သင့်လျော်ရာ​လိပ်စာ​သို့ စာတိုက်​မှ​ပေး​ပို့​၍ “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” စာစောင်​ကို မှာ​ယူ​နိုင်​ပါ​သည်။

[Picture Credit Line on page 32]

Pictorial Archive (Near Eastern History) Est.