စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ခရစ်ယာန်အသင်းတော်သည် စားကြူးခြင်းကို မည်သို့ရှုမြင်သနည်း။
သောက်ကြူးခြင်းနှင့် စားကြူးခြင်းအကျင့်တို့သည် ဘုရားသခင့်အမှုတော်ဆောင်များနှင့် မအပ်စပ်သောအမူအကျင့်ဟု သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထား၏။ ထို့ကြောင့် ခရစ်ယာန်အသင်းတော်သည် ငမ်းငမ်းတက် စားကြူးသူတစ်ဦးကို သောက်ကြူးသူတစ်ဦးကဲ့သို့ ထပ်တူယူမှတ်ပေမည်။ စားကြူးသူနှင့် သောက်ကြူးသူတို့သည် ခရစ်ယာန်အသင်းတော်တွင် မပါဝင်နိုင်ကြချေ။
နယပုံပြင် ၂၃:၂၀၊ ၂၁ တွင်– “စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစားကြူးသောသူတို့ကို အပေါင်းအဖော်မလုပ်နှင့်။ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ရောက်လိမ့်မည်။ အိပ်ကြူးသောသဘောသည် လူကိုအဝတ်စုတ်နှင့်ခြုံတတ်၏” ဟုဖော်ပြထားသည်။ တရားဟောရာ ၂၁:၂၀ တွင် မောရှေပညတ်အရ အသေသတ်ခြင်းခံထိုက်သည့် “ဆိုးသောသူ၊ ခက်ထန်သောသဘောရှိသူ” တစ်ဦးအကြောင်း ကျွန်ုပ်တို့ဖတ်ရှုရသည်။ ဤအခန်းငယ်အရ ထိုပုန်ကန်၍ စိတ်ခိုင်မာသော စရိုက်နှစ်မျိုးစလုံးရှိသူသည် “စားကြူးသောသူ၊ သောက်ကြူးသောသူ” လည်းဖြစ်ကြောင်းသိရသည်။ ရှင်းနေသည်မှာ ရှေးဣသရေလနိုင်ငံတွင် ဘုရားသခင့်အမှုတော်ဆောင်လိုသူတို့သည် စားကြူးသူများ မဖြစ်ရကြချေ။
သို့သော် မည်သို့စားခြင်းသည် စားကြူးခြင်းဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ ခရစ်ယာန်ဂရိကျမ်းစာက မည်သို့ဆိုသနည်း။ စားကြူးသူသည် “လောဘကြီးပြီး ငမ်းငမ်းတက်စားသောက်သည့်အကျင့်ရှိသူတစ်ဦးဖြစ်သည်” ဟုအဓိပ္ပာယ်ဖွင့်နိုင်သည်။ ထို့ကြောင့် တစ်ချက်အနေနှင့် စားကြူးခြင်းသည် ၁ ကောရိန္သု ၆:၉၊ ၁၀; ဖိလိပ္ပိ ၃:၁၈၊ ၁၉; ၁ ပေတရု ၄:၃) ထို့ပြင် တမန်တော်ပေါလုက ခရစ်ယာန်များအား “ဇာတိပကတိအကျင့်များ” ကိုရှောင်ရန် သတိပေးသည့်အခါ “ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်” များအကြောင်း သူဖော်ပြခဲ့သည်။ (ဂလာတိ ၅:၁၉-၂၁) သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းတို့နှင့် စားကြူးခြင်း ဒွန်တွဲလေ့ရှိသည်။ ထို့ပြင် “ထိုသို့သောအကျင့်” ဟုပေါလုဆိုရာတွင် စားကြူးခြင်းလည်း အမှန်ပါဝင်ပေသည်။ အခြား “ဇာတိပကတိအကျင့်များ” ကျင့်သူတို့ကဲ့သို့ပင် စားကြူးသူဖြစ်ကြောင်း လူသိများသည့် ခရစ်ယာန်တစ်ဦးသည် ထိုလောဘကြီးသည့်အကျင့်ကို ခေါင်းမာမာဖြင့် မဖျက်လျှင် အသင်းတော်မှ နှင်ထုတ်ရပေမည်။—၁ ကောရိန္သု ၅:၁၁၊ ၁၃ *
လောဘကြီးခြင်းတစ်မျိုးဖြစ်ပြီး သမ္မာကျမ်းစာက “လောဘလွန်ကျူးသောသူ” သည် ဘုရားသခင့်နိုင်ငံတော်ကိုအမွေမခံရဟု ဖော်ပြထားသည်။ (သမ္မာကျမ်းစာက သောက်ကြူးသူကို စားကြူးသူနှင့် တတန်းတစားတည်းထားသော်လည်း စားကြူးသူထက် သောက်ကြူးသူကို အထင်အရှားသိမြင်နိုင်သည်။ သောက်ကြူးခြင်းလက္ခဏာကို အများအားဖြင့် သိရှိမြင်တွေ့ နိုင်သည်။ သို့သော် အပြင်ပန်းကြည့်ရုံဖြင့်သာ မသတ်မှတ်နိုင်သောကြောင့် ငမ်းငမ်းတက် စားကြူးသူတစ်ဦးပါဟူ၍ သတ်မှတ်ရန်ပိုခက်ခဲသည်။ ထို့ကြောင့် ဤကိစ္စကိုကိုင်တွယ်ဖြေရှင်းရာတွင် အသင်းတော်ရှိအကြီးအကဲများသည် အလွန်ဂရုစိုက် ပိုင်းခြားသိမြင်ရန်လိုသည်။
သာဓကအနေနှင့် အဝလွန်ခြင်းသည် စားကြူးသည့်လက္ခဏာဖြစ်နိုင်သော်လည်း အမြဲတမ်းထိုသို့မဟုတ်ပေ။ ရောဂါကြောင့် အဝလွန်တတ်သည်။ မျိုးရိုးလိုက်ခြင်းကြောင့်လည်း အဝလွန်နိုင်၏။ ထို့ပြင် အဝလွန်ခြင်းသည် ကာယပိုင်းအခြေအနေတစ်ခုဖြစ်ပြီး စားကြူးခြင်းမှာမူ စိတ်ပိုင်းဆိုင်ရာသဘောထားတစ်ခုဖြစ်ကြောင်း သိရှိထားရမည်။ အဝလွန်ခြင်းသည် “ခန္ဓာကိုယ်တွင် အဆီများလွန်းသည့်အခြေအနေတစ်ရပ်” ဖြစ်ပြီး စားကြူးခြင်းမှာမူ “လောဘကြီးခြင်း၊ အာသာငမ်းငမ်းစားခြင်း” ဖြစ်၏။ ထို့ကြောင့် စားကြူးခြင်းကို လူတစ်ဦး၏ ခန္ဓာကိုယ်အရွယ်အစားအားဖြင့်မဟုတ်ဘဲ အစားအသောက်အပေါ် သူ၏သဘောထားကိုကြည့်ပြီး ဆုံးဖြတ်ရပေမည်။ လူတစ်ဦးသည် သာမန်ခန္ဓာကိုယ်အရွယ်အစား သို့မဟုတ် ပိန်ပိန်လေးပင်ဖြစ်သော်လည်း စားကြူးသူဖြစ်နိုင်သည်။ ထို့ပြင် အနေတော်ခန္ဓာကိုယ်အလေးချိန်နှင့် ပုံပန်းကိုရှုမြင်ပုံသည် တစ်နေရာနှင့်တစ်နေရာ မတူကြချေ။
စားကြူးခြင်း၏လက္ခဏာများကား အဘယ်နည်း။ စားကြူးသူတစ်ဦးသည် ချုပ်တည်းခြင်းမရှိ မအီမသာဖြစ်သည့်အထိ၊ သို့မဟုတ် အော့အန်သည့်အထိ လောဘကြီးစွာ ငမ်းငမ်းတက်စားတတ်သည်။ သူ၏ချုပ်တည်းမှုမရှိခြင်းက ယေဟောဝါနှင့် ကိုယ်တော့်လူမျိုးတော်၏ ဂုဏ်သတင်းညှိုးနွမ်းမည်ကို သူလုံးဝမစဉ်းစားကြောင်းဖော်ပြနေသည်။ (၁ ကောရိန္သု ၁၀:၃၁) အခြားတစ်ဖက်တွင်မူ ရံဖန်ရံခါ အစာစားများသွားသောသူကို “လောဘကြီးသူ” ဟု အလိုအလျောက်မရှုမြင်သင့်ပေ။ (ဧဖက် ၅:၅) မည်သို့ဆိုစေ၊ ဂလာတိ ၆:၁ အရ အဆိုပါခရစ်ယာန်တစ်ဦးသည် အကူအညီလိုပေမည်။ ပေါလု ဤသို့ပြောခဲ့၏– “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော [မကောင်းမှု] ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။”
စားကြူးခြင်းကိုရှောင်ဖို့ သမ္မာကျမ်းစာ၏ဆုံးမစကားသည် အထူးသဖြင့် ယနေ့တွင် အဘယ်ကြောင့်အရေးကြီးသနည်း။ အကြောင်းမှာ အထူးသဖြင့် ကျွန်ုပ်တို့အချိန်နှင့်ပတ်သက်၍ ယေရှု ဤသို့သတိပေးထား၍ဖြစ်၏– “သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လော [က] စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတစ်ပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။” (လုကာ ၂၁:၃၄၊ ၃၅) စားကြူးခြင်းကိုရှောင်ခြင်းသည် ဝိညာဉ်ရေးပျက်စီးစေသည့်ဘဝပုံစံကို ရှောင်ကြဉ်သည့် အရေးပါသောနည်းတစ်နည်းဖြစ်သည်။
တော်သင့်ရုံဖြစ်ခြင်းသည် ခရစ်ယာန်အကျင့်ကောင်းတစ်ခုဖြစ်၏။ (၁ တိမောသေ ၃:၂၊ ၁၁၊ ကဘ) ထို့ကြောင့် တော်သင့်ရုံစားသောက်ရန် သမ္မာကျမ်းစာအကြံပေးချက်ကို စိတ်အားထက်သန်စွာလိုက်နာသူများအား ယေဟောဝါအမှန်ကူညီပါလိမ့်မည်။—ဟေဗြဲ ၄:၁၆။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ကင်းမျှော်စင် မေ ၁၊ ၁၉၈၆ [လိပ်]ထုတ် “စာရှုသူများထံမှ မေးခွန်းလွှာ” ရှု။