မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယုံကြည်ခြင်းအတွက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရ”

“ယုံကြည်ခြင်းအတွက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရ”

“ယုံကြည်ခြင်း​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ”

အီတလီ​မြောက်ပိုင်း၊ စာ​နို​ဘွာ​မြို့ရှိ ပန်း​ဥယျာဉ်​ကြီး​တစ်ခု​တွင် လူ့​အခွင့်အရေး​ချိုးဖောက်​ခံရ​ခြင်း​ကြောင့် သေဆုံး​ခဲ့​ကြ​သူများ​အတွက် အထိမ်းအမှတ်​မြေနေရာ​တစ်​ကွက် တည်ရှိ​သည်။ အထိမ်းအမှတ်​မြေကွက်​ရှိ မော်ကွန်း​ကျောက်ပြား​တစ်ချပ်​ကို နာ​စီ​ဆို​ရိထ်​အား ရည်စူး၍ အခမ်းအနား​ဖြင့်​ဖွင့်လှစ်​ခဲ့​သည်။ ဂျာမနီ​နိုင်ငံ​ဖွား၊ အီတလီ​လူမျိုး ရိထ်​သည် ၁၉၃၀ ပြည့်လွန်​နှစ်များ​တွင် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ ယေဟောဝါသက်သေ​များသည် စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​ကို ဟစ်တလာ​ထက် ပို​၍​အလေးပေး​ခဲ့​သောကြောင့် ဟစ်တလာ​အုပ်ချုပ်​နေစဉ် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည်။

ချွေး​တပ်​စခန်း​များ​ထဲ​သို့ ကင်းမျှော်စင်​စာစောင်​များ လျှို့ဝှက်​ပို့​ရာ​၌ ရိထ်​လည်း ပါဝင်​ကြောင်း ဂက်စတာပို​သိသွား​ချိန်​တွင် စာ​နို​ဘွာ​မြို့​သို့ သူ​ထွက်ပြေး​ခဲ့​သည်။ ထို​တွင် ကင်းမျှော်စင်​ကို အီတလီ​ဘာသာ​စကား​သို့ သူ့​အား​ပြန်ဆို​စေပြီး အနီးတစ်ဝိုက်​ရှိ ယုံကြည်သူချင်း​များ​ထံ ဖြန့်ဝေ​ပေး​စေ​ခဲ့​သည်။ သူ၏​တက်ကြွ​သော​လုပ်ဆောင်မှုများ​ကို သတိပြုမိ​သွား​ကြသည်။ သို့ဖြင့် အက်စ်​အက်စ်​အရာရှိ​တစ်ဦး​နှင့် သူ၏​အဖွဲ့​သည် ရိထ်​၏​အိမ်ကို ရုတ်တရက် ဝင်ရောက်​ရှာဖွေ​ကာ သူ့ကို​ဖမ်းဆီး​ပြီး ကျမ်းစာ​နှစ်အုပ်​နှင့် စာ​အနည်းငယ်​ကို “ပြစ်မှု​မကင်း​သော” သက်သေ​အထောက်အထား​အဖြစ် သိမ်းယူ​ခဲ့​ကြသည်! ရိထ်​ကို ဂျာမနီ​နိုင်ငံ​သို့​ခေါ်ဆောင်​သွားပြီး ဒါ့​ခ်ရှော​ချွေး​တပ်​စခန်း​၌ အကျဉ်း​ချ​ကာ ဒုတိယ​ကမ္ဘာ​စစ်​မပြီး​မီ​လေး​တွင် ကွပ်မျက်​လိုက်​ကြသည်။ သူသည် “ယုံကြည်ခြင်း​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ” သည်​ဟု စာ​နို​ဘွာ​မြို့ရှိ မော်ကွန်း​ကျောက်ပြား​က ဆို​၏။

နာဇီ​တို့၏​နှိပ်စက်ခြင်း​ခံ​ခဲ့​ရသော နာ​စီ​ဆို​ရိထ်​နှင့် အခြား​သက်သေခံ​ရာ​နှင့်​ချီ​တို့သည် စကြဝဠာ​တွင် ဝတ်ပြု​ကိုးကွယ်​ခံထိုက်သော တစ်ပါး​တည်း​သော​အရှင် ယေဟောဝါ​အပေါ် ဆက်၍​တည်ကြည်​ကြ​ရန် မျက်မှောက်ခေတ်​ခရစ်ယာန်​များ​အတွက် အားပေးမှု​တစ်ခု​ဖြစ်သည်။ (ဗျာ. ၄:၁၁) ယေရှု​က “ဖြောင့်မတ်ခြင်း​တရား​ကြောင့် နှောင့်ယှက်​ညှဉ်းဆဲခြင်း​ကို ခံရ​သော​သူတို့သည် မင်္ဂလာ​ရှိကြ​၏” ဟု​မိန့်တော်မူ​ခဲ့​သည်။ ဘုရားသခင်​သည် သူတို့၏​လုပ်ဆောင်မှုများ​ကို သတိရ​တော်​မူ​ပြီး ရဲစွမ်းသတ္တိ​ရှိ​လမ်းစဉ်​ကို သူတို့​လိုက်လျှောက်​ကြ​သည့်​အတွက် ဆုချ​ပါ​လိမ့်​မည်။—မဿဲ ၅:၁၀; ဟေဗြဲ ၆:၁၀