မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမေ့အပ်သောနေ့

မမေ့အပ်သောနေ့

မမေ့​အပ်သော​နေ့

ကိုယ်တော်​မသေဆုံးမီ​ည​တွင်​ယေရှု​ခရစ်​သည် တဆေးမဲ့​မုန့်​တစ်လုံး​နှင့် စပျစ်​ဝိုင်​တစ်ခွက်​ကို တမန်​တော်​များ​အား ကမ်းပေး​၍ သုံးဆောင်​ရန် ညွှန်ကြား​ခဲ့​သည်။ ကိုယ်တော်​က “ငါ့ကို​အောက်မေ့​ဖို့​ရာ ဤသို့​ပြု​ကြလော့” ဟူ၍လည်း မိန့်ဆိုခဲ့​၏။—လုကာ ၂၂:၁၉

ဤ​နှစ်​တွင် ၎င်း​အဖြစ်အပျက်​၏ နှစ်ပတ်လည်​နေ့​သည် မတ်​လ ၂၄ ရက်၊ ကြာသပတေး​နေ့၊ နေဝင် ပြီး​နောက်​တွင် ကျရောက်​သည်။ ကမ္ဘာ​တစ်ဝန်း​မှ ယေဟောဝါသက်သေ​များသည် ယေရှု​မိန့်မှာ​ခဲ့​သော​နည်း​အတိုင်း အောက်မေ့ရာပွဲ​တော်​ကို​ကျင်းပ​ရန် ဤ​အထူး​ည​တွင် စုဝေး​ကြ​ပါ​မည်။ သူတို့နှင့်​အတူပါ​ဝင်ရန် သင့်​အား လှိုက်လှိုက်လှဲလှဲ​ဖိတ်ခေါ်ပါ​သည်။ ဤ​အထူး​အစည်းအဝေး​ကျင်းပ​မည့် အချိန်​နှင့်​နေရာ​အတိအကျ​ကို​သိရှိ​ရန် ဒေသခံ​ယေဟောဝါသက်သေ​များ​ထံ​တွင် ကျေးဇူးပြု​၍​စုံစမ်း​ပါ။