မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာသမိုင်း မည်မျှတိကျသနည်း

သမ္မာကျမ်းစာသမိုင်း မည်မျှတိကျသနည်း

သမ္မာကျမ်းစာ​သမိုင်း မည်မျှ​တိကျ​သနည်း

အစ္စရေး​သမ္မတဟောင်း ချိမ်း ဟာ​ဇော့ဂ်​နှင့် တဲလ်အဗစ်​တက္ကသိုလ်​မှ ရှေးဟောင်း​သုတေသန​ဆိုင်ရာ ဂုဏ်​ထူး​ဆောင် ပါမောက္ခ မော်​ဒ​ကိုင်း ဂ​စ်​ရော​န်​တို့​ရေးသားခဲ့​သော သမ္မာ​ကျမ်းစာ​ပါ စစ်ပွဲ​များ​ဟူသော​စာအုပ်​တွင် ဤသို့​ဖော်ပြ​သည်–

“သမ္မာ​ကျမ်းစာ​ပါ စစ်ပွဲ​များ​၏ စစ်ရေး​ဖော်ပြချက် . . . တို့ကို ထွင်လုံး​ဖြင့် ရှင်းလင်း​ဖော်ပြ​၍​မရနိုင်​ပါ။ ဥပမာ၊ တရားသူကြီးမှတ်စာ အခန်းကြီး ၆-၈ တွင်​ဖော်ပြ​ထားသော မိဒျန်​လူမျိုး​နှင့် ယင်း​၏​မဟာမိတ်​များနှင့် ဂိဒေါင်​တိုက်ခိုက်​သည့်​စစ်ပွဲ​ကို အိလိယက်​လင်္ကာ​တွင် ဟိုး​မား​ရေးသား​ဖော်ပြ​ခဲ့​သော ထ​ရို​ဂျန်​စစ်ပွဲ​များနှင့် နှိုင်းယှဉ်​ကြည့်ရုံ​ဖြင့် လုံလောက်​ပေ​သည်။ ဟိုး​မား​အတွက် ပထဝီ​အနေအထား​အဖြစ် ဝင်​လွယ်​သော​ပင်လယ်​ကမ်းခြေ​တစ်ခုခု​နှင့် မ​နီး​မ​ဝေး​တွင် ခံတပ်​မြို့​တစ်မြို့​မြို့​ရှိလျှင် လုံလောက်​သည်။ . . . သမ္မာ​ကျမ်းစာ​ပါ ဂိဒေါင်​၏​တိုက်ပွဲ​အတွက်​မူ ထိုသို့​မဟုတ်ပါ။ အသေးစိတ်​ကျ​သော စစ်ချီ​ပုံ​များ၊ အတိအကျ​ဖော်ပြ​ထား​သည့် မြေ​မျက်နှာ​သွင်ပြင်​တွင် တွေ့ဆုံ​တိုက်ခိုက်​ကြ​ပုံ​နှင့် အလျား​မိုင်​လေးဆယ်​ခန့်​ရှိ စစ်​နယ်​ဝန်း​ပေါ်​တွင် နှစ်ဖက်​စစ်သည်​များ​၏​လုပ်ဆောင်မှုများ​ကို မည်သည့်​နေရာ​ဒေသ​၌​မျှ လုံးဝ ပုံတူ​ကူး​၍​မရနိုင်​ပါ။ . . . ထို့​ကြောင့် သမ္မာကျမ်းစာ​တွင် ရေးသား​ဖော်ပြ​ထား​သည့် စစ်​နည်း​ဗျူဟာ​များသည် စစ်မှန်​ကြောင်း ကျွန်ုပ်​တို့ မဖြစ်​မနေ​ဝန်ခံ​ကြ​ရတော့​သည်။”

မြေပုံ​စာအုပ်​နှင့်​တူသော “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” * ဘရိုရှာ စာမျက်နှာ ၁၈ နှင့် ၁၉ ပါ​မြေပုံ​ကို​ကြည့်​ပြီး ဂိဒေါင်​၏​တိုက်ပွဲ​စဉ်​ကို လေ့လာ​ကြည့်ရှု​နိုင်​ပါ​သည်။ “မိဒျန်​ပြည်သား၊ အာမလက်​ပြည်သား၊ အရှေ့​ပြည်သား​အပေါင်းတို့သည် စည်းဝေး​သဖြင့် ယေဇရေလ​ချိုင့်​သို့​ကူးသွား​၍ တပ်​ချ” ချိန်​၌ ထို​အဖြစ်အပျက်​စတင်​ခဲ့​သည်။ ဂိဒေါင်​သည် အနီးတစ်ဝိုက်​မှ မျိုးနွယ်စုများ​ကို စစ်ကူ​တောင်း​လေ​၏။ ဟာ​ရုတ်​ရေတွင်းနား​မှ စတင်​ပြီး မော​ရေ​တောင်​သို့၊ ထို့နောက် ယော်ဒန်​ချိုင့်ဝှမ်း​အထိ ရောက်ရှိ​ခဲ့​ကြသည်။ ဂိဒေါင်​သည် ရန်သူများ​ကို ယော်ဒန်​မြစ်​တစ်ဖက်​ကမ်း​အထိ လိုက်လံ​ချေမှုန်း​ပြီး အောင်ပွဲ​ဆင်​ခဲ့​သည်။—တရားသူကြီး ၆:၃၃-၈:၁၂

“ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” မြေပုံ​တွင် အဓိက​နေရာများ​နှင့် သက်ဆိုင်ရာ​မြေ​မျက်နှာ​သွင်ပြင်​များ​ကို ဖော်ပြ​ထား​သည်။ နောက်​မြေပုံ (စာမျက်နှာ ၁၅) တစ်ခု​က ဣသရေလ​မျိုးနွယ်စုများ​၏ နယ်မြေ​များ​ကို ဖော်ပြ​သည်။ ကျမ်းစာ​မှတ်တမ်း တိကျ​မှန်ကန်ကြောင်း​ကို ၎င်း​မြေပုံ​နှစ်ခု​က နားလည်စေ​နိုင်​သည်။

ယင်းက ပါမောက္ခ​ဟောင်း ယို​ဟန်​န​န် အဟာရိုနီ​၏ ဤ​တွေ့ရှိချက်​ကို ပံ့ပိုး​ပေး​သည်– “ကျမ်းစာ​နယ်မြေ​တွင် ပထဝီ​နှင့် သမိုင်း​သည် ယင်း​တို့​ချင်း မည်မျှ​ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ​ဖြစ်နေ​သနည်း​ဟူ​မူ တစ်ခု​ကို​မသိ​လျှင် နောက်တစ်ခု​ကို နားမလည်​နိုင်​သည့်​အထိ​ဖြစ်သည်။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့။

[Picture Credit Line on page 32]

နောက်ခံ​မြေပုံ– Based on maps copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel