“စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
“စောင့်နေကြလော့” တရားစီရင်ချိန်ရောက်ပြီ
၂၀၀၄/၀၅ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ကျင်းပခဲ့သော ခရိုင်စည်းဝေးကြီးများတွင် ထုတ်ဝေခဲ့သည့် စောင့်နေကြလော့ ဘရိုရှာကို အခြေပြု၍ ဤလေ့လာရန်ဆောင်းပါးကို ရေးသားထားသည်။
“သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၄:၄၂။
၁၊ ၂။ ယေရှုသည် မိမိကြွလာခြင်းကို အဘယ်အရာနှင့် ဆီလျော်စွာ ပုံခိုင်းပြသနည်း။
သူခိုးတစ်ယောက်သည် သင့်ရပ်ကွက်ရှိ အိမ်များကို ဖောက်ထွင်းရန် ချောင်းနေသည်ဟု သင်သိထားလျှင် အဘယ်အရာပြုလုပ်မည်နည်း။ သင်၏ချစ်မြတ်နိုးသူများနှင့် အဖိုးတန်ပစ္စည်းများကို ကာကွယ်ရန် နိုးကြားနေပေမည်။ အကြောင်းမှာ သူခိုးလာမည့်အချိန်ကို ကြိုတင်မသိနိုင်သောကြောင့်ဖြစ်သည်။ သူခိုးသည် ခိုးကြောင်ခိုးဝှက်နှင့် မထင်မှတ်သည့်အချိန်တွင် ရောက်လာတတ်သည်။
၂ ယေရှုသည် သူခိုး၏လုပ်ရပ်များကို ပုံဥပမာအဖြစ် တစ်ကြိမ်ထက်မက အသုံးပြုခဲ့သည်။ (ယောဟန် ၁၀:၁၀) ဆုံးခန်းကာလအတွင်းနှင့် တရားစီရင်ရန် မိမိကြွလာချိန်မတိုင်မီ အဖြစ်အပျက်များနှင့်ပတ်သက်၍ ယေရှု ဤသို့သတိပေးခဲ့သည်– “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။ သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိရလျှင် မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။” (မဿဲ ၂၄:၄၂၊ ၄၃) ယေရှုသည် မထင်မမှတ်ဘဲ သူခိုးရောက်လာခြင်းနှင့် မိမိကြွလာခြင်းတို့ကို ပုံခိုင်းပြခဲ့သည်။
၃၊ ၄။ (က) ယေရှုကြွလာခြင်းနှင့်ပတ်သက်သည့် သတိပေးချက်ကို မည်သို့အလေးဂရုပြုနိုင်သနည်း။ (ခ) အဘယ်မေးခွန်းများ ပေါ်ပေါက်လာသနည်း။
၃ ယေရှုကြွလာမည့် ရက်စွဲကို အတိအကျမသိ၍ ထိုပုံဥပမာပေးခြင်းမှာ ဆီလျော်လှသည်။ ထိုပရောဖက်ပြုချက်၏ရှေ့ပိုင်းတွင် ယေရှုက “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏” ဟုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၆) ထို့ကြောင့် ယေရှုက မိမိ၏မိန့်ဆိုချက်ကို နားထောင်နေသူများအား “သင်တို့သည် ပြင်ဆင်လျက်နေကြလော့” ဟုတိုက်တွန်းခဲ့၏။ (မဿဲ ၂၄:၄၄) ယေဟောဝါ၏တရားသူကြီးအဖြစ် ယေရှုသည် အဘယ်အချိန်တွင်မဆို ကြွလာပါစေ ကိုယ်တော်၏သတိပေးချက်ကို အလေးဂရုပြုသူများသည် အသင့်ရှိနေပြီး လျောက်ပတ်စွာ ပြုမူကျင့်ကြံနေကြပေမည်။
၄ အရေးကြီးမေးခွန်းတချို့ ပေါ်ပေါက်လာ၏။ ယေရှု၏သတိပေးချက်သည် လောကသားများအတွက်သာ ဖြစ်သလော၊ သို့မဟုတ် ခရစ်ယာန်စစ်များသည်လည်း “စောင့်နေကြ” ဖို့လိုသလော။ “စောင့်နေကြ” ရန်အဘယ်ကြောင့် အရေးကြီးသနည်း၊ မည်သို့စောင့်နေနိုင်သနည်း။
