အမူအကျင့်ကောင်းသည် ‘အရှင်ဘုရားသခင်၏ သွန်သင်ချက်ကို တန်ဆာဆင်’
အမူအကျင့်ကောင်းသည် ‘အရှင်ဘုရားသခင်၏ သွန်သင်ချက်ကို တန်ဆာဆင်’
ရုရှားနိုင်ငံ၊ ခရာစနေရာခ်မြို့မှ လူငယ်မာရီယာသည် သီချင်းအဆိုကောင်းသည့်အတွက် သူ၏ဆရာမက ကျောင်းသံပြိုင်တေးအဖွဲ့တွင် ပါဝင်သီဆိုစေသည်။ ထို့နောက် များမကြာမီ မာရီယာသည် ဆရာမတစ်ဦးထံ ရိုသေစွာချဉ်းကပ်၍ သီချင်းအချို့ကို မဆိုနိုင်ကြောင်း ရှင်းပြ၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘာသာရေးတေးသီချင်းများကို သီဆိုခြင်းသည် သူ၏ကျမ်းစာအခြေပြုခံယူချက်များနှင့် ဆန့်ကျင်နေ၍ဖြစ်သည်။ အံ့အားသင့်သွားသော ဆရာမက ‘သီချင်းတစ်ပုဒ်နဲ့ ဘုရားသခင်ကိုချီးမွမ်းတာ ဘာမှားလို့လဲ’ ဟု စဉ်းစားမိသည်။
သုံးပါးပေါင်းတစ်ဆူ ဘုရားသခင်နှင့်ပတ်သက်သော သီချင်းကို မာရီယာ မဆိုရသည့်အကြောင်းရင်း ဖော်ပြရန် သူ၏သမ္မာကျမ်းစာကိုဖွင့်၍ ဘုရားသခင်နှင့် ယေရှုခရစ်သည် ဘုရားသခင်တစ်ဆူမဟုတ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏တက်ကြွလှုပ်ရှားသော စွမ်းအားဖြစ်ကြောင်း ရှင်းပြခဲ့သည်။ (မဿဲ ၂၆:၃၉; ယောဟန် ၁၄:၂၈; တမန်တော် ၄:၃၁) မာရီယာက ဤသို့ပြောပြသည်– “ဆရာမနဲ့ ကျွန်မ ဆက်ဆံရေး မပျက်ခဲ့ပါဘူး။ ကျွန်မတို့ကျောင်းမှာ တကယ်သဘောကောင်းတဲ့ ဆရာဆရာမတွေရှိတယ်။ သူတို့က ကျွန်မတို့ကို ပင်ကိုသဘောအတိုင်း ရှိစေချင်ကြတယ်။”
စာသင်နှစ်တစ်လျှောက်လုံးတွင် မာရီယာ၏ရပ်တည်ချက်ကြောင့် ဆရာဆရာမများနှင့် အတန်းဖော်များက သူ့ကို လေးစားခဲ့ကြသည်။ မာရီယာက ဤသို့ပြောပြ၏– “ကျွန်မရဲ့အသက်တာမှာ သမ္မာကျမ်းစာမူတွေက ကျွန်မကို ကူညီပေးတယ်။ စာသင်နှစ်အပြီးမှာ ရိုးသားမှုနဲ့ စည်းကမ်းလိုက်နာမှုအတွက် ကျွန်မဆုရခဲ့တယ်၊ ကျွန်မရဲ့မိဘတွေကလည်း သမီးကို ကောင်းစွာသွန်သင်ပေးခဲ့တဲ့အတွက် ကျောင်းကနေ တရားဝင်ကျေးဇူးတင်စာတစ်စောင် ရခဲ့ကြတယ်။”
မာရီယာသည် ၂၀၀၁၊ ဩဂုတ် ၁၈ ရက်နေ့တွင် နှစ်ခြင်းခံယူသည်။ သူက “ကောင်းမြတ်တဲ့ဘုရားသခင် ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်လို့ ကျွန်မ တကယ်ပျော်တယ်” ဟုဆိုသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေလူငယ်များသည် တိတု ၂:၉ တွင်ဖော်ပြထားသည့် ‘ငါတို့ကို ကယ်တင်တော်မူသော အရှင်ဘုရားသခင်၏သွန်သင်ချက်ကို အရာရာ၌ တန်ဆာဆင်’ ပါဟူသော စကားနှင့်အညီ အသက်ရှင်နေထိုင်ကြသည်။
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
မာရီယာ နှစ်ခြင်းခံပြီးနောက် သူ၏မိဘများနှင့်အတူ
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
ချီးမွမ်းစာနှင့် ဂုဏ်ပြုလက်မှတ်