အတောမသတ်ရှာဖွေခြင်း
အတောမသတ်ရှာဖွေခြင်း
“ရလေ၊ လိုလေ အိုမပြေ။”—ကမ္ဘာ့စောင့်ကြည့်ရေးအဖွဲ့၏အစီရင်ခံစာ။
“ဘာလိုချင်သလဲ။ အားလုံး။ ဘယ်အချိန်မှာ လိုချင်သလဲ။ အခုချက်ချင်း။” ဤဆောင်ပုဒ်သည် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ကောလိပ်ကျောင်းသားအချို့တွင် ရေပန်းစားခဲ့၏။ ယနေ့ ထိုဆောင်ပုဒ်အတိုင်း မပြောကြတော့သော်လည်း ယင်း၏အခြေခံယူဆချက်မှာ ကျန်ရှိနေသေးသည်။ မှန်ပါသည်၊ အတောမသတ်ရှာဖွေမှုသည် ကျွန်ုပ်တို့ခေတ်၏ အမှတ်တံဆိပ် ဖြစ်ပုံရသည်။
စည်းစိမ်ဥစ္စာရှာဖွေစုဆောင်းခြင်းသည် လူအများအတွက် အလွန်အရေးကြီးရာဖြစ်လာ၏။ တစ်ချိန်က အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ ဤသို့ပြောခဲ့သည်– “လူတစ်ဦး အဘယ်အရာပြုလုပ်သည်အားဖြင့်မဟုတ်ဘဲ အဘယ်အရာ ပိုင်ဆိုင်သည်အားဖြင့် သူ့ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိမြင်နေကြပြီ။” စည်းစိမ်ဥစ္စာများထက် သာ၍ တန်ဖိုးရှိသောအရာများ ရှိသလော။ ရှိမည်ဆိုလျှင် ယင်းတို့ကား အဘယ်နည်း၊ အဘယ်ကောင်းကျိုးများကို ဆောင်ကြဉ်းပေးမည်နည်း။