မည်သူတို့အတွက် သတိပေးချက်နည်း
၅။ “စောင့်နေကြလော့” ဟူသော သတိပေးချက်သည် ခရစ်ယာန်စစ်များနှင့် သက်ဆိုင်ကြောင်း မည်သို့သိရှိရသနည်း။
၅ လာမည့်ကပ်ဘေးနှင့်ပတ်သက်သည့် သတိပေးချက်ကို ဂရုမစိုက်ကြသော လောကသားများအတွက် သခင်ကြွလာခြင်းသည် သူခိုးလာသကဲ့သို့ဖြစ်မည်မှာ အမှန်ပင်။ (၂ ပေတရု ၃:၃-၇) ခရစ်ယာန်စစ်များအတွက်ကော အသို့နည်း။ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ယေဟောဝါ၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့ သေချာစွာသိကြ၏ဟူ၍ ယုံကြည်သူချင်းများအား တမန်တော်ပေါလု စာရေးခဲ့သည်။ (၁ သက်သာလောနိတ် ၅:၂) ယေဟောဝါ၏နေ့ရက် ရောက်လာမည်ကို ကျွန်ုပ်တို့ လုံးဝသံသယမရှိကြပါ။ ယင်းကြောင့် ကျွန်ုပ်တို့သည် စောင့်နေစရာမလိုတော့ပြီလော။ ယေရှုက “သင်တို့မထင်မမှတ်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” ဟူ၍ တပည့်များအား မိန့်ဆိုခဲ့သည်ကို သတိပြုပါ။ (မဿဲ ၂၄:၄၄) အစောပိုင်းတွင် ဘုရားသခင့်နိုင်ငံတော်ကို ရှာနေကြရန် တပည့်များအား ယေရှု တိုက်တွန်းစဉ်က “သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား သင်တို့ မထင်မမှတ်သောအချိန်၌ လူသားသည် ကြွလာလိမ့်မည်” ဟုသတိပေးခဲ့၏။ (လုကာ ၁၂:၃၁၊ ၄၀) သို့ဖြစ်၍ “စောင့်နေကြလော့” ဟုယေရှု သတိပေးသည့်အခါ မိမိ၏နောက်လိုက်များကို ရည်စူးခဲ့ကြောင်း ရှင်းမနေပေလော။
၆။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် “စောင့်နေကြ” ရမည်နည်း။
၆ ကျွန်ုပ်တို့သည် အဘယ်ကြောင့် “စောင့်နေ” ပြီး “ပြင်ဆင်လျက်နေကြ” ရမည်နည်း။ ယေရှုက ဤသို့ရှင်းပြသည်– “လယ်၌ရှိသောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။” (မဿဲ ၂၄:၄၀၊ ၄၁) ဘာသာတရားကင်းမဲ့သောလောက ဖျက်ဆီးခံရချိန်တွင် အသင့်ရှိနေသူများသည် “သိမ်းယူ” သို့မဟုတ် ကယ်တင်ခံရလိမ့်မည်။ အခြားသူများမှာမူ တစ်ကိုယ်ကောင်းဆန်ဆန် ကိုယ်ကြိုက်ရာကိုယ်ပြုလုပ်နေကြသည့်အတွက် ဖျက်ဆီးခံရလိမ့်မည်။ ထိုသူတို့တွင် တစ်ချိန်က အလင်းသို့ရောက်ပြီးမှ ဘုရားသခင်၏နေ့ရက်ကို မစောင့်ခဲ့ကြသူများလည်း ပါဝင်ပေမည်။
၇။ အဆုံးသတ်မည့်နေ့ရက်ကို ကျွန်ုပ်တို့မသိခြင်းက အဘယ်အရာ တင်ပြခွင့်ပေးသနည်း။
၇ ဤအစီအစဉ်စနစ်ဟောင်း အဆုံးသတ်မည့်နေ့ရက်ကို ကျွန်ုပ်တို့ အတိအကျမသိခြင်းက ဘုရားသခင်၏အမှုတော်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်နေကြောင်း ၁ ဓမ္မရာဇဝင် ၁၆:၇။
တင်ပြခွင့်ရရှိစေသည်။ မည်သို့အားဖြင့်နည်း။ အဆုံးရောက်ရန် ကြာမြင့်နေပုံပေါက်ပေမည်။ ထိုသို့ယူမှတ်ကြသော ခရစ်ယာန်အချို့သည် ယေဟောဝါ၏အမှုတော်တွင် ဇွဲလုံ့လ လျော့နည်းသွားကြသည်မှာ ဝမ်းနည်းစရာပင်။ အမှန်မှာ ယေဟောဝါထံ ကျွန်ုပ်တို့ ဆက်ကပ်အပ်နှံချိန်တွင် အမှုတော်ထမ်းရန် မိမိကိုယ်ကို အကြွင်းမဲ့ပေးဆက်ထားကြပြီဖြစ်သည်။ အဆုံးရောက်ခါနီးမှ စိတ်ထက်သန်မှုပြခြင်းကို ယေဟောဝါ အထင်ကြီးမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ သဘောပေါက်ကြ၏။ ကိုယ်တော်သည် နှလုံးကိုသိမြင်တော်မူ၏။—၈။ ယေဟောဝါကို ချစ်သည့်စိတ်က ဘုရားသခင်၏နေ့ကို စောင့်နေရန် မည်သို့စေ့ဆော်ပေးသနည်း။
၈ ကျွန်ုပ်တို့သည် ယေဟောဝါကို အမှန်တကယ် ချစ်မြတ်နိုးကြသောကြောင့် ကိုယ်တော်၏အလိုတော်ဆောင်ခြင်းမှ အကြီးမားဆုံးပျော်ရွှင်မှုရရှိကြ၏။ (ဆာလံ ၄၀:၈; မဿဲ ၂၆:၃၉) ထို့ပြင် ယေဟောဝါ၏အမှုတော်ကို ထာဝစဉ်ထမ်းဆောင်လိုကြ၏။ ကျွန်ုပ်တို့ထင်သည်ထက် အနည်းငယ်ပိုစောင့်ရသောကြောင့် အဆိုပါဆန္ဒ လျော့နည်းသွားမည်မဟုတ်ချေ။ ယေဟောဝါ၏နေ့ရက်သည် ကိုယ်တော်၏ရည်ရွယ်ချက်ပြည့်စုံမှုတွင် အရေးပါသောကြောင့် ထိုနေ့ရက်ကို ကျွန်ုပ်တို့ မျှော်လင့်တကြီး စောင့်နေကြခြင်းဖြစ်သည်။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့လိုသည့်ဆန္ဒ ပြင်းပြမှုက သမ္မာကျမ်းစာ၏သွန်သင်ချက်ကို လိုက်နာရန်၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရန် စေ့ဆော်ပေးသည်။ (မဿဲ ၆:၃၃; ၁ ယောဟန် ၅:၃) ဘုရားသခင်၏နေ့ကို စောင့်နေခြင်းက ကျွန်ုပ်တို့၏ နေ့စဉ်အသက်ရှင်နေထိုင်ပုံနှင့် ဆုံးဖြတ်ချက်များချပုံတို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်ကြောင်း သုံးသပ်ကြည့်ကြစို့။
သင်၏ဘဝ အဘယ်သို့ဦးတည်နေသနည်း
၉။ လောကသားများသည် ကျွန်ုပ်တို့ခေတ်ကာလ၏အရေးကြီးမှုကို သဘောပေါက်ရန် အဘယ်ကြောင့် အရေးတကြီးလိုအပ်နေသနည်း။
၉ မျက်မှောက်အချိန်တွင် ကြီးမားသောပြဿနာများနှင့် တုန်လှုပ်ဖွယ်ရာများ နေ့စဉ်ဖြစ်ပျက်နေသည်ကို လူတို့သတိထားမိရုံမက မိမိတို့၏ဘဝလမ်းစဉ်ကိုလည်း အလိုမကျ ဖြစ်နေကြပေမည်။ သို့သော် ကမ္ဘာ့အခြေအနေများ အဘယ်ကြောင့် ဤသို့ဖြစ်နေရသည်ကို သူတို့သိကြသလော။ ဤစနစ်၏ဆုံးခန်းချိန်တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြရသည်ကို သူတို့သဘောပေါက်သလော။ (မဿဲ ၂၄:၃) တစ်ကိုယ်ကောင်းဆန်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဘာသာတရားကင်းမဲ့ခြင်းတို့သည် နောက်ဆုံးသောကာလကို မှတ်သားဖော်ပြကြောင်း သူတို့အသိအမှတ်ပြုကြသလော။ (၂ တိမောသေ ၃:၁-၅) ၎င်းတို့ အဘယ်ကြောင့်ဖြစ်ရကြောင်း၊ မိမိတို့၏ဘဝလမ်းစဉ်သည် အဘယ်သို့ဦးတည်နေကြောင်း သဘောပေါက်ရန် အရေးတကြီးလိုအပ်နေသည်။
၁၀။ ကျွန်ုပ်တို့ စောင့်နေကြောင်း အသေအချာပြောနိုင်ရန် အဘယ်အရာပြုရမည်နည်း။
၁၀ ကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့၏အလုပ်အကိုင်၊ ကျန်းမာရေး၊ အိမ်ထောင်ရေး၊ ဝတ်ပြုရေးတို့နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များချစရာအကြောင်း လုကာ ၂၁:၃၄-၃၆; ကောလောသဲ ၂:၈) ကျွန်ုပ်တို့သည် ကိုယ်ဉာဏ်ကို အမှီမပြုဘဲ ယေဟောဝါအား စိတ်နှလုံးအကြွင်းမဲ့ကိုးစားကြောင်း တင်ပြနေဖို့လိုသည်။ (သု. ၃:၅) ထိုနည်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သည့် “မှန်သောအသက်ကို” ကိုင်စွဲထားနိုင်ကြမည်။—၁ တိမောသေ ၆:၁၂၊ ၁၉။
နေ့စဉ်ကြုံနေကြရသည်။ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာမိန့်ဆိုချက်များကို သိရှိပြီး ကြိုးစားကျင့်သုံးနေကြသည်။ သို့ဖြစ်၍ မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ဘဝ၏စိုးရိမ်ပူပန်မှုများကြောင့် ဝိညာဉ်ရေးလမ်းကြောင်းမှ လွဲချော်နေသလော။ အကျွန်ုပ်၏ရွေးချယ်မှုများသည် ဤလောက၏အမြင်၊ အတွေးအခေါ်အတိုင်း ဖြစ်နေသလော။’ (၁၁-၁၃။ (က) နောဧခေတ် (ခ) လောတခေတ် အဖြစ်အပျက်များမှ အဘယ်သင်ခန်းစာ ရနိုင်သနည်း။
၁၁ ဘုရားသခင်၏နေ့ကို ကျွန်ုပ်တို့ စောင့်နေနိုင်ရန် သမ္မာကျမ်းစာတွင် သတိပေးပုံနမူနာများစွာ ပါရှိသည်။ နောဧခေတ်တွင် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ဘုရားသခင်သည် မပျက်မကွက် ကြိုတင်သတိပေးခဲ့၏။ သို့သော် နောဧနှင့် သူ၏မိသားစုမှလွဲ၍ မည်သူမျှ သတိမမူခဲ့ကြချေ။ (၂ ပေတရု ၂:၅) ယင်းနှင့်ပတ်သက်၍ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၃၇-၃၉) ထိုကျမ်းချက်မှ ကျွန်ုပ်တို့ အဘယ်သင်ခန်းစာရနိုင်သနည်း။ ကျွန်ုပ်တို့ ဦးစားထားရန် ဘုရားသခင်တိုက်တွန်းထားသည့် ဝိညာဉ်ရေးရာများနှင့်မဟုတ်ဘဲ သာမန်ကိစ္စများဖြစ်သည့် လောကရေးရာများနှင့် အလုပ်များလွန်းနေမည်ဆိုလျှင် မိမိကိုယ်ကို လေးလေးနက်နက် ဆန်းစစ်ဖို့လိုနေပြီ။—ရောမ ၁၄:၁၇။
၁၂ လောတခေတ်ကိုလည်း စဉ်းစားကြည့်ပါ။ လောတနှင့် သူ၏မိသားစုနေထိုင်သော သောဒုံမြို့သည် ချမ်းသာကြွယ်ဝသော်လည်း ကိုယ်ကျင့်တရားပျက်ပြား၏။ သို့ဖြစ်၍ ယေဟောဝါသည် ထိုမြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်များကို စေလွှတ်လိုက်သည်။ ထိုကောင်းကင်တမန်များသည် လောတနှင့် သူ၏မိသားစုကို နောက်သို့လှည့်မကြည့်ဘဲ သောဒုံမြို့မှ ထွက်ပြေးရန် ဆော်သြခဲ့သည်။ ကောင်းကင်တမန်များ၏တိုက်တွန်းမှုဖြင့် သူတို့သည် ထိုမြို့မှ ထွက်ပြေးခဲ့ကြသော်လည်း လောတ၏မိန်းမသည် သောဒုံမြို့ရှိ သူ၏အိမ်ကို သံယောဇဉ်မဖြတ်နိုင်ဘဲ နာခံမှုကင်းမဲ့စွာ လှည့်ကြည့်လိုက်ရာ အသက်ဆုံးရှုံးခဲ့ရသည်။ (ကမ္ဘာဦး ၁၉:၁၅-၂၆) ကျွန်ုပ်တို့၏အနာဂတ်နှင့်ပတ်သက်၍ ယေရှုက “လောတ၏မယားကို အောက်မေ့ကြလော့” ဟုမိန့်ဆိုကာ သတိပေးခဲ့သည်။ ထိုသတိပေးချက်အတိုင်း ကျွန်ုပ်တို့ ပြုမူနေကြသလော။—လုကာ ၁၇:၃၂။
၁၃ ဘုရားသခင်၏သတိပေးချက်များကို အလေးဂရုပြုသူ နောဧနှင့်သူ၏မိသားစု၊ ၂ ပေတရု ၂:၉) ဤပုံနမူနာများပါ သတိပေးချက်ကို ကျွန်ုပ်တို့ လေးလေးနက်နက် ဆင်ခြင်ကြရာတွင် ဖြောင့်မတ်ခြင်းကို မြတ်နိုးသူများအတွက်ဖြစ်သည့် ကယ်တင်ခြင်းသတင်းမှ ကျွန်ုပ်တို့ အားယူနိုင်ကြသည်။ ၎င်းက “ဖြောင့်မတ်ခြင်းတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဆိုင်ရာ ဘုရားသခင့်ကတိတော် ပြည့်စုံမှုကို ယုံကြည်စိတ်ချစွာ မျှော်လင့်စောင့်စားစေ၏။—၂ ပေတရု ၃:၁၃။
လောတနှင့်သူ၏သမီးတို့သည် အသက်ချမ်းသာရခဲ့ကြ၏။ (‘တရားစီရင်ချိန် ရောက်ပြီ’
၁၄၊ ၁၅။ (က) တရားစီရင်ချိန်တွင် အဘယ်အရာပါဝင်သနည်း။ (ခ) “ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်း” ခြင်းဟူသည် အဘယ်နည်း။
၁၄ ကျွန်ုပ်တို့သည် ဘုရားသခင်၏နေ့ရက်ကို စောင့်နေကြစဉ် အဘယ်အရာကို မျှော်လင့်နိုင်သနည်း။ ဘုရားသခင်၏ရည်ရွယ်ချက် အဆင့်ဆင့်ပြည့်စုံလာမှုကို ဗျာ. ကျမ်းက ဖော်ပြ၏။ ကျွန်ုပ်တို့ အသင့်ရှိနေကြရန် ယင်းအတိုင်းလုပ်ဆောင်ဖို့ အရေးကြီးသည်။ ကောင်းကင်၌ ခရစ်တော်နန်းထိုင်သည့် ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သော “သခင်ဘုရားနေ့” ၌ဖြစ်ပျက်လာမည့်အမှုများကို ထိုပရောဖက်ပြုချက်က ကွက်ကွက်ကွင်းကွင်းဖော်ပြ၏။ (ဗျာ. ၁:၁၀) ဗျာ. ကျမ်းက “ထာဝရဧဝံဂေလိတရားကိုဟော” ပြောရန် တာဝန်အပ်နှင်းခံရသော ကောင်းကင်တမန်တစ်ပါးကို အာရုံစိုက်စေ၏။ သူသည် ကြီးသောအသံဖြင့် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ” ဟုကြေညာ၏။ (ဗျာ. ၁၄:၆၊ ၇) ထိုတရားစီရင်ရာအချိန်သည် တိုတောင်း၏။ ယင်းတွင် ပရောဖက်ပြုချက်၌ ဖော်ပြထားသည့် သတိပေးကြေညာခြင်းနှင့် စီရင်ချက်ချခြင်းတို့ပါဝင်သည်။ ယခု အဆိုပါအချိန်ကာလတွင် ကျွန်ုပ်တို့ အသက်ရှင်နေကြသည်။
၁၅ တရားစီရင်ချိန် အဆုံးမတိုင်မီ ယခုအချိန်တွင် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြ” ရန်ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ ထိုတွင် အဘယ်အရာ ပါဝင်သနည်း။ ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့လျှင် မကောင်းမှုကို ရှောင်နိုင်ရမည်။ (သု. ၈:၁၃) ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်လျှင် ကိုယ်တော်၏စကားတော်ကို အလွန်ရိုသေလေးစားစွာ နားထောင်ကြမည်။ သမ္မာကျမ်းစာကို မှန်မှန်မဖတ်နိုင်လောက်အောင် အလုပ်များလွန်းနေကြမည်မဟုတ်ပေ။ ခရစ်ယာန်အစည်းအဝေးများ တက်ပါဟူသော ကိုယ်တော်၏ညွှန်ကြားချက်ကို ပေါ့ပေါ့ဆဆ သဘောထားကြမည်မဟုတ်ပါ။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဘုရားသခင့်မေရှိယနိုင်ငံတော် သတင်းကောင်း ကြေညာရသည့်အခွင့်ထူးကို တန်ဖိုးထားပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်ကြမည်။ ယေဟောဝါအား အခါခပ်သိမ်း စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားကြမည်။ (ဆာလံ ၆၂:၈) ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း အသိအမှတ်ပြုပြီး ကျွန်ုပ်တို့ဘဝ၏ပိုင်သအုပ်စိုးရှင်အဖြစ် ကိုယ်တော့်ကို စိတ်လိုကိုယ်လျောက် လက်အောက်ခံ၍ ဂုဏ်တင်ကြမည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ်ကြောက်ရွံ့ပြီး အဆိုပါနည်းအားလုံးဖြင့် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားနေစေသလော။
၁၆။ ဗျာ. ၁၄:၈ တွင်ဖော်ပြထားသည့် မဟာဗာဗုလုန်အပေါ် စီရင်ချက်ပြီးပြည့်စုံခဲ့ပြီဟု အဘယ်ကြောင့် ပြောနိုင်သနည်း။
၁၆ တရားစီရင်ချိန်တွင် နောက်ထပ်ဖြစ်ပျက်မည့်အရာများကို ဗျာ. အခန်းကြီး ၁၄ ကဖော်ပြထားသေးသည်။ ပထမဦးစွာ မှောက်မှားသောဘာသာ မဟာဗာဗုလုန်အကြောင်း ဤသို့ဖော်ပြသည်– “ကောင်းကင်တမန်တစ်ပါးကလည်း ‘ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ။ . . . ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ’ ဟုလိုက်၍ပြောဆို၏။” (ဗျာ. ၁၄:၈) ဘုရားသခင့်ရှုထောင့်မှကြည့်လျှင် မဟာဗာဗုလုန်သည် ပြိုလဲခဲ့ပြီဖြစ်သည်။ ၁၉၁၉ ခုနှစ်တွင် ယေဟောဝါ၏ဝိညာဉ်တော်ဖွားကျေးကျွန်များသည် တိုင်းနိုင်ငံများနှင့်လူအပေါင်းကို နှစ်ထောင်နှင့်ချီ၍ လွှမ်းမိုးခဲ့သော ဗာဗုလုန်အယူဝါဒများနှင့် အမူအကျင့်များ၏ အနှောင်အဖွဲ့အောက်မှ လွတ်မြောက်ခဲ့ကြသည်။ (ဗျာ. ၁၇:၁၊ ၁၅) ၎င်းအချိန်မှစ၍ သူတို့သည် မိမိတို့ကိုယ်ကို ပေးဆက်၍ စစ်မှန်သောဝတ်ပြုရေးကို မြှင့်တင်ပေးနိုင်ခဲ့ကြသည်။ ထိုအချိန်ကတည်းက ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ကမ္ဘာချီ ဟောပြောလျက်ရှိကြသည်။—မဿဲ ၂၄:၁၄။
၁၇။ မဟာဗာဗုလုန်ထဲကထွက်ရန် အဘယ်အရာပြုလုပ်ရမည်နည်း။
၁၇ မဟာဗာဗုလုန်ကို ဘုရားသခင် တရားစီရင်ခြင်းသည် ဤမျှသာမဟုတ်ချေ။ မကြာမီ ယင်းကို အပြီးသတ်ချေမှုန်းတော့မည်ဖြစ်သည်။ဗျာ. ၁၈:၂၁) သမ္မာကျမ်းစာက “သူ [မဟာဗာဗုလုန်] ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့် . . . ကင်းလွတ်အံ့သောငှာ သူ၏အထဲက ထွက်ကြလော့” ဟုနေရာတကာရှိ လူတို့ကို တိုက်တွန်းခြင်းသည် ခိုင်လုံသောအကြောင်းရှိ၍သာဖြစ်သည်။ (ဗျာ. ၁၈:၄၊ ၅) ကျွန်ုပ်တို့သည် မဟာဗာဗုလုန်ထဲမှ မည်သို့ထွက်ကြမည်နည်း။ ၎င်းမှထွက်ရန် မှောက်မှားသောဘာသာရေးနှင့် အဆက်ဖြတ်ခြင်းထက်မက ပြုလုပ်စရာလိုသည်။ ရေပန်းစားနေသည့် ပွဲလမ်းသဘင်များနှင့် ဓလေ့ထုံးစံများ၊ လိင်နှင့်ပတ်သက်၍ စည်းလွတ်ဝါးလွတ်ခွင့်ပြုထားသော ဤလောက၏သဘောထား၊ နတ်ဝိဇ္ဇာအတတ်နှင့် အခြားအရာများပါဝင်ပတ်သက်သည့် ဖျော်ဖြေရေးတို့တွင် ဗာဗုလုန်၏သြဇာလွှမ်းမိုးမှုရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နေ့ရက်ကို စောင့်နေကြသည်ဆိုလျှင် ကျွန်ုပ်တို့၏အပြုအမူအားဖြင့်လည်းကောင်း၊ စိတ်ဆန္ဒအားဖြင့်လည်းကောင်း မဟာဗာဗုလုန်နှင့် လုံးဝကင်းရှင်းကြောင်းတင်ပြဖို့ အရေးကြီးသည်။
(၁၈။ ဗျာ. ၁၄:၉၊ ၁၀ တွင်အဘယ်အကြောင်းအရာကို ဖော်ပြထားသနည်း။ နိုးကြားသောခရစ်ယာန်များသည် အဘယ်အရာကိုရှောင်ရန် ဂရုစိုက်ကြသနည်း။
၁၈ ဗျာ. ၁၄:၉၊ ၁၀ တွင်တရားစီရင်ချိန်နှင့်ပတ်သက်၍ အခြားအရာတစ်ခုကိုလည်း ဖော်ပြထားသေးသည်။ ကောင်းကင်တမန်တစ်ပါးက ‘အကြင်သူသည် သားရဲနှင့် ၎င်း၏ရုပ်ပုံကို ကိုးကွယ်၍ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်’ ဟုမိန့်ဆိုသည်။ အဘယ်ကြောင့်နည်း။ လူ့အုပ်ချုပ်ရေးကို ပုံနှိုင်းထားသော ‘သားရဲနှင့်၎င်း၏ရုပ်ပုံ’ သည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို အသိအမှတ်မပြုသောကြောင့်ဖြစ်သည်။ နိုးကြားသောခရစ်ယာန်များသည် စိတ်သဘောအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ စစ်မှန်သောဘုရားသခင် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အသိအမှတ်မပြုကြသူများ၏ ဩဇာခံများမဖြစ်ရန် ဂရုစိုက်ကြသည်။ ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင် တည်ထောင်ပြီဖြစ်၍ မကြာမီ လူ့အုပ်ချုပ်ရေးရှိသမျှကို အဆုံးတိုင်စေပြီး ထာဝစဉ်တည်တံ့သွားမည်ကို ခရစ်ယာန်များ သိထားကြ၏။—ဒံယေလ ၂:၄၄၊ ၄၅။
သင်၏အရေးတကြီးသဘောထားကို မပျောက်စေပါနှင့်
၁၉၊ ၂၀။ (က) နောက်ဆုံးကာလ ကုန်လုနီးလာသည်နှင့်အမျှ စာတန် အဘယ်အရာပြုမည်ကို ကျွန်ုပ်တို့ တပ်အပ်ပြောနိုင်သနည်း။ (ခ) ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ရန် သန္နိဋ္ဌာန်ချထားသင့်သနည်း။
၁၉ နောက်ဆုံးကာလ ကုန်လုနီးလာလေလေ ဖိစီးမှုနှင့် သွေးဆောင်မှု များလာလေလေဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်ဟောင်းတွင် နေထိုင်ပြီး ကိုယ်ကိုယ်တိုင်၏မစုံလင်မှုဒဏ်ကို ခံနေရသရွေ့ ကျန်းမာရေးချို့တဲ့ခြင်း၊ အိုမင်းခြင်း၊ ချစ်မြတ်နိုးသူများ သေဆုံးခြင်း၊ စိတ်ထိခိုက်ခြင်း၊ ဘုရားသခင့်စကားတော်အကြောင်း ကြိုးစားဟောပြောမှုကို လျစ်လျူရှုကြသဖြင့် စိတ်ဓာတ်ကျခြင်း စသည်တို့ကို ကြုံကြရမည်သာဖြစ်သည်။ စာတန်သည် ကျွန်ုပ်တို့ကြုံတွေ့နေရသည့် ဖိစီးမှုများကို အခွင့်ကောင်းယူ၍ သတင်းကောင်း မဟောပြောတော့ရန်၊ ဘုရားသခင့်စံနှုန်းများနှင့်အညီ မနေထိုင်တော့ရန် လုပ်ဆောင်မည်ကို ဘယ်သောအခါမျှ မမေ့လိုက်ပါနှင့်။ (ဧဖက် ၆:၁၁-၁၃) ယခုအချိန်သည် ကျွန်ုပ်တို့နေထိုင်နေရသည့် ကာလနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အရေးတကြီးသဘောထား ပျောက်ဆုံးရမည့်အချိန်မဟုတ်ချေ။
၂၀ ကျွန်ုပ်တို့ လက်မြှောက်အရှုံးပေးရန် ဖိစီးမှုများစွာခံရမည်ကို ယေရှုသိရှိသည့်အတွက် “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့” ဟုဆုံးမခဲ့သည်။ (မဿဲ ၂၄:၄၂) သို့ဖြစ်၍ အဘယ်အချိန်ပိုင်းတွင် ကျွန်ုပ်တို့ အသက်ရှင်နေရကြောင်း အမြဲသတိရှိကြစို့။ လက်ပန်းကျ၍ မလှုပ်မရှားဖြစ်စေနိုင်သည့် စာတန်၏ကျော့ကွင်းများကို သတိရှိကြစို့။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကို ယခင်ကထက် ပို၍စိတ်အားထက်သန်စွာ ဟောပြောကြရန် သန္နိဋ္ဌာန်ချထားကြပါစို့။ “စောင့်နေကြလော့” ဟူသော ယေရှု၏သတိပေးချက်ကို အလေးဂရုပြုကာ အရေးတကြီးသဘောထား ဆက်လက်တင်ပြနေကြပါစို့။ ထိုသို့ပြုမည်ဆိုလျှင် ယေဟောဝါအား ဂုဏ်တင်ရာရောက်ပြီး ကိုယ်တော်ပေးမည့် ထာဝရကောင်းချီးများ ခံစားကြရသူတို့တွင် ပါဝင်လိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
• “စောင့်နေကြ” ပါဟူသော ယေရှု၏သတိပေးချက်သည် ခရစ်ယာန်စစ်များနှင့် သက်ဆိုင်ကြောင်း မည်သို့သိရှိရသနည်း။
• သမ္မာကျမ်းစာပါ အဘယ်သတိပေးပုံနမူနာများက ဘုရားသခင်၏နေ့ရက်ကို “စောင့်နေကြ” ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
• တရားစီရင်ချိန်ကား အဘယ်နည်း။ အဆုံးမတိုင်မီ အဘယ်အရာပြုလုပ်ရန် ကျွန်ုပ်တို့ကို တိုက်တွန်းထားသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေရှုသည် သူခိုးရောက်လာခြင်းနှင့် မိမိကြွလာခြင်းကို ပုံခိုင်းပြခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
မဟာဗာဗုလုန် ချေမှုန်းခံရတော့မည်
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံများ]
ယခင်ကထက် ပို၍စိတ်အားထက်သန်စွာ ဟောပြောရန် သန္နိဋ္ဌာန်ချထားကြပါစို့