မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်အုတ်မြစ်ပေါ် သင်တည်ဆောက်နေသနည်း

အဘယ်အုတ်မြစ်ပေါ် သင်တည်ဆောက်နေသနည်း

အဘယ်​အုတ်မြစ်​ပေါ် သင်​တည်ဆောက်​နေသနည်း

အဆောက်အအုံ​တစ်ခု​၏ ကြာရှည်ခံ​မှု​သည် ယင်း​အဆောက်အအုံ​၏ အုတ်မြစ်​ခိုင်ခံ့မှု​အပေါ် များစွာ​မူတည်​သည်။ သမ္မာကျမ်းစာ​က ဤ​သဘောတရား​ကို ပုံဆောင်​သဘော​မျိုး​ဖြင့် တစ်ခါတစ်ရံ​အသုံးပြု​ထား​သည်။

ဥပမာ၊ ပရောဖက်​ဟေရှာယ​က ယေဟောဝါ​ဘုရားသခင်​အား ‘မြေကြီး​အုတ်မြစ်ကို တည်​တော်​မူ​ထ​သော’ ဘုရားသခင်​အဖြစ် ရည်ညွှန်းခဲ့​၏။ (ဟေရှာယ ၅၁:၁၃က​ဘ) ဤ​အုတ်မြစ်​သည် မြေကြီး​၏​ရွေ့လျား​မှု​ကို​ထိန်းချုပ်​ပြီး မ​ရွေ့​မ​လှုပ်​မြဲ​နေ​စေသော ဘုရားသခင်​၏ မပြောင်းလဲ​နိုင်​သည့်​နိယာမ​တရား​တို့ကို ကိုယ်စား​ပြု​သည်။ (ဆာလံ ၁၀၄:၅) ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​က လူ့​ဘောင်​အဖွဲ့အစည်း​တည်မှီ​ရာ “အုတ်မြစ်​များ” အကြောင်းကိုလည်း ဖော်ပြ​၏။ ယင်း​တို့​မှာ တရား​မျှတမှု၊ ဥပဒေ​နှင့် စည်းမျဉ်း​တို့​ဖြစ်​ကြ​၏။ ၎င်းတို့သည် ဘက်လိုက်မှု၊ အ​ဂ​တိ​လိုက်စားမှု၊ အကြမ်းဖက်မှု​တို့​ဖြင့် ‘ဖြိုဖျက်​ခံရ’ သည့်​အခါ လူ့​ဘောင်​အဖွဲ့အစည်း​သည် ပြိုပျက်​လာ​လေ​သည်။—ဆာလံ ၁၁:၂-၆; သု. ၂၉:၄

ယင်း​သဘောတရား​သည် တစ်ဦးစီ​နှင့်​လည်း သက်ဆိုင်​ပါ​သည်။ ယေရှု၏​ကျော်ကြား​သော တောင်ပေါ်​တရားတော်​ကို ကိုယ်တော် ဤသို့​နိဂုံး​ချုပ်​ခဲ့​၏– “အကြင်သူသည် ငါ​ဟောပြောသော​ဤ​စကား​ကို​ကြား​၍ နားထောင်​၏၊ ထို​သူသည် ကျောက်​ပေါ်မှာ​အိမ်ဆောက်​သော ပညာရှိ​နှင့်​တူ​ကြောင်းကို ငါ​ပုံ​ပြ​မည်။ မိုးရွာ​၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်ကို​တိုက်​သည်​ရှိ​သော် ကျောက်​ပေါ်မှာ​တည်​သောကြောင့် မ​ပြို​မလဲ​နေ​၏။ အကြင်သူသည် ငါ​ဟောပြောသော​ဤ​စကား​ကို​ကြား​၍ နားမထောင်​ဘဲ​နေ​၏၊ ထို​သူသည် သဲ​ပေါ်မှာ​အိမ်ဆောက်​သော လူ​မိုက်​နှင့်​တူ​ကြောင်းကို ငါ​ပုံ​ပြ​မည်။ မိုးရွာ​၍​ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်ကို​တိုက်​သောအခါ ကြီးစွာ​သော​ပြိုလဲခြင်း​သို့​ရောက်​လေ​သည်။”—မဿဲ ၇:၂၄-၂၇

သင့်​အသက်တာကို အဘယ်​အုတ်မြစ်​ပေါ် တည်ဆောက်​နေသနည်း။ အဆောက်အအုံ​ကို ပြိုလဲ​စေနိုင်​သော ဘုရားတရား​မဲ့​လူ့​အတွေးအခေါ် သဲပြင်​ပေါ်​တွင်​လော။ သို့​မဟုတ် ဘဝတွင်​ကြုံတွေ့​ရမည့် ပုံဆောင်​မုန်တိုင်း​များ​ကြား ဘေးကင်း​လုံခြုံ​စေသည့် ခိုင်ခံ့​သော​ကျောက်ဖြစ်​သော ယေရှု​ခရစ်​၏​စကား​ကို နာခံခြင်း​အပေါ်​တွင်​လော။