မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘လေ့ကျင့်မှုအတွက် ဝမ်းသာမိ’

‘လေ့ကျင့်မှုအတွက် ဝမ်းသာမိ’

‘လေ့ကျင့်မှု​အတွက် ဝမ်းသာ​မိ’

အင်္ဂလိပ်​စကားပြော​ပြိုင်ပွဲ​တွင် ဝင်ရောက်​ယှဉ်ပြိုင်​ရန် ဆရာ​ဖြစ်သူက ပြော​လာသော​အခါ လုံမငယ်​ကာ​ဇူ​နာ အံ့အားသင့်​သွား​သည်။ ဂျပန်​နိုင်ငံ​မြောက်ဘက် ဟော့​ကိုင်း​ဒိုး​ကျွန်းကြီး​ပေါ်​ရှိ အထက်တန်း​ကျောင်း​အားလုံး ဝင်ရောက်​ယှဉ်ပြိုင်​ခွင့်​ရှိသည်၊ သို့သော် သူတို့​ကျောင်း​မှ ကျောင်းသား​တစ်ဦးမျှ ယခင်​က ဝင်​မ​ပြိုင်​ခဲ့​ဖူး​ချေ။ ယှဉ်ပြိုင်​သည့်​နေ့​ရောက်​သော် အခြား​ကျောင်းသူ/သား ၅၀ ခန့်​နှင့် ယှဉ်ပြိုင်​ရမည်​ဖြစ်သော​ကြောင့် ကာ​ဇူ​နာ​မှာ စိုး​တ​ထိတ်​ထိတ်​ဖြစ်နေ​သည်။ အင်္ဂလိပ်​မိခင်​ဘာသာ​စကားပြော အကဲဖြတ်​လူကြီး​နှစ်ဦး​ကို တွေ့​လိုက်ရ​သောအခါ သူ​ပို​၍​ထိတ်လန့်​လာ​သည်။

အနိမ့်ဆုံး​ဆု​ရရှိ​သူ၏​အမည်​ကို အစချီ​ကာ အနိုင်​ရသူများကို ကြေညာ​ပေး​သည်။ ကာ​ဇူ​နာ​၏​အမည်​ကို နောက်ဆုံး​မှ​ကြေညာ​လိုက်​သည့်​အခါ အံ့သြ​လွန်း​၍ သူ​မှင်တက်​သွားခဲ့​ရသည်။ သူနှင့် သူ့​နံဘေး​တွင်​ထိုင်​နေသော​ဆရာ​မှာ တစ်ယောက်ကို​တစ်ယောက် တ​အံ့​တ​ဩ စူးစိုက်​ကြည့်​လိုက်​ကြသည်။ ထိတ်လန့်​နေဆဲ​ဖြစ်သော ကာ​ဇူ​နာ​သည် ပထမ​ဆု​အတွက် လက်ဆောင်​ပစ္စည်း​ယူ​ရန် စင်မြင့်​ပေါ်​သို့​သွားခဲ့သည်!

ပျော်ရွှင်​နေသော​ကာ​ဇူ​နာ​က ဤသို့​ရှင်းပြ​ခဲ့​သည်– “သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​က​တစ်ဆင့် ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​က​ပေး​တဲ့ လေ့ကျင့်မှု​ကြောင့်​သာ ကျွန်မ ဒီ​ဆု​ရခဲ့​တာ​ပါ။ ဒီလို​လေ့ကျင့်မှု​ရရှိတဲ့​အတွက် ဝမ်းသာ​မဆုံး​ပါ​ဘူး။” ငယ်​စဉ်​ကတည်းက ကာ​ဇူ​နာ​စာရင်း​သွင်း​ပါဝင်​ခဲ့​သော ထို​ကျောင်း​မှာ ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အစည်းအဝေး​တစ်ခု​ဖြစ်၏။ ယှဉ်ပြိုင်​ပွဲ​အတွက် ပြင်ဆင်​ရာ​တွင် ကာ​ဇူ​နာ​သည် မိုက်ကရိုဖုန်း​အသုံးပြုခြင်း၊ နွေးထွေးမှု​နှင့် စိတ်​ထက်သန်​စွာ​ပြောဆိုခြင်း၊ ကိုယ်ဟန်​အမူအရာ၊ ပရိသတ်​နှင့်​ဆက်သွယ်ခြင်း​အပြင် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် သင်ကြား​ပေး​သော တခြား​အကြောင်းအရာများ​ကို သူ​အထူး​အာရုံစိုက်ခဲ့​သည်။

ယေဟောဝါသက်သေ​များ​၏ ဒေသခံ​နိုင်ငံတော်​ခန်းမ​တွင် ပတ်စဉ်​ကျင်းပ​သော ဤ​ကျောင်း​ကို လာရောက်​လေ့လာ​ကြည့်​ပါ​ဟူသော ကျွန်ုပ်​တို့၏​ဖိတ်ခေါ်ချက်​ကို ကျေးဇူးပြု​၍ လက်ခံပါ​လေ။ လူကြီး၊ လူငယ်​မရွေး အကျိုး​ခံစားရ​ပုံ​ကို သင်​ကိုယ်တိုင် လာ​ကြည့်​ပါ။ အစည်းအဝေး​ကို လူတိုင်း​တက်ရောက်​နိုင်​ပါ​သည်။ သင့်​အိမ်​နှင့်​အနီးဆုံး​ကျောင်း​နှင့်​ပတ်သက်သော ထပ်ဆင့်​သတင်း​အချက်အလက်​များ​ရရှိဖို့ သင့်​နယ်မြေ​ရှိ ယေဟောဝါသက်သေ​များနှင့် ကျေးဇူးပြု​၍ ဆက်သွယ်​ပါ။