မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ချစ်မြတ်နိုးရသူတို့နှင့် စကားလက်ဆုံပြောဆိုသလော

သင်ချစ်မြတ်နိုးရသူတို့နှင့် စကားလက်ဆုံပြောဆိုသလော

သင်​ချစ်​မြတ်နိုး​ရသူ​တို့​နှင့် စကား​လက်ဆုံ​ပြောဆို​သလော

“ချစ်​မြတ်နိုး​ရသူ​တို့​နှင့် ကျွန်ုပ်​တို့​အပြန်အလှန်​ဆက်ဆံ​နိုင်စွမ်း​သည် ထူးထူးခြားခြား လျော့နည်း​နေ​လေ​ပြီ” ဟု ပိုလန်​အပတ်စဉ်​ထုတ် ပို​လီ​တစ်​ကာ​မဂ္ဂဇင်းက ဖော်ပြ​သည်။ အမေရိကန်​ပြည်ထောင်စု​တွင် အိမ်ထောင်သည်​များသည် တစ်ဦး​နှင့်​တစ်ဦး အကျိုးရှိရှိ စကား​လက်ဆုံ​ပြော​ချိန် တစ်ရက်​လျှင် ခြောက်​မိနစ်​သာ​ရှိသည်​ဟု ခန့်မှန်း​ရသည်။ ခွဲနေ​ခြင်း​နှင့် ကွာရှင်း​ခြင်း​အားလုံး​တွင် ထက်ဝက်​မှာ ဤ​အခြေအနေ​ကြောင့်​ဖြစ်သည်ဟု ကျွမ်းကျင်​သူတချို့​က သုံးသပ်ကြ​၏။

မိဘ​နှင့်​သားသမီး​များ စကား​လက်ဆုံ​ပြောဆိုခြင်း​ကော အသို့နည်း။ များသောအားဖြင့် “မိဘ​နှင့်​သားသမီး​များ စကား​လက်ဆုံ​ပြောဆို​ကြ​ခြင်း​မဟုတ်​တော့​ဘဲ ကျောင်း​မှာ​ဘယ်လို​လဲ၊ မင်း​သူငယ်ချင်းတွေ​ကော ဘယ်လို​နေ​လဲ​ဟူ၍ စစ်ကြော​မေးမြန်းခြင်း​က​များသည်” ဟု အထက်ပါ​မဂ္ဂဇင်းက​ဆို​သည်။ “ဤ​အခြေအနေ​မျိုး​တွင် ကျွန်ုပ်​တို့၏​သားသမီး​များသည် လူအများ​နှင့် အဘယ်​သို့​ဆက်ဆံ​တတ်​တော့​မှာ​နည်း” ဟူ၍ ၎င်း​မဂ္ဂဇင်းက မေး​သည်။

ဆက်ဆံ​ရေး​ကောင်းသော အရည်အချင်းသည် အလိုအလျောက်​ဖြစ်လာ​သည်မဟုတ်​ရ​ကား စကား​လက်ဆုံ​ပြောဆိုနိုင်စွမ်း​ကို ကျွန်ုပ်​တို့ မည်သို့​တိုးတက်​စေနိုင်​မည်​နည်း။ ခရစ်တော်​၏​တပည့် ယာကုပ်​က ဤ​အရေးကြီးသော အကြံဉာဏ်​ကို ပေး​ထား​ပါ​သည်– “ခပ်သိမ်း​သော​သူတို့သည် နား​ကြား​ခြင်း​ငှာ လျင်မြန်​ကြ​စေ။ စကားပြော​ခြင်း​ငှာ​လည်းကောင်း၊ အမျက်ထွက်ခြင်း​ငှာ​လည်းကောင်း နှေး​ကြ​စေ။” (ယာကုပ် ၁:၁၉) မှန်ပါသည်၊ တည်ဆောက်မှု​ဖြစ်စေ​သော စကား​လက်ဆုံ​ပြောဆိုမှု​ရှိ​ရန် ကျွန်ုပ်​တို့သည် ဂရုတစိုက်​နားထောင်​ပေးဖို့​လို​ပြီး စကား​ဖြတ်​ပြော​ဖို့ စိတ်စော​ခြင်း သို့​မဟုတ် အလျင်စလို ကောက်ချက်​ချ​ခြင်း​မျိုး​မပြုရ​ပါ။ ပြစ်တင်​ဝေဖန်​ပြောဆိုခြင်း​က စကား​လက်ဆုံ​ပြောဆိုမှု​ကို အလွယ်တကူ ဟန့်တား​နိုင်​သဖြင့် ယင်းကို ရှောင်ကြဉ်ပါ။ ထို့​အပြင် ယေရှုသည် မိမိ​စကား​နားထောင်​နေ​သူ၏​နှလုံး​ထဲ အဘယ်အရာ​ရှိသည်​ကို နှိုက်​ထုတ်​ရန်​နှင့် မိမိတို့​အချင်းချင်း​ကြား​ရှိ နှောင်ကြိုး​ကို ခိုင်မြဲ​စေရန် စစ်ကြော​မေးမြန်းခြင်း​မပြု​ဘဲ ပညာ​သားပါ​သော မေးခွန်းများကို ကိုယ်တော်​အသုံးပြု​ခဲ့​သည်။—သု. ၂၀:၅; မဿဲ ၁၆:၁၃-၁၇; ၁၇:၂၄-၂၇

သမ္မာကျမ်းစာ​တွင် တွေ့ ရှိ​ရသည့် အလွန်​ကောင်းသော​မူများ​ကို လက်တွေ့​ကျင့်သုံး​၍ သင်​ချစ်​မြတ်နိုး​ရသူ​များနှင့် အသင်​ကိုယ်တိုင်​အစ​ပြုပြီး စကား​လက်ဆုံ​ပြောဆို​ပါ​လေ။ ယင်း​သို့​ပြုခြင်း​က တစ်သက်လုံး​တန်ဖိုး​ထား​ရမည့် နွေးထွေး​သော​ဆက်ဆံ​ရေး​ကို ဖြစ်ပေါ်​စေနိုင်​သည်။