မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ခြင်း

ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ခြင်း

ကြေကွဲဖွယ်​အဖြစ်ဆိုး ကျရောက်​ခြင်း

ရေချိုးခန်း​ထဲ​တွင် နှစ်နှစ်ခွဲ​အရွယ် အို​ဝင်​လေး​သည် ဆော့​ကစား​နေ​၏။ ကလေး လက်လှမ်းမမီ​နိုင်​ဟု မိဘများ​ယူဆ​ထားသော ဆေး​ဗီရို​ကို သူ​တက်​ဖွင့်ပြီး သူ့​အာရုံ​ကို​ဆွဲဆောင်​သည့် ပုလင်း​တစ်လုံး​ထဲ​မှ အရည်​ကို​မော့​ချ​လိုက်​သည်။ ဝမ်းနည်း​ကြေကွဲစရာ​ဖြစ်​လေ​၏။

ထို​ပုလင်း​ထဲ​တွင် အက်​ဆစ်​ထည့်​ထား​ရာ အို​ဝင်​လေး သေဆုံး​သွား​လေ​တော့​သည်။ မိဘများ ရင်​ကွဲ​ပက်လက်​ဖြစ်​ရ​ကြ​၏။ ဖခင်​ဖြစ်သူ ပါ​စီ​သည် ခရစ်ယာန်​ဘုန်းကြီး​ထံ​မှ နှစ်သိမ့်မှု​ရှာယူ​ခဲ့​သည်။ “ဘာကြောင့် ဒီလို​ဖြစ်​ရတာလဲ” ဟု​သူ​မေးကြည့်​ရာ ခရစ်ယာန်​ဘုန်းကြီး​က “ဘုရားသခင်​က ကောင်းကင်တမန်​လေး​တစ်ပါး ထပ်​လိုချင်​လို့​ပါ” ဟု​ဖြေဆို​သည်။ ယူကျုံး​မရ​ဖြစ်​ကျန်ရစ်​သော​မိဘများ​က သို့​ပြုခြင်း​သည် လုံးလုံး​မတရား​ဟု ယူဆကြ​သည်။ ထို​အဖြစ်ဆိုး ဖြစ်ပျက်​ရန် ဘုရားသခင်​အမှန်​ရည်ရွယ်​ထား​ပါသလော။ ပါ​စီ​သည် အလွန်​စိတ်ပျက်​သွား​သဖြင့် သူ၏​ချာ့ခ်ျ​နှင့် လုံးဝ​အဆက်ဖြတ်​လိုက်​လေ​သည်။

ထို​အဖြစ်အပျက်​ကို ပြန်​စဉ်းစား​ကြည့်​သည့်​အခါ ပါ​စီ​က ‘ငါ့​သားလေး ဝေဒနာ​ခံစား​နေရ​တုန်း​ပဲ​လား။ သူ့ကို ငါ​ပြန်တွေ့​နိုင်​ပါ​ဦး​မလား’ ဟု​တွေးမိ​သည်။

သေ​သောအခါ အဘယ်အရာ​ဖြစ်သွား​သနည်း၊ အနာဂတ်​တွင် ကိုယ်​ချစ်​မြတ်နိုး​ရသော သေလွန်သူ​များနှင့် ပြန်လည်​ဆုံစည်း​နိုင်​ဦး​မည်​လော​ဆို​သည်ကို အသင်​လည်း​သိ​လို​ပေမည်။ ဤ​မေးခွန်းများကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​က ဖြေဆို​ပေး​ပါ​သည်။ အလားတူ​အဖြစ်ဆိုး​မျိုး ကြုံတွေ့​ခဲ့​ကြ​ရသူ​အားလုံး​အတွက် ရှင်းလင်း​၍ နှစ်သိမ့်မှု​ပေး​သော​အဖြေ​များ​ကို ကျမ်းစာ​တွင် တွေ့ရှိ​ရသည်။ ထို့​ထက်​ကား၊ ဘုရားသခင်​ကတိပြု​ထားသော ကြည်နူး​အားရဖွယ် မျှော်လင့်ချက်​တစ်ခု​ဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်း​အကြောင်းကိုလည်း ကျမ်းစာ​က ဖော်ပြ​ပါ​သည်။

အလွန်​ကောင်းသော ဤ​မျှော်လင့်ချက်​အကြောင်း ပိုမို​သိရှိ​ရန် ကျေးဇူးပြု​၍ နောက်​ဆောင်းပါး​ကို ဖတ်ရှု​ကြည့်​ပါ​လေ။