သူတို့အလျှော့မပေးခဲ့ကြ
သူတို့အလျှော့မပေးခဲ့ကြ
ယေရှုခရစ်က “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏” ဟု သူ့တပည့်များကိုပြောခဲ့သည်။ (မဿဲ ၅:၁၁) ယေရှု၏သွန်သင်ချက်နှင့် ပုံသက်သေအတိုင်း ယနေ့ ယေဟောဝါသက်သေများသည် “ဤလောကနှင့်မဆက်ဆံ” ဘဲ နိုင်ငံရေးတွင်လုံးဝကြားနေပြီး အခြေအနေအားလုံးအောက် ဘုရားသခင်အပေါ်သမာဓိစောင့်သိကြသဖြင့် သူတို့ပျော်ရွှင်ကြသည်။—ယောဟန် ၁၇:၁၄; မဿဲ ၄:၈-၁၀။
အက်စတိုးနီးယားနိုင်ငံရှိသူများအပါအဝင် ယခင်ဆိုဗီယက်ပြည်ထောင်စုရှိ ယေဟောဝါသက်သေများ၏ အလျှော့မပေးသောရပ်တည်မှုနှင့် ပတ်သက်ပြီး လူသာရင် ဘာသာရေးပညာရှင်နှင့် ကျမ်းစာဘာသာပြန် တူးမတ်စ် ပေါလ်က ကီရစ်က် ကီစတ် ကူလာ (ရွာအလယ်ခေါင်ရှိချာ့ခ်ျ) ဟူသောစာအုပ်တွင် ဤသို့ရေးသားသည်– “၁၉၅၁ ခု၊ ဧပြီလ ၁ ရက်နေ့ မနက်စောစော၌ ဖြစ်ပျက်ခဲ့ရာကိုကြားဖူးသူ အလွန်နည်းသည်။ ယေဟောဝါသက်သေများနှင့် သူတို့ကိုထောက်ခံသူအားလုံးပေါင်း ၂၇၉ ယောက်ကို ရှင်းပစ်ရန် သူတို့ကိုဖမ်းဆီးပြီး ဆိုက်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ပေးဖို့ ကင်ပိန်းတစ်ခုစီစဉ်ခဲ့သည်။ . . . ပြည်နှင်ဒဏ် သို့မဟုတ် ထောင်ဒဏ်မှလွတ်ရန် သူတို့၏ယုံကြည်ခြင်းကို စွန့်လွှတ်ကြောင်း ပုံစံစာရွက်တစ်ခုတွင် လက်မှတ်ရေးထိုးဖို့ သူတို့ကိုအခွင့်ပေးခဲ့ကြသည်။ . . . အစောပိုင်း၌ဖမ်းဆီးခံရသူများနှင့်အတူ အကျယ်ချုပ်ချထားခံရသူ ၃၅၃ ယောက်ရှိရာ သူတို့တွင်အနည်းဆုံး ၁၇၁ ယောက်မှာ အသင်းတော်များနှင့် ပေါင်းသင်းရုံမျှရှိသည်။ သူတို့သည် ဆိုက်ဘေးရီးယား၌ပင် အလျှော့မပေးခဲ့ကြချေ။ . . . [အက်စတိုးနီးယန်း လူသာရင်] ချာ့ခ်ျ၏ အသင်းသားအတော်များများ၌ ယေဟောဝါသက်သေများ၏ ယုံကြည်ခြင်းမျိုးမတွေ့ ကြရချေ။”
ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် နှိပ်စက်ညှဉ်းပန်းမှုကြား ဘုရားသခင်အပေါ်ဆက်တည်ကြည်ပြီး နာခံမှုပြနိုင်ရန် ကိုယ်တော်ကိုယုံကြည်ကိုးစားကြသည်။ သူတို့၏တည်ကြည်မှုအတွက် ဆုကျေးဇူးသည် ကြီးမားကြောင်း သိရှိထားကြ၍ ပျော်ရွှင်ကြသည်။—မဿဲ ၅:၁၂။