မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာစိတ်ဝင်စားမှုကို ချီးမွမ်းခဲ့

ကျမ်းစာစိတ်ဝင်စားမှုကို ချီးမွမ်းခဲ့

ကျမ်းစာ​စိတ်ဝင်စားမှု​ကို ချီးမွမ်း​ခဲ့

မာ​ရီ​ယာ​နာ​သည် အသက် ၁၈ နှစ်​ရှိ အထက်တန်း​နောက်ဆုံး​နှစ်​ကျောင်းသူ၊ အီတလီ​တောင်ပိုင်း​မှ ယေဟောဝါသက်သေ​တစ်ဦး ဖြစ်သည်။ သူ့​ကျောင်းတွင် အခြား​သက်သေခံ​လူငယ်များ​လည်း​ရှိသည်။

“ကျွန်မ​တို့ သူငယ်ချင်း​တချို့ အားလပ်ချိန်​မှာ​စု​ပြီး ကျမ်းစာ​ကို​နေ့စဉ်​စေ့စေ့​ကြည့်ရှု​ခြင်း​စာအုပ်​ကို အတူ​ဖတ်​ကြ​တာ နှစ်​နဲ့​ချီ​ရှိပြီ” ဟု​မာ​ရီ​ယာ​နာ စာရေး​ပြောပြ​သည်။ “ဒီလို​ဖတ်​နိုင်​တဲ့​နေရာ​ဆို​လို့ ဆရာ/ဆရာမ​တွေ အနားယူ​တဲ့​အခန်း​နားက လမ်းကြား​လေး​တစ်ခု​ပဲ​ရှိတယ်။ အရမ်း​တိတ်ဆိတ်​တဲ့ နေရာ​တော့​မဟုတ်ဘူး။ ကျွန်မ​တို့​ဘာလုပ်​နေကြ​တယ်​ဆိုတာ​ကို ဆရာ/ဆရာမ​တွေ ဖြတ်သွားတဲ့​အခါ​တွေ့​တယ်၊ တချို့​ဆိုရင် ရပ်​တောင်​ကြည့်​သွား​ကြသေးတယ်။ အဲဒါ​ကြောင့် သူတို့​မေးခွန်း​မေးတဲ့အခါ ဖြေဖို့​အခွင့်အရေး​ရခဲ့ဖူး​တယ်။ နေ့တိုင်း​လို​လို ဆရာ/ဆရာမ​တစ်ယောက်ယောက်​က​တော့ မေး​တတ်တယ်။ ကျွန်မ​တို့​ကျမ်းချက်​ဖတ်​ပြီး​ဆွေးနွေး​တာ​ကို ဆရာ/ဆရာမ​တချို့ ရပ်နား​ထောင်​ပြီး သက်သေခံတွေ ဝိညာဉ်​ရေးရာ​ကို စိတ်ဝင်စား​ကြ​တဲ့​အတွက် ချီးမွမ်း​စကားပြော​ကြတယ်။ တစ်ခါ​ဆိုရင် ဆရာ/ဆရာမ အနားယူ​တဲ့​အခန်း​ထဲမှာ ဝင်​ဆွေးနွေး​ကြဖို့ လက်ထောက်​ကျောင်းအုပ်​ကြီး​က ကျွန်မ​တို့ကို ခွင့်ပြု​ဖူး​တယ်။

“ကျွန်မ​တို့​နေ့စဉ်​ကျမ်းချက်​ဆွေးနွေး​ကြ​တဲ့​နေရာကို မြင်ပြီး ကျွန်မ​ရဲ့​ဆရာ​က ပို​တိတ်ဆိတ်​တဲ့ စာသင်​ခန်း​တစ်ခန်း​ကို ကျွန်မ​တို့​အသုံးပြုနိုင်​မလားလို့ ကျောင်းအုပ်​ကြီး​ကို မေး​ပေး​တယ်။ ကျောင်းအုပ်​ကြီး​က ခွင့်ပြု​လိုက်တယ်၊ အဲဒီအပြင် ကျွန်မ​ရဲ့​ဆရာ​က တစ်တန်း​လုံး​ရှေ့မှာ ကျွန်မ​တို့​ရဲ့​ကောင်း​တဲ့​ပုံသက်သေ​ကို ချီးမွမ်း​ပြောဆို​ခဲ့တယ်။ ယေဟောဝါ​ပေးသနား​တဲ့ မဟာ​အခွင့်ထူး​အတွက် ကျွန်မ​တို့အားလုံး အရမ်း​ဝမ်းသာ​မိတယ်။